
Fortnite


Epic Games ကတော့ အခု Fortnite ဂိမ်းဟာ Android Devices တွေအတွက် Google Play Store မှာ လပိုင်းအတွင်းရရှိလာမယ်လို့ ဆိုထားတဲ့အတွက် အခု ဇွန်လကနေ စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာဖို့ ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က Tencent Games ကနေ သူ့ရဲ့ Twitter Account မှာ “It’s coming” ဆိုပြီး တင်ထားခဲ့တဲ့အတွက် Fornite ကို Android Devices တွေမှာ ရရှိတော့မှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။


Fortnite

ဘာပဲဖြစ်ဖြစ် Fortnite ဟာ Android မှာ ထွက်လာမလားဆိုတာကတော့ လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့ကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပြီးတော့ iOS မှာလိုမျိုး တခြားသော Platform တွေနဲ့ Crossplay ဆော့လို့ရမလားဆိုတာကတော့ အတိအကျမသိရသေးပါဘူး။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိအချိန်မှာ အကောင်းဆုံးသော Mulitplayer Online ဂိမ်းကို ပြောပါဆိုရင် Fortnite ကိုပဲ ညွှန်းပြရမှာပါ။ အခုလိုမျိုး Fortnite က အောင်မြင်မှုရနေတာကလည်း PC အပြင် Xbox ၊ PS4 အပါအဝင် iOS ၊ Nintendo Switch လိုမျိုး Devices တွေမှာပါ အစုံရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Devices အကုန်မှာ Fortnite ကို ဆော့ကစားလို့ရနေပေမယ့် Android မှာတော့ ဆော့ကစားလို့မရသေးပါဘူး။

Fortnite

Fortnite ဂိမ်းရဲ့ Developer ဖြစ်တဲ့ Epic Games ကနေ ပြီးခဲ့တဲ့ လပိုင်းတုန်းက Android Devices တွေအတွက်လည်း ထုတ်လုပ်ပေးသွားမယ်လို့ ပြောကြားခဲ့ပြီးတော့ iOS အတွက်ပဲ အရင် ထုတ်ပေးထားတာဖြစ်ပါတယ်။ Epic Games ကနေ ယခုအချိန်မှာ iOS အတွက် Fortnite ဂိမ်းကို ထုတ်ပေးထားတာ အချိန်အားဖြင့် ၂ လလောက်ရှိသွားပြီဖြစ်ပေမယ့် အခုအချိန်အထိတော့ Android Devices တွေအတွက် ထွက်ရှိလာခြင်းမရှိသေးပါဘူး။

Epic Games ကတော့ အခု Fortnite ဂိမ်းဟာ Android Devices တွေအတွက် Google Play Store မှာ လာပိုင်းအတွင်းရရှိလာမယ်လို့ ဆိုထားတဲ့အတွက် အခု ဇွန်လကနေ စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာဖို့ ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့ဲတဲ့ ဇူလိုင်လ ၁၀ ရက်နေ့က Tencent Games ကနေ သူ့ရဲ့ Twitter Account မှာ “It’s coming” ဆိုပြီး တင်ထားခဲ့တဲ့အတွက် Fornite ကို Android Devices တွေမှာ ရရှိတော့မှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

Epic Games ဟာ iOS အတွက် Fortnite ကိုတော့ ကိုယ်တိုင် ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် Android အတွက်ကိုတော့ Tencent နဲ့ ပူးပေါင်းပြီးတော့ ထုတ်လုပ်သွားမယ်လို့ ယူဆရပါတယ်။ Tencent ဟာ Fortnite ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Player Unknown’s Battleground (PUBG) ဂိမ်းကိုလည်း Android အတွက် တွဲဖက်ပြီး ထုတ်လုပ်ခဲ့တဲ့အတွက် အခုလည်း Fortnite ကို တွဲဖက်လုပ်နေတဲ့ပုံပါပဲ။

Fortnite

ဘာပဲဖြစ်ဖြစ် Fortnite ဟာ Android မှာ ထွက်လာမလားဆိုတာကတော့ လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့ကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပြီးတော့ iOS မှာလိုမျိုး အခြားသော Platform တွေနဲ့ Crossplay ဆော့လို့ရမလားဆိုတာကတော့ အတိအကျမသိရသေးပါဘူး။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com