လက္ရွိမွာ အေအာင္ျမင္ဆံုးေသာ Online Multiplayer ဂိမ္းကို ေျပာပါဆိုရင္ Fortnite ကိုပဲ ျပရမွာပါ။ Battle Royale Style ဂိမ္းေတြထဲမွာ လူၾကိဳက္အမ်ားဆံုးျဖစ္လာတဲ့ Fortnite ဟာ အခုအခ်ိန္မွာ ၁ ႏွစ္ျပည့္သြားျပီျဖစ္သလုိ ေအာင္ျမင္မႈေတြကလည္း ဆက္လက္ရွိေနတုန္းပါပဲ။

Fortnite on iOS

Epic Games ဟာ ယခု Fortnite ရဲ႕ One-year Anniversary ကို Celebrate ျပဳလုပ္ခဲ့သလုိပဲ မၾကာေသးမီက အသစ္စတင္ခဲ့တဲ့ Fortnite Season 5 ထြက္ရွိမႈေၾကာင့္ အခုအခ်ိန္မွာ iOS တစ္ခုထဲကေန ျပန္လည္ရရွိတဲ့ ဝင္ေငြ ေဒၚလာ သန္း ၁၅၀ ေက်ာ္သြားျပီပဲျဖစ္ပါတယ္။ ဒါကလည္း ျပီးခဲ့တဲ့လတုန္းက ေဒၚလာ သန္း ၁၀၀ ဝင္ေငြရွိတာကေန အခု တစ္လအတြင္းမွာ ေဒၚလာ သန္း ၁၅၀ ကို တက္သြားတာပါ။

Fortnite

Fortnite ဟာ Free to Play ဂိမ္းျဖစ္ေနေပမယ့္လည္း ေဆာ့ကစားသူေတြကို “V-Bucks” လုိ႔ ေခၚတဲ့ ဂိမ္းအတြင္းမွာ Outfits ေတြ၊ Gliders ေတြကို ဝယ္ယူႏုိင္တဲ့ In-game Currency ေတြ၊ Battle Season Pass ေတြကိုပဲ ေရာင္းခ်ေနတာျဖစ္ပါတယ္။ အခုလုိမ်ိဳး ေရာင္းခ်တာေတြကို ဝယ္ယူလုိက္လုိ႔လည္း ဂိမ္းအတြင္း ေဆာ့ကစားတဲ့ေနရာမွာ သိသိသာသာအသာရသြားတာမ်ိဳးမရွိေပမယ့္ ေဆာ့ကစားသူေတြကေတာ့ ဝယ္ယူေနၾကတုန္းပဲျဖစ္ပါတယ္။

အခု Fortnite ကေန Season 5 အသစ္ထြက္ရွိျပီး iOS User ေတြအေနနဲ႔ အခုဂိမ္းအေပၚမွာ ေငြေၾကးသံုးစြဲမႈက တစ္ရက္ကို ေဒၚလာ ၂ သန္း ေကာ်္သြားျပီျဖစ္ျပီး ယခင္ Season 4 ထြက္ရွိျပီး ၁၀ ရက္အတြင္းမွာ သံုးစြဲခဲ့တဲ့ တစ္ရက္ကို ေဒၚလာ ၁.၇ သန္း နဲ႔ ယွဥ္ရင္ ၁၉ ရာခုိင္ႏႈန္းတုိးတက္လာခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ဇူလုိင္လ ၁၃ ရက္တုန္းက ဆိုရင္လည္း ၂၄ နာရီအတြင္းမွာတင္ Fortnite ဂိမ္းအတြက္ ေဒၚလာ ၃ သန္း သံုးစြဲခဲ့ျပီး iOS Player ေတြ စံခ်ိန္သစ္တင္ခဲ့ပါေသးတယ္။

Fortnite

ဒါေတာင္မွ Fornite ဟာ လက္ရွိ အၾကီးမားဆံုး Mobile Operating System ျဖစ္တဲ့ Android မွာ Launch မလုပ္ရေသးဘဲ Game Developer ျဖစ္တဲ့ Epic Games ကေတာ့ မၾကာခင္ Android Version ထြက္ရွိမယ္လုိ႔ ေျပာၾကားထားခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ တကယ္လုိ႔သာ Fortnite ကို Android မွာပါ ေဆာ့ကစားႏုိင္ျပီဆိုရင္ Fortnite ရဲ႕ ေအာင္ျမင္မႈက ယခုထက္ ပိုျပီး ျမင့္မားလာဦးမွာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိမှာ အအောင်မြင်ဆုံးသော Online Multiplayer ဂိမ်းကို ပြောပါဆိုရင် Fortnite ကိုပဲ ပြရမှာပါ။ Battle Royale Style ဂိမ်းတွေထဲမှာ လူကြိုက်အများဆုံးဖြစ်လာတဲ့ Fortnite ဟာ အခုအချိန်မှာ ၁ နှစ်ပြည့်သွားပြီဖြစ်သလို အောင်မြင်မှုတွေကလည်း ဆက်လက်ရှိနေတုန်းပါပဲ။

Fornite on iOS

Epic Games ဟာ ယခု Fortnite ရဲ့ One-year Anniversary ကို Celebrate ပြုလုပ်ခဲ့သလိုပဲ မကြာသေးမီက အသစ်စတင်ခဲ့တဲ့ Fortnite Season 5 ထွက်ရှိမှုကြောင့် အခုအချိန်မှာ iOS တစ်ခုထဲကနေ ပြန်လည်ရရှိတဲ့ ဝင်ငွေ ဒေါ်လာ သန်း ၁၅၀ ကျော်သွားပြီပဲဖြစ်ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့လတုန်းက ဒေါ်လာ သန်း ၁၀၀ ဝင်ငွေရှိတာကနေ အခု တစ်လအတွင်းမှာ ဒေါ်လာ သန်း ၁၅၀ ကို တက်သွားတာပါ။

Fortnite

Fortnite ဟာ Free to Play ဂိမ်းဖြစ်နေပေမယ့်လည်း ဆော့ကစားသူတွေကို “V-Bucks” လို့ ခေါ်တဲ့ ဂိမ်းအတွင်းမှာ Outfits တွေ၊ Gliders တွေကို ဝယ်ယူနိုင်တဲ့ In-game Currency တွေ၊ Battle Season Pass တွေကိုပဲ ရောင်းချနေတာဖြစ်ပါတယ်။ အခုလိုမျိုး ရောင်းချတာတွေကို ဝယ်ယူလိုက်လို့လည်း ဂိမ်းအတွင်း ဆော့ကစားတဲ့နေရာမှာ သိသိသာသာအသာရသွားတာမျိုးမရှိပေမယ့် ဆော့ကစားသူတွေကတော့ ဝယ်ယူနေကြတုန်းပဲဖြစ်ပါတယ်။

အခု Fortnite ကနေ Season 5 အသစ်ထွက်ရှိပြီး iOS User တွေအနေနဲ့ အခုဂိမ်းအပေါ်မှာ ငွေကြေးသုံးစွဲမှုက တစ်ရက်ကို ဒေါ်လာ ၂ သန်း ကောျ်သွားပြီဖြစ်ပြီး ယခင် Season 4 ထွက်ရှိပြီး ၁၀ ရက်အတွင်းမှာ သုံးစွဲခဲ့တဲ့ တစ်ရက်ကို ဒေါ်လာ ၁.၇ သန်း နဲ့ ယှဉ်ရင် ၁၉ ရာခိုင်နှုန်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်တုန်းက ဆိုရင်လည်း ၂၄ နာရီအတွင်းမှာတင် Fortnite ဂိမ်းအတွက် ဒေါ်လာ ၃ သန်း သုံးစွဲခဲ့ပြီး iOS Player တွေ စံချိန်သစ်တင်ခဲ့ပါသေးတယ်။

Fortnite

ဒါတောင်မှ Fornite ဟာ လက်ရှိ အကြီးမားဆုံး Mobile Operating System ဖြစ်တဲ့ Android မှာ Launch မလုပ်ရသေးဘဲ Game Developer ဖြစ်တဲ့ Epic Games ကတော့ မကြာခင် Android Version ထွက်ရှိမယ်လို့ ပြောကြားထားခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့သာ Fortnite ကို Android မှာပါ ဆော့ကစားနိုင်ပြီဆိုရင် Fortnite ရဲ့ အောင်မြင်မှုက ယခုထက် ပိုပြီး မြင့်မားလာဦးမှာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com