Samsung ဟာ လာမယ့္ ၾသဂုတ္လ ၉ ရက္ေန႔မွာ Galaxy Note 9 စမတ္ဖုန္းကို ထုတ္လုပ္ေပးေတာ့မွာျဖစ္ပါတယ္။ အခုေနာက္ဆံုးထြက္လာတဲ့ သတင္းေတြအရ Samsung ဟာ Galaxy Note 9 ဖုန္းနဲ႔အတူ ၾကီးမားတဲ့အရာတစ္ခုကိုပါ သယ္ေဆာင္လာေတာ့မယ့္ပံုပါပဲ။

Samsung Galaxy Note 9

အဲ့ဒီအရာကေတာ့ လက္ရွိအခ်ိန္မွာ ေဆာ့ကစားသူအမ်ားဆံုးျဖစ္ေနတဲ့ Online Multiplayer Game တစ္ခုျဖစ္တဲ့ Fortnite ကို Galaxy Note 9 မွာ Exclusive အေနနဲ႔ ထြက္ရွိလာဖုိ႔မ်ားေနတာပဲျဖစ္ပါတယ္။ Fortnite ရဲ႕ Developer ျဖစ္တဲ့ Epic Games ကို Samsung ကေန Partnership အေနနဲ႔ ရယူထားပံုရျပီး အခုထြက္ရွိေနတဲ့သတင္းေတြအရ Fortnite ဟာ Samsung Galaxy Note 9 ဖုန္းေတြမွာ Pre-installed App အေနနဲ႔ ပါဝင္လာမွာျဖစ္ပါတယ္။

Samsung Galaxy Note 9

ဒါတင္မကေသးပါဘူး။ Galaxy Note 9 ကို ဝယ္ယူသူေတြဟာ Fortnite ထဲမွာလည္း V-Bucks လုိ In-game Currency ေတြ၊ Player Skin ေတြကို ရရွိဦးမွာျဖစ္ျပီးေတာ့ Samsung ဟာ Fortnite ဂိမ္းမွာ S Pen ကိုပါ အသံုးျပဳျပီးေဆာ့ကစားႏုိင္ေအာင္ ေဆာင္ရြက္ေပးထားတယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး Exclusive ရယူထားတာက Samsung Galaxy Note 9 အတြက္ ၁ လခန္႔ အခ်ိန္ၾကာျမင့္မွာျဖစ္ျပီးေတာ့ Samsung Galaxy Note 9 ထြက္ရွိျပီး အခ်ိန္ ၁ လခန္႔ ၾကာမွသာ တျခားေသာ Android စမတ္ဖုန္းေတြက Fortnite ကို ေဆာ့ကစားႏုိင္မယ့္ပံုပါပဲ။ အဲ့ဒီအတြက္ Galaxy Note 9 ကို ဝယ္ယူသူေတြကသာ ေနာက္လမွာ အရင္ဆံုးေဆာ့ကစားႏုိင္ေနမွာျဖစ္ျပီးေတာ့ က်န္တဲ့သူေတြကေတာ့ စက္တင္ဘာလေႏွာင္းပိုင္းမွသာ ေဆာ့ကစားႏုိင္ေတာ့မွာပါ။

Fortnite on iOS

Samsung အေနနဲ႔ အခုလုိမ်ိဳး ေအာင္ျမင္ေနတဲ့ ဂိမ္းတစ္ခုျဖစ္တဲ့ Fortnite ကို Exclusive ရယူလုိက္တာက Galaxy Note 9 ကိုေရာင္းအားတုိးတက္သြားေစမယ္ဆုိေပမယ့္ တျခားေသာ Android Devices ေတြအတြက္ကေတာ့ ရင္နာစရာပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Samsung ဟာ လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ Galaxy Note 9 စမတ်ဖုန်းကို ထုတ်လုပ်ပေးတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ သတင်းတွေအရ Samsung ဟာ Galaxy Note 9 ဖုန်းနဲ့အတူ ကြီးမားတဲ့အရာတစ်ခုကိုပါ သယ်ဆောင်လာတော့မယ့်ပုံပါပဲ။

Samsung Galaxy Note 9

အဲ့ဒီအရာကတော့ လက်ရှိအချိန်မှာ ဆော့ကစားသူအများဆုံးဖြစ်နေတဲ့ Online Multiplayer Game တစ်ခုဖြစ်တဲ့ Fortnite ကို Galaxy Note 9 မှာ Exclusive အနေနဲ့ ထွက်ရှိလာဖို့များနေတာပဲဖြစ်ပါတယ်။ Fortnite ရဲ့ Developer ဖြစ်တဲ့ Epic Games ကို Samsung ကနေ Partnership အနေနဲ့ ရယူထားပုံရပြီး အခုထွက်ရှိနေတဲ့သတင်းတွေအရ Fortnite ဟာ Samsung Galaxy Note 9 ဖုန်းတွေမှာ Pre-installed App အနေနဲ့ ပါဝင်လာမှာဖြစ်ပါတယ်။

Samsung Galaxy Note 9

ဒါတင်မကသေးပါဘူး။ Galaxy Note 9 ကို ဝယ်ယူသူတွေဟာ Fortnite ထဲမှာလည်း V-Bucks လို In-game Currency တွေ၊ Player Skin တွေကို ရရှိဦးမှာဖြစ်ပြီးတော့ Samsung ဟာ Fortnite ဂိမ်းမှာ S Pen ကိုပါ အသုံးပြုပြီးဆော့ကစားနိုင်အောင် ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး Exclusive ရယူထားတာက Samsung Galaxy Note 9 အတွက် ၁ လခန့် အချိန်ကြာမြင့်မှာဖြစ်ပြီးတော့ Samsung Galaxy Note 9 ထွက်ရှိပြီး အချိန် ၁ လခန့် ကြာမှသာ တခြားသော Android စမတ်ဖုန်းတွေက Fortnite ကို ဆော့ကစားနိုင်မယ့်ပုံပါပဲ။ အဲ့ဒီအတွက် Galaxy Note 9 ကို ဝယ်ယူသူတွေကသာ နောက်လမှာ အရင်ဆုံးဆော့ကစားနိုင်နေမှာဖြစ်ပြီးတော့ ကျန်တဲ့သူတွေကတော့ စက်တင်ဘာလနှောင်းပိုင်းမှသာ ဆော့ကစားနိုင်တော့မှာပါ။

Fortnite on iOS

Samsung အနေနဲ့ အခုလိုမျိုး အောင်မြင်နေတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ကို Exclusive ရယူလိုက်တာက Galaxy Note 9 ကိုရောင်းအားတိုးတက်သွားစေမယ်ဆိုပေမယ့် တခြားသော Android Devices တွေအတွက်ကတော့ ရင်နာစရာပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com