Fortnite ဟာ လက္ရွိအခ်ိန္မွာ ေဆာ့ကစားသူအမ်ားျပားဆံုးေသာ Battle Royale Style ဂိမ္းတစ္ခုျဖစ္ျပီးေတာ့ အခုေနာက္ဆံုးအေနနဲ႔ Benchmark အသစ္တစ္ခုကို ခ်ျပလုိက္ျပန္ျပီျဖစ္ပါတယ္။

Fortnite

အခု Fortnite ရဲ႕ ေအာင္ျမင္မႈကေတာ့ iOS ေပၚမွာ ထြက္ရွိတာ ရက္ ၂၀၀ အတြင္းမွာတင္ ေဒၚလာ သန္း ၃၀၀ ဝင္ေငြရွာႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ Epic Games ဟာ ျပီးခဲ့တဲ့ မတ္လ ၁၅ ရက္ေန႔မွာ iOS Device ေတြျဖစ္တဲ့ iPhone ေတြနဲ႔ iPad ေတြအတြက္ စတင္မိတ္ဆက္ခဲ့တာျဖစ္ျပီးေတာ့ အခုသတင္းကို Market Analyst တစ္ခုျဖစ္တဲ့ Sensor Tower ကေန ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Fortnite Chart

လက္ရွိအခ်ိန္မွာ Fornite က Android ၊ iOS ၊ PC အျပင္ Major Gaming Console ေတြျဖစ္တဲ့ PlayStation 4 ၊ Xbox One နဲ႔ Nintendo Switch ေတြမွာပါ ေဆာ့ကစားလုိ႔ရေနတာျဖစ္ျပီးေတာ့ Fornite ရဲ႕ Free-to-Play Battle Royale Mode နဲ႔ Cross-play Support ျပဳလုပ္မႈဟာ ေဆာ့ကစားသူေတြကို တျဖည္းျဖည္းပိုျပီး ေအာင္ျမင္လာေစတာဆုိရင္လည္း မမွားပါဘူး။ Free-to-Play ျဖစ္ေပမယ့္ Season Pass Model ေတြ၊ In-Game Skin ေတြကို ေရာင္းခ်တာကေန Fortnite ကုိ အခုလုိမ်ိဳး ဝင္ေငြအေျမာက္အမ်ားရရွိလာတဲ့ ဂိမ္းတစ္ခုျဖစ္လာေစတာလည္းျဖစ္ပါတယ္။

အခုလုိမ်ိဳး iOS မွာ ရက္ ၂၀၀ အတြင္းမွာ ေဒၚလာ သန္း ၃၀၀ ဝင္ေငြရရွိေစခဲ့တာက Fornite ကို အလားတူေအာင္ျမင္တဲ့ Clash Royale ဂိမ္းရဲ႕ ဝင္ေငြျဖစ္ခဲ့တဲ့ ေဒၚလာ ၂၂၈ သန္းကုိ အသာေလးေက်ာ္သြားခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ Fortnite ဟာ တရုတ္ႏုိင္ငံမွာ ေဆာ့ကစားခြင့္မရတဲ့အတြက္ အခုဝင္ေငြဟာ ပုိျပီးေတာင္အထင္ၾကီးစရာေကာင္းေနပါတယ္။

Fortnite

Sensor Tower ရဲ႕ ေဖာ္ျပခ်က္အရေတာ့ အခု ဝင္ေငြရဲ႕ ၆၅ ရာခုိင္ႏႈန္းဟာ US ကေန ရရွိတာျဖစ္ျပီးေတာ့ iOS Version လုိမဟုတ္ဘဲ Android အတြက္ Fortnite ကေတာ့ ျပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္ေန႔က စတင္ထြက္ရွိခဲ့ေပမယ့္ အခုအခ်ိန္အထိ ဝင္ေငြ ေဒၚလာ သန္း ၆၀ ပဲရရွိေနေသးတယ္လုိ႔ သိရပါတယ္။

Ref : Venture Beat

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Fortnite ဟာ လက်ရှိအချိန်မှာ ဆော့ကစားသူအများပြားဆုံးသော Battle Royale Style ဂိမ်းတစ်ခုဖြစ်ပြီးတော့ အခုနောက်ဆုံးအနေနဲ့ Benchmark အသစ်တစ်ခုကို ချပြလိုက်ပြန်ပြီဖြစ်ပါတယ်။

Fortnite

အခု Fortnite ရဲ့ အောင်မြင်မှုကတော့ iOS ပေါ်မှာ ထွက်ရှိတာ ရက် ၂၀၀ အတွင်းမှာတင် ဒေါ်လာ သန်း ၃၀၀ ဝင်ငွေရှာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Epic Games ဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ iOS Device တွေဖြစ်တဲ့ iPhone တွေနဲ့ iPad တွေအတွက် စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ အခုသတင်းကို Market Analyst တစ်ခုဖြစ်တဲ့ Sensor Tower ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Fortnite Chart

လက်ရှိအချိန်မှာ Fornite က Android ၊ iOS ၊ PC အပြင် Major Gaming Console တွေဖြစ်တဲ့ PlayStation 4 ၊ Xbox One နဲ့ Nintendo Switch တွေမှာပါ ဆော့ကစားလို့ရနေတာဖြစ်ပြီးတော့ Fornite ရဲ့ Free-to-Play Battle Royale Mode နဲ့ Cross-play Support ပြုလုပ်မှုဟာ ဆော့ကစားသူတွေကို တဖြည်းဖြည်းပိုပြီး အောင်မြင်လာစေတာဆိုရင်လည်း မမှားပါဘူး။ Free-to-Play ဖြစ်ပေမယ့် Season Pass Model တွေ၊ In-Game Skin တွေကို ရောင်းချတာကနေ Fortnite ကို အခုလိုမျိုး ဝင်ငွေအမြောက်အများရရှိလာတဲ့ ဂိမ်းတစ်ခုဖြစ်လာစေတာလည်းဖြစ်ပါတယ်။

အခုလိုမျိုး iOS မှာ ရက် ၂၀၀ အတွင်းမှာ ဒေါ်လာ သန်း ၃၀၀ ဝင်ငွေရရှိစေခဲ့တာက Fornite ကို အလားတူအောင်မြင်တဲ့ Clash Royale ဂိမ်းရဲ့ ဝင်ငွေဖြစ်ခဲ့တဲ့ ဒေါ်လာ ၂၂၈ သန်းကို အသာလေးကျော်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Fortnite ဟာ တရုတ်နိုင်ငံမှာ ဆော့ကစားခွင့်မရတဲ့အတွက် အခုဝင်ငွေဟာ ပိုပြီးတောင်အထင်ကြီးစရာကောင်းနေပါတယ်။

Fortnite

Sensor Tower ရဲ့ ဖော်ပြချက်အရတော့ အခု ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ US ကနေ ရရှိတာဖြစ်ပြီးတော့ iOS Version လိုမဟုတ်ဘဲ Android အတွက် Fortnite ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က စတင်ထွက်ရှိခဲ့ပေမယ့် အခုအချိန်အထိ ဝင်ငွေ ဒေါ်လာ သန်း ၆၀ ပဲရရှိနေသေးတယ်လို့ သိရပါတယ်။

Ref : Venture Beat

Zawyè (Akhayar) 

www.akhayar.com