[Zawgyi]

Android Platform အတြက္ Fortnite ဂိမ္းထြက္ရွိမယ့္ရက္ အတည္မျပဳႏိုင္ေသး

Fortnite ရဲ႕ Customer Support ကိုယ္စားလွယ္ျဖစ္တဲ့ Nick Chester ကို Fortnite Fan တစ္ဦးက “အခုထြက္ေနတဲ့ Game Release Date ဟာ မွန္ကန္မႈရွိရဲ႕လား” လို႔ေမးျမန္းခဲ့တာျဖစ္ၿပီး Chester ကေတာ့ ” ဒီသတင္းဘယ္ကရခဲ့တာလဲ” ဆိုၿပီး ျပန္ေမးခဲ့ပါတယ္။

ဒီလိုေမးျမန္းခဲ့ၿပီးတဲ့ေနာက္မွာေတာ့ Chester က ေအာက္ပါအတိုင္း အေသးစိတ္ျပန္လည္ေျပာၾကားခဲ့ပါတယ္။ ” လက္ရွိ ေဟာ့ေနတဲ့ YouTube က Video ၂ ခုကိုကြ်န္ေတာ္ၾကည့္ခဲ့ၿပီးပါၿပီ။ အဲ့တာဟာ ေကာလဟလပါ၊ အတိအက်ေျပာရရင္ Fortnite ကို ဒီတစ္ပတ္ထဲမွာ ထုတ္ေပးႏိုင္မွာမဟုတ္ေသးပါဘူး၊ လိုအပ္တဲ့သတင္းအခ်က္အလက္ေတြကိုလည္း ဆက္လက္ထုတ္ျပန္ေပးသြားမွာပါ” လို႔ဆိုပါတယ္။

YouTube မွာပ်ံ႔ေနတာကေတာ့ Android Platform အတြက္ Fortnite Game ထြက္ရွိမယ့္ရက္ဟာ ေမလ ၁၆ ရက္ကေန ၁၈ ရက္အတြင္းျဖစ္မယ္ဆိုတဲ့သတင္းပါ။ တင္ခဲဲ့တဲ့ Video ပံုစံကေတာ့ Android အတြက္ Fornite Game Beta ထြြက္လာၿပီျဖစ္လို႔ အားလံုး ဝင္ေရာက္ ေဆာ့ကစားဖို႔ ဖိတ္ေခၚတဲ့ပံုစံမ်ိဳးျဖစ္ပါတယ္။

ဒါ့အျပင္ အျခားေကာလဟလတစ္ခုအေနနဲ႔ Fortnite ကစားဖို႔အတြက္ Pre Register လုပ္ထားတဲ့ Email ကို Invite Code ပို႔ေနၿပီဆိုတာပဲျဖစ္ပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီးေတာ့ လည္း Chester က ဒါဟာ အစစ္အမွန္မဟုတ္ဘဲ Phishing စနစ္ကို အသံုးျပဳထားတဲ့ အလိမ္အညာတစ္ခုျဖစ္ေၾကာင္းလည္း Twitter မွာျပန္လည္ရွင္းလင္းခဲ့ပါတယ္။

Androiod User ေတြအေနနဲ႔ Fortnite ကို ေစာင့္ေမွ်ာ္ေနၾကတာ အေတာ္ကိုၾကာေနပါၿပီ၊ အဆိုးဆံုးကေတာ့ ထြက္မယ့္ရက္ကိုေတာင္ ခုခ်ိန္ထိ အတည္မျပဳႏိုင္ေသးတာျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး Fortnite Fans ေတြအေနနဲ႔ အနည္းနဲ႔အမ်ားဆိုသလို စိတ္ပ်က္မိမွာေတာ့ ေသခ်ာပါတယ္။

Ref;Expresscouk

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Android Platform အတွက် Fortnite ဂိမ်းထွက်ရှိမယ့်ရက် အတည်မပြုနိုင်သေး

Fortnite ရဲ့ Customer Support ကိုယ်စားလှယ်ဖြစ်တဲ့ Nick Chester ကို Fortnite Fan တစ်ဦးက “အခုထွက်နေတဲ့ Game Release Date ဟာ မှန်ကန်မှုရှိရဲ့လား” လို့မေးမြန်းခဲ့တာဖြစ်ပြီး Chester ကတော့ ” ဒီသတင်းဘယ်ကရခဲ့တာလဲ” ဆိုပြီး ပြန်မေးခဲ့ပါတယ်။

ဒီလိုမေးမြန်းခဲ့ပြီးတဲ့နောက်မှာတော့ Chester က အောက်ပါအတိုင်း အသေးစိတ်ပြန်လည်ပြောကြားခဲ့ပါတယ်။ ” လက်ရှိ ဟော့နေတဲ့ YouTube က Video ၂ ခုကိုကျွန်တော်ကြည့်ခဲ့ပြီးပါပြီ။ အဲ့တာဟာ ကောလဟလပါ၊ အတိအကျပြောရရင် Fortnite ကို ဒီတစ်ပတ်ထဲမှာ ထုတ်ပေးနိုင်မှာမဟုတ်သေးပါဘူး၊ လိုအပ်တဲ့သတင်းအချက်အလက်တွေကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမှာပါ” လို့ဆိုပါတယ်။

YouTube မှာပျံ့နေတာကတော့ Android Platform အတွက် Fortnite Game ထွက်ရှိမယ့်ရက်ဟာ မေလ ၁၆ ရက်ကနေ ၁၈ ရက်အတွင်းဖြစ်မယ်ဆိုတဲ့သတင်းပါ။ တင်ခဲ့တဲ့ Video ပုံစံကတော့ Android အတွက် Fornite Game Beta ထွက်လာပြီဖြစ်လို့ အားလုံး ဝင်ရောက် ဆော့ကစားဖို့ ဖိတ်ခေါ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဒါ့အပြင် အခြားကောလဟလတစ်ခုအနေနဲ့ Fortnite ကစားဖို့အတွက် Pre Register လုပ်ထားတဲ့ Email ကို Invite Code ပို့နေပြီဆိုတာပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ လည်း Chester က ဒါဟာ အစစ်အမှန်မဟုတ်ဘဲ Phishing စနစ်ကို အသုံးပြုထားတဲ့ အလိမ်အညာတစ်ခုဖြစ်ကြောင်းလည်း Twitter မှာပြန်လည်ရှင်းလင်းခဲ့ပါတယ်။

Androiod User တွေအနေနဲ့ Fortnite ကို စောင့်မျှော်နေကြတာ အတော်ကိုကြာနေပါပြီ၊ အဆိုးဆုံးကတော့ ထွက်မယ့်ရက်ကိုတောင် ခုချိန်ထိ အတည်မပြုနိုင်သေးတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Fortnite Fans တွေအနေနဲ့ အနည်းနဲ့အများဆိုသလို စိတ်ပျက်မိမှာတော့ သေချာပါတယ်။

Ref;Expresscouk

Phone Hay Ko (Akhayar)

www.akhayar.com