[Zawgyi]
ref;appleinsider
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
Fornite Mobile Edition ကိုiPhone 6s နှင့်အထက် ဆော့ကစားနိုင်ပြီဖြစ်
Epic ရဲ့ Popular အဖြစ်ဆုံး Game တစ်ခုဖြစ်တဲ့ Fornite ကို Mobile Version အနေနဲ့ပါ ဆော့ကာစားနိုင်ဖို့ ပြင်ဆင်လျှက်ရှိရာ လွန်ခဲ့တဲ့ တပတ်လောက်မှာတော့ iOS Device အချို့မှာ စတင်ဆော့ကစားနိုင်ခဲ့ပါတယ်။ စစထွက်ချင်းမှာတော့ Pre register ပြုလုပ်ထားတဲ့ Apple ဖုန်းတွေမှာသာ Invitation Link ပေးပို့ခံရပြီး ၎င်း Link မှတစ်ဆင့် Game ကို Download ရယူက ဆော့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ App Store ပေါ်မှာ iOS User တိုင်း Download ရယူဆော့ကစားနိုင်နေပြီဖြစ်ပါတယ်။
ဒီသတင်းကိုတော့ Epic’s Developer တွေရဲ့ Twitter အကောင့်မှာ တင်ထားခဲ့တာဖြစ်ပြီး “now open everywhere on iOS,” and that there is “no invite needed” to play လို့ပြောထားတာဖြစ်ပါတယ်။
Fortnite Battle Royale ဂိမ်းဟာ PUBG၊ Rules of Survival တို့လို PvP Game အမျိုးအစားဖြစ်ပြီး အစပိုင်းမှာတော့ PlayStation 4, PlayStation 4 Pro, Xbox One, Xbox One X, နဲ့ PC တို့မှာသာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Solo၊ Duo၊ Squad အပြင် အခြား Mode အသစ်တွေပါထပ်ထပ်တိုးပေးလျှက်ရှိပြီး သူငယ်ချင်းတွေနဲ့စုပြီးကစားရင်အတော်လေး ပျော်စရာကောင်းတဲ့ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ အဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ တစ်ယောက်စီပဲဖြစ်ဖြစ် လက်နက်တွေနဲ့တိုက်ခိုက်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ရှိခဲ့တဲ့အဖွဲက အနိုင်ရရှိမှာပါ။
Fornite ကို iOS မှာအကုန်ရနေပြီဆိုပေမယ့် iPhone 6s နဲ့အထက် ဖုန်းတွေမှာသာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ Game ဟာ Beta Version အနေနဲ့သာရှိသေးတာကြောင့် တစ်ချို့ဖုန်းတွေမှာ Game ထဲက ပြန်ပြန်ထွက်သွားတတ်တဲ့ Error တွေကြုံတွေ့ရတတ်ကြောင်းသိရှိရပါတယ်။
ref;appleinsider
Phone Hay Ko (Akhayar)
www.akhayar.com