[Zawgyi]

ခ်စ္ျခင္းေမတၱာေတြ အၿမဲတမ္း လန္းဆန္းသစ္လြင္ေနေစဖို႔

အခုေခတ္က သမီးရည္းစားစံုတြဲေတြမွာပဲ စႏိုက္ေၾကာ္ခံရမွာ ေၾကာက္ေနရတာမဟုတ္ပါဘူးေနာ္။ တရား၀င္လက္ထပ္ထိမ္းျမားယူထားၾကတဲ့စံုတြဲေတြေတာင္မွ စႏိုက္ေၾကာ္ခံေနရတာပါ။ ေၾကာက္စရာႀကီးျဖစ္လာတာေနာ္။ ဒါေၾကာင့္လည္း အခုေနာက္ပိုင္း ေယာက္်ားေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ ဂရုစိုက္ႏုိင္မွသာ သာယာခ်မ္းေျမ႕စရာေကာင္းတဲ့ Relationship တစ္ခုကို တည္ေဆာက္ႏုိင္မွာပါ။ ဒီေတာ့လည္း လိုက္နာစရာစည္းမ်ဥ္းစည္းကမ္းေတြက ေပၚလာျပန္ေရာေပါ့။ ကိုယ့္ရဲ႕ Relationship ကို ဘယ္ေလာက္ပဲသက္တမ္းၾကာၾကာ အၿမဲတမ္းလန္းဆန္းသစ္လြင္ေနေအာင္ ဘယ္လိုေနၾကရင္ေကာင္းမလဲ သိလား။

ဆြဲေဆာင္မႈရွိေအာင္ႀကိဳးစားပါ

အိပ္ရာကႏိုးလာတာနဲ႔ အိပ္ရာျပန္၀င္တဲ့အထိပဲ ဆြဲေဆာင္မႈရွိေအာင္ႀကိဳးစားပါ။ အထူးသျဖင့္ မိန္းကေလးေတြေပါ့။ အၿမဲတမ္းလွပေနေအာင္ ကိုယ့္ကိုယ္ကိုယ္ ဂရုတစိုက္ထိန္းသိမ္းဖို႔လိုမယ္ေနာ္။ “အိမ္ေထာင္လည္းက်သြားၿပီပဲ။ ေနာက္တစ္ေယာက္မရေတာ့ဘူး။” ဆိုၿပီး ရယ္က်ဲက်ဲနဲ႔ ျဖစ္သလို မေနလိုက္ပါနဲ႔။ ကိုယ္ကသာ ေနာက္တစ္ေယာက္မရႏုိင္ေတာ့တာ။ သူကေတာ့ ေနာက္တစ္ေယာက္ရွာသြားမွာ ေသခ်ာတယ္။ အၿမဲတမ္း ေခတ္မီၿပီး လွပေက်ာ့ေကာ့ေနေအာင္ ကိုယ့္ကိုယ္ကိုယ္ ျပင္ဆင္ရမယ္ေနာ္။

လိုက္ဖက္ညီပါေစ

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက္်ားေလးပဲျဖစ္ျဖစ္ ပတ္၀န္းက်င္က စကားေတြကို ဂရုစိုက္ေလ့ရွိပါတယ္။ “မင္းတို႔ႏွစ္ေယာက္က လိုက္လည္းမလိုက္ဘူး။” ဆိုတာထက္ “မင္းတို႔ႏွစ္ေယာက္ကလိုက္ဖက္လိုက္တာ။” ဆိုတာက ပိုၿပီး ေပ်ာ္ရႊင္စရာေကာင္းတာေသခ်ာပါတယ္။ ဒီလို ခ်ီးက်ဴးစကားေလးေတြနဲ႔ ပတ္၀န္းက်င္က ကိုယ္ေတြစံုတြဲကို အားက်ေနမယ္ဆိုရင္ ဒီ Relationship က ပိုၿပီး ခိုင္ၿမဲႏုိင္ပါတယ္။ အၿမဲတမ္း ကိုယ့္ရဲ႕ အခ်စ္ေရးကို စိတ္ေက်နပ္ေနေအာင္ ေနာက္ၿပီး ပတ္၀န္းက်င္ကလည္း အားက်ေနေအာင္ လိုက္ဖက္ညီညီ ေလွ်ာက္လွမ္းရမယ္ေနာ္။

ေ၀မွ်ၾကပါ

တစ္ေယာက္ရဲ႕ ေပ်ာ္ရႊင္ျခင္း၊ ၀မ္းနည္းျခင္း ခံစားခ်က္ေတြကို ေ၀မွ်ဖို႔ ေမ့မေနပါနဲ႔။ “Sharing is Caring” ဆိုတဲ့အတိုင္း တစ္ေယာက္ကို တစ္ေယာက္ အရိပ္တၾကည့္ၾကည့္နဲ႔ တစ္ေယာက္ျဖစ္ေနတာကို တစ္ေယာက္ခ်က္ခ်င္း အကဲခတ္ႏိုင္တဲ့သူျဖစ္ဖို႔လည္း လိုအပ္ပါေသးတယ္။ ဘယ္ေတာ့မွ ပစ္မထားပါနဲ႔။ အလုပ္ေတြအရမ္းရွဳပ္ေနလည္း အခ်ိန္ေပးၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ေ၀မွ်ၾကပါေနာ္။

ေပ်ာ္ရႊင္စရာေတြဖန္တီးပါ

Relationship သက္တမ္းၾကာလာေလေလ အားလံုးဟာ ေပါ့ပါးလာေလေလပါပဲ။ ပံုမွန္တစ္ေန႔တာလုပ္ငန္းစဥ္ေတြကိုပဲ တစိုက္မတ္မတ္လုပ္ကိုင္ၾကရင္း ပံုမွန္ေတြ႕ဆံုမႈမ်ိဳးနဲ႔ အရာအားလံုးဟာ အသားက်သြားပါလိမ့္မယ္။ “ငါတို႔က ႏွစ္ေတြအၾကာႀကီးလက္တြဲလာၿပီပဲ။ အားလံုးပံုမွန္ပဲ ေရွ႕ဆက္ေနၾကတာ။” ဆိုတာ မျဖစ္သင့္ပါဘူး။ အထူးသျဖင့္ ေမြးေန႔နဲ႔ ႏွစ္ပတ္လည္ေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ေပ်ာ္ရႊင္ေစမယ့္ Surprise ေတြ၊ အမွတ္တရေတြဖန္တီးေပးပါ။ မထင္မွတ္ထားတဲ့အခ်ိန္မွာ ေပ်ာ္ရႊင္စရာေတြဖန္တီးေပးပါ။ အခ်ိန္ေပးၿပီး ခရီးအတူတူသြားတာပဲျဖစ္ျဖစ္၊ ရည္းစားဘ၀တုန္းကလို ျပန္ Date တာပဲျဖစ္ျဖစ္ စိတ္ထဲ ၾကည္ႏူးၿပီး ေပ်ာ္ရႊင္ေစႏိုင္တဲ့အရာေတြကို အတူတူဖန္တီးၾကပါေနာ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ ရိုးအီသြားတယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ဂရုမစိုက္လို႔၊ တစ္ေယာက္ကိုတစ္ေယာက္ ဂရုမစိုက္လို႔ပါ။ အခ်စ္ေတြေလ်ာ့သြားတယ္ဆိုတာကလည္း အခ်စ္ေတြသစ္လြင္ေနေအာင္ ဖန္တီးေနတာေတြ မရွိလို႔ပါ။ ေလာကသဘာ၀အတိုင္း အရာအားလံုးကေတာ့ ျဖစ္ေနပ်က္ေန၊ သစ္ေနေဟာင္းေနမွာပါပဲ။ ဒါေပမယ့္ ကိုယ္ကဘယ္လိုျပဳမူဆက္ဆံကိုင္တြယ္ေနသလဲဆိုတဲ့အေပၚမူတည္ၿပီး အခ်စ္ေရးဆိုတာကလည္း ျဖစ္သြားပ်က္သြားႏုိင္ပါတယ္။ ဒီဘက္ေခတ္မွ စႏိုက္ေၾကာ္ေတြတအားေပါလာပါတယ္ေနာ္။ အားလံုးလည္း သြားသတိ၊ လာသတိနဲ႔ ကိုယ့္ရဲ႕ ခ်စ္ျခင္းေမတၱာကို လူမခိုးသြားေအာင္ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ၾကပါဦး။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ချစ်ခြင်းမေတ္တာတွေ အမြဲတမ်း လန်းဆန်းသစ်လွင်နေစေဖို့

အခုခေတ်က သမီးရည်းစားစုံတွဲတွေမှာပဲ စနိုက်ကြော်ခံရမှာ ကြောက်နေရတာမဟုတ်ပါဘူးနော်။ တရားဝင်လက်ထပ်ထိမ်းမြားယူထားကြတဲ့စုံတွဲတွေတောင်မှ စနိုက်ကြော်ခံနေရတာပါ။ ကြောက်စရာကြီးဖြစ်လာတာနော်။ ဒါကြောင့်လည်း အခုနောက်ပိုင်း ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဂရုစိုက်နိုင်မှသာ သာယာချမ်းမြေ့စရာကောင်းတဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်မှာပါ။ ဒီတော့လည်း လိုက်နာစရာစည်းမျဉ်းစည်းကမ်းတွေက ပေါ်လာပြန်ရောပေါ့။ ကိုယ့်ရဲ့ Relationship ကို ဘယ်လောက်ပဲသက်တမ်းကြာကြာ အမြဲတမ်းလန်းဆန်းသစ်လွင်နေအောင် ဘယ်လိုနေကြရင်ကောင်းမလဲ သိလား။

ဆွဲဆောင်မှုရှိအောင်ကြိုးစားပါ

အိပ်ရာကနိုးလာတာနဲ့ အိပ်ရာပြန်ဝင်တဲ့အထိပဲ ဆွဲဆောင်မှုရှိအောင်ကြိုးစားပါ။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ အမြဲတမ်းလှပနေအောင် ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်ထိန်းသိမ်းဖို့လိုမယ်နော်။ “အိမ်ထောင်လည်းကျသွားပြီပဲ။ နောက်တစ်ယောက်မရတော့ဘူး။” ဆိုပြီး ရယ်ကျဲကျဲနဲ့ ဖြစ်သလို မနေလိုက်ပါနဲ့။ ကိုယ်ကသာ နောက်တစ်ယောက်မရနိုင်တော့တာ။ သူကတော့ နောက်တစ်ယောက်ရှာသွားမှာ သေချာတယ်။ အမြဲတမ်း ခေတ်မီပြီး လှပကျော့ကော့နေအောင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရမယ်နော်။

လိုက်ဖက်ညီပါစေ

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က စကားတွေကို ဂရုစိုက်လေ့ရှိပါတယ်။ “မင်းတို့နှစ်ယောက်က လိုက်လည်းမလိုက်ဘူး။” ဆိုတာထက် “မင်းတို့နှစ်ယောက်ကလိုက်ဖက်လိုက်တာ။” ဆိုတာက ပိုပြီး ပျော်ရွှင်စရာကောင်းတာသေချာပါတယ်။ ဒီလို ချီးကျူးစကားလေးတွေနဲ့ ပတ်ဝန်းကျင်က ကိုယ်တွေစုံတွဲကို အားကျနေမယ်ဆိုရင် ဒီ Relationship က ပိုပြီး ခိုင်မြဲနိုင်ပါတယ်။ အမြဲတမ်း ကိုယ့်ရဲ့ အချစ်ရေးကို စိတ်ကျေနပ်နေအောင် နောက်ပြီး ပတ်ဝန်းကျင်ကလည်း အားကျနေအောင် လိုက်ဖက်ညီညီ လျှောက်လှမ်းရမယ်နော်။

ဝေမျှကြပါ

တစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ခံစားချက်တွေကို ဝေမျှဖို့ မေ့မနေပါနဲ့။ “Sharing is Caring” ဆိုတဲ့အတိုင်း တစ်ယောက်ကို တစ်ယောက် အရိပ်တကြည့်ကြည့်နဲ့ တစ်ယောက်ဖြစ်နေတာကို တစ်ယောက်ချက်ချင်း အကဲခတ်နိုင်တဲ့သူဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဘယ်တော့မှ ပစ်မထားပါနဲ့။ အလုပ်တွေအရမ်းရှုပ်နေလည်း အချိန်ပေးပြီး တစ်ယောက်နဲ့ တစ်ယောက် ဝေမျှကြပါနော်။

ပျော်ရွှင်စရာတွေဖန်တီးပါ

Relationship သက်တမ်းကြာလာလေလေ အားလုံးဟာ ပေါ့ပါးလာလေလေပါပဲ။ ပုံမှန်တစ်နေ့တာလုပ်ငန်းစဉ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ကြရင်း ပုံမှန်တွေ့ဆုံမှုမျိုးနဲ့ အရာအားလုံးဟာ အသားကျသွားပါလိမ့်မယ်။ “ငါတို့က နှစ်တွေအကြာကြီးလက်တွဲလာပြီပဲ။ အားလုံးပုံမှန်ပဲ ရှေ့ဆက်နေကြတာ။” ဆိုတာ မဖြစ်သင့်ပါဘူး။ အထူးသဖြင့် မွေးနေ့နဲ့ နှစ်ပတ်လည်တွေမှာ တစ်ယောက်ကိုတစ်ယောက်ပျော်ရွှင်စေမယ့် Surprise တွေ၊ အမှတ်တရတွေဖန်တီးပေးပါ။ မထင်မှတ်ထားတဲ့အချိန်မှာ ပျော်ရွှင်စရာတွေဖန်တီးပေးပါ။ အချိန်ပေးပြီး ခရီးအတူတူသွားတာပဲဖြစ်ဖြစ်၊ ရည်းစားဘဝတုန်းကလို ပြန် Date တာပဲဖြစ်ဖြစ် စိတ်ထဲ ကြည်နူးပြီး ပျော်ရွှင်စေနိုင်တဲ့အရာတွေကို အတူတူဖန်တီးကြပါနော်။

တစ်ယောက်နဲ့ တစ်ယောက် ရိုးအီသွားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်လို့၊ တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်လို့ပါ။ အချစ်တွေလျော့သွားတယ်ဆိုတာကလည်း အချစ်တွေသစ်လွင်နေအောင် ဖန်တီးနေတာတွေ မရှိလို့ပါ။ လောကသဘာဝအတိုင်း အရာအားလုံးကတော့ ဖြစ်နေပျက်နေ၊ သစ်နေဟောင်းနေမှာပါပဲ။ ဒါပေမယ့် ကိုယ်ကဘယ်လိုပြုမူဆက်ဆံကိုင်တွယ်နေသလဲဆိုတဲ့အပေါ်မူတည်ပြီး အချစ်ရေးဆိုတာကလည်း ဖြစ်သွားပျက်သွားနိုင်ပါတယ်။ ဒီဘက်ခေတ်မှ စနိုက်ကြော်တွေတအားပေါလာပါတယ်နော်။ အားလုံးလည်း သွားသတိ၊ လာသတိနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို လူမခိုးသွားအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါဦး။

Moethaesay (Akhayar)

www.akhayar.com