[Zawgyi]

ရီးယဲလ္နည္းျပေဟာင္း ဇီဒန္းကို တစ္ႏွစ္လုပ္ခ ယူရိုသန္း (၅၀)နဲ႔ ကမ္းလွမ္းဖို႔ရွိေနတဲ့ ကာတာေဘာလံုးအဖြဲ႔ခ်ဳပ္

ရီးယဲလ္နည္းျပေဟာင္း ဇီဒန္း Zidane ကို တစ္ႏွစ္လုပ္ခ ယူရိုသန္း (၅၀)နဲ႔ ကာတာေဘာလံုးအဖြဲ႔ခ်ဳပ္က အံ့အားသင့္ဖြယ္ ကမ္းလွမ္းသြားဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ ရီးယဲလ္အသင္းကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ သမိုင္းဝင္ ေအာင္ပြဲရရွိေအာင္ စြမ္းေဆာင္ေပးၿပီး ရက္ပိုင္းအၾကာမွာ ရာထူးကေန ရုတ္တရက္ ႏႈတ္ထြက္ခဲ့တဲ့ နည္းျပ ဇီဒန္း Zidane ကို လက္ေရြးစင္နည္းျပရာထူးအတြက္ တာဝန္ေပးသြားဖို႔ ကာတာေဘာလံုးအဖြဲ႔ခ်ဳပ္က ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။ ကာတာလက္ေရြးစင္ နည္းျပ ရာထူးကို ဇီဒန္း Zidane လက္ခံခဲ့ရင္ တစ္ေန႔ကို ယူရို (၁၂၀၀၀၀) အထိ ရရွိမွာျဖစ္ပါတယ္။ ကာတာေဘာလံုးအဖြဲ႔ခ်ဳပ္က လက္ေရြးစင္ နည္းျပ ရာထူးကို ဇီဒန္း Zidane မျငင္းပယ္ႏိုင္ေအာင္ ျမင့္မားတဲ့ လစာေငြ ပမာဏကို စီစဥ္ေနတာ ျဖစ္ပါတယ္။ ဇီဒန္း Zidane ကို နည္းျပအျဖစ္ ကမ္းလွမ္းဖို႔ အာရပ္သန္းၾကြယ္သူေဌး နာဂြပ္ဘ္ဆဝီရစ္ Naguib Sawiris က ကာတာေဘာလံုးအဖြဲ႔ခ်ဳပ္ကို ကူညီပံ့ပိုးေပးသြားမွာျဖစ္ၿပီး (၄)ႏွစ္ စာခ်ဳပ္နဲ႔ ကမ္းလွမ္းသြားဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

The-former-Real-Madrid-walked-away-from-the-Champions-League-winners

The-former-Real-Madrid-walked-away-from-the-Champions-League-winners

အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရရွိဖို႔ ကာတာေဘာလံုးအဖြဲ႔ခ်ဳပ္က ပစ္မွတ္ထားေနတာေၾကာင့္ ဇီဒန္း Zidane လို ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ နည္းျပတစ္ဦးကို ႏိုင္ငံလက္ေရြးစင္ အသင္းကို တာဝန္ယူေစဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။ ကာတာေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ လ်ာထားတဲ့ နည္းျပစာရင္းမွာ ဇီဒန္း Zidane က ထိပ္ဆံုးကေန ပါဝင္ေနၿပီး တျခားနာမည္ေက်ာ္ နည္းျပေတြလည္း ပါဝင္လ်က္ရွိေၾကာင္း သိရပါတယ္။ ဇီဒန္း Zidane အေနနဲ႔ ကာတာနည္းျပ ရာထူးကို လက္ခံျဖစ္ခဲ့ပါက လက္ရွိကမၻာ႔လစာ အမ်ားဆံုးရရွိထားတဲ့ တရုတ္လက္ေရြးစင္ နည္းျပ လစ္ပီ Lippi ထက္ (၂)ဆေက်ာ္ မ်ားျပားတဲ့ လစာပမာဏကို ရရွိမွာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ ဇီဒန္း Zidane ကို ဥေရာပထိပ္တန္း ကလပ္အသင္းတခ်ိဳ႔က ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနသလို ႏိုင္ငံလက္ေရြးစင္အသင္း တခ်ိဳ႔ကလည္း ပစ္မွတ္ထားေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

REF:TalkSport
Photo:The Independent, Gist36, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို တစ်နှစ်လုပ်ခ ယူရိုသန်း (၅၀)နဲ့ ကမ်းလှမ်းဖို့ရှိနေတဲ့ ကာတာဘောလုံးအဖွဲ့ချုပ်

ရီးယဲလ်နည်းပြဟောင်း ဇီဒန်း Zidane ကို တစ်နှစ်လုပ်ခ ယူရိုသန်း (၅၀)နဲ့ ကာတာဘောလုံးအဖွဲ့ချုပ်က အံ့အားသင့်ဖွယ် ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းဝင် အောင်ပွဲရရှိအောင် စွမ်းဆောင်ပေးပြီး ရက်ပိုင်းအကြာမှာ ရာထူးကနေ ရုတ်တရက် နှုတ်ထွက်ခဲ့တဲ့ နည်းပြ ဇီဒန်း Zidane ကို လက်ရွေးစင်နည်းပြရာထူးအတွက် တာဝန်ပေးသွားဖို့ ကာတာဘောလုံးအဖွဲ့ချုပ်က ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ကာတာလက်ရွေးစင် နည်းပြ ရာထူးကို ဇီဒန်း Zidane လက်ခံခဲ့ရင် တစ်နေ့ကို ယူရို (၁၂၀၀၀၀) အထိ ရရှိမှာဖြစ်ပါတယ်။ ကာတာဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင် နည်းပြ ရာထူးကို ဇီဒန်း Zidane မငြင်းပယ်နိုင်အောင် မြင့်မားတဲ့ လစာငွေ ပမာဏကို စီစဉ်နေတာ ဖြစ်ပါတယ်။ ဇီဒန်း Zidane ကို နည်းပြအဖြစ် ကမ်းလှမ်းဖို့ အာရပ်သန်းကြွယ်သူဌေး နာဂွပ်ဘ်ဆဝီရစ် Naguib Sawiris က ကာတာဘောလုံးအဖွဲ့ချုပ်ကို ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး (၄)နှစ် စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

The-former-Real-Madrid-walked-away-from-the-Champions-League-winners

The-former-Real-Madrid-walked-away-from-the-Champions-League-winners

အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ ကာတာဘောလုံးအဖွဲ့ချုပ်က ပစ်မှတ်ထားနေတာကြောင့် ဇီဒန်း Zidane လို အောင်မြင်မှုတွေရရှိခဲ့တဲ့ နည်းပြတစ်ဦးကို နိုင်ငံလက်ရွေးစင် အသင်းကို တာဝန်ယူစေဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ကာတာဘောလုံးအဖွဲ့ချုပ်ရဲ့ လျာထားတဲ့ နည်းပြစာရင်းမှာ ဇီဒန်း Zidane က ထိပ်ဆုံးကနေ ပါဝင်နေပြီး တခြားနာမည်ကျော် နည်းပြတွေလည်း ပါဝင်လျက်ရှိကြောင်း သိရပါတယ်။ ဇီဒန်း Zidane အနေနဲ့ ကာတာနည်းပြ ရာထူးကို လက်ခံဖြစ်ခဲ့ပါက လက်ရှိကမ္ဘာ့လစာ အများဆုံးရရှိထားတဲ့ တရုတ်လက်ရွေးစင် နည်းပြ လစ်ပီ Lippi ထက် (၂)ဆကျော် များပြားတဲ့ လစာပမာဏကို ရရှိမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဇီဒန်း Zidane ကို ဥရောပထိပ်တန်း ကလပ်အသင်းတချို့က စောင့်ကြည့်မှုတွေ ပြုလုပ်နေသလို နိုင်ငံလက်ရွေးစင်အသင်း တချို့ကလည်း ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

REF:TalkSport
Photo:The Independent, Gist36, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com