[Zawgyi]

သမၼတေဟာင္း Barack Obama ပုိက္ဆံေတြ ဘယ္လုိရွာလုိ႔ ဘယ္မွာသုံးလုိက္ပါ့

အေမရိကန္သမၼတေဟာင္းႀကီး Barack Obama ဟာ အလုပ္မ်ားလြန္းတဲ့သူပါ။ သမၼတရာထူးက ထြက္သြားၿပီဆုိေပမယ့္ စာအုပ္ေရးတယ္၊ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္တယ္ ၿပီးေတာ့ ေဟာေျပာပြဲေတြမွာလည္း ပါလုိက္ေသးတယ္။ ၂ဝဝ၈ခုႏွစ္တုန္းက သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈ အေမရိကန္ေဒၚလာ ၁.၃ သန္းပဲ ရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ (၄ဝ) သန္းအထိ ၾကြယ္ဝလာၿပီပဲျဖစ္ပါတယ္။ သမၼတမျဖစ္ခင္က ေငြေၾကးပမာဏထက္ အဆ (၃ဝ) ေက်ာ္ ၾကြယ္ဝလာတဲ့သေဘာပါ။

၂ဝဝ၅ခုႏွစ္မွာ လႊတ္ေတာ္ထဲကုိ ေရာက္တဲ့အခ်ိန္ကစၿပီး သမၼတလစာ၊ စာအုပ္ေရာင္းရေငြနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈက အျမတ္ေငြေတြအားလုံးေပါင္းလုိက္ရင္ ေဒၚလာသန္း (၂ဝ.၅) အထိရွိတယ္လုိ႔ သိရျပန္ပါတယ္။ ဒါ့အျပင္ Netflix ရုပ္သံလုိင္းနဲ႔ Talk Show အတြက္ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး ေဒၚလာသန္းဂဏန္းေလာက္ရခဲ့တယ္လုိ႔ သိရျပန္ပါေသးတယ္။ သမၼတေဟာင္းျဖစ္တာေၾကာင့္ ပင္စင္လစာဟာ တစ္ႏွစ္ ေဒၚလာ (၂) သိန္းအထိ ရရွိေနၿပီး ေဟာေျပာပြဲေတြကေန ေဒၚလာ (၄) သိန္းနီးပါးရတယ္လုိ႔ ဆုိထားပါေသးတယ္။

ဒါ့အျပင္ သူရဲ့ “The Audacity of Hope” ၊ “Of Thee I Sing: A Letter to My Daughters” နဲ႔ “Dreams From My Father,” စာအုပ္ေတြကေန ေဒၚလာ (၁၅.၆) သန္းေလာက္ ရခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းက စာအုပ္ေတြနဲ႔ပတ္သက္လုိ႔ ေဒၚလာသန္း (၆ဝ) တန္ စာခ်ဳပ္ခ်ဳပ္ခဲ့ပါေသးတယ္။ ေဒၚလာ သန္း (၄ဝ) ၾကြယ္ဝတယ္လုိ႔ ခန္႔မွန္းထားေပမယ့္ ဒီပမာဏထက္ေတာင္ ပုိႏုိင္ပါေသးတယ္။

ဒါေပမယ့္ Barack Obama အတြက္လည္း ေငြကုန္ေပါက္က မနည္းပါဘူး။ ၂ဝဝ၇ခုႏွစ္တုန္းက သမီးႏွစ္ေယာက္ျဖစ္တဲ့ Malia နဲ႔ Sasha တုိ႔ရဲ႕ ေက်ာင္းစရိတ္အတြက္ Bright Directions မွာ ေဒၚလာ (၁) သိန္းနီးပါး စုေငြထည့္ခဲ့ပါေသးတယ္။ အိမ္ျဖဴေတာ္က ဆင္းတဲ့အခ်ိန္မွာ ေဒၚလာ (၈.၁) သန္းတန္တဲ့ စံအိမ္ႀကီးကုိ ဝယ္ခဲ့ပါတယ္။ ၈,၂ဝဝ စတုရန္းေပ အက်ယ္အဝန္းရွိၿပီး ဝါရွင္တန္ဒီစီမွာ တည္ရွိတာပါ။

အဲဒီအခ်ိန္တုန္းက ေဒၚလာ (၂၃) သန္းတန္တဲ့ ကမၻာ့အခ်မ္းသာဆုံးသူေဌးႀကီး Jeff Bezos ရဲ႕စံအိမ္ၿပီးရင္ Barack Obama ရဲ႕အိမ္က ေစ်းအႀကီးဆုံးပါပဲ။ ဒါ့အျပင္ ခ်ီကာဂုိၿမိဳ႕မွာလည္း (၁.၆၅) သန္းတန္ အိမ္တစ္လုံးကုိ ၂ဝဝ၅ခုႏွစ္တုန္းက ဝယ္ထားပါေသးတယ္။ လက္ရွိအခ်ိန္မွာေတာ ကာလတန္ေၾကး (၂.၅) သန္းရွိေနပါၿပီ။

အိမ္ျဖဴေတာ္က ဆင္းခဲ့ၿပီးေနာက္ Barack Obama တုိ႔မိသားစုဟာ အပန္းေျဖထြက္တဲ့အခ်ိန္က ပုိမ်ားပါေသးတယ္။ Richard Branson ႀကီးပုိင္တဲ့ Necker Island ၊ The Brando Hotel ၊ Hawaii Island နဲ႔ Bali Island ေတြကုိ ခရီးဆက္ခဲ့သူပါ။

ကုန္က်စရိတ္ကုိ အေမရိကန္ႏုိင္ငံရဲ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန (General Services Administration) က က်ခံေပးရတယ္ဆုိေတာ့ ေငြေၾကးပမာဏကုိ ဘယ္သူမွ မသိၾကေပမယ့္ ေဒၚလာသန္းဂဏန္းေလာက္ ကုန္က်မယ္လုိ႔ ခန္႔မွန္းရပါတယ္။

သမၼတတစ္ေယာက္ရဲ႕ရပုိင္ခြင့္ထဲမွာ အဝတ္အစားဖုိးမပါဝင္ဘူးဆုိတာ လူတုိင္းသိေပမယ့္ Barack Obama ကေတာ့ တန္ဖုိးႀကီးတံဆိပ္ေတြကုိသာ အကုန္အက်ခံၿပီး ဝတ္ဆင္ခဲ့သူပါ။

Barack Obama နဲ႔စာရင္ Michelle Obama က ေကာင္းေပ့ညြန္႔ေပ့ဆုိတဲ့ အရာေတြကုိမွ သုံးတတ္သူပါ။ သူမဟာ J. Crew ၊ Target နဲ႔ Converse တုိ႔လုိ တံဆိပ္ေတြကုိသာ ဝတ္ဆင္ၿပီး တစ္ထည္တန္ဖုိးက ေဒၚလာ (၁၂,ဝဝဝ) နီးပါးရွိသူပါ။ ပြဲတက္ရတဲ့အခါေတြမွာ လင္မယားႏွစ္ေယာက္စလုံးဟာ လုိက္ဖက္ညီေအာင္ ဝတ္ဆင္တတ္ၿပီး မၾကာေသးမီက Beyoncé and Jay-Z Show ပြဲကုိေတာင္ တက္ခဲ့ပါေသးတယ္။

Michelle Obama ဟာ အစားအေသာက္နဲ႔ ပတ္သက္လုိ႔ အေကာင္းႀကိဳက္တတ္သူျဖစ္ၿပီး Turkey Chili လုိေစ်းႀကီးတဲ့ဟင္းေတြကုိသာ မွာစားတတ္သူပါ။ တစ္ခ်ိန္ကုိ (၃၆) ေဒၚလာအထိ ေပးရတဲ့ SoulCycle Gym မွာ ေလ့က်င့္ေနသူလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ မီလ်ံနာဇနီးေမာင္ႏွံက ပရဟိတလုပ္ငန္းေတြမွာေတာ့ အားတက္သေရာ ပါဝင္ၾကသူပါ။ ၂ဝဝ၉ ခုႏွစ္မွ ၂ဝ၁၅ခုႏွစ္အတြင္း ေဒၚလာ (၁.၁) သန္းနီးပါး လွဴဒါန္းခဲ့တယ္လုိ႔ Forbes ရဲ႕ မွတ္တမ္းအရ သိရပါတယ္။

သူဟာ စစ္မႈထမ္းေဟာင္းေဂဟာေတြ၊ မိဘမဲ့ေဂဟာေတြ၊ အာဖရိကန္အေမရိကန္ကိစၥေတြနဲ႔ ဒုကၡသည္စခန္းေတြမွာ အမ်ားဆုံးလွဴဒါန္းခဲ့တာပါ။ သူဟာ “Of Thee I Sing: A Letter to My Daughters” စာအုပ္ေရာင္းရေငြကုိ ဒဏ္ရာရ စစ္မႈထမ္းေဟာင္းေတြနဲ႔ က်ဆုံးသြားတဲ့ စစ္မႈထမ္းေဟာင္းေတြရဲ႕ သားသမီးေတြကုိ ပညာသင္ဆုေပးခဲ့တာပါ။

ပညာသင္ဆုစရိတ္ဟာ ၂ဝဝ၉ ခုႏွစ္က ၂ဝ၁၅ခုႏွစ္အတြင္း (၃၉၂,ဝဝဝ) ေဒၚလာအထိရွိခဲ့ပါတယ္။ ၂ဝ၁၅ခုႏွစ္မွာ သူဟာ ပရဟိတအဖြဲ႕အစည္း (၃၄) ခုကုိ ေဒၚလာ (၆၄,ဝဝဝ) အထိကုိ လွဴဒါန္းခဲ့ပါတယ္။

Barack Obama ရဲ႕ ဂုဏ္ယူစရာအေကာင္းဆုံးကိစၥကုိ ေျပာပါဆုိရင္ ၂ဝဝ၉ခုႏွစ္မွာ Nobel Peace Prize ရတုန္းက ဆုေၾကးေငြ ေဒၚလာ (၁.၄) သန္းကုိ ပရဟိတအဖြဲ႕အစည္းေတြကုိ အကုန္လွဴဒါန္းလုိက္တာပါပဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

သမ္မတဟောင်း Barack Obama ပိုက်ဆံတွေ ဘယ်လိုရှာလို့ ဘယ်မှာသုံးလိုက်ပါ့

အမေရိကန်သမ္မတဟောင်းကြီး Barack Obama ဟာ အလုပ်များလွန်းတဲ့သူပါ။ သမ္မတရာထူးက ထွက်သွားပြီဆိုပေမယ့် စာအုပ်ရေးတယ်၊ ရင်းနှီးမြှုပ်နှံမှု လုပ်တယ် ပြီးတော့ ဟောပြောပွဲတွေမှာလည်း ပါလိုက်သေးတယ်။ ၂ဝဝ၈ခုနှစ်တုန်းက သူ့ရဲ့အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁.၃ သန်းပဲ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ (၄ဝ) သန်းအထိ ကြွယ်ဝလာပြီပဲဖြစ်ပါတယ်။ သမ္မတမဖြစ်ခင်က ငွေကြေးပမာဏထက် အဆ (၃ဝ) ကျော် ကြွယ်ဝလာတဲ့သဘောပါ။

၂ဝဝ၅ခုနှစ်မှာ လွှတ်တော်ထဲကို ရောက်တဲ့အချိန်ကစပြီး သမ္မတလစာ၊ စာအုပ်ရောင်းရငွေနဲ့ ရင်းနှီးမြှုပ်နှံမှုက အမြတ်ငွေတွေအားလုံးပေါင်းလိုက်ရင် ဒေါ်လာသန်း (၂ဝ.၅) အထိရှိတယ်လို့ သိရပြန်ပါတယ်။ ဒါ့အပြင် Netflix ရုပ်သံလိုင်းနဲ့ Talk Show အတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး ဒေါ်လာသန်းဂဏန်းလောက်ရခဲ့တယ်လို့ သိရပြန်ပါသေးတယ်။ သမ္မတဟောင်းဖြစ်တာကြောင့် ပင်စင်လစာဟာ တစ်နှစ် ဒေါ်လာ (၂) သိန်းအထိ ရရှိနေပြီး ဟောပြောပွဲတွေကနေ ဒေါ်လာ (၄) သိန်းနီးပါးရတယ်လို့ ဆိုထားပါသေးတယ်။

ဒါ့အပြင် သူရဲ့ “The Audacity of Hope” ၊ “Of Thee I Sing: A Letter to My Daughters” နဲ့ “Dreams From My Father,” စာအုပ်တွေကနေ ဒေါ်လာ (၁၅.၆) သန်းလောက် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက စာအုပ်တွေနဲ့ပတ်သက်လို့ ဒေါ်လာသန်း (၆ဝ) တန် စာချုပ်ချုပ်ခဲ့ပါသေးတယ်။ ဒေါ်လာ သန်း (၄ဝ) ကြွယ်ဝတယ်လို့ ခန့်မှန်းထားပေမယ့် ဒီပမာဏထက်တောင် ပိုနိုင်ပါသေးတယ်။

ဒါပေမယ့် Barack Obama အတွက်လည်း ငွေကုန်ပေါက်က မနည်းပါဘူး။ ၂ဝဝ၇ခုနှစ်တုန်းက သမီးနှစ်ယောက်ဖြစ်တဲ့ Malia နဲ့ Sasha တို့ရဲ့ ကျောင်းစရိတ်အတွက် Bright Directions မှာ ဒေါ်လာ (၁) သိန်းနီးပါး စုငွေထည့်ခဲ့ပါသေးတယ်။ အိမ်ဖြူတော်က ဆင်းတဲ့အချိန်မှာ ဒေါ်လာ (၈.၁) သန်းတန်တဲ့ စံအိမ်ကြီးကို ဝယ်ခဲ့ပါတယ်။ ၈,၂ဝဝ စတုရန်းပေ အကျယ်အဝန်းရှိပြီး ဝါရှင်တန်ဒီစီမှာ တည်ရှိတာပါ။

အဲဒီအချိန်တုန်းက ဒေါ်လာ (၂၃) သန်းတန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ရဲ့စံအိမ်ပြီးရင် Barack Obama ရဲ့အိမ်က ဈေးအကြီးဆုံးပါပဲ။ ဒါ့အပြင် ချီကာဂိုမြို့မှာလည်း (၁.၆၅) သန်းတန် အိမ်တစ်လုံးကို ၂ဝဝ၅ခုနှစ်တုန်းက ဝယ်ထားပါသေးတယ်။ လက်ရှိအချိန်မှာတော ကာလတန်ကြေး (၂.၅) သန်းရှိနေပါပြီ။

အိမ်ဖြူတော်က ဆင်းခဲ့ပြီးနောက် Barack Obama တို့မိသားစုဟာ အပန်းဖြေထွက်တဲ့အချိန်က ပိုများပါသေးတယ်။ Richard Branson ကြီးပိုင်တဲ့ Necker Island ၊ The Brando Hotel ၊ Hawaii Island နဲ့ Bali Island တွေကို ခရီးဆက်ခဲ့သူပါ။

ကုန်ကျစရိတ်ကို အမေရိကန်နိုင်ငံရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (General Services Administration) က ကျခံပေးရတယ်ဆိုတော့ ငွေကြေးပမာဏကို ဘယ်သူမှ မသိကြပေမယ့် ဒေါ်လာသန်းဂဏန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်းရပါတယ်။

သမ္မတတစ်ယောက်ရဲ့ရပိုင်ခွင့်ထဲမှာ အဝတ်အစားဖိုးမပါဝင်ဘူးဆိုတာ လူတိုင်းသိပေမယ့် Barack Obama ကတော့ တန်ဖိုးကြီးတံဆိပ်တွေကိုသာ အကုန်အကျခံပြီး ဝတ်ဆင်ခဲ့သူပါ။

Barack Obama နဲ့စာရင် Michelle Obama က ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အရာတွေကိုမှ သုံးတတ်သူပါ။ သူမဟာ J. Crew ၊ Target နဲ့ Converse တို့လို တံဆိပ်တွေကိုသာ ဝတ်ဆင်ပြီး တစ်ထည်တန်ဖိုးက ဒေါ်လာ (၁၂,ဝဝဝ) နီးပါးရှိသူပါ။ ပွဲတက်ရတဲ့အခါတွေမှာ လင်မယားနှစ်ယောက်စလုံးဟာ လိုက်ဖက်ညီအောင် ဝတ်ဆင်တတ်ပြီး မကြာသေးမီက Beyoncé and Jay-Z Show ပွဲကိုတောင် တက်ခဲ့ပါသေးတယ်။

Michelle Obama ဟာ အစားအသောက်နဲ့ ပတ်သက်လို့ အကောင်းကြိုက်တတ်သူဖြစ်ပြီး Turkey Chili လိုဈေးကြီးတဲ့ဟင်းတွေကိုသာ မှာစားတတ်သူပါ။ တစ်ချိန်ကို (၃၆) ဒေါ်လာအထိ ပေးရတဲ့ SoulCycle Gym မှာ လေ့ကျင့်နေသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မီလျံနာဇနီးမောင်နှံက ပရဟိတလုပ်ငန်းတွေမှာတော့ အားတက်သရော ပါဝင်ကြသူပါ။ ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၅ခုနှစ်အတွင်း ဒေါ်လာ (၁.၁) သန်းနီးပါး လှူဒါန်းခဲ့တယ်လို့ Forbes ရဲ့ မှတ်တမ်းအရ သိရပါတယ်။

သူဟာ စစ်မှုထမ်းဟောင်းဂေဟာတွေ၊ မိဘမဲ့ဂေဟာတွေ၊ အာဖရိကန်အမေရိကန်ကိစ္စတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ အများဆုံးလှူဒါန်းခဲ့တာပါ။ သူဟာ “Of Thee I Sing: A Letter to My Daughters” စာအုပ်ရောင်းရငွေကို ဒဏ်ရာရ စစ်မှုထမ်းဟောင်းတွေနဲ့ ကျဆုံးသွားတဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေကို ပညာသင်ဆုပေးခဲ့တာပါ။

ပညာသင်ဆုစရိတ်ဟာ ၂ဝဝ၉ ခုနှစ်က ၂ဝ၁၅ခုနှစ်အတွင်း (၃၉၂,ဝဝဝ) ဒေါ်လာအထိရှိခဲ့ပါတယ်။ ၂ဝ၁၅ခုနှစ်မှာ သူဟာ ပရဟိတအဖွဲ့အစည်း (၃၄) ခုကို ဒေါ်လာ (၆၄,ဝဝဝ) အထိကို လှူဒါန်းခဲ့ပါတယ်။

Barack Obama ရဲ့ ဂုဏ်ယူစရာအကောင်းဆုံးကိစ္စကို ပြောပါဆိုရင် ၂ဝဝ၉ခုနှစ်မှာ Nobel Peace Prize ရတုန်းက ဆုကြေးငွေ ဒေါ်လာ (၁.၄) သန်းကို ပရဟိတအဖွဲ့အစည်းတွေကို အကုန်လှူဒါန်းလိုက်တာပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com