[Zawgyi]














Obama eats almonds

Obama eats almonds


ဒါ့အပြင် ညဘက်မှာ Obama ဟာ သူ့သူငယ်ချင်းတွေနဲ့လည်း အင်္ဂလိပ်စကားလုံးဆက်တဲ့ဂိမ်းကို iPad အသုံးပြုကာ ဆော့ပြ်ီး အပန်းဖြေလေ့ရှိသလို အားကစားနဲ့ပတ်သက်တဲ့ ရုပ်သံအစီအစဉ်တွေကိုလည်း TV ကနေ ကြည့်ရှုအားပေးတတ်သူ ဖြစ်ပါတယ်။

Obama watch sport on TV

Obama watch sport on TV









H.H(Akhayar)

www.akhayar.com

[Unicode]

Barack Obama ဟာ အိပ်ချိန်ကို အကျိုးရှိအောင် ဘယ်လိုအသုံးချသလဲ

အမေရိကန်သမ္မတဟောင်း Barack Obama က တခြားသမ္မတတွေလိုမျိုးမဟုတ်ဘဲ ညဇီးကွက်လူသားဖြစ်ပါတယ်။ သူ့အတွက်တော့ မှောင်မိုက်နေတဲ့ညချမ်းက တိတ်ဆိတ်ငြိမ်သက်ပြီး အာရုံစူးစိုက်နိုင်တဲ့ အကောင်းဆုံးအချိန်ဖြစ်လို့ အရာအရာဟာ လှပပြီး သုခချမ်းသာရရှိတဲ့ အချိန်ဖြစ်တယ်လို့ New York Times သတင်းစာရဲ့ ပြောပြချက်အရ သိရပါတယ်။

Obama က တန်ဖိုးရှိလှတဲ့ ညချမ်းအချိန်ကို အိမ်ဖြူတော်ရှိ ကိုယ်ပိုင်ရုံးခန်းဖြစ်တဲ့ Treaty Room မှာ ကုန်ဆုံးလေ့ရှိပါတယ်။

Obama spend his late night in the Treaty room

Obama spend his late night in the Treaty room

Obama ဟာ ဝါရှင်တန်မှာရှိနေတဲ့အချိန်ဆိုရင် သူရဲ့ဇနီး၊ သမီးတွေနဲ့အတူတူ မိသားစုစုံစုံလင်လင် ညစာစားသောက်ကာ မိသားစုအတွက် သီးသန့်အချိန်ပေးတတ်သူလည်း ဖြစ်ပါတယ်။

Obama-eat-dinner-with-his-family

Obama-eat-dinner-with-his-family

ညစာစားသောက်ပြီးတဲ့နောက်မှာတော့ လေးနာရီ(သို့) ငါးနာရီလောက်ကို နိုင်ငံအရေးနဲ့ ပတ်သက်တဲ့ စဉ်းစားဆုံးဖြတ်စရာတွေကို ပြန်လည်စဉ်းစားသုံးသပ်တတ်ပါတယ်။ အဲဒီနောက်မှတော့ စာဖတ်ခြင်း (သို့) ကြိုက်နှစ်သက်တဲ့ အားကစားရုံသံအစီအစဉ်တွေကို ကြည့်ရှုအားပေးခြင်းတွေ ပြုလုပ်ကာ အချိန်ကုန်ဆုံးတတ်သူ ဖြစ်ပါတယ်။

Obama-watch-TV-Show-with-her-daughter

Obama-watch-TV-Show-with-her-daughter

ဒါ့အပြင် New York Time သတင်းစာက Barack Obama သမ္မတတာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက တန်ဖိုးရှိလှတဲ့ ညအချိန်ကို ဘယ်လိုအကျိုးရှိရှိ ကုန်ဆုံးလဲဆိုတာကို ရေးသားဖော်ပြထားတဲ့ အထဲကမှ ထူးဆန်းတဲ့အချက်လေးတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

Obama ဟာ ညဘက်မှာ သူရဲ့ဝန်ထမ်းတွေဆီကို နောက်တစ်နေ့မှာ ပြောဆိုရမယ့် အရေးကြီးမိန့်ခွန်းတွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ယူလာဖို့အတွက် ညထဲက မေးလ်ပို့ကာ ကြိုတင်တောင်းဆိုတတ်သူဖြစ်ပါတယ်။

ညဘက်သရေစာအနေနဲ့ Obama ဟာ ဆားပေါ့ပေါ့ရှိတဲ့ ဗာဒံစေ့ ခုနစ်စေ့လောက်ကို ညတိုင်း စားသုံးလေ့ရှိသူ ဖြစ်ပါတယ်။

Obama eats almonds

Obama eats almonds

အရမ်းနောက်ကျတဲ့ အချိန်ဇယားမျိုးရှိခဲ့တယ်ဆိုရင် ကဖင်းကို အနည်းအပါးမှီဝဲတတ်သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ညဘက်မှာ Obama ဟာ သူ့သူငယ်ချင်းတွေနဲ့လည်း အင်္ဂလိပ်စကားလုံးဆက်တဲ့ဂိမ်းကို iPad အသုံးပြုကာ ဆော့ြပ်ီး အပန်းဖြေလေ့ရှိသလို အားကစားနဲ့ပတ်သက်တဲ့ ရုပ်သံအစီအစဉ်တွေကိုလည်း TV ကနေ ကြည့်ရှုအားပေးတတ်သူ ဖြစ်ပါတယ်။

Obama watch sport on TV

Obama watch sport on TV

အားကစားပွဲတွေကို ကြည့်ရှုအားပေးတဲ့အခါမျိုးမှာ သူ့ဝန်းထမ်းတွေ ကြည့်ရှုအားပေးတဲ့ အသင်းရှုံးခဲ့ရင် ဝန်ထမ်းတွေဆီကို မေးလ်ပို့ကာ မခံချင်အောင် စနောက်ပြောဆိုတတ်သူ ဖြစ်ပါတယ်။ ဒါကိုကြည့်ချင်အားဖြင့် သမ္မတဖြစ်သော်လည်း ဟိတ်ကြီးဟန်ကြီးနဲ့ မနေတတ်ဘဲ ဝန်ထမ်းတွေနဲ့ တသားတည်းကျကာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ ဖြစ်တာကို တွေ့ရပါတယ်။

ညဘက်အချိန်မှာ သတင်းတွေဖတ်ရှုပြီး သတင်းတွေကြည့်တတ်တဲ့ Obama ဟာ The New York Times နဲ့ The Washington Post တွေကို ဖတ်ရှုလေ့ရှိပြီး The Wall Street Journal ကို လည်း ဖတ်ရှုရတာ ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Obama ဟာ သတင်းတွေကြည့်နေတုန်း ကျောင်းသားတွေရဲ့ Inrterview တစ်ခုမှာ သမ္မတနဲ့တွေ့ဆုံဖို့က သူတို့ရဲ့ “Bucket List”ထဲကတစ်ခုပါလို့ ဖြေကြားထားတာကိုတွေ့ပြီး သူ့ရဲ့လက်ထောက်ဆီကို မေးလ်ပို့ကာ ငါတို့ဘာကြောင့် ကျောင်းသားတွေနဲ့ မတွေ့ဖြစ်တာလဲလည်း ပြောကြားပြီး တွေ့ဖို့အစီအစဉ်တွေ ပြုလုပ်ဖို့ ညွှန်ကြားပါတယ်။ အခြားသူတွေအနေနဲ့ သမ္မတဖြစ်တဲ့အတွက် နိုင်ငံအရေးနဲ့ ရှုပ်ထွေးနေလို့ ကျောင်းသားတွေနဲ့ တွေ့ဖို့အချိန်ပေးနိုင်မှာမဟုတ်သော်လည်း Obama ကတော့ ကျောင်းသားတွေနဲ့ အချိန်ပေးတွေ့တာက ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ယုံကြည်လက်ခံထားသူ ဖြစ်ပါတယ်။

ဒါတွေတင်မကဘဲ အလုပ်များလွန်းတဲ့ သမ္မတကြီးဟာ ညချမ်းချိန်ခါမှာ သူ့ရဲ့အိမ်သူသက်ထားဇနီးမယားကို အချိန်ပေးကာ အဖော်ပြုပေးတဲ့သူလည်း ဖြစ်ပါတယ်။

Barack Obama and Michelle Obama

Barack Obama and Michelle Obama

ညချမ်းအချိန်အခါကို သမ္မတဟောင်း Obama နဲ့ Michelle Obama တို့က TV Show တွေ အတူတကွကြည့်ရင် ကုန်ဆုံးတတ်ပါတယ်။ သူတို့စုံတွဲကြည့်လေ့ရှိတဲ့ TV Show တွေကတော့ “Game Of Thrones” ၊ “Boardwalk Empire” နဲ့ “Breaking Bad” တို့ပဲ ဖြစ်ပါတယ်။

သမ္မတဟာ Obama ဟာ အိပ်ရတာထက် ညအချိန်မှာ အကျိုးရှိတဲ့ အလုပ်တွေကို လုပ်ရတာ ခုံမင်သူ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Obama ဟာ တစ်နေ့ကို ငါးနာရီပတ်ဝန်းကျင်လောက်သာ အိပ်စက်တတ်ပြီး ညသန်းခေါင်ချိန်ကျမှသာ အိပ်ယာဝင်ကာ မနက် (၇) နာရီ ထလေ့ရှိသူ ဖြစ်ပါတယ်။ Obama ရဲ့ညဘက်အချိန်ကုန်ဆုံးပုံကတော့ တခြားသော သမ္မတတွေနဲ့ မတူကွဲပြားသော်လည်း သေချာသုံးသပ်ကြည့်မယ်ဆိုရင် အကျိုးရှိစွာ ညချမ်းကို အသုံးချတတ်တဲ့ သမ္မတတစ်ဦးဖြစ်တာကို တွေ့ရမှာပါ။ ပရိသတ်ကြီးကော ညချမ်းကို ဘယ်လိုအကျိုးရှိရှိ ဖြတ်သန်းလဲဆိုတာကို ပြန်လည်မျှဝေပေးခဲ့ပါဦး။

H.H(Akhayar)

www.akhayar.com