This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

သမၼတ ပူတင္ရဲ႕ ဖိတ္ၾကားမႈေၾကာင့္ ေမာ္စကိုၿမိဳ႕ကို ေရာက္ရွိလာတဲ့ ဖီဖာဥကၠဌေဟာင္း ဘလတၱာ

အက်င့္ပ်က္ ခ်စားမႈေတြေၾကာင့္ ေဘာလံုးေလာကနဲ႔ ဆက္ႏြယ္ခြင့္ ပိတ္ပင္ခံထားရတဲ့ ဖီဖာဥကၠဌေဟာင္း ဘလတၱာ Blatter ရုရွားသမၼတ ပူတင္ Putin ရဲ႕ ဖိတ္ၾကားမႈေၾကာင့္ ေမာ္စကိုၿမိဳ႕ကို ေရာက္ရွိလာခဲ့ပါတယ္။ ဖိတ္ၾကားခံ အထူးဧည့္သည္ေတာ္ တစ္ဦးအေနနဲ႔ ေမာ္စကို ၿမိဳ႕ကို ၿပီးခဲ့တဲ့ အဂၤါေန႔က ဘလတၱာ Blatter ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ အက်င့္ပ်က္ ခ်စားမႈေတြေၾကာင့္ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလမွာ ဖီဖာဥကၠဌရာထူးကေန ဘလတၱာ Blatter ႏႈတ္ထြက္ခဲ့ရၿပီး ေဘာလံုးေလာကနဲ႔ ဆက္ႏြယ္ခြင့္ (၈)ႏွစ္ၾကာ ပိတ္ပင္ခံခဲ့ရကာ ေနာက္ပိုင္းမွာေတာ့ အက်င့္ပ်က္ ခ်စားမႈ တိုက္ဖ်က္ေရး ေကာ္မတီက (၆)ႏွစ္အထိ ေလ်ာ႔ခ်ေပးခဲ့ပါတယ္။ အသက္ (၈၂)ႏွစ္ရွိၿပီျဖစ္တဲ့ ဘလတၱာ Blatter ဟာ ဖီဖာဥကၠဌရာထူးကို (၁၇)ႏွစ္ၾကာ တာဝန္ယူခဲ့ၿပီး ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကို ရုရွားႏိုင္ငံကို က်င္းပခြင့္ ေပးခဲ့လို႔ သမၼတ ပူတင္ Putin က အထူးဧည့္သည္ေတာ္ တစ္ဦးအေနနဲ႔ ဖိတ္ၾကားခဲ့တာ ျဖစ္ပါတယ္။

Former-FIFA-President-Sepp-Blatter-arrives-to-the-hotel-St-Regis-in-Moscow-on-June-19

Former-FIFA-President-Sepp-Blatter-arrives-to-the-hotel-St-Regis-in-Moscow-on-June-19

ေဘာလံုးေလာကနဲ႔ ဆက္ႏြယ္ခြင့္ကို ပိတ္ပင္ခံထားရေပမယ့္ ဘလတၱာ Blatter အေနနဲ႔ ေမာ္စကိုၿမိဳ႕ရွိ၊ လုဇ္နီကီကြင္းမွာ ဒီေန႔ (ဗုဒၶဟူးေန႔) ကစားမယ့္ ေပၚတူဂီ-ေမာ္ရိုကို ပြဲစဥ္ကို တက္ေရာက္ ၾကည့္ရႈမွာ ျဖစ္ပါတယ္။ ေပၚတူဂီ-ေမာ္ရိုကို ပြဲအၿပီး စိန္႔ပီတာစ္ဘတ္ၿမိဳ႕ကို ဘလတၱာ Blatter ဆက္လက္ ထြက္ခြာကာ ေသာၾကာေန႔မွာ ကစားမယ့္ ဘရာဇီးလ္-ေကာ္စတာရီကာ ပြဲစဥ္ကို ၾကည့္ရႈမွာ ျဖစ္ပါတယ္။ ရုရွားခရီးစဥ္အတြင္း သမၼတ ပူတင္ Putin နဲ႔ ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္သြားဖို႔ ရွိေနေၾကာင္း New York Times နဲ႔ ေတြ႔ဆံုစဥ္ ဘလတၱာ Blatter က ေျပာၾကားခဲ့ပါတယ္။ ဘလတၱာ Blatter ဟာ ေမာ္စကိုၿမိဳ႕မွာရွိတဲ့ St Regis Hotel မွာ တည္းခိုေနထိုင္သြားမွာ ျဖစ္ပါတယ္။

REF:Daily Mail
Photo:FoxNews
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

သမ္မတ ပူတင်ရဲ့ ဖိတ်ကြားမှုကြောင့် မော်စကိုမြို့ကို ရောက်ရှိလာတဲ့ ဖီဖာဥက္ကဌဟောင်း ဘလတ္တာ

အကျင့်ပျက် ချစားမှုတွေကြောင့် ဘောလုံးလောကနဲ့ ဆက်နွယ်ခွင့် ပိတ်ပင်ခံထားရတဲ့ ဖီဖာဥက္ကဌဟောင်း ဘလတ္တာ Blatter ရုရှားသမ္မတ ပူတင် Putin ရဲ့ ဖိတ်ကြားမှုကြောင့် မော်စကိုမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ဖိတ်ကြားခံ အထူးဧည့်သည်တော် တစ်ဦးအနေနဲ့ မော်စကို မြို့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘလတ္တာ Blatter ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အကျင့်ပျက် ချစားမှုတွေကြောင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ဖီဖာဥက္ကဌရာထူးကနေ ဘလတ္တာ Blatter နှုတ်ထွက်ခဲ့ရပြီး ဘောလုံးလောကနဲ့ ဆက်နွယ်ခွင့် (၈)နှစ်ကြာ ပိတ်ပင်ခံခဲ့ရကာ နောက်ပိုင်းမှာတော့ အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး ကော်မတီက (၆)နှစ်အထိ လျော့ချပေးခဲ့ပါတယ်။ အသက် (၈၂)နှစ်ရှိပြီဖြစ်တဲ့ ဘလတ္တာ Blatter ဟာ ဖီဖာဥက္ကဌရာထူးကို (၁၇)နှစ်ကြာ တာဝန်ယူခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံကို ကျင်းပခွင့် ပေးခဲ့လို့ သမ္မတ ပူတင် Putin က အထူးဧည့်သည်တော် တစ်ဦးအနေနဲ့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

Former-FIFA-President-Sepp-Blatter-arrives-to-the-hotel-St-Regis-in-Moscow-on-June-19

Former-FIFA-President-Sepp-Blatter-arrives-to-the-hotel-St-Regis-in-Moscow-on-June-19

ဘောလုံးလောကနဲ့ ဆက်နွယ်ခွင့်ကို ပိတ်ပင်ခံထားရပေမယ့် ဘလတ္တာ Blatter အနေနဲ့ မော်စကိုမြို့ရှိ၊ လုဇ်နီကီကွင်းမှာ ဒီနေ့ (ဗုဒ္ဓဟူးနေ့) ကစားမယ့် ပေါ်တူဂီ-မော်ရိုကို ပွဲစဉ်ကို တက်ရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။ ပေါ်တူဂီ-မော်ရိုကို ပွဲအပြီး စိန့်ပီတာစ်ဘတ်မြို့ကို ဘလတ္တာ Blatter ဆက်လက် ထွက်ခွာကာ သောကြာနေ့မှာ ကစားမယ့် ဘရာဇီးလ်-ကော်စတာရီကာ ပွဲစဉ်ကို ကြည့်ရှုမှာ ဖြစ်ပါတယ်။ ရုရှားခရီးစဉ်အတွင်း သမ္မတ ပူတင် Putin နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေကြောင်း New York Times နဲ့ တွေ့ဆုံစဉ် ဘလတ္တာ Blatter က ပြောကြားခဲ့ပါတယ်။ ဘလတ္တာ Blatter ဟာ မော်စကိုမြို့မှာရှိတဲ့ St Regis Hotel မှာ တည်းခိုနေထိုင်သွားမှာ ဖြစ်ပါတယ်။

REF:Daily Mail
Photo:FoxNews
Aung Kyaw Wai (Akhayar)
www.akhayar.com