[Zawgyi]



Eriksson

Eriksson


Ref: The Sun
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဖိလစ်ပိုင်အသင်း နည်းပြသစ်ဖြစ်လာတဲ့ အဲရစ်ဆင် Eriksson

အင်္ဂလန်အသင်းနည်းပြဟောင်း အဲရစ်ဆင် Eriksson ဟာ လက်ရှိမှာတော့ ဖိလစ်ပိုင်အသင်း နည်းပြသစ်ဖြစ်လာခဲ့ပါပြီ။ အဲရစ်ဆင်ဟာ ဖိလစ်ပိုင်အသင်းနဲ့ ကနဦး(၆)လစာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းကို ဆူဇူကီးနဲ့ အာရှဖလားပြိုင်ပွဲတွေမှာ ဦးဆောင်ပေးသွားရမှာပဲဖြစ်ပါတယ်။

Eriksson

Eriksson

အသက်(၇၀)အရွယ်ရှိပြီဖြစ်သူ ဝါရင့်နည်းပြ အဲရစ်ဆင်ဟာ ၂၀၁၆ ခုနှစ်က တရုတ်ကလပ် Shenzhen အသင်းကိုနောက်ဆုံးတာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ဘင်ဖီကာ ၊ ရိုးမား ၊ လာဇီယို ၊ အင်္ဂလန် ၊ မန်စီးတီး ၊ လက်စတာ ၊ မက္ကဆီကိုနဲ့ အိုင်ဗရီကို့စ်တို့အပါအဝင် အသင်းပေါင်းများစွာကို တာဝန်ယူကိုင်တွယ်ခဲ့သူပဲဖြစ်ပါတယ်။ ဝါရင့်နည်းပြ အဲရစ်ဆင်အနေနဲ့ ဖိလစ်ပိုင်အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: The Sun
Photo: Scoopnest.com ,  Sporting News
Ko Kyue(Akhayar)
www.akhayar.com