[Zawgyi] 


Apple’s Testing Cars




Ref: Tech Crunch

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Apple ရဲ့ Self-Driving ကားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ခိုးယူတဲ့ ဝန်ထမ်းဟောင်း

Apple ရဲ့ဝန်ထမ်းဟောင်းဖြစ်သူ တစ်ယောက်ဟာ ကုမ္ပဏီရဲ့ Self-Driving ကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူပြီး တရုတ်နိုင်ငံကိုသွားဖို့ လေယဉ်လက်မှတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီဝန်ထမ်းဟောင်းကိုတော့ ဇူလိုင် ၇ ရက်နေ့ အမေရိကန်နိုင်ငံ San Jose လေဆိပ်မှာပဲ  ဖန်းဆီးနိုင်ခဲ့ပါတယ်။ 

Apple’s Testing Cars

ဝန်ထမ်းရဲ့ ဟောင်းရဲ့ နာမည်ကတော့ Xiaolang Zhang လို့သိရပါတယ်။ သူဟာ Apple ကနေ အလုပ်ထွက်ပြီး တရုတ်နိုင်ငံ Self-Driving ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဆီကို အလုပ်ပြောင်းဖို့ စီစဉ်နေသူပါ။ Apple ကတော့ သူတို့အနေနဲ့ ကုမ္ပဏီပိုင် အချက်အလက်ပေါက်ကြားမှုတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း အသေးစိတ် ဂရုစိုက်ပါတယ်။ အခုလို အဖြစ်အပျက်အတွက် လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဒီကိစ္စမှာပါဝင်ပါတ်သက်သူအားလုံးကို သေချာစီစစ် အရေးယူသွားဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။

Lexus RX used for Apple’s Project

Project Titan လို့ နာမည်ပေးထားတဲ့ Self-Driving ကားစီမံကိန်းကြီးကို Apple လုပ်နေခဲ့တာ ကြာနေပါပြီ။ Project Titan ထဲမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတချို့ကလည်း အလုပ်ထွက်သွားတာမျိုးတွေ ရှိခဲ့ပါတယ်။ Project ကတော့ အခုအချိန်အထိ ဆက်လုပ်နေတုန်းပါပဲ။ Project ရဲ့နောက်မှာတော့ Computer Vision ၊ Mapping နဲ့ AI အပိုင်းတွေ ပါဝင်ပါတယ်။ Apple အနေနဲ့တော့ ကားလောကထဲကို ဝင်လာဖို့ဆိုတာထက် လက်ရှိဖန်တီးနေတဲ့ Software အပိုင်းတွေကိုပဲ ကားကမ္ပဏီတွေကို အသုံးပြုစေမလားဆိုတာ တိတိကျကျမသိနိုင်သေးပါဘူး။ ကားနဲ့ပတ်သက်လို့တော့ Apple အနေနဲ့ လက်မလျှော့သေးဘူးဆိုတာ သေချာပါတယ်။ 

Ref: Tech Crunch

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။