This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပရီးမီးယားလိဂ္မွာ ႏုိင္ငံျခားသားနည္းျပေတြ မ်ားလာတာက Southgate အတြက္ အက်ိဳးရွိေစခဲ့တာလား

ၿပီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြကုိ ျပန္ၾကည့္ရင္ ႀကီး(၆)ႀကီးအသင္းက နည္းျပေတြဟာ အဂၤလိပ္လူမ်ိဳး မဟုတ္တာကုိ ပရိသတ္ေတြ သတိျပဳမိမွာပါ။ အဂၤလိပ္နည္းျပေတြဟာ ပရီးမီးယားလိဂ္မွာ ႀကီးႀကီးမားမား ေအာင္ျမင္မႈမရဖူးတာေၾကာင့္ ျပည္ပက ထိပ္တန္းနည္းျပေတြ အစားထုိး၀င္ေရာက္လာတာျဖစ္ၿပီး ဂြါဒီယုိလာ Guardiola ၊ ပုိခ်က္တီႏုိ Pochettino ၊ ကြန္တီ Conte ၊ ယာဂင္ကေလာ့ပ္ Jurgen Klopp ၊ ေမာ္ရင္ဟုိ Mourinho၊ အာစင္၀င္းဂါး Arsene Wenger တို႔ရဲ႕ နည္းဗ်ဴဟာ အားၿပိဳင္မႈေတြနဲ႔အတူ ပရီးမီးယားလိဂ္က ပရိသတ္ေတြကုိ ပုိမုိဆဲြေဆာင္လာခဲ့တယ္။

England-Players-Celebrate2

England-Players-Celebrate2

Tactical Master လုိ႔ သတ္မွတ္ရမယ့္ မန္စီးတီးအသင္းနည္းျပ ဂြါဒီယုိလာရဲ႕ ဦးေဆာင္မႈနဲ႔အတူ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္း ပရီးမီးယားလိဂ္၊ လိဂ္ဖလားတို႔ကုိ ဆြတ္ခူးခဲ့တာကုိလည္း အားလုံးအသိပါ။ ထူးျခားတာတစ္ခုက ၂၀၁၈ မတိုင္ခင္ ေနာက္ဆုံး ကမၻာ႔ဖလားခ်န္ပီယံႏွစ္သင္းဟာ ဂြါဒီယုိလာ နည္းျပအျဖစ္ ေဆာင္ရြက္ခဲ့တဲ့ကလပ္ေတြရွိရာ ႏုိင္ငံေတြျဖစ္ေနတာပါပဲ။ ဥပမာ ၂၀၁၀ ကမၻာ႔ဖလားမွာ စပိန္အသင္း ဗုိလ္စဲြတုန္းက ဂြါဒီယုိလာဟာ ဘာစီလုိနာအသင္းကုိ ကုိင္တြယ္ေနတာပါ၊ ၂၀၁၄ ကမၻာ႔ဖလားမွာ ဂ်ာမနီအသင္း ဗုိလ္စဲြတုန္းကလည္း ဂြါဒီယုိလာဟာ ဘုိင္ယန္ျမဴးနစ္ကုိ ကိုင္တြယ္ေနတာျဖစ္ပါတယ္။ အခု ၂၀၁၈ ကမၻာ႔ဖလားမွာေရာ ဂြါဒီယုိလာရွိေနတဲ့ အဂၤလန္အသငး္က ကမၻာ႔ဖလားကုိ ကုိင္ေျမႇာက္ႏုိင္မွာလား။

Southgate-Instruct-To-England-Players

Southgate-Instruct-To-England-Players

ေနာက္တစ္ခ်က္က အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးက ထိပ္သီးနည္းျပေတြရဲ႕ ဗ်ဴဟာေတြေၾကာင့္ အဂၤလန္အသငး္အတြက္ Flexible Formation ေတြကုိ အသုံးျပဳႏုိင္ခြင့္ရွိေနတာပါ။ လက္ရွိအဂၤလန္အသင္းရဲ႕ပဲြထြက္စာရင္းမွာ မန္စီးတီးနဲ႔ စပါးအသင္းက ကစားသမားေတြ အမ်ားစုပါ၀င္ေနၿပီး ႏွစ္သငး္စလုံးရဲ႕ နည္းျပေတြက တိုက္စစ္အားသန္နည္းျပေတြျဖစ္တာေၾကာင့္ ဒီကစားသမားေတြကတစ္ဆင့္ ေဆာက္ဂိတ္က ဂြါဒီယုိလာ၊ ပုိခ်က္တီႏုိတို႔ရဲ႕ နည္းဗ်ဴဟာေတြကုိ ေလ့လာခြင့္ရရွိေစတယ္။

Antonio-Conte

Antonio-Conte

ေဆာက္ဂိတ္ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ (၃-၅-၂)ပုံစံကုိ အသုံးျပဳခဲ့ၿပီး ဒီကစားကြက္က ၂၀၁၆-၁၇ ရာသီမွာ ပရီးမီးယားလိဂ္ဖလားဆြတ္ခူးခဲ့တုန္းက ခ်ယ္လ္ဆီးအသင္းနည္းျပ ကြန္တီ သုံးစဲြခဲ့တာလည္းျဖစ္ပါတယ္။ အဂၤလန္အသငး္ဟာ ခုိင္မာတဲ့နည္းဗ်ဴဟာ၊ ကစားပုံမရွိတာ ႏွစ္ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ ဒါေပမ့ဲ အခုေနာက္ပုိင္းႏွစ္ေတြအတြင္း ပရီးမီးယားလိဂ္မွာ ျပည္ပက ထိပ္သီးနည္းျပေတြ စုိးမုိးလာတာက အဂၤလန္အသငး္နည္းျပ ေဆာက္ဂိတ္အတြက္ အက်ိဳးျဖစ္ေစၿပီး ၁၉၆၆ ေနာက္ပုိင္းေ၀းကြာေနတဲ့ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ႏုိင္မလားဆုိတာကေတာ့ . . . .

REF:Marca
Photo:businessinsider.com,.independent.co.uk,Somerset Live,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပရီးမီးယားလိဂ်မှာ နိုင်ငံခြားသားနည်းပြတွေ များလာတာက Southgate အတွက် အကျိုးရှိစေခဲ့တာလား

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်ကြည့်ရင် ကြီး(၆)ကြီးအသင်းက နည်းပြတွေဟာ အင်္ဂလိပ်လူမျိုး မဟုတ်တာကို ပရိသတ်တွေ သတိပြုမိမှာပါ။ အင်္ဂလိပ်နည်းပြတွေဟာ ပရီးမီးယားလိဂ်မှာ ကြီးကြီးမားမား အောင်မြင်မှုမရဖူးတာကြောင့် ပြည်ပက ထိပ်တန်းနည်းပြတွေ အစားထိုးဝင်ရောက်လာတာဖြစ်ပြီး ဂွါဒီယိုလာ Guardiola ၊ ပိုချက်တီနို Pochettino ၊ ကွန်တီ Conte ၊ ယာဂင်ကလော့ပ် Jurgen Klopp ၊ မော်ရင်ဟို Mourinho၊ အာစင်ဝင်းဂါး Arsene Wenger တို့ရဲ့ နည်းဗျူဟာ အားပြိုင်မှုတွေနဲ့အတူ ပရီးမီးယားလိဂ်က ပရိသတ်တွေကို ပိုမိုဆွဲဆောင်လာခဲ့တယ်။

England-Players-Celebrate2

England-Players-Celebrate2

Tactical Master လို့ သတ်မှတ်ရမယ့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာရဲ့ ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ်၊ လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့တာကိုလည်း အားလုံးအသိပါ။ ထူးခြားတာတစ်ခုက ၂၀၁၈ မတိုင်ခင် နောက်ဆုံး ကမ္ဘာ့ဖလားချန်ပီယံနှစ်သင်းဟာ ဂွါဒီယိုလာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ကလပ်တွေရှိရာ နိုင်ငံတွေဖြစ်နေတာပါပဲ။ ဥပမာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်အသင်း ဗိုလ်စွဲတုန်းက ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်နေတာပါ၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်း ဗိုလ်စွဲတုန်းကလည်း ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်နေတာဖြစ်ပါတယ်။ အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာရော ဂွါဒီယိုလာရှိနေတဲ့ အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်မှာလား။

Southgate-Instruct-To-England-Players

Southgate-Instruct-To-England-Players

နောက်တစ်ချက်က အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ပရီးမီးယားလိဂ်ကြီး(၆)ကြီးက ထိပ်သီးနည်းပြတွေရဲ့ ဗျူဟာတွေကြောင့် အင်္ဂလန်အသင်းအတွက် Flexible Formation တွေကို အသုံးပြုနိုင်ခွင့်ရှိနေတာပါ။ လက်ရှိအင်္ဂလန်အသင်းရဲ့ပွဲထွက်စာရင်းမှာ မန်စီးတီးနဲ့ စပါးအသင်းက ကစားသမားတွေ အများစုပါဝင်နေပြီး နှစ်သင်းစလုံးရဲ့ နည်းပြတွေက တိုက်စစ်အားသန်နည်းပြတွေဖြစ်တာကြောင့် ဒီကစားသမားတွေကတစ်ဆင့် ဆောက်ဂိတ်က ဂွါဒီယိုလာ၊ ပိုချက်တီနိုတို့ရဲ့ နည်းဗျူဟာတွေကို လေ့လာခွင့်ရရှိစေတယ်။

Antonio-Conte

Antonio-Conte

ဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် (၃-၅-၂)ပုံစံကို အသုံးပြုခဲ့ပြီး ဒီကစားကွက်က ၂၀၁၆-၁၇ ရာသီမှာ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့တုန်းက ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီ သုံးစွဲခဲ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ခိုင်မာတဲ့နည်းဗျူဟာ၊ ကစားပုံမရှိတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ ပြည်ပက ထိပ်သီးနည်းပြတွေ စိုးမိုးလာတာက အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်အတွက် အကျိုးဖြစ်စေပြီး ၁၉၆၆ နောက်ပိုင်းဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်မလားဆိုတာကတော့ . . . .

REF:Marca
Photo:businessinsider.com,.independent.co.uk,Somerset Live,Twitter
Naing Linn(Akhayar)
www.akhayar.com