[Zawgyi]

Ford Model T ကားေတြကုိ ေရာင္းခ်ခဲ့တာ ႏွစ္ေပါင္း (၁၁ဝ) ျပည့္သြားၿပီ

၂ဝ၁၈ခုႏွစ္ ေအာက္တုိဘာလ (၁) ရက္ေန႔ဟာဆုိရင္ Ford Model T ကားေတြ ေစ်းကြက္တင္ခဲ့တာ ႏွစ္ေပါင္း (၁၁ဝ) ရွိသြားပါၿပီ။ ေမာ္ေတာ္ကားေတြကုိ တီထြင္ခဲ့တာ ၁၈၈၅ခုႏွစ္ဝန္းက်င္ဆုိေပမယ့္ လူကုံထံေတြသာ စီးနင္းႏုိင္ခဲ့တာပါ။ ေမာ္ေတာ္ကားေစ်းေတြ ႀကီးျမင့္ေနတာေၾကာင့္ လူတုိင္းဝယ္စီးႏုိင္ဖုိ႔ မျဖစ္ႏုိင္ေသးပါဘူး။ ဒါ့ေၾကာင့္ ၁၉ဝ၈ခုႏွစ္ ေရာက္တဲ့အထိ တစ္ကမၻာလုံးမွာ ေမာ္ေတာ္ကားအစီးေရ ႏွစ္ေထာင္မျပည့္ေသးပါဘူး။

စြန္႔ဦးတီထြင္သူႀကီး Henry Ford ဟာလည္း ၁၉ဝ၃ခုႏွစ္မွာ Ford Motor Company ကုိ တည္ေထာင္ၿပီး ႏွစ္ဆယ္ရာစုရဲ႕ ေမာ္ေတာ္ကားေစ်းကြက္ကုိ ဦးေဆာင္ခဲ့သူပါ။ အဲဒီေခတ္တုန္းက ေမာ္ေတာ္ကားေတြ ရွားပါးလြန္းလုိ႔ လူတုိင္းေငးၾကည့္ရတဲ့အထိပါ။ တခ်ိဳ႕ ေရွးရုိးစြဲေတြဆုိရင္ ေမာ္ေတာ္ကားႀကီးကုိ နာနာဘာဝထင္ၿပီးေတာ့ လန္႔ၾကတဲ့အထိကုိ ျဖစ္ၾကပါတယ္။

လူကုံထံေတြသာ စီးႏုိ္င္တဲ့ ေမာ္ေတာ္ကားေစ်းကြက္ကုိ လႈပ္ခတ္ခဲ့တာက Ford Model T ပါပဲ။ ၁၉ဝ၈ခုႏွစ္ ေအာက္တုိဘာလ (၁) ရက္ေန႔မွာ စတင္ေရာင္းခ်ခဲ့တယ္။ (၈၂၅) ေဒၚလာနဲ႔ စတင္ေရာင္းခ်ခဲ့ၿပီး သာမန္လူလတ္တန္းစားေတြအထိ ဝယ္ယူႏုိင္ပါတယ္။ (ဒီေန႔ေခတ္ ေငြေၾကးေပါက္ေစ်းနဲ႔ဆုိ ၂၂,၄၇၁ ေဒၚလာနီးပါး ရွိပါတယ္။)  ဒါ့အျပင္ Ford Motor Company ဟာ ကမၻာအႏွံမွာ စက္ရုံေတြ ဖြင့္လွစ္ထားတဲ့အတြက္ တင္ပုိ႔တဲ့အခါမွာ သယ္ေဆာင္ခ ထပ္ေပးစရာမလုိေတာ့ပါဘူး။ ႏွစ္ဆယ္ရာစုရဲ႕အေစာပုိင္းကာလေတြမွာ လူႀကိဳက္မ်ားတဲ့အတြက္ အစီးေရး (၁၅) သန္းနီးပါး ထုတ္လုပ္ခဲ့ရပါတယ္။

ႏွစ္ဆယ့္တစ္ရာစုေမာ္ေတာ္ကားေတြနဲ႔ ႏႈိင္းယွဥ္ရင္ စြမ္းေဆာင္ရည္ကြာဟခဲ့ၿပီး ျမင္းေကာင္ေရအား (၂ဝ) နဲ႔ တစ္နာရီ မုိင္ (၄ဝ) အထိသာ သြားႏုိင္ပါတယ္။ ၁၉၂၇ခုႏွစ္အထိ ထုတ္လုပ္ခဲ့ရၿပီး ေမာ္ဒန္ကားေလာကရဲ႕ စံျပေမာ္ဒယ္တစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၁၉၉၉ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ Car of the Century ၿပိဳင္ပြဲမွာ Ford Model T ဟာ BMC Mini ၊ Citroën DS နဲ႔ Volkswagen Type 1 တုိ႔ကုိ ေက်ာ္ျဖတ္ၿပီး ႏွစ္ဆယ္ရာစုရဲ႕ လႊမ္းမုိးမႈအရွိဆုံးေမာ္ေတာ္ကားအျဖစ္ သတ္မွတ္ခံရပါတယ္။

ဓာတ္ပုံမူရင္း – Ford Media Center

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Ford Model T ကားတွေကို ရောင်းချခဲ့တာ နှစ်ပေါင်း (၁၁ဝ) ပြည့်သွားပြီ

၂ဝ၁၈ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ဟာဆိုရင် Ford Model T ကားတွေ ဈေးကွက်တင်ခဲ့တာ နှစ်ပေါင်း (၁၁ဝ) ရှိသွားပါပြီ။ မော်တော်ကားတွေကို တီထွင်ခဲ့တာ ၁၈၈၅ခုနှစ်ဝန်းကျင်ဆိုပေမယ့် လူကုံထံတွေသာ စီးနင်းနိုင်ခဲ့တာပါ။ မော်တော်ကားဈေးတွေ ကြီးမြင့်နေတာကြောင့် လူတိုင်းဝယ်စီးနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါ့ကြောင့် ၁၉ဝ၈ခုနှစ် ရောက်တဲ့အထိ တစ်ကမ္ဘာလုံးမှာ မော်တော်ကားအစီးရေ နှစ်ထောင်မပြည့်သေးပါဘူး။

စွန့်ဦးတီထွင်သူကြီး Henry Ford ဟာလည်း ၁၉ဝ၃ခုနှစ်မှာ Ford Motor Company ကို တည်ထောင်ပြီး နှစ်ဆယ်ရာစုရဲ့ မော်တော်ကားဈေးကွက်ကို ဦးဆောင်ခဲ့သူပါ။ အဲဒီခေတ်တုန်းက မော်တော်ကားတွေ ရှားပါးလွန်းလို့ လူတိုင်းငေးကြည့်ရတဲ့အထိပါ။ တချို့ ရှေးရိုးစွဲတွေဆိုရင် မော်တော်ကားကြီးကို နာနာဘာဝထင်ပြီးတော့ လန့်ကြတဲ့အထိကို ဖြစ်ကြပါတယ်။

လူကုံထံတွေသာ စီးနိုင်တဲ့ မော်တော်ကားဈေးကွက်ကို လှုပ်ခတ်ခဲ့တာက Ford Model T ပါပဲ။ ၁၉ဝ၈ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှာ စတင်ရောင်းချခဲ့တယ်။ (၈၂၅) ဒေါ်လာနဲ့ စတင်ရောင်းချခဲ့ပြီး သာမန်လူလတ်တန်းစားတွေအထိ ဝယ်ယူနိုင်ပါတယ်။ (ဒီနေ့ခေတ် ငွေကြေးပေါက်ဈေးနဲ့ဆို ၂၂,၄၇၁ ဒေါ်လာနီးပါး ရှိပါတယ်။)  ဒါ့အပြင် Ford Motor Company ဟာ ကမ္ဘာအနှံမှာ စက်ရုံတွေ ဖွင့်လှစ်ထားတဲ့အတွက် တင်ပို့တဲ့အခါမှာ သယ်ဆောင်ခ ထပ်ပေးစရာမလိုတော့ပါဘူး။ နှစ်ဆယ်ရာစုရဲ့အစောပိုင်းကာလတွေမှာ လူကြိုက်များတဲ့အတွက် အစီးရေး (၁၅) သန်းနီးပါး ထုတ်လုပ်ခဲ့ရပါတယ်။

နှစ်ဆယ့်တစ်ရာစုမော်တော်ကားတွေနဲ့ နှိုင်းယှဉ်ရင် စွမ်းဆောင်ရည်ကွာဟခဲ့ပြီး မြင်းကောင်ရေအား (၂ဝ) နဲ့ တစ်နာရီ မိုင် (၄ဝ) အထိသာ သွားနိုင်ပါတယ်။ ၁၉၂၇ခုနှစ်အထိ ထုတ်လုပ်ခဲ့ရပြီး မော်ဒန်ကားလောကရဲ့ စံပြမော်ဒယ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၉၉၉ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Car of the Century ပြိုင်ပွဲမှာ Ford Model T ဟာ BMC Mini ၊ Citroën DS နဲ့ Volkswagen Type 1 တို့ကို ကျော်ဖြတ်ပြီး နှစ်ဆယ်ရာစုရဲ့ လွှမ်းမိုးမှုအရှိဆုံးမော်တော်ကားအဖြစ် သတ်မှတ်ခံရပါတယ်။

ဓာတ်ပုံမူရင်း – Ford Media Center

ကျော်စိုးအောင် (အခရာ)

www.akhayar.com