[Zawgyi]

အနာဂတ္မွာ လွ်ပ္စစ္ကားေတြပဲ ထုတ္လုပ္သြားေတာ့မယ္လုိ႔ ဆိုလာတဲ့ Ford ကားကုမၸဏီ

အေမရိကန္ျပည္ေထာင္စုရဲ႕ အထင္ကရ ကားကုမၸဏီတစ္ခုျဖစ္တဲ့ Ford အေနနဲ႔ လာမယ့္ 2020 ခုႏွစ္အတြင္း ေလာင္စာဆီသုံး ကားထုတ္လုပ္မႈ ရပ္ဆိုင္းသြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ အခုလို ေၾကညာလိုက္တဲ့ သတင္းအရ Urban Muscle ကားအမ်ိဳးအစားျဖစ္တဲ့ Mustang ကလြဲလို႔ SUV ေမာ္ဒယ္ေတြနဲ႔ Truck ကား၊ ေလာရီကား ထုတ္လုပ္မႈအားလုံး ရပ္ဆိုင္းသြားဖြယ္ ရွိေနပါတယ္။ ဒါေၾကာင့္ ေလာင္စာဆီ၊ ဓာတ္ဆီစြမ္းအင္သုံးကားေတြ မရွိေတာ့တဲ့ အနာဂတ္မွာ Ford အေနနဲ႔ ဘယ္လိုေရွ႕ဆက္သြားမလဲဆိုတာကို Engadget က ေတြ႕ဆုံေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။

Ford Mustang 2018

လက္ရွိအခ်ိန္မွာ “e-tron” SUV နဲ႔ Hybrid ကားေမာ္ဒယ္ေတြနဲ႔ Tesla နဲ႔ Audi တို႔က ဦးေဆာင္ေနၿပီျဖစ္တဲ့အတြက္ Ford အေနနဲ႔ Electrified Automotive World ထဲ ဝင္ေရာက္လာရတာ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က လွ်ပ္စစ္စြမ္းအင္ကို အစားထိုးအသုံးျပဳတာဟာ ကားေပၚမွာ မလိုလားအပ္တဲ့ အေလးခ်ိန္ေတြကို ဖယ္ရွားပစ္ႏိုင္သလို စြမ္းအင္အရင္းအျမစ္သုံးစြဲမႈ ေႁခြတာရာေရာက္တဲ့အတြက္ေၾကာင့္ Ford အေနနဲ႔ Muscle ကားေတြကလြဲလို႔ လွ်ပ္စစ္စြမ္းအင္သုံးကားေတြ ထုတ္လုပ္သြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

Company’s Logo

CEO “Jim Hackett” က အင္တာဗ်ဴးမွာ “ကြၽန္ေတာ္တို႔အေနနဲ႔ ကားထုတ္လုပ္မႈအပိုင္းကို ေျပာင္းလဲသြားဖို႔ ျပင္ဆင္ၿပီးျဖစ္သလို အရင္ကထက္ ပိုမိုႀကီးမားတဲ့ ကားထုတ္လုပ္သူျဖစ္လာေအာင္ ႀကိဳးပမ္းသြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ အလားတူ Ford ရဲ႕ Director ျဖစ္သူ Ted Cannis ကလည္း ” Electronic Vehicle (EV) နည္းပညာကို SUV ေမာ္ဒယ္ေတြနဲ႔ Truck ကားေတြမွာ လွ်ပ္စစ္စြမ္းအင္နဲ႔ ေမာင္းႏွင္ႏိုင္ေအာင္ ျပင္ဆင္ေနပါၿပီ။ Customer Feedback အရဆိုရင္လည္း ဒီေမာ္ဒယ္ႏွစ္မ်ိဳးဟာ ဘက္ထရီသိုေလွာင္အား မ်ားမ်ားေထာက္ပံ့ႏိုင္မွာျဖစ္တဲ့အတြက္ေၾကာင့္ 2020 ကစၿပီး ထုတ္လုပ္ႏိုင္ေအာင္ ႀကိဳးစားသြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္ Ford အေနနဲ႔ ရာစုႏွစ္၂စုေလာက္ ေလာင္စာစြမ္းအင္နဲ႔ပဲ ေမာင္းႏွင္ေပးခဲ့ရတဲ့ကားေတြဘဝကို အနားေပးဖို႔ အခ်ိန္ေရာက္ၿပီလို႔ သြယ္ဝိုက္မေျပာဆိုခဲ့ေသာ္ျငား လာမယ့္ႏွစ္ 20 အတြင္း လွ်ပ္စစ္စြမ္းအင္တစ္မ်ိဳးထဲနဲ႔ မိုင္ေပါင္း 300 ေလာက္အထိ သြားႏိုင္မယ့္ ကားအမ်ိဳးအစား 40 ေလာက္ မိတ္ဆက္သြားႏိုင္ဖြယ္ရွိေနပါတယ္။ ဒါကလည္း ပတ္ဝန္းက်င္ ေဂဟစနစ္အတြက္ အေထာက္အကူျဖစ္သလို ေလာင္စာစြမ္းအင္ေႁခြတာႏိုင္မယ့္ ကားထုတ္လုပ္သြားမယ့္အစား လွ်ပ္စစ္ကားေတြဘက္ ဦးတည္လာၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Ford ကုမၸဏီအတြက္ ႀကံမၼာငင္ခဲ့တယ္ ဆိုရမလား CEO အေဟာင္း “Mark Fields” အနားမယူခင္ 2016 ႏွစ္ကုန္ပိုင္းအထိ EV နည္းပညာသုံးကားေတြ ေခတ္မစားလာေသးပဲ အေရာင္းေအးေနခဲဲ့တာပါ။ “Jim Hackett” တက္လာတဲ့အခါမွ ဒီနည္းပညာဟာ ေခတ္ကာလ စိန္ေခၚမႈအရ ျဗဳန္းဆို ကားကုမၸဏီအၾကား ႀကီးမားတဲ့ ယွဥ္ၿပိဳင္မႈကို စတင္လာေစခဲ့တာပါ။

Tesla Model 3

အဲ့ဒါထက္ Ford ဟာ ေနာက္ေကာက္က်န္ေနခဲ့ၿပီလို႔ဆိုရမလား Mark Fields အနားယူသြားတဲ့အခါမွာပဲ Tesla က EV နည္းပညာသုံး Model 3 ကား 3 သိန္းေက်ာ္ ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ ဒီ Model 3 ဟာ 50 ဒါမွမဟုတ္ 75 kWh နဲ႔ ညီမွ်တဲ့ ဘက္ထရီနဲ႔ ေမာင္းႏွင္မွာျဖစ္ၿပီး 258 ျမင္းေကာင္ေရအားရွိတဲ့ ၃ လုံးထိုး အင္ဂ်င္တပ္ဆင္ထားတာ ျဖစ္ပါတယ္။ အားတစ္ခါသြင္းထားရင္ မိုင္ 220 နဲ႔ 310 အထိေမာင္းႏွင္ႏိုင္မွာျဖစ္ၿပီး လူ ၄ ေယာက္လိုက္ပါ စီးႏွင္းႏိုင္မွာပါ။ အခုလို ယွဥ္ၿပိဳင္မႈႀကီးအတြက္ Audi ကလည္း e-tron SUV ေမာ္ဒယ္အသစ္နဲ႔ ႀကိဳတင္ျပင္ဆင္ထားၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ Audi ဟာ ေခတ္ေပၚ နည္းပညာတခ်ိဳ႕နဲ႔ ကားအတြင္း၊အျပင္ လုံၿခဳံေရးစနစ္ ပံ့ပိုးထားသလို Glass Illumination ဒီဇိုင္းနဲ႔ ပြဲထြက္ဖို႔ အဆင့္သင့္ျဖစ္ေနပါၿပီ။ SUV ဟာ 95kWh ဘက္ထရီနဲ႔ မိုင္းေပါင္း 248 မိုင္အထိ ေမာင္းနိင္သလို လူ ၅ ေယာက္ လိုက္ပါစီးႏွင္းႏိုင္မယ့္ Hybrid ကားအမ်ိဳးစားလည္း ျဖစ္ပါတယ္။

Audi Electric Car Concept

ဒါေၾကာင့္ Ford ကုမၸဏီရဲ႕ မိုးကုတ္စက္ဝိုင္းဟာ Audi နဲ႔ Tesla တို႔အၾကား ေကြးၫြတ္ေနတယ္ဆိုရမလား ၿပိဳင္ဖက္ကုမၸဏီတို႔ရဲ႕ SUV နဲ႔ Hybrid F စီးရီး ကားေမာ္ဒယ္ေတြေၾကာင့္ အခြင့္အေရးေတြ ဆုံးရႈံးသြားခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္လည္း “ယွဥ္ၿပိဳင္ျခင္းသည္သာ အဓိကဆိုသလို” အားထုတ္ဖို႔ အခ်ိန္ရွိေသးတာေၾကာင့္ Ford အေနနဲ႔ လွ်ပ္စစ္စြမ္းအင္သုံး Hybrid ကားကိုလည္း 14 မ်ိဳးေလာက္ မိတ္ဆက္လာႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အေမရိကန္ Muscle လို Mustange ကားမ်ိဳးအတြက္ Audi နဲ႔ Tesla တို႔လို နည္းပညာႏွစ္ခု၊ သုံးခုနဲ႔ ေပါင္းစပ္ ဖန္တီးႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

2B (Akhayar)

www.akhayar.com

Facebook လူမႈၾကႏ္ရက္ေပၚၾတငၱငၦက္ေနသည့္ စာမ္ကၷြာမ္ားၾတင္ အခရာမြတငၦကၳားသည့္ ေဆာင္းပါးမ္ား၊ သတင္းမ္ားကို ျခင့္်ပဳခ္က္ တစၥဳံတစ္ရာ ရယူထား်ခင္းမ႐ြိဘဲ စီးျပား်ဖစ္ ကူးယူသုံးၿစဲေနသၫၼ္ားကို ေၾတ႕႐ြိေနရပါသၫ္။ အခရာစာမ္ကၷြာအား တစ္ဦးတစ္ေယာကၡ္င္း ေဝမြ္သၫၠိဳ အသိအမြတ္်ပဳေက္းဇူးတင္ေသာႅၫ္း စီျပား်ဖစၱၫ္ေထာငၳားသည့္ စာမ္ကၷြာမ္ား၊ ဝကၻၦိဳကၼ္ားၾတင္ ကူးယူတငၦက္ေနသၫၼ္ားကိုမူ ်ပင္းထျႏၥာကန႔ၠၾကၸါသၫ္။ သို႔်ဖစၸါ၍ အခရာမီဒီယာမြတငၦက္ေနသည့္ ေအၾကာင္းအရာမ္ားထဲမြ စာသားအခ္ိဳ႕ကို်ဖစ္ေစ ၊ အပုဒႅိဳက္်ဖစ္ေစ ၊ တစၸိဳဒ္်ခင္း်ဖစ္ေစ ကူးယူသုံးၿစဲ်ခင္းမ်ပဳရႏၷြင့္ ဆကႅက္်ပဳလုပၸါက ခိုးယူသုံးၿစဲေနသည့္ စာမ္ကၷြာမ္ားကို အမၫၷြင့ၱၾက အမ္ားသိေစရႏ္ေၾကညာၾသားမၫ္်ဖစ္ၿပီး ဥေပဒအရ ေအရးယူမၫ္်ဖစ္ေၾကာင္း သတိေပးေၾကညာအပၸါသၫ္။

[Unicode]

အနာဂတ်မှာ လျှပ်စစ်ကားတွေပဲ ထုတ်လုပ်သွားတော့မယ်လို့ ဆိုလာတဲ့ Ford ကားကုမ္ပဏီ

အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရ ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ford အနေနဲ့ လာမယ့် 2020 ခုနှစ်အတွင်း လောင်စာဆီသုံး ကားထုတ်လုပ်မှု ရပ်ဆိုင်းသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကြေညာလိုက်တဲ့ သတင်းအရ Urban Muscle ကားအမျိုးအစားဖြစ်တဲ့ Mustang ကလွဲလို့ SUV မော်ဒယ်တွေနဲ့ Truck ကား၊ လောရီကား ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်းသွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် လောင်စာဆီ၊ ဓာတ်ဆီစွမ်းအင်သုံးကားတွေ မရှိတော့တဲ့ အနာဂတ်မှာ Ford အနေနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို Engadget က တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Ford Mustang 2018

လက်ရှိအချိန်မှာ “e-tron” SUV နဲ့ Hybrid ကားမော်ဒယ်တွေနဲ့ Tesla နဲ့ Audi တို့က ဦးဆောင်နေပြီဖြစ်တဲ့အတွက် Ford အနေနဲ့ Electrified Automotive World ထဲ ဝင်ရောက်လာရတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လျှပ်စစ်စွမ်းအင်ကို အစားထိုးအသုံးပြုတာဟာ ကားပေါ်မှာ မလိုလားအပ်တဲ့ အလေးချိန်တွေကို ဖယ်ရှားပစ်နိုင်သလို စွမ်းအင်အရင်းအမြစ်သုံးစွဲမှု ခြွေတာရာရောက်တဲ့အတွက်ကြောင့် Ford အနေနဲ့ Muscle ကားတွေကလွဲလို့ လျှပ်စစ်စွမ်းအင်သုံးကားတွေ ထုတ်လုပ်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Company’s Logo

CEO “Jim Hackett” က အင်တာဗျူးမှာ “ကျွန်တော်တို့အနေနဲ့ ကားထုတ်လုပ်မှုအပိုင်းကို ပြောင်းလဲသွားဖို့ ပြင်ဆင်ပြီးဖြစ်သလို အရင်ကထက် ပိုမိုကြီးမားတဲ့ ကားထုတ်လုပ်သူဖြစ်လာအောင် ကြိုးပမ်းသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အလားတူ Ford ရဲ့ Director ဖြစ်သူ Ted Cannis ကလည်း ” Electronic Vehicle (EV) နည်းပညာကို SUV မော်ဒယ်တွေနဲ့ Truck ကားတွေမှာ လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်နိုင်အောင် ပြင်ဆင်နေပါပြီ။ Customer Feedback အရဆိုရင်လည်း ဒီမော်ဒယ်နှစ်မျိုးဟာ ဘက်ထရီသိုလှောင်အား များများထောက်ပံ့နိုင်မှာဖြစ်တဲ့အတွက်ကြောင့် 2020 ကစပြီး ထုတ်လုပ်နိုင်အောင် ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် Ford အနေနဲ့ ရာစုနှစ်၂စုလောက် လောင်စာစွမ်းအင်နဲ့ပဲ မောင်းနှင်ပေးခဲ့ရတဲ့ကားတွေဘဝကို အနားပေးဖို့ အချိန်ရောက်ပြီလို့ သွယ်ဝိုက်မပြောဆိုခဲ့သော်ငြား လာမယ့်နှစ် 20 အတွင်း လျှပ်စစ်စွမ်းအင်တစ်မျိုးထဲနဲ့ မိုင်ပေါင်း 300 လောက်အထိ သွားနိုင်မယ့် ကားအမျိုးအစား 40 လောက် မိတ်ဆက်သွားနိုင်ဖွယ်ရှိနေပါတယ်။ ဒါကလည်း ပတ်ဝန်းကျင် ဂေဟစနစ်အတွက် အထောက်အကူဖြစ်သလို လောင်စာစွမ်းအင်ခြွေတာနိုင်မယ့် ကားထုတ်လုပ်သွားမယ့်အစား လျှပ်စစ်ကားတွေဘက် ဦးတည်လာကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Ford ကုမ္ပဏီအတွက် ကြံမ္မာငင်ခဲ့တယ် ဆိုရမလား CEO အဟောင်း “Mark Fields” အနားမယူခင် 2016 နှစ်ကုန်ပိုင်းအထိ EV နည်းပညာသုံးကားတွေ ခေတ်မစားလာသေးပဲ အရောင်းအေးနေခဲဲ့တာပါ။ “Jim Hackett” တက်လာတဲ့အခါမှ ဒီနည်းပညာဟာ ခေတ်ကာလ စိန်ခေါ်မှုအရ ဗြုန်းဆို ကားကုမ္ပဏီအကြား ကြီးမားတဲ့ ယှဥ်ပြိုင်မှုကို စတင်လာစေခဲ့တာပါ။

Tesla Model 3

အဲ့ဒါထက် Ford ဟာ နောက်ကောက်ကျန်နေခဲ့ပြီလို့ဆိုရမလား Mark Fields အနားယူသွားတဲ့အခါမှာပဲ Tesla က EV နည်းပညာသုံး Model 3 ကား 3 သိန်းကျော် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒီ Model 3 ဟာ 50 ဒါမှမဟုတ် 75 kWh နဲ့ ညီမျှတဲ့ ဘက်ထရီနဲ့ မောင်းနှင်မှာဖြစ်ပြီး 258 မြင်းကောင်ရေအားရှိတဲ့ ၃ လုံးထိုး အင်ဂျင်တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အားတစ်ခါသွင်းထားရင် မိုင် 220 နဲ့ 310 အထိမောင်းနှင်နိုင်မှာဖြစ်ပြီး လူ ၄ ယောက်လိုက်ပါ စီးနှင်းနိုင်မှာပါ။ အခုလို ယှဥ်ပြိုင်မှုကြီးအတွက် Audi ကလည်း e-tron SUV မော်ဒယ်အသစ်နဲ့ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Audi ဟာ ခေတ်ပေါ် နည်းပညာတချို့နဲ့ ကားအတွင်း၊အပြင် လုံခြုံရေးစနစ် ပံ့ပိုးထားသလို Glass Illumination ဒီဇိုင်းနဲ့ ပွဲထွက်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ SUV ဟာ 95kWh ဘက်ထရီနဲ့ မိုင်းပေါင်း 248 မိုင်အထိ မောင်းနိင်သလို လူ ၅ ယောက် လိုက်ပါစီးနှင်းနိုင်မယ့် Hybrid ကားအမျိုးစားလည်း ဖြစ်ပါတယ်။

Audi Electric Car Concept

ဒါကြောင့် Ford ကုမ္ပဏီရဲ့ မိုးကုတ်စက်ဝိုင်းဟာ Audi နဲ့ Tesla တို့အကြား ကွေးညွတ်နေတယ်ဆိုရမလား ပြိုင်ဖက်ကုမ္ပဏီတို့ရဲ့ SUV နဲ့ Hybrid F စီးရီး ကားမော်ဒယ်တွေကြောင့် အခွင့်အရေးတွေ ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း “ယှဥ်ပြိုင်ခြင်းသည်သာ အဓိကဆိုသလို” အားထုတ်ဖို့ အချိန်ရှိသေးတာကြောင့် Ford အနေနဲ့ လျှပ်စစ်စွမ်းအင်သုံး Hybrid ကားကိုလည်း 14 မျိုးလောက် မိတ်ဆက်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန် Muscle လို Mustange ကားမျိုးအတွက် Audi နဲ့ Tesla တို့လို နည်းပညာနှစ်ခု၊ သုံးခုနဲ့ ပေါင်းစပ် ဖန်တီးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။