ကမ္ဘာကျော်ကားကုမ္ပဏီ Ford ဟာ Apple မှ Global Marketing & Communication Director – Musa Tariq ကို အလုပ်ခန့်လိုက်ပါတယ်။ Musa Tariq ဟာ Ford မှာ Vice President နဲ့ Chief Brand Officer (CBO) အနေနဲ့ အခုဇန်နဝါရီ ၃ဝမှာ အလုပ်စဆင်းမှာဖြစ်ပါတယ်။ တကယ်တော့ Musa Tariq ဟာလည်း ခေသူတော့ မဟုတ်ပါဘူး။

Musa Tariq ကတော့ Burberry မှာ Global Director of Digital Marketing အနေနဲ့ ၁နှစ် (၂ဝ၁၁နိုဝင်ဘာမှ -၂ဝ၁၂ အောက်တိုဘာအထိ)၊ Nike မှာ Global Senior Director of Social Media & Community အနေနဲ့ ၂နှစ် (၂ဝ၁၂ အောက်တိုဘာမှ- ၂ဝ၁၄ စက်တင်ဘာအထိ) နဲ့ Apple မှာ Global Marketing & Communication Director အနေနဲ့ ၂နှစ်၆လ (၂ဝ၁၄ သြဂုတ်မှ – ၂ဝ၁၇ ဇန်နဝါရီအထိ) လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

You May Like : Microsoft ရဲ့နည်းပညာအမှုဆောင်အရာရှိ (CTO) ဖြစ်လာတဲ့ ကီဗင်စကော့

ကမ္ဘာကျော်ကုမ္ပဏီကြီးတွေမှာ Director Level အနေနဲ့ အတွေ့အကြုံရှိထားတဲ့ Musa Tariq ဟာ Ford ကုမ္ပဏီကို အကောင်းဆုံးထိန်းကျောင်းနိုင်တယ်ဆိုတာလည်း သံသယဖြစ်ဖွယ်မရှိပါဘူး။ Burberry မှာရရှိခဲ့တဲ့ ဖက်ရှင်အတွေးအခေါ်တွေ၊ Nike မှာ ဆည်းပူးခဲ့တဲ့ Lifestyle အမြင်တွေ၊ Apple မှာတွေ့ကြုံခဲ့တဲ့ နည်းပညာရှုထောင့်တွေကိုပေါင်းစပ်လိုက်ရင်တော့ Musa Tariq ဟာ ဂုရုကြီးတစ်ယောက်ဖြစ်လို့နေပါပြီ။ အားလုံးသိကြတဲ့အတိုင်း ကားကုမ္ပဏီတွေဟာ လူတွေရဲ့ Lifestyle အမြင်တွေ၊ နည်းပညာရှုထောင့်တွေကို အသုံးချပြီး ဈေးကွက်မှာထိုးဖောက်ရတာဖြစ်တဲ့အတွက် နည်းပညာမှာရော Lifestyle ဘက်မှာပါ အတွေ့အကြုံစုံလင်လှတဲ့ Musa Tariq ကို အလုပ်ခန့်လိုက်တာလည်း လွန်မယ်မထင်ပါဘူး။

Musa Tariq ကတော့ Global Sales & Service အချက်အလက်တွေကို Steve Odell ( Executive Vice President of Global Marketing) နဲ့ ဒုတိယဥက္ကဌဘုတ်အဖွဲ့ဆီမှာ Report တင်ရမှာဖြစ်ပါတယ်။ Ford ကတော့ Musa Tariq ဆီမှ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို အများကြီးမျှော်လင့်ထားလေရဲ့။

ကျော်စိုးအောင် (အခရာ)

www.akhayar.com