[Zawgyi]

Forbes ရဲ႕ ၀င္ေငြအေကာင္းဆုံး အားကစားသမားစာရင္းမွာ ထိပ္ဆုံးေနရာ ျပန္လည္ရယူႏုိင္ခဲ့တဲ့ ေမ၀ယ္လ္သာ Mayweather

နာမည္ႀကီး စီးပြားေရး မဂၢဇင္းတစ္ေစာင္ျဖစ္တဲ့ Forbes က ၂၀၁၈ ခုႏွစ္အတြက္ ၀င္ေငြအေကာင္းဆုံး အားကစားသမားစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး အေမရိကန္ နာမည္ေက်ာ္ လက္ေ၀ွ႔သမားေဟာင္း ေမ၀ယ္လ္သာ Mayweather ဟာ ထိပ္ဆုံးေနရာကုိ စီေရာ္နယ္လ္္ဒုိ C.Ronaldo ဆီကေန ျပန္လည္ လႊဲေျပာင္းရယူႏုိင္ခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္က လက္ေ၀ွ႔ကစားသမားဘ၀က အနားယူခဲတဲ့ ေမ၀ယ္လ္သာရဲ႕ ၀င္ေငြက အေမရိကန္ေဒၚလာ(၂၈၅)သန္းအထိရွိခဲ့တာေၾကာင့္ နံပါတ္(၁)ေနရာကုိ ျပန္လည္ရယူႏုိင္ခဲ့တာပါ။ လက္ေ၀ွ႔သမားဘ၀မွာ ပဲြေပါင္း(၅၀)အထိ ထုိးသတ္ခဲ့တဲ့ ေမ၀ယ္လ္သာဟာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ပဲြတိုင္း အႏုိင္ရခဲ့ၿပီး Knock Out နဲ႔အႏုိင္ရခဲ့တဲ့ပဲြက (၂၇)ပဲြအထိရွိခဲ့တယ္။

Worlds-Highest-Paid-Athletes-By-Forbes

Worlds-Highest-Paid-Athletes-By-Forbes

ေမ၀ယ္လ္သာရဲ႕ ၀င္ေငြထဲမွာ လက္ေ၀ွ႔ပဲြဆုေၾကးက အေမရိကန္ေဒၚလာ(၂၇၅)သန္းအထိ ရွိခဲ့ၿပီး တျခား က႑ေတြက ရရွိခဲ့တဲ့ ၀င္ေငြက အေမရိကန္ေဒၚလာ(၁၀)သန္းရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္၊ ၾသဂုတ္လတုန္းက မက္ဂရီေဂၚ McGregor နဲ႔ထုိးသတ္ခဲ့တဲ့ပဲြမွာ ရရွိခဲ့တဲ့ထုိးေၾကးေတြကလည္း ေမ၀ဲလ္သာရဲ႕ ၀င္ေငြ ျမင့္တက္လာမႈအတြက္ အဓိကအခ်က္ျဖစ္ခဲ့တယ္။ ေမ၀ယ္လ္သာဟာ ေနာက္ဆုံး(၇)ႏွစ္အတြင္း ထိပ္ဆုံးေနရာမွာ (၄)ႀကိမ္အထိရပ္တည္ႏုိင္ခဲ့သလုိ ၂၀၁၄ ခုႏွစ္ တုန္းကလည္း Forbes ရဲ႕၀င္ေငြအေကာင္းဆုံး အားကစားသမားစာရင္းမွာ ထိပ္ဆုံးေနရာရရွိခဲ့ၿပီး အဲဒီတုန္းက သူ႔ရဲ႕၀င္ေငြဟာ အေမရိကန္ေဒၚလာသန္း(၃၀၀)အထိ ရွိခဲ့တဲ့အျပင္ အဲဒီပမာဏက စံခ်ိန္တင္ျဖစ္ခဲ့တယ္။

Worlds-Highest-Paid-Athletes-By-Forbes-1

Worlds-Highest-Paid-Athletes-By-Forbes-1

စီေရာ္နယ္လ္ဒုိအေနနဲ႔ ၂၀၁၆၊ ၂၀၁၇ (၂)ႏွစ္ဆက္ ၀င္ေငြအေကာင္းဆုံးအားကစားသမား အျဖစ္ရပ္တည္ႏုိင္ခဲ့ေပမယ့္လည္း ဒီႏွစ္မွာေတာ့ အဆင့္(၃)ေနရာအထိ က်ဆင္းသြားခဲ့တယ္။ အဆင့္(၂)ေနရာကုိ စီေရာ္နယ္လ္ဒုိရဲ႕ အဓိက ၿပိဳင္ဘက္ မက္ဆီ Messi က ရယူခဲ့ၿပီး သူ႔ရဲ႕၀င္ေငြက အေမရိကန္ေဒၚလာ(၁၁၁)သန္းရွိခဲ့ေပမယ့္ ေမ၀ယ္လ္သာထက္ ေတာ့ အေမရိကန္ေဒၚလာသန္း(၁၀၀)ေက်ာ္ ေလ်ာ႔နည္းခဲ့ပါတယ္။ စီေရာ္နယ္လ္ဒုိဟာ ေၾကာ္ျငာအပါအ၀င္ က႑အသီးသီးကေန ၀င္ေငြရရွိမႈက အေမရိကန္ေဒၚလာ(၄၇)သန္းအထိရရွိခဲ့ၿပီး မက္ဆီထက္ မ်ားျပားခဲ့ေပမယ့္လည္း လစာေငြရရွိမွာေတာ့ အေမရိကန္ေဒၚလာ (၆၁)သန္းသာရွိခဲ့တာေၾကာင့္ မက္ဆီရဲ႕လစာေငြထက္ နည္းပါးခဲ့လုိ႔ အဆင့္(၃)ေနရာအထိ က်ဆင္သြားခဲ့တာပါ။

Worlds-Highest-Paid-Athletes-By-Forbes-2

Worlds-Highest-Paid-Athletes-By-Forbes-2

နာမည္ေက်ာ္ ေဘာလုံးသမားတစ္ဦးျဖစ္တဲ့ ဘရာဇီးလ္တိုက္စစ္မွဴး ေနမာ Neymar လည္း Forbes ရဲ႕ ၀င္ေငြ အေကာင္းဆုံးအားကစားသမား ထိပ္ဆုံး(၁၀)ဦးစာရင္းမွာ ပါ၀င္ခဲ့ၿပီး အဆင့္(၅)ေနရာမွာ ရပ္တည္ႏုိင္ခဲ့တယ္။ ထိပ္ဆုံး(၁၀)ဦးစာရင္းမွာ ဘက္စကတ္ေဘာေလာကမွာ ထင္ရွားေက်ာ္ၾကားသူေတြျဖစ္တဲ့ လီဘရြန္ဂ်ိမ္းစ္ LeBron James၊ စတီဖင္ကာရီ Stephen Curry တို႔ ပါ၀င္ခဲ့သလုိ ဆြစ္ဇာလန္ နာမည္ႀကီး တင္းနစ္သမား ေရာ္ဂ်ာဖက္ဒရာ Roger Federer အစရွိသူေတြလည္း ပါ၀င္ႏုိင္ခဲ့ပါတယ္။

The-Worlds-Highest-Paid-Athletes

The-Worlds-Highest-Paid-Athletes

၂၀၁၈ ခုႏွစ္အတြက္ Forbes မဂၢဇင္းက ထုတ္ျပန္ခဲ့တဲ့ ၀င္ေငြအေကာင္းဆုံး
အားကစားသမား ထိပ္ဆုံး(၂၀)ဦး

1. Floyd Mayweather, $285 million (Boxing)

2. Lionel Messi, $111 million (Soccer)

3. Cristiano Ronaldo, $108 million (Soccer)

4. Conor McGregor, $99 million (Boxing)

5. Neymar, $90 million (Soccer)

6. LeBron James, $55.5 million (Basketball)

7. Roger Federer, $77.2 million (Tennis)

8. Stephen Curry, $76.9 million (Basketball)

9. Matt Ryan, $67.3 million (American Football)

10. Matthew Stafford, $59.5 million (American Football)

11. Kevin Durant, $57.3 million (Basketball)

12. Lewis Hamilton, $51 million (Auto racing)

13. Russell Westbrook, $47.6 million (Basketball)

14. James Harden, $46.4 million (Basketball)

15. Canelo Alvarez, $44.5 million (Boxing)

16. Tiger Woods, $43.3 million (Golf)

17. Drew Brees, $42.9 million (American Football)

18. Sebastian Vettel, $42.3 million (Auto racing)

19. Derek Carr, $42.1 million (American Football)

20. Rafael Nadal, $41.4 million (Tennis)

REF:Forbes
Photo: Forbes
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Forbes ရဲ့ ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်ခဲ့တဲ့ မေဝယ်လ်သာ Mayweather

နာမည်ကြီး စီးပွားရေး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes က ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အမေရိကန် နာမည်ကျော် လက်ဝှေ့သမားဟောင်း မေဝယ်လ်သာ Mayweather ဟာ ထိပ်ဆုံးနေရာကို စီရော်နယ်လ်ဒို C.Ronaldo ဆီကနေ ပြန်လည် လွှဲပြောင်းရယူနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်က လက်ဝှေ့ကစားသမားဘဝက အနားယူခဲတဲ့ မေဝယ်လ်သာရဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ(၂၈၅)သန်းအထိရှိခဲ့တာကြောင့် နံပါတ်(၁)နေရာကို ပြန်လည်ရယူနိုင်ခဲ့တာပါ။ လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း(၅၀)အထိ ထိုးသတ်ခဲ့တဲ့ မေဝယ်လ်သာဟာ အံ့အားသင့်စရာကောင်းလောက်အောင် ပွဲတိုင်း အနိုင်ရခဲ့ပြီး Knock Out နဲ့အနိုင်ရခဲ့တဲ့ပွဲက (၂၇)ပွဲအထိရှိခဲ့တယ်။

Worlds-Highest-Paid-Athletes-By-Forbes

Worlds-Highest-Paid-Athletes-By-Forbes

မေဝယ်လ်သာရဲ့ ဝင်ငွေထဲမှာ လက်ဝှေ့ပွဲဆုကြေးက အမေရိကန်ဒေါ်လာ(၂၇၅)သန်းအထိ ရှိခဲ့ပြီး တခြား ကဏ္ဍတွေက ရရှိခဲ့တဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ(၁၀)သန်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လတုန်းက မက်ဂရီဂေါ် McGregor နဲ့ထိုးသတ်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ထိုးကြေးတွေကလည်း မေဝဲလ်သာရဲ့ ဝင်ငွေ မြင့်တက်လာမှုအတွက် အဓိကအချက်ဖြစ်ခဲ့တယ်။ မေဝယ်လ်သာဟာ နောက်ဆုံး(၇)နှစ်အတွင်း ထိပ်ဆုံးနေရာမှာ (၄)ကြိမ်အထိရပ်တည်နိုင်ခဲ့သလို ၂၀၁၄ ခုနှစ် တုန်းကလည်း Forbes ရဲ့ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာရရှိခဲ့ပြီး အဲဒီတုန်းက သူ့ရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာသန်း(၃၀၀)အထိ ရှိခဲ့တဲ့အပြင် အဲဒီပမာဏက စံချိန်တင်ဖြစ်ခဲ့တယ်။

Worlds-Highest-Paid-Athletes-By-Forbes-1

Worlds-Highest-Paid-Athletes-By-Forbes-1

စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၁၆၊ ၂၀၁၇ (၂)နှစ်ဆက် ဝင်ငွေအကောင်းဆုံးအားကစားသမား အဖြစ်ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ဒီနှစ်မှာတော့ အဆင့်(၃)နေရာအထိ ကျဆင်းသွားခဲ့တယ်။ အဆင့်(၂)နေရာကို စီရော်နယ်လ်ဒိုရဲ့ အဓိက ပြိုင်ဘက် မက်ဆီ Messi က ရယူခဲ့ပြီး သူ့ရဲ့ဝင်ငွေက အမေရိကန်ဒေါ်လာ(၁၁၁)သန်းရှိခဲ့ပေမယ့် မေဝယ်လ်သာထက် တော့ အမေရိကန်ဒေါ်လာသန်း(၁၀၀)ကျော် လျော့နည်းခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ကြော်ငြာအပါအဝင် ကဏ္ဍအသီးသီးကနေ ဝင်ငွေရရှိမှုက အမေရိကန်ဒေါ်လာ(၄၇)သန်းအထိရရှိခဲ့ပြီး မက်ဆီထက် များပြားခဲ့ပေမယ့်လည်း လစာငွေရရှိမှာတော့ အမေရိကန်ဒေါ်လာ (၆၁)သန်းသာရှိခဲ့တာကြောင့် မက်ဆီရဲ့လစာငွေထက် နည်းပါးခဲ့လို့ အဆင့်(၃)နေရာအထိ ကျဆင်သွားခဲ့တာပါ။

Worlds-Highest-Paid-Athletes-By-Forbes-2

Worlds-Highest-Paid-Athletes-By-Forbes-2

နာမည်ကျော် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာ Neymar လည်း Forbes ရဲ့ ဝင်ငွေ အကောင်းဆုံးအားကစားသမား ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ ပါဝင်ခဲ့ပြီး အဆင့်(၅)နေရာမှာ ရပ်တည်နိုင်ခဲ့တယ်။ ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ ဘက်စကတ်ဘောလောကမှာ ထင်ရှားကျော်ကြားသူတွေဖြစ်တဲ့ လီဘရွန်ဂျိမ်းစ် LeBron James၊ စတီဖင်ကာရီ Stephen Curry တို့ ပါဝင်ခဲ့သလို ဆွစ်ဇာလန် နာမည်ကြီး တင်းနစ်သမား ရော်ဂျာဖက်ဒရာ Roger Federer အစရှိသူတွေလည်း ပါဝင်နိုင်ခဲ့ပါတယ်။

The-Worlds-Highest-Paid-Athletes

The-Worlds-Highest-Paid-Athletes

၂၀၁၈ ခုနှစ်အတွက် Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ဝင်ငွေအကောင်းဆုံး
အားကစားသမား ထိပ်ဆုံး(၂၀)ဦး

1. Floyd Mayweather, $285 million (Boxing)

2. Lionel Messi, $111 million (Soccer)

3. Cristiano Ronaldo, $108 million (Soccer)

4. Conor McGregor, $99 million (Boxing)

5. Neymar, $90 million (Soccer)

6. LeBron James, $55.5 million (Basketball)

7. Roger Federer, $77.2 million (Tennis)

8. Stephen Curry, $76.9 million (Basketball)

9. Matt Ryan, $67.3 million (American Football)

10. Matthew Stafford, $59.5 million (American Football)

11. Kevin Durant, $57.3 million (Basketball)

12. Lewis Hamilton, $51 million (Auto racing)

13. Russell Westbrook, $47.6 million (Basketball)

14. James Harden, $46.4 million (Basketball)

15. Canelo Alvarez, $44.5 million (Boxing)

16. Tiger Woods, $43.3 million (Golf)

17. Drew Brees, $42.9 million (American Football)

18. Sebastian Vettel, $42.3 million (Auto racing)

19. Derek Carr, $42.1 million (American Football)

20. Rafael Nadal, $41.4 million (Tennis)

REF:Forbes
Photo: Forbes
Naing Linn(Akhayar)
www.akhayar.com