[Zawgyi]

၂ဝ၁၈ခုႏွစ္ရဲ႕  ဝင္ေငြအေကာင္းဆုံး နာမည္ေက်ာ္ပုဂၢိဳလ္ (၁ဝ) ဦး

ကမၻာေက်ာ္စီးပြားေရးမဂၢဇင္း Forbes ဟာ ၂ဝ၁၇ခုႏွစ္ ဇြန္လ (၁) ရက္ကေန ၂ဝ၁၈ခုႏွစ္ ဇြန္လ (၁) ရက္အတြင္း နာမည္ေက်ာ္ပုဂၢိဳလ္ေတြရဲ႕ ဝင္ေငြေတြကုိ တြက္ခ်က္ၿပီး ဝင္ေငြအေကာင္းဆုံး (၁ဝဝ) ဦးကုိ ေၾကညာလုိက္ပါတယ္။ ေၾကညာထားတဲ့ ပုဂၢိဳလ္ (၁ဝဝ) အနက္ ထိပ္ဆုံး (၁ဝ) ဦးကုိပဲ အခရာပရိသတ္ႀကီးအတြက္ စုစည္းေဖာ္ျပလုိက္ပါတယ္။ ေဖာ္ျပထားတဲ့ ေငြေၾကးပမာဏဟာ အခြန္မေဆာင္ရေသးခင္ ပမာဏျဖစ္ၿပီး အသားတင္ဝင္ေငြေတာ့ မဟုတ္ပါဘူး။

ဝင္ေငြအေကာင္းဆုံး နာမည္ေက်ာ္ပုဂၢိဳလ္ (၁ဝ) ဦးစာရင္းမွာေတာ့ လက္ေဝွ႔ေက်ာ္ Floyd Mayweather က ဦးေဆာင္ေနပါတယ္။ ၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔တုန္းက UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Conor McGregor နဲ႔ ထုိးသတ္ခဲ့တဲ့ ‘The Money Fight’ ပြဲမွာ ေဒၚလာ (၂၇၅) သန္းအထိ ရရွိခဲ့ေၾကာင္း သိရပါတယ္။ [ထုိးသတ္ေၾကးက သန္း (၁ဝဝ) + ရုပ္သံေၾကး (၁၇၅) သန္း] ဒါ့အျပင္ ေၾကာ္ျငာခ (၁ဝ) သန္းအထိ ရရွိခဲ့လုိ႔ ဝင္ေငြ (၂၈၅) သန္းနဲ႔ နံပါတ္ (၁) ေနရာမွာ ရပ္တည္ေနတာပဲျဖစ္ပါတယ္။ လက္ေဝွ႔သမားဘဝက အနားယူခဲ့တာေၾကာင့္ ၂ဝ၁၉ ခုႏွစ္မွာေတာ့ ဒီေလာက္ဝင္ေငြေကာင္းေတာ့မွာ မဟုတ္ပါဘူး။

နံပါတ္ (၂) ေနရာမွာေတာ့ မင္းသားႀကီး George Clooney ပဲျဖစ္ပါတယ္။ သူဟာ ၂ဝ၁၈ခုႏွစ္အတြင္းမွာပဲ အေမရိကန္ေဒၚလာ (၂၃၉) သန္းအထိ ဝင္ေငြရွိခဲ့တာပါ။ သူပုိင္တဲ့ တက္ကီလာကုမၸဏီ Casamigos ကုိ Diageo အရက္ကုမၸဏီက အေမရိကန္ေဒၚလာ ၁ဘီလီယံ (သန္း ၁,ဝဝဝ) ေပးၿပီး ဝယ္ယူသြားတဲ့အတြက္ ျဖစ္ပါတယ္။ သန္း၇ဝဝ ကုိ လက္ငင္းေပးသြားၿပီး လက္က်န္ သန္း၃ဝဝကုိေတာ့ Casamigos တက္ကီလာရဲ႕ ေစ်းကြက္ေရာင္းအားေပၚ မူတည္ၿပီး ဆယ္ႏွစ္အတြင္း ေပးသြားမွာပါ။ ဒါ့ေၾကာင့္လည္း လက္ဖ်ားေငြသီးတဲ့ေနတဲ့ မင္းသားႀကီးျဖစ္ပါတယ္။

တတိယေနရာမွာေတာ့ ပုရိသေတြရဲ႕အသည္းစြဲ Kylie Jenner က ရပ္တည္ေနတာပါ။ သူမရဲ႕အသားတင္ၾကြယ္ဝမႈဟာ သန္း (၉ဝဝ) အထိရွိၿပီး ၂ဝ၁၈ခုႏွစ္အတြင္းမွာတင္ ၁၆၆.၅ သန္းအထိရွိပါတယ္။ အလွနတ္ဖုရားေလးျဖစ္တဲ့ သူမဟာ Kylie Cosmetics ကုမၸဏီကုိ တည္ေထာင္ထားၿပီး ထုတ္လုပ္လုိက္တဲ့ Lip Kit ေတြက လူႀကိဳက္မ်ားတာျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ လူမႈကြန္ရက္ကေနၿပီး ေၾကာ္ျငာခေတြ အမ်ားႀကီးရတဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ ရုပ္သံနာမည္ေက်ာ္ Judy Sheindlin ဟာ (၁၄၇) သန္းနဲ႔ စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။

မင္းသားႀကီး Dwayne “The Rock” Johnson ဟာဆုိရင္ ဝင္ေငြ (၁၂၄) သန္းနဲ႔ ထိပ္ဆုံး (၅) ေနရာမွာ စာရင္းဝင္သြားပါတယ္။ အက္ရွင္နဲ႔ စူပါဟီးရုိးကားေတြ ဝင္ေငြေကာင္းေနတဲ့အခ်ိန္မွာ မင္းသားႀကီး The Rock ဟာလည္း အႏုပညာေၾကးျမင့္လာတာပါ။ Facebook Follower (၅၈) သန္း၊ Twitter Follower (၁၂.၇) သန္း နဲ႔ Instagram Follower (၁၁ဝ) သန္းအထိရွိလုိ႔ လူမႈကြန္ရက္ကေန ေၾကာ္ျငာခေတြ ရေနသူပါ။ ၂ဝ၁၇ခုႏွစ္မွာ ေဒၚလာ (၆၅) သန္း ဝင္ေငြရွိခဲ့တဲ့သူဟာ ဒီႏွစ္မွာ ဝင္ေငြႏွစ္ဆနီးပါး တုိးတက္ခဲ့ပါတယ္။

World's Highest-Paid Entertainers

World’s Highest-Paid Entertainers

ဒါ့အျပင္ U2 တီးဝုိင္းအဖြဲ႕က ဝင္ေငြ (၁၁၈) သန္းနဲ႔ ဆဌမေနရာ၊ Coldplay အဖြဲ႕က (၁၁၅.၅) သန္းနဲ႔ သတၱမေနရာ၊ နာမည္ေက်ာ္ေဘာလုံးသမား Lionel Messi က (၁၁၁) သန္းနဲ႔ အဌမေနရာ၊ အဆုိေတာ္ Ed Sheeran က (၁၁ဝ) သန္းနဲ႔ နဝမေနရာမွာ ရပ္တည္ေနၿပီး ေပၚတူဂီတုိက္စစ္မွဴး Cristiano Ronaldo က ဝင္ေငြ (၁ဝ၈) သန္းနဲ႔ ဒသမေနရာမွာ ရွိေနပါတယ္။

Forbes မဂၢဇင္းရဲ႕ ဝင္ေငြအေကာင္းဆုံးပုဂၢိဳလ္ (၁ဝဝ) စာရင္းမွာ အေမရိကန္၊ ၿဗိတိန္၊ ေပၚတူဂီ၊ အာဂ်င္တီးနား၊ ဘရာဇီးလ္၊ ကုိလံဘီယာ၊ မကၠဆီကုိ၊ ဂ်ာမဏီ၊ စပိန္၊ ဂရိ၊ အိႏၵိယ၊ တရုတ္၊ ကေနဒါ၊ ၾသစေတးလ်နဲ႔ အုိင္ယာလန္တုိ႔လုိ ႏုိင္ငံေတြက နာမည္ေက်ာ္ပုဂၢိဳလ္ေတြ ပါဝင္ခဲ့ၾကပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်ရဲ့  ဝင်ငွေအကောင်းဆုံး နာမည်ကျော်ပုဂ္ဂိုလ် (၁ဝ) ဦး

ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes ဟာ ၂ဝ၁၇ခုနှစ် ဇွန်လ (၁) ရက်ကနေ ၂ဝ၁၈ခုနှစ် ဇွန်လ (၁) ရက်အတွင်း နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ဝင်ငွေတွေကို တွက်ချက်ပြီး ဝင်ငွေအကောင်းဆုံး (၁ဝဝ) ဦးကို ကြေညာလိုက်ပါတယ်။ ကြေညာထားတဲ့ ပုဂ္ဂိုလ် (၁ဝဝ) အနက် ထိပ်ဆုံး (၁ဝ) ဦးကိုပဲ အခရာပရိသတ်ကြီးအတွက် စုစည်းဖော်ပြလိုက်ပါတယ်။ ဖော်ပြထားတဲ့ ငွေကြေးပမာဏဟာ အခွန်မဆောင်ရသေးခင် ပမာဏဖြစ်ပြီး အသားတင်ဝင်ငွေတော့ မဟုတ်ပါဘူး။

ဝင်ငွေအကောင်းဆုံး နာမည်ကျော်ပုဂ္ဂိုလ် (၁ဝ) ဦးစာရင်းမှာတော့ လက်ဝှေ့ကျော် Floyd Mayweather က ဦးဆောင်နေပါတယ်။ ၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တုန်းက UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Conor McGregor နဲ့ ထိုးသတ်ခဲ့တဲ့ ‘The Money Fight’ ပွဲမှာ ဒေါ်လာ (၂၇၅) သန်းအထိ ရရှိခဲ့ကြောင်း သိရပါတယ်။ [ထိုးသတ်ကြေးက သန်း (၁ဝဝ) + ရုပ်သံကြေး (၁၇၅) သန်း] ဒါ့အပြင် ကြော်ငြာခ (၁ဝ) သန်းအထိ ရရှိခဲ့လို့ ဝင်ငွေ (၂၈၅) သန်းနဲ့ နံပါတ် (၁) နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဘဝက အနားယူခဲ့တာကြောင့် ၂ဝ၁၉ ခုနှစ်မှာတော့ ဒီလောက်ဝင်ငွေကောင်းတော့မှာ မဟုတ်ပါဘူး။

နံပါတ် (၂) နေရာမှာတော့ မင်းသားကြီး George Clooney ပဲဖြစ်ပါတယ်။ သူဟာ ၂ဝ၁၈ခုနှစ်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ (၂၃၉) သန်းအထိ ဝင်ငွေရှိခဲ့တာပါ။ သူပိုင်တဲ့ တက်ကီလာကုမ္ပဏီ Casamigos ကို Diageo အရက်ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ဘီလီယံ (သန်း ၁,ဝဝဝ) ပေးပြီး ဝယ်ယူသွားတဲ့အတွက် ဖြစ်ပါတယ်။ သန်း၇ဝဝ ကို လက်ငင်းပေးသွားပြီး လက်ကျန် သန်း၃ဝဝကိုတော့ Casamigos တက်ကီလာရဲ့ ဈေးကွက်ရောင်းအားပေါ် မူတည်ပြီး ဆယ်နှစ်အတွင်း ပေးသွားမှာပါ။ ဒါ့ကြောင့်လည်း လက်ဖျားငွေသီးတဲ့နေတဲ့ မင်းသားကြီးဖြစ်ပါတယ်။

တတိယနေရာမှာတော့ ပုရိသတွေရဲ့အသည်းစွဲ Kylie Jenner က ရပ်တည်နေတာပါ။ သူမရဲ့အသားတင်ကြွယ်ဝမှုဟာ သန်း (၉ဝဝ) အထိရှိပြီး ၂ဝ၁၈ခုနှစ်အတွင်းမှာတင် ၁၆၆.၅ သန်းအထိရှိပါတယ်။ အလှနတ်ဖုရားလေးဖြစ်တဲ့ သူမဟာ Kylie Cosmetics ကုမ္ပဏီကို တည်ထောင်ထားပြီး ထုတ်လုပ်လိုက်တဲ့ Lip Kit တွေက လူကြိုက်များတာဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ လူမှုကွန်ရက်ကနေပြီး ကြော်ငြာခတွေ အများကြီးရတဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်သံနာမည်ကျော် Judy Sheindlin ဟာ (၁၄၇) သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

မင်းသားကြီး Dwayne “The Rock” Johnson ဟာဆိုရင် ဝင်ငွေ (၁၂၄) သန်းနဲ့ ထိပ်ဆုံး (၅) နေရာမှာ စာရင်းဝင်သွားပါတယ်။ အက်ရှင်နဲ့ စူပါဟီးရိုးကားတွေ ဝင်ငွေကောင်းနေတဲ့အချိန်မှာ မင်းသားကြီး The Rock ဟာလည်း အနုပညာကြေးမြင့်လာတာပါ။ Facebook Follower (၅၈) သန်း၊ Twitter Follower (၁၂.၇) သန်း နဲ့ Instagram Follower (၁၁ဝ) သန်းအထိရှိလို့ လူမှုကွန်ရက်ကနေ ကြော်ငြာခတွေ ရနေသူပါ။ ၂ဝ၁၇ခုနှစ်မှာ ဒေါ်လာ (၆၅) သန်း ဝင်ငွေရှိခဲ့တဲ့သူဟာ ဒီနှစ်မှာ ဝင်ငွေနှစ်ဆနီးပါး တိုးတက်ခဲ့ပါတယ်။

World's Highest-Paid Entertainers

World’s Highest-Paid Entertainers

ဒါ့အပြင် U2 တီးဝိုင်းအဖွဲ့က ဝင်ငွေ (၁၁၈) သန်းနဲ့ ဆဌမနေရာ၊ Coldplay အဖွဲ့က (၁၁၅.၅) သန်းနဲ့ သတ္တမနေရာ၊ နာမည်ကျော်ဘောလုံးသမား Lionel Messi က (၁၁၁) သန်းနဲ့ အဌမနေရာ၊ အဆိုတော် Ed Sheeran က (၁၁ဝ) သန်းနဲ့ နဝမနေရာမှာ ရပ်တည်နေပြီး ပေါ်တူဂီတိုက်စစ်မှူး Cristiano Ronaldo က ဝင်ငွေ (၁ဝ၈) သန်းနဲ့ ဒသမနေရာမှာ ရှိနေပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံးပုဂ္ဂိုလ် (၁ဝဝ) စာရင်းမှာ အမေရိကန်၊ ဗြိတိန်၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ဂျာမဏီ၊ စပိန်၊ ဂရိ၊ အိန္ဒိယ၊ တရုတ်၊ ကနေဒါ၊ သြစတေးလျနဲ့ အိုင်ယာလန်တို့လို နိုင်ငံတွေက နာမည်ကျော်ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ကြပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com