[Zawgyi]



(၁) မန်စီးတီး

Man-City

Man-City




(၂) လီဗာပူးလ်

Liverpool

Liverpool



Arsenal Vs Liverpool
Liverpool Vs Fulham
Watford Vs Liverpool
Liverpool Vs Everton
Burnley Vs Liverpool

(၃) ချယ်လ်ဆီး

Chelsea

Chelsea



Chelsea Vs Everton
Chelsea Vs Fulham

Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြနေတဲ့ မန်စီးတီး ၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီး

လက်ရှိ ပရီးမီးယားလိဂ်မှာတော့ မန်စီးတီး ၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတွေဟာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနေကြပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)အပြီးမှာ ဒီ(၃)သင်းလုံးဟာ ရှုံးပွဲမရှိကြသေးပါဘူး။ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)ပွဲအပြီးမှာ အသင်း(၃)သင်းရှုံးပွဲမရှိတာဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

(၁) မန်စီးတီး

Man-City

Man-City

လက်ရှိမှာ ရမှတ်(၂၆)မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်(၁၀)ပွဲကစားအပြီးမှာ (၈)ပွဲနိုင် ၊ (၂)ပွဲသရေရလဒ်ရရှိထားပါတယ်။ မန်စီးတီးအသင်းဟာ ရှေ့တစ်ပတ်မှာ ဆောက်သမ်တန်အသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် ဒီအနေအထားကိုဆက်ထိန်းထားနိုင်ဖို့ ရှိနေပါတယ်။

မန်စီးတီးအသင်းရဲ့ ရှေ့လာမယ့် ပရီးမီးယားလိဂ်(၅)ပွဲ

Manchester City Vs Southampton
Manchester City Vs Manchester United
West Ham United Vs Manchester City
Manchester City Vs AFC Bournemouth
Watford Vs Manchester City

(၂) လီဗာပူးလ်

Liverpool

Liverpool

လီဗာပူးလ်အသင်းဟာလည်း ရမှတ်(၂၆)မှတ်ရရှိထားပြီး ဂိုးကွာခြားချက်ကြောင့်သာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေတာပါ။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်(၁၀)ပွဲကစားအပြီးမှာ (၈)ပွဲနိုင် ၊ (၂)ပွဲသရေရလဒ်ရရှိထားပါတယ်။ ရှေ့တစ်ပတ်မှာကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာသွားရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် လက်ရှိအနေအထားကို ဆက်ထိန်းထားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ ရှေ့လာမယ့် ပရီးမီးယားလိဂ်(၅)ပွဲ

Arsenal Vs Liverpool
Liverpool Vs Fulham
Watford Vs Liverpool
Liverpool Vs Everton
Burnley Vs Liverpool

(၃) ချယ်လ်ဆီး

Chelsea

Chelsea

နည်းပြ ဆာရီ Sarri ရဲ့ ချယ်လ်ဆီးအသင်းဟာလည်း လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိကစားထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်(၁၀)ပွဲကစားအပြီးမှာ (၇)ပွဲနိုင် ၊ (၃)ပွဲသရေရလဒ်ရရှိထားတာပါ။ ချယ်လ်ဆီးအသင်းရဲ့ ရှေ့လာမယ့်ပွဲစဉ်တွေဟာလည်း အနည်းငယ်ချောင်သလိုရှိတာကြောင့် အသင်းအနေနဲ့ ဒီအနေအထားကိုဆက်ထိန်းသွားဖို့ ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ရှေ့လာမယ့် ပရီးမီးယားလိဂ်(၅)ပွဲ

Chelsea Vs Crystal Palace
Chelsea Vs Everton
Tottenham Hotspur Vs Chelsea
Chelsea Vs Fulham
Wolverhampton Vs Chelsea

Ref: Bleacher Report Football
Photo: Goal.com , Sports Illustrated , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com