[Zawgyi]

အဂၤလန္ေဘာလုံးေလာကနဲ႔ပတ္သက္တဲ့ ေသာင္းေျပာင္းေထြလာ မွတ္တမ္းမ်ား

ေဘာလုံးေလာကဆုိတာ ထူးျခားဆန္းၾကယ္တဲ့ အေၾကာင္းအရာေတြနဲ႔ ျပည့္ႏွက္ေနၿပီး စံခ်ိန္မွတ္တမ္းေတြဆုိတာကလည္း တစ္ေန႔တစ္မ်ိဳး မ႐ုိးရေအာင္ပါပဲ။ အဲဒီထဲကမွ အဂၤလန္ေဘာလုံးေလာကနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္ေတြထဲက ေကာင္းႏုိးရာရာ အခ်က္အလက္ေတြ၊ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား နာမည္ေက်ာ္ ကစားသမားေတြရဲ႕ အေၾကာင္းေတြကုိ ဗဟုသုတအျဖစ္ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးခ်င္တာျဖစ္ပါတယ္ . .

၁. ေနာ႔စ္ေကာင္တီအသင္းကုိ ကုိင္တြယ္ေနတဲ့ ဟယ္ရီကီး၀ဲလ္ Harry Kewell

Harry-Kewell-is-Notts-County’s-manager

Harry-Kewell-is-Notts-County’s-manager

လိဒ္စ္၊ လီဗာပူးလ္အသင္းတို႔မွာ ေျခစြမ္းျပခဲ့တဲ့ တစ္ခ်ိန္က ပရီးမီးယားလိဂ္ နာမည္ေက်ာ္ တိုက္စစ္ကစားသမား ဟယ္ရီကီး၀ဲလ္ Harry Kewell ကုိ ပရိသတ္ေတြ မွတ္မိၾကဦးမွာပါ။ ကစားသမားဘ၀က အနားယူၿပီး နည္းျပေလာကထဲ ၀င္ေရာက္ခဲ့တဲ့ေနာက္မွာေတာ့ ဟယ္ရီကီး၀ဲလ္ဟာ ပရိသတ္ေတြရဲ႕ ျမင္ကြင္းထဲက ေပ်ာက္ကြယ္သြားတာ ၾကာပါၿပီ။ အခု သူဟာ League Two ကလပ္ ေနာ့စ္ေကာင္တီ နည္းျပအျဖစ္ ေဆာင္ရြက္ၿပီျဖစ္ပါတယ္။ ကစားသမားဘ၀မွာ ခ်န္ပီယံလိဂ္လုိ ဆုဖလားမ်ိဳး ဆြတ္ခူးခဲ့တဲ့ ဟယ္ရီကီး၀ဲလ္ဟာ နည္းျပဘ၀မွာေတာ့ ႐ုန္းကန္ေနရၿပီး ေအာင္ျမင္မႈ လမ္းစကုိ ရွာေဖြေနရဆဲပါပဲ။

၂. ပရီးမီးယားလိဂ္တစ္ရာသီလုံးမွာ အိမ္ကြင္း (၁၀)ဂုိးသာ သြင္းခဲ့တဲ့ မန္စီးတီး

Man-City-scored-just-ten-goals-at-home-in-an-entire-season

Man-City-scored-just-ten-goals-at-home-in-an-entire-season

ေခါင္းစဥ္ကုိ ဖတ္ၿပီး ဟုတ္မွဟုတ္ရဲ႕လားလုိ႔ သံသယမျဖစ္ပါနဲ႔။ ဒီေန႔ဒီအခ်ိန္မွာ မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းစာရင္း၀င္ အသင္းျဖစ္ေနေပမယ့္ လြန္ခဲ့ေသာ ဆယ္စုႏွစ္တစ္ခုေက်ာ္တုန္းက တန္းဆင္းလုိက္ တန္းတက္လုိက္ျဖစ္ေနတာပါ။ ၂၀၀၆-၀၇ ရာသီတုန္းက အိမ္ကြင္းပဲြစဥ္ (၁၈)ပဲြမွာ (၁၀)ဂုိးသာ သြင္းခဲ့တဲ့အထိ အေျခအေနဆုိးခဲ့ၿပီး ေနာက္ဆုံး (၈)ပဲြဆက္ ဂုိးမသြင္းႏုိင္ခဲ့ဘူး။ ဒါဟာ ပရီးမီးယားလိဂ္ရဲ႕ အဆုိးရြားဆုံး စံခ်ိန္တစ္ခုလည္းျဖစ္ပါတယ္။

၃.ပရီးမီးယားလိဂ္ အိမ္ကြင္းမွာ အသံအက်ယ္ဆုံး အားေပးၾကတဲ့ ၀ုလ္ဗ္ပရိသတ္မ်ား

Wolves-has-the-loudest-fans-in-the-Premier-League

Wolves-has-the-loudest-fans-in-the-Premier-League

ဒီရာသီ ပရီးမီးယားလိဂ္မွာ ၀ုလ္ဗ္ပရိသတ္ေတြရဲ႕ အားေပးမႈကေတာ့ တကယ့္ကုိ ေလးစားစရာပါပဲ။ ၀ုလ္ဗ္အသင္းရဲ႕ အိမ္ကြင္းပဲြစဥ္ေတြမွာ သူတို႔ပရိသတ္ေတြ ေအာ္ဟစ္ၾကတဲ့ အသံႏႈန္းက ၈၅ Decibels အထိ ရွိပါတယ္။ သာမန္အတိုင္းမွာ ၇၅ Decibels ဆုိရင္ အၾကားအာ႐ုံ ထိခုိက္မႈ မရွိေပမယ့္ ၈၅ နဲ႔အထက္ ဆုိရင္ေတာ့ အာ႐ုံေၾကာေတြကုိ ထိခုိက္ေစၿပီး နားမၾကားတာမ်ိဳးေတြျဖစ္ႏုိင္ပါတယ္။ ဒါေပမဲ့ ၀ုလ္ဗ္ပရိသတ္ေတြကေတာ့ အဲဒါေတြကုိ သိပ္ဂ႐ုစုိက္တဲ့ပုံ မေပၚပါဘူး။

၄. ပရီးမီးယားလိဂ္မွာ Assist (၁)ႀကိမ္သာ လုပ္ခဲ့တဲ့ ဘာလုိတယ္လီ Mario Balotelli

Mario-Balotelli-only-has-one-Premier-League-assist

Mario-Balotelli-only-has-one-Premier-League-assist

ေဘာလုံးလူဆုိး ဘာလုိတယ္လီဟာ မန္စီးတီးအသင္းမွာ ၂၀၁၀ ကေန ၂၀၁၃ ခုႏွစ္အထိ ကစားခဲ့ဖူးၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့တယ္။ အသင္းအတြက္ ဂုိးေတြ သြင္းယူခဲ့ေပမယ့္ ဘာလုိတယ္လီဟာ အသင္းေဖာ္ေတြကုိ ဂုိးသြင္းခြင့္ရေအာင္ ဖန္တီးႏုိင္မႈမွာေတာ့ အေတာ္အားနည္းခဲ့တယ္။ ပရီးမီးယားလိဂ္မွာ ကစားခဲ့တဲ့ (၃)ရာသီအတြင္း ဂုိးဖန္တီးမႈ (၁)ႀကိမ္သာ လုပ္ခဲ့ၿပီး အဲဒါကေတာ့ ၂၀၁၁-၁၂ ရာသီ QPR နဲ႔ ကစားခဲ့တဲ့ ရာသီပိတ္ပဲြတုန္းက အဂြဲ႐ုိး Sergio Aguero ဂုိးသြင္းႏုိင္ေအာင္ ဖန္တီးေပးခဲ့တာပါပဲ။

၅.ပရီးမီးယားလိဂ္မွာ ဘယ္သူမွ မစြမ္းေဆာင္ႏုိင္တဲ့ မွတ္တမ္းပုိင္ရွင္ ဂါရတ္ေဘးလ္ Gareth Bale

Gareth-Bale’s-holds-a-crazy-Premier-League-record

Gareth-Bale’s-holds-a-crazy-Premier-League-record

စပါးအသင္းနဲ႔အတူ ေဘာလုံးစင္ျမင့္ထက္မွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ ဂါရတ္ေဘးလ္ရဲ႕ မွတ္တမ္းက တကယ့္ကုိ ထူးထူးျခားျခားပါပဲ။ တစ္ပဲြတည္းမွာပဲ ဂုိးသြင္း၊ ဂုိးဖန္တီး၊ ကုိယ့္ဂုိးကုိယ္သြင္း၊ အ၀ါကတ္ျပခံခဲ့ရတာျဖစ္ၿပီး ဒီလုိမ်ိဳး ဘယ္သူမွ မစြမ္းေဆာင္ႏုိင္ေသးပါဘူး။ ၂၀၁၂ ခုႏွစ္တုန္းက စပါးအသင္းရဲ႕ ၀ိႈက္ဟတ္လိန္းကြင္းမွာ လီဗာပူးလ္နဲ႔ ဆုံေတြ႕ခဲ့စဥ္က အဲဒီ ထူးထူးျခားျခားမွတ္တမ္းကုိ ဂါရတ္ေဘးလ္ ပိုင္ဆုိင္ခဲ့တာပါ။

REF:dreamteamfc
Photo:Calcio Fanpage,dreamteamfc,Manchester City
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန်ဘောလုံးလောကနဲ့ပတ်သက်တဲ့ သောင်းပြောင်းထွေလာ မှတ်တမ်းများ

ဘောလုံးလောကဆိုတာ ထူးခြားဆန်းကြယ်တဲ့ အကြောင်းအရာတွေနဲ့ ပြည့်နှက်နေပြီး စံချိန်မှတ်တမ်းတွေဆိုတာကလည်း တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲ။ အဲဒီထဲကမှ အင်္ဂလန်ဘောလုံးလောကနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေထဲက ကောင်းနိုးရာရာ အချက်အလက်တွေ၊ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်ကျော် ကစားသမားတွေရဲ့ အကြောင်းတွေကို ဗဟုသုတအဖြစ် သိရှိနိုင်အောင် ဖော်ပြပေးချင်တာဖြစ်ပါတယ် . .

၁. နော့စ်ကောင်တီအသင်းကို ကိုင်တွယ်နေတဲ့ ဟယ်ရီကီးဝဲလ် Harry Kewell

Harry-Kewell-is-Notts-County’s-manager

Harry-Kewell-is-Notts-County’s-manager

လိဒ်စ်၊ လီဗာပူးလ်အသင်းတို့မှာ ခြေစွမ်းပြခဲ့တဲ့ တစ်ချိန်က ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်ကစားသမား ဟယ်ရီကီးဝဲလ် Harry Kewell ကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ ကစားသမားဘဝက အနားယူပြီး နည်းပြလောကထဲ ဝင်ရောက်ခဲ့တဲ့နောက်မှာတော့ ဟယ်ရီကီးဝဲလ်ဟာ ပရိသတ်တွေရဲ့ မြင်ကွင်းထဲက ပျောက်ကွယ်သွားတာ ကြာပါပြီ။ အခု သူဟာ League Two ကလပ် နော့စ်ကောင်တီ နည်းပြအဖြစ် ဆောင်ရွက်ပြီဖြစ်ပါတယ်။ ကစားသမားဘဝမှာ ချန်ပီယံလိဂ်လို ဆုဖလားမျိုး ဆွတ်ခူးခဲ့တဲ့ ဟယ်ရီကီးဝဲလ်ဟာ နည်းပြဘဝမှာတော့ ရုန်းကန်နေရပြီး အောင်မြင်မှု လမ်းစကို ရှာဖွေနေရဆဲပါပဲ။

၂. ပရီးမီးယားလိဂ်တစ်ရာသီလုံးမှာ အိမ်ကွင်း (၁၀)ဂိုးသာ သွင်းခဲ့တဲ့ မန်စီးတီး

Man-City-scored-just-ten-goals-at-home-in-an-entire-season

Man-City-scored-just-ten-goals-at-home-in-an-entire-season

ခေါင်းစဉ်ကို ဖတ်ပြီး ဟုတ်မှဟုတ်ရဲ့လားလို့ သံသယမဖြစ်ပါနဲ့။ ဒီနေ့ဒီအချိန်မှာ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းစာရင်းဝင် အသင်းဖြစ်နေပေမယ့် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်တုန်းက တန်းဆင်းလိုက် တန်းတက်လိုက်ဖြစ်နေတာပါ။ ၂၀၀၆-၀၇ ရာသီတုန်းက အိမ်ကွင်းပွဲစဉ် (၁၈)ပွဲမှာ (၁၀)ဂိုးသာ သွင်းခဲ့တဲ့အထိ အခြေအနေဆိုးခဲ့ပြီး နောက်ဆုံး (၈)ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး စံချိန်တစ်ခုလည်းဖြစ်ပါတယ်။

၃.ပရီးမီးယားလိဂ် အိမ်ကွင်းမှာ အသံအကျယ်ဆုံး အားပေးကြတဲ့ ဝုလ်ဗ်ပရိသတ်များ

Wolves-has-the-loudest-fans-in-the-Premier-League

Wolves-has-the-loudest-fans-in-the-Premier-League

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဝုလ်ဗ်ပရိသတ်တွေရဲ့ အားပေးမှုကတော့ တကယ့်ကို လေးစားစရာပါပဲ။ ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ သူတို့ပရိသတ်တွေ အော်ဟစ်ကြတဲ့ အသံနှုန်းက ၈၅ Decibels အထိ ရှိပါတယ်။ သာမန်အတိုင်းမှာ ၇၅ Decibels ဆိုရင် အကြားအာရုံ ထိခိုက်မှု မရှိပေမယ့် ၈၅ နဲ့အထက် ဆိုရင်တော့ အာရုံကြောတွေကို ထိခိုက်စေပြီး နားမကြားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဝုလ်ဗ်ပရိသတ်တွေကတော့ အဲဒါတွေကို သိပ်ဂရုစိုက်တဲ့ပုံ မပေါ်ပါဘူး။

၄. ပရီးမီးယားလိဂ်မှာ Assist (၁)ကြိမ်သာ လုပ်ခဲ့တဲ့ ဘာလိုတယ်လီ Mario Balotelli

Mario-Balotelli-only-has-one-Premier-League-assist

Mario-Balotelli-only-has-one-Premier-League-assist

ဘောလုံးလူဆိုး ဘာလိုတယ်လီဟာ မန်စီးတီးအသင်းမှာ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တယ်။ အသင်းအတွက် ဂိုးတွေ သွင်းယူခဲ့ပေမယ့် ဘာလိုတယ်လီဟာ အသင်းဖော်တွေကို ဂိုးသွင်းခွင့်ရအောင် ဖန်တီးနိုင်မှုမှာတော့ အတော်အားနည်းခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ (၃)ရာသီအတွင်း ဂိုးဖန်တီးမှု (၁)ကြိမ်သာ လုပ်ခဲ့ပြီး အဲဒါကတော့ ၂၀၁၁-၁၂ ရာသီ QPR နဲ့ ကစားခဲ့တဲ့ ရာသီပိတ်ပွဲတုန်းက အဂွဲရိုး Sergio Aguero ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာပါပဲ။

၅.ပရီးမီးယားလိဂ်မှာ ဘယ်သူမှ မစွမ်းဆောင်နိုင်တဲ့ မှတ်တမ်းပိုင်ရှင် ဂါရတ်ဘေးလ် Gareth Bale

Gareth-Bale’s-holds-a-crazy-Premier-League-record

Gareth-Bale’s-holds-a-crazy-Premier-League-record

စပါးအသင်းနဲ့အတူ ဘောလုံးစင်မြင့်ထက်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့ မှတ်တမ်းက တကယ့်ကို ထူးထူးခြားခြားပါပဲ။ တစ်ပွဲတည်းမှာပဲ ဂိုးသွင်း၊ ဂိုးဖန်တီး၊ ကိုယ့်ဂိုးကိုယ်သွင်း၊ အဝါကတ်ပြခံခဲ့ရတာဖြစ်ပြီး ဒီလိုမျိုး ဘယ်သူမှ မစွမ်းဆောင်နိုင်သေးပါဘူး။ ၂၀၁၂ ခုနှစ်တုန်းက စပါးအသင်းရဲ့ ဝှိုက်ဟတ်လိန်းကွင်းမှာ လီဗာပူးလ်နဲ့ ဆုံတွေ့ခဲ့စဉ်က အဲဒီ ထူးထူးခြားခြားမှတ်တမ်းကို ဂါရတ်ဘေးလ် ပိုင်ဆိုင်ခဲ့တာပါ။

REF:dreamteamfc
Photo:Calcio Fanpage,dreamteamfc,Manchester City
Naing Linn(Akhayar)
www.akhayar.com