[Zawgyi]

အဖေထက် သား လက်စောင်းထက်ခဲ့ကြတဲ့ ဘောလုံးသမားများ

ဘောလုံးသမိုင်းတစ်လျှောက်မှာ အဖေရော၊ သားရော နာမည်ကျော်ခဲ့တဲ့သူတွေ ရှိသလို၊ အဖေက ထင်ရှားပေမယ့် သားအလှည့်ကျမှ လူသိပ်မသိတာမျိုးတွေလည်း အများကြီးပါ။ ဥပမာ ရှမိုက်ကယ် Schmeichel တို့ သားအဖဆိုရင် အဖေရော သားရော အောင်မြင်ခဲ့တယ်၊ ဒါပေမဲ့ ယိုဟန်ခရိုက်ဖ် Johan Cruyffကျတော့လည်း အဖေက လျမ်းလျမ်းတောက် အောင်မြင်ပေမယ့် သားဖြစ်သူ ယော်ဒီခရိုက်ဖ် Jordi Cruyff က မထင်မရှားနဲ့ ဘောလုံးသမားဘ၀ အဆုံးသတ်ခဲ့ရတယ်။ ဒါပေမဲ့ ဘောလုံးသမားဘ၀မှာ အဖေထက် သားက ပိုပြီးထင်ရှားကျော်ကြားခဲ့သူတွေလည်း ရှိခဲ့ကြတယ်။ အဲဒီသူတွေကို Akhayar Sports ပရိသတ်တွေ ဗဟုသုတရစေဖို့အတွက် ဖော်ပြလိုက်ပါတယ် . .

Cesare Maldini – Paolo Maldini

Cesare-Maldini-and-Paolo

Cesare-Maldini-and-Paolo

ဘောလုံးလောကမှာ အဖေရော၊ သားပါ ထင်ရှားတဲ့သူတွေထဲ ဆီဆာမာလ်ဒီနီ နဲ့ ပေါ်လိုမာလ်ဒီနီတို့ သားအဖလည်း အပါအ၀င်ပါ။ နှစ်ဦးစလုံးက အေစီမီလန်အသင်းရဲ့ ဂန္ထ၀င်တွေဖြစ်ကြပြီး ဘောလုံးသမားဘ၀မှာ ဆီဆာမာလ်ဒီနီက အေစီမီလန်အသင်းနဲ့အတူ စီးရီးအေ (၄)ကြိမ်၊ ဥရောပဖလား(ချန်ပီယံလိဂ်) (၁)ကြိမ်ရရှိခဲ့တယ်။ ဒါပေမဲ့ ပေါ်လိုက သူ့အဖေထက် ပိုပြီးအောင်မြင်တယ်လို့ ဆိုရမယ်။ စီးရီးအေ(၇)ကြိမ်၊ ချန်ပီယံလိဂ် (၅)ကြိမ်အပါအ၀င် ဆုဖလားပေါင်း (၂၆)ခုအထိ ရယူနိုင်ခဲ့လို့ပါပဲ။

ဆီဆာမာလ်ဒီနီ ရရှိခဲ့တဲ့ ဆုဖလားများ
Serie A: 1954–55, 1956–57, 1958–59, 1961–62
European Cup: 1962–63
Latin Cup: 1956

ပေါ်လိုမာလ်ဒီနီ ရရှိခဲ့တဲ့ ဆုဖလားများ
Serie A: 1987–88, 1991–92, 1992–93, 1993–94, 1995–96, 1998–99, 2003–04
Coppa Italia: 2002–03
Supercoppa Italiana: 1988, 1992, 1993, 1994, 2004
European Cup/Champions League: 1988–89, 1989–90, 1993–94, 2002–03, 2006–07
UEFA Super Cup: 1989, 1990, 1994, 2003, 2007
Intercontinental Cup: 1989, 1990
FIFA Club World Cup: 2007

Frank Lampard Sr – Frank Lampard

Frank-Lampard-Sr-and-Lampard

Frank-Lampard-Sr-and-Lampard

ချယ်လ်ဆီးဂန္ထ၀င် လမ်းပတ်ကို မသိတဲ့သူမရှိပေမယ့် သူဖခင်ဖြစ်တဲ့ ဖရန့်လမ်းပတ်စီနီယာကိုတော့ ပရိသတ်တွေ သိပ်မသိကြပါဘူး။ ၀က်စ်ဟမ်းအသင်းရဲ့ ဂန္ထ၀င် လမ်းပတ်စီနီယာဟာ အသင်းနဲ့ FA ဖလား (၂)ကြိမ်၊ ဒုတိယတန်းအမှတ်ပေးဖလား (၁)ကြိမ်ရရှိခဲ့ပြီး သားဖြစ်သူ လမ်းပတ်ကတော့ သူ့အဖေထက် ပိုအောင်မြင်ခဲ့တာကြောင့် အဖေဂုဏ်ယူရမယ့် သားတစ်ယောက်ဖြစ်ခဲ့တယ်။ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်စတဲ့ အဓိက ဆုဖလားတွေ ဆွတ်ခူးခဲ့ပြီး အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေသူပါ။

လမ်းပတ်စီနီယာ ရရှိခဲ့တဲ့ဆုဖလားများ
FA Cup: 1975၊ 1980
Second Division Title: 1981

လမ်းပတ် ရရှိခဲ့တဲ့ ဆုဖလားများ
Premier League: 2004–05, 2005–06, 2009–10[237]
FA Cup: 2006–07, 2008–09, 2009–10, 2011–12
Football League Cup: 2004–05, 2006–07
FA Community Shield: 2005, 2009
UEFA Champions League: 2011–12
UEFA Europa League: 2012–13

Jorge Higuain-Gonzalo Higuain

Gonzalo-Higuain-and-Jorge-Higuain

Gonzalo-Higuain-and-Jorge-Higuain

အေစီမီလန်အသင်းမှာ ကစားနေတဲ့ ဂွန်ဇာလိုဟီဂွါအင်ကလည်း အဖေဂုဏ်ယူရမယ့် သားတစ်ဦးပါ။ သူ့ဖခင်ဖြစ်သူ ဂျော့ခ်ျဟီဂွါအင်ဟာ နောက်ခံကစားသမားဟောင်း တစ်ဦးဖြစ်ပြီး အာဂျင်တီးနား ထိပ်သီးကလပ်တွေဖြစ်တဲ့ ဆန်လော်ရန်ဇို ၊ ဘိုကာဂျူနီယာ၊ ရေးဗားပလိတ်အသင်းတွေမှာ ကစားခဲ့ဖူးသူပါ။ ဒါပေမဲ့ သူ့သားလိုတော့ မအောင်မြင်ခဲ့ပါဘူး။ ဂျော့ခ်ျမှာ Nicolás, Federico, Gonzalo နဲ့ Lautaro သား(၄)ဦးရှိပြီး Federico, Gonzalo တို့က ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအဖြစ် ရပ်တည်နေကြတာဖြစ်ပါတယ်။

ဟီဂွါအင် ရရှိခဲ့တဲ့ ဆုဖလားများ
Real Madrid
La Liga: 2006–07, 2007–08, 2011–12
Copa del Rey: 2010–11
Supercopa de España: 2008, 2012

Napoli
Coppa Italia: 2013–14
Supercoppa Italiana: 2014

Juventus
Serie A: 2016–17, 2017–18
Coppa Italia: 2016–17, 2017–18

Pablo Forlan- Diego Forlan

Diego-Forlan-and-Pablo-Forlan

Diego-Forlan-and-Pablo-Forlan

ပြီးခဲ့တဲ့ (၁၀)စုနှစ်တစ်ခုကျော်အတွင်း ထိပ်တန်းတိုက်စစ်မှူးစာရင်းဝင်ဖြစ်ခဲ့တဲ့ ဒီယေဂိုဖော်လန်ကို ပရိသတ်တွေ မှတ်မိဦးမှာပါ။ မန်ယူအသင်းမှာ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရပေမယ့် အက်သလက်တီကို၊ ဗီလာရီးယဲလ်တို့မှာ ခြေစွမ်းပြပြီး ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူခဲ့သူဖြစ်ပါတယ်။ ဒီယေဂိုရဲ့ဖခင် ပတ်ဘလိုဖော်လန်ကလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့် သူ့သားလို ဥရောပမြေကို တစ်ခါမှ ခြေမချခဲ့ဘူးပဲ ပြည်တွင်းကလပ်တွေမှာသာ ကျင်လည်ခဲ့တယ်။ ပတ်ဘလိုရဲ့ အောင်မြင်မှုကလည်း မသေးပါဘူး။ ၁၉၆၀ ၀န်းကျင်ကာလတွေမှာ ဥရုဂွေးအမှတ်ပေးဖလား (၇)ကြိမ်၊ ကိုပါလစ်ဘာတာဒိုးစ်ဖလား (၁)ကြိမ် ရခဲ့တဲ့အပြင် ဥရုဂွေးအသင်းနဲ့လည်း ကိုပါအမေရိကဖလား ဆွတ်ခူးခဲ့တယ်။ ဒီယေဂိုက သူ့အဖေရဲ့ခြေရာကို အမီလိုက်နင်းခဲ့တဲ့အပြင် အဖေထက်တောင် ပိုအောင်မြင်တဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီယေဂိုဖော်လန်ရရှိခဲ့တဲ့ ဆုဖလားများ

Manchester United

Premier League: 2002–03[92]
FA Cup: 2003–04
FA Community Shield: 2003
Villarreal

UEFA Intertoto Cup: 2004
Atlético Madrid

UEFA Europa League: 2009–10
UEFA Super Cup: 2010
Internacional

Campeonato Gaúcho: 2013
Penarol

Primera División: 2015–16
Kitchee

Hong Kong Premier League: 2017–18
Uruguay

Copa América: 2011

REF:sportskeeda
Photo:SB Nation,Twitter,El Español
Naing Linn(Akhayar)
www.akhayar.com