[Zawgyi]

ကလပ္တစ္သင္းတည္းမွာပဲ ကစားသမားဘ၀/နည္းျပဘ၀ စတင္ခဲ့ၾကသူမ်ား

ဒီေန႔ေခတ္ေဘာလုံးေလာကမွာ ကုိယ္က်င္လည္ခဲ့ဖူးတဲ့ အသငး္ဆီ နည္းျပအျဖစ္နဲ႔ ျပန္ေရာက္လာတာက သိပ္ထူးဆန္းတဲ့ ကိစၥမဟုတ္ပါဘူး။ ဒါေပမဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ကုိေရာ၊ နည္းျပဘ၀ကိုပါ အသင္းတစ္သင္းတည္းနဲ႔ စတင္ခဲ့သူေတြက လက္ခ်ိဳးေရလုိ႔ ရေလာက္တယ္။ အခုဆုိရင္ ျပင္သစ္ဂႏၳ၀င္ ကစားသမား အြန္နရီ Thierry Henry ဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ စတင္ခဲ့တဲ့ မုိနာကုိအသင္းမွာ ပေရာ္ဖက္ရွင္နယ္ နည္းျပဘ၀ စတင္ပါေတာ့မယ္။

Thierry-Henry

Thierry-Henry

အြန္နရီဟာ ဘယ္လ္ဂ်ီယံအသင္း လက္ေထာက္နည္းျပအျဖစ္ ေဆာင္ရြက္ခဲ့ဖူးေပမယ့္ ပေရာ္ဖက္ရွင္နယ္နည္းျပဘ၀ကုိေတာ့ အခုမွ စတင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အြန္နရီအပါအ၀င္ ကလပ္တစ္သင္းတည္းမွာပဲ ကစားသမားဘ၀/နည္းျပဘ၀ စတင္ခဲ့ၾကသူေတြကို Akhayar Sports ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ရပါတယ္ . .

ေဟးနက္စ္ Jupp Heynckes

Jupp-Heynckes

Jupp-Heynckes

ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔အတူ သမုိင္းတြင္မယ့္ ဖလား(၃)လုံးခ်န္ပီယံမွတ္တမ္း ရယူခဲ့တဲ့ ၀ါရင့္နည္းျပႀကီး ေဟးနက္စ္ကုိ ပရိသတ္ေတြ မွတ္မိဦးမွာပါ။ ေဟးနက္စ္ဟာ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ တဲြဖက္ၿပီး ထင္ရွားခဲ့ေပမယ့္ ပေရာ္ဖက္ရွင္နယ္ နည္းျပဘ၀ကုိေတာ့ မုိခ်န္ဂလာဘတ္အသင္းနဲ႔အတူ စတင္ခဲ့တာျဖစ္ပါတယ္။ ကစားသမားဘ၀မွာ မုိခ်န္ဂလာဘတ္အသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ စတင္ခဲ့ၿပီး ၁၉၆၃ ကေန ၁၉၆၇ ခုႏွစ္အထိ ကစားခဲ့သလုိ နည္းျပဘ၀ ပထမဆုံးကုိင္တြယ္တဲ့အသင္းကလည္း မုိခ်န္ဂလာဘတ္ပါပဲ။ ကစားသမားဘ၀မွာ မုိခ်န္အသင္းနဲ႔အတူ ေအာင္ျမင္မႈရခဲ့ေပမယ့္ နည္းျပဘ၀မွာေတာ့ ဆုဖလားေအာင္ျမင္မႈ မရွိခဲ့ပါဘူး။

ဖာနန္ဒုိဆန္းတို႔စ္ Fernando Santos

Fernando-Santos

Fernando-Santos

ေပၚတူဂီအသင္းကုိ ယူ႐ုိ-၂၀၁၆ ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ခဲ့တဲ့ နာမည္ေက်ာ္နည္းျပျဖစ္ပါတယ္။ ဒါေပမဲ့ ဖာနန္ဒုိဆန္းတို႔စ္ရဲ႕ ကစားသမားဘ၀ကုိ ေပၚတူဂီကလပ္ Estoril အသင္းနဲ႔ စတင္ခဲ့တာကုိေတာ့ ေတာ္ေတာ္မ်ားမ်ား မသိေလာက္ပါဘူး။ ေနာက္ခံလူျဖစ္တဲ့ ဖာနန္ဒုိဆန္းတို႔စ္ဟာ Estoril အသင္းအတြက္ ၁၉၇၃- ၁၉၇၉ အထိ ကစားခဲ့ၿပီး ေဘာလုံးသမားဘ၀က အနားယူၿပီးေနာက္ပုိင္းမွာ သူ႔ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ စတင္ရာ Estoril အသင္းလက္ေထာက္နည္းျပ၊ ၿပီးေတာ့ နည္းျပအျဖစ္ ကုိင္တြယ္ခဲ့သူပါ။

ဂြါဒီယုိလာ Pep Guardiola

Pep-Guardiola

Pep-Guardiola

ကတ္တလန္မွာ ေမြးဖြားခဲ့ၿပီး အသက္(၁၃)ႏွစ္အရြယ္ကတည္းက ဘာစီလုိနာရဲ႕ လာမာစီယာ အကယ္ဒမီကုိ ေရာက္ရွိခဲ့တဲ့ ဂြါဒီယုိလာဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀/နည္းျပဘ၀ကုိ ဘာစီလုိနာအသင္းနဲ႔ စတင္ခဲ့တာ သိပ္ေတာ့ မထူးဆန္းပါဘူး။ ဒါေပမဲ့ ကစားသမားဘ၀မွာ ဥေရာပဖလား(ခ်န္ပီယံလိဂ္)၊ လာလီဂါ၊ စပိန္ဘုရင့္ဖလား၊ ဥေရာပစူပါဖလား စတဲ့ ေအာင္ျမင္မႈေတြ ရယူခဲ့သလုိ နည္းျပဘ၀မွာလည္း ခ်န္ပီယံလိဂ္၊ လာလီဂါအပါအ၀င္ ဆုဖလား(၁၄)ခုအထိ ရယူခဲ့တာေၾကာင့္ ဘာစီလုိနာ သမုိင္းတစ္ေလွ်ာက္ ကစားသမား/နည္းျပဘ၀အျဖစ္ ေအာင္ျမင္မႈရယူခဲ့သူ စာရင္းထဲမွာ ပါ၀င္ႏုိင္ခဲ့တယ္။

ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff

Johan-Cruyff

Johan-Cruyff

ေဘာလုံးသမုိင္းမွာ ယုိဟန္ခ႐ုိက္ဖ္လုိမ်ိဳး ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ေအာင္ျမင္မႈ ရယူခဲ့တဲ့သူက သိပ္အမ်ားႀကီး မရွိပါဘူး။ ဂြါဒီယုိလာကုိ ေဘာလုံးစင္ျမင့္ထက္မွာ ထင္ရွားလာေအာင္ ေျမေတာင္ေျမႇာက္ေပးခဲ့သူ ယုိဟန္ခ႐ုိက္ဖ္ဟာ ကစားသမားဘ၀ေရာ၊ နည္းျပဘ၀ကုိပါ ေအဂ်က္စ္အသင္းမွာ စတင္ခဲ့သူျဖစ္ပါတယ္။ ကစားသမားဘ၀မွာ ေအဂ်က္စ္အသင္းန႔ဲအတူ ဥေရာပဖလား(ခ်န္ပီယံလိဂ္) (၃)ႀကိမ္အပါအ၀င္ ဆုဖလားအမ်ားႀကီး ရယူခဲ့တဲ့ ယုိဟန္ခ႐ုိက္ဖ္ဟာ UEFA Cup Winners’ Cup ၊ ဒတ္ခ်္ဖလားေတြ ရယူခဲ့တယ္။

REF:.sportskeeda
Photo:Getty Images,Playing for 90,Goal.com,squawka
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကလပ်တစ်သင်းတည်းမှာပဲ ကစားသမားဘဝ/နည်းပြဘ၀ စတင်ခဲ့ကြသူများ

ဒီနေ့ခေတ်ဘောလုံးလောကမှာ ကိုယ်ကျင်လည်ခဲ့ဖူးတဲ့ အသင်းဆီ နည်းပြအဖြစ်နဲ့ ပြန်ရောက်လာတာက သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကိုရော၊ နည်းပြဘဝကိုပါ အသင်းတစ်သင်းတည်းနဲ့ စတင်ခဲ့သူတွေက လက်ချိုးရေလို့ ရလောက်တယ်။ အခုဆိုရင် ပြင်သစ်ဂန္ထဝင် ကစားသမား အွန်နရီ Thierry Henry ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့တဲ့ မိုနာကိုအသင်းမှာ ပရော်ဖက်ရှင်နယ် နည်းပြဘ၀ စတင်ပါတော့မယ်။

Thierry-Henry

Thierry-Henry

အွန်နရီဟာ ဘယ်လ်ဂျီယံအသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပေမယ့် ပရော်ဖက်ရှင်နယ်နည်းပြဘဝကိုတော့ အခုမှ စတင်မှာဖြစ်ပါတယ်။ ဒါကြောင့် အွန်နရီမတိုင်ခင်  ကလပ်တစ်သင်းတည်းမှာပဲ ကစားသမားဘဝ/နည်းပြဘ၀ စတင်ခဲ့ကြသူတွေကို Akhayar Sports ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ရပါတယ် . .

ဟေးနက်စ် Jupp Heynckes

Jupp-Heynckes

Jupp-Heynckes

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ သမိုင်းတွင်မယ့် ဖလား(၃)လုံးချန်ပီယံမှတ်တမ်း ရယူခဲ့တဲ့ ဝါရင့်နည်းပြကြီး ဟေးနက်စ်ကို ပရိသတ်တွေ မှတ်မိဦးမှာပါ။ ဟေးနက်စ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွဲဖက်ပြီး ထင်ရှားခဲ့ပေမယ့် ပရော်ဖက်ရှင်နယ် နည်းပြဘဝကိုတော့ မိုချန်ဂလာဘတ်အသင်းနဲ့အတူ စတင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝမှာ မိုချန်ဂလာဘတ်အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့ပြီး ၁၉၆၃ ကနေ ၁၉၆၇ ခုနှစ်အထိ ကစားခဲ့သလို နည်းပြဘ၀ ပထမဆုံးကိုင်တွယ်တဲ့အသင်းကလည်း မိုချန်ဂလာဘတ်ပါပဲ။ ကစားသမားဘဝမှာ မိုချန်အသင်းနဲ့အတူ အောင်မြင်မှုရခဲ့ပေမယ့် နည်းပြဘဝမှာတော့ ဆုဖလားအောင်မြင်မှု မရှိခဲ့ပါဘူး။

ဖာနန်ဒိုဆန်းတို့စ် Fernando Santos

Fernando-Santos

Fernando-Santos

ပေါ်တူဂီအသင်းကို ယူရို-၂၀၁၆ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ နာမည်ကျော်နည်းပြဖြစ်ပါတယ်။ ဒါပေမဲ့ ဖာနန်ဒိုဆန်းတို့စ်ရဲ့ ကစားသမားဘဝကို ပေါ်တူဂီကလပ် Estoril အသင်းနဲ့ စတင်ခဲ့တာကိုတော့ တော်တော်များများ မသိလောက်ပါဘူး။ နောက်ခံလူဖြစ်တဲ့ ဖာနန်ဒိုဆန်းတို့စ်ဟာ Estoril အသင်းအတွက် ၁၉၇၃- ၁၉၇၉ အထိ ကစားခဲ့ပြီး ဘောလုံးသမားဘဝက အနားယူပြီးနောက်ပိုင်းမှာ သူ့ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ရာ Estoril အသင်းလက်ထောက်နည်းပြ၊ ပြီးတော့ နည်းပြအဖြစ် ကိုင်တွယ်ခဲ့သူပါ။

ဂွါဒီယိုလာ Pep Guardiola

Pep-Guardiola

Pep-Guardiola

ကတ်တလန်မှာ မွေးဖွားခဲ့ပြီး အသက်(၁၃)နှစ်အရွယ်ကတည်းက ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီကို ရောက်ရှိခဲ့တဲ့ ဂွါဒီယိုလာဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ/နည်းပြဘဝကို ဘာစီလိုနာအသင်းနဲ့ စတင်ခဲ့တာ သိပ်တော့ မထူးဆန်းပါဘူး။ ဒါပေမဲ့ ကစားသမားဘဝမှာ ဥရောပဖလား(ချန်ပီယံလိဂ်)၊ လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ ဥရောပစူပါဖလား စတဲ့ အောင်မြင်မှုတွေ ရယူခဲ့သလို နည်းပြဘဝမှာလည်း ချန်ပီယံလိဂ်၊ လာလီဂါအပါအဝင် ဆုဖလား(၁၄)ခုအထိ ရယူခဲ့တာကြောင့် ဘာစီလိုနာ သမိုင်းတစ်လျှောက် ကစားသမား/နည်းပြဘဝအဖြစ် အောင်မြင်မှုရယူခဲ့သူ စာရင်းထဲမှာ ပါဝင်နိုင်ခဲ့တယ်။

ယိုဟန်ခရိုက်ဖ် Johan Cruyff

Johan-Cruyff

Johan-Cruyff

ဘောလုံးသမိုင်းမှာ ယိုဟန်ခရိုက်ဖ်လိုမျိုး ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အောင်မြင်မှု ရယူခဲ့တဲ့သူက သိပ်အများကြီး မရှိပါဘူး။ ဂွါဒီယိုလာကို ဘောလုံးစင်မြင့်ထက်မှာ ထင်ရှားလာအောင် မြေတောင်မြှောက်ပေးခဲ့သူ ယိုဟန်ခရိုက်ဖ်ဟာ ကစားသမားဘဝရော၊ နည်းပြဘဝကိုပါ အေဂျက်စ်အသင်းမှာ စတင်ခဲ့သူဖြစ်ပါတယ်။ ကစားသမားဘဝမှာ အေဂျက်စ်အသင်းနဲ့အတူ ဥရောပဖလား(ချန်ပီယံလိဂ်) (၃)ကြိမ်အပါအဝင် ဆုဖလားအများကြီး ရယူခဲ့တဲ့ ယိုဟန်ခရိုက်ဖ်ဟာ UEFA Cup Winners’ Cup ၊ ဒတ်ချ်ဖလားတွေ ရယူခဲ့တယ်။

REF:.sportskeeda
Photo:Getty Images,Playing for 90,Goal.com,squawka
Naing Linn(Akhayar)
www.akhayar.com