[Zawgyi]

ေသကံမေရာက္ အသက္မေပ်ာက္ခဲ့တဲ့ ေတာင္ကုိရီးယား လူငယ္ကစားသမား

ေတာင္ကုိရီးယား ေကလိဂ္ကလပ္ Gwangju FC အသင္းရဲ႕ ေတာင္ကိုရီးယား လူငယ္ေနာက္ခံလူ Lee Seung-mo ဟာ လည္ပင္း႐ုိးက်ိဳးခဲ့ေပမယ့္ ကံေကာင္းေထာက္မလုိ႔ အသက္မေသခဲ့ပါဘူး။ ၾကာသပေတးေန႔က Daejeon City နဲ႔ ကစားခဲ့တဲ့ Play Off ပဲြမွာ ပဲြစလုိ႔ (၃)မိနစ္အၾကာမွာပဲ Lee Seung-mo ဟာ ေဘာလုံးကုိ ေခါင္းခုန္တိုက္ရာကေန ဟန္ခ်က္မညီဘဲ ေခါင္းနဲ႔ျပဳတ္က်ခဲ့တာျဖစ္ၿပီး လည္ပင္း႐ုိးက်ိဳးသြားခဲ့တာပါ။

Lee-Seung-mo-fell-on-his-neck-after-going-up-for-a-header

Lee-Seung-mo-fell-on-his-neck-after-going-up-for-a-header

႐ုပ္သံျပကြက္ေတြအရ Lee Seung-mo ရဲ႕ မေတာ္တဆ အျဖစ္အပ်က္က ေတာ္ေတာ္ေလး တုန္လႈပ္ဖုိ႔ေကာင္းၿပီး သူဟာ သတိလစ္သြားတာေၾကာင့္ ေဆးအဖဲြ႕၀င္ေတြဟာ ခ်က္ျခင္းပဲ ေရွးဦးသူနာျပဳစုခဲ့သလုိ ေဆး႐ုံကုိ အလ်င္အျမန္တင္ပုိ႔ခဲ့ရတယ္။

Lee-Seung-mo-broke-his-neck-in-a-sickening-fall-yesterday

Lee-Seung-mo-broke-his-neck-in-a-sickening-fall-yesterday

ဒီျဖစ္ရပ္ေၾကာင့္ Lee Seung-mo ရဲ႕ေက်ာ႐ုိးအဆစ္ (၃)ခု က်ိဳးသြားခဲ့ၿပီး ဘယ္ဘက္လက္ညိဳးလည္း က်ိဳးသြားခဲ့ပါတယ္။ ဒါေပမဲ့ Lee Seung-mo ဟာ ေသကံမေရာက္ခ့ဲဘဲ အခုဆုိရင္ အသက္အႏၱရာယ္ စုိးရိမ္စရာ မရွိေတာ့သလို အသင္းေဖာ္ေတြနဲ႔ ေဆး႐ုံမွာအတူ တဲြဖက္႐ုိက္ကူးထားတဲ့ ဓာတ္ပုံကုိ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ Post တင္ခဲ့ပါတယ္။ အသက္(၂၀)သာရွိေသးတဲ့ Lee Seung-mo တစ္ေယာက္ ကံႀကီးလုိ႔သာ ငယ္ငယ္ရြယ္ရြယ္နဲ႔ အသက္မဆုံး႐ႈံးခဲ့တာလုိ႔ပဲ ေျပာရမွာျဖစ္ၿပီး ဒဏ္ရာက ျပန္သက္သာလာဖုိ႔ (၃)ပတ္အထိ အနားယူရမယ္လုိ႔ သိရပါတယ္။

Lee Seung-mo ရဲ႕မေတာ္တဆ အျဖစ္အပ်က္ကုိ ၾကည့္ရန္ လင့္ခ္
REF:dailystar
Photo:Puro Rock Nacional,The Scottish Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

သေကံမရောက် အသက်မပျောက်ခဲ့တဲ့ တောင်ကိုရီးယား လူငယ်ကစားသမား

တောင်ကိုရီးယား ကေလိဂ်ကလပ် Gwangju FC အသင်းရဲ့ တောင်ကိုရီးယား လူငယ်နောက်ခံလူ Lee Seung-mo ဟာ လည်ပင်းရိုးကျိုးခဲ့ပေမယ့် ကံကောင်းထောက်မလို့ အသက်မသေခဲ့ပါဘူး။ ကြာသပတေးနေ့က Daejeon City နဲ့ ကစားခဲ့တဲ့ Play Off ပွဲမှာ ပွဲစလို့ (၃)မိနစ်အကြာမှာပဲ Lee Seung-mo ဟာ ဘောလုံးကို ခေါင်းခုန်တိုက်ရာကနေ ဟန်ချက်မညီဘဲ ခေါင်းနဲ့ပြုတ်ကျခဲ့တာဖြစ်ပြီး လည်ပင်းရိုးကျိုးသွားခဲ့တာပါ။

Lee-Seung-mo-fell-on-his-neck-after-going-up-for-a-header

Lee-Seung-mo-fell-on-his-neck-after-going-up-for-a-header

ရုပ်သံပြကွက်တွေအရ Lee Seung-mo ရဲ့ မတော်တဆ အဖြစ်အပျက်က တော်တော်လေး တုန်လှုပ်ဖို့ကောင်းပြီး သူဟာ သတိလစ်သွားတာကြောင့် ဆေးအဖွဲ့ဝင်တွေဟာ ချက်ခြင်းပဲ ရှေးဦးသူနာပြုစုခဲ့သလို ဆေးရုံကို အလျင်အမြန်တင်ပို့ခဲ့ရတယ်။

Lee-Seung-mo-broke-his-neck-in-a-sickening-fall-yesterday

Lee-Seung-mo-broke-his-neck-in-a-sickening-fall-yesterday

ဒီဖြစ်ရပ်ကြောင့် Lee Seung-mo ရဲ့ကျောရိုးအဆစ် (၃)ခု ကျိုးသွားခဲ့ပြီး ဘယ်ဘက်လက်ညိုးလည်း ကျိုးသွားခဲ့ပါတယ်။ ဒါပေမဲ့ Lee Seung-mo ဟာ သေကံမရောက်ခဲ့ဘဲ အခုဆိုရင် အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့သလို အသင်းဖော်တွေနဲ့ ဆေးရုံမှာအတူ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Post တင်ခဲ့ပါတယ်။ အသက်(၂၀)သာရှိသေးတဲ့ Lee Seung-mo တစ်ယောက် ကံကြီးလို့သာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်မဆုံးရှုံးခဲ့တာလို့ပဲ ပြောရမှာဖြစ်ပြီး ဒဏ်ရာက ပြန်သက်သာလာဖို့ (၃)ပတ်အထိ အနားယူရမယ်လို့ သိရပါတယ်။

Lee Seung-mo ရဲ့မတော်တဆ အဖြစ်အပျက်ကို ကြည့်ရန် လင့်ခ်
REF:dailystar
Photo:Puro Rock Nacional,The Scottish Sun
Naing Linn(Akhayar)
www.akhayar.com