ဒီတစ်ပတ် Weekly Special for Akhayar Tech ကဏ္ဍမှာတော့ ဘောလုံးပွဲ Highlights ကြည့်ချင်သူတွေအတွက် အဆင်ပြေစေမယ့် App တွေ အွန်လိုင်းနဲ့ လူမှုကွန်ယက်ပေါ်က နေရာလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘောလုံးအားကစားနည်းကို အထူးတလည် ခုံမင်ကြတဲ့ ကျွန်တော်တို့ မြန်မာတွေက ဘောလုံးပွဲ Highlights  တွေကို စားမြုံ့ပြန်ကြည့်ရတာကိုလည်း သဘောကျကြပါတယ်။ ခုနောက်ပိုင်းကာလတွေမှာ Facebook မှာလည်း မူပိုင်ခွင့်ပိုင်း တင်းကျပ်လာတာကြောင့် ဘောလုံးပွဲ Highlights တွေ ကြည့်ရှုဖို့ အနည်းငယ် ခက်ခဲလာပါတယ်။ ဒါကြောင့်  ဘောလုံးအားကစားကို စိတ်ဝင်စားတဲ့ သူတွေအတွက် အွန်လိုင်းပေါ်ကတဆင့် Highlights တွေ အေးအေးဆေးဆေးကြည့်လို့ရမယ့် နေရာတွေကို လမ်းညွှန်ပေးနိုင်မယ့် ပေးလိုက်ပါတယ်။

(၁) Websitehttp://goal91.com

Goal91goal91.com က လူသိသိပ်မများလှပေမယ့် Update အဖြစ်ဆုံး Highlights Website တစ်ခုဖြစ်ပါတယ်။ နောက်ဆုံးကစားထားတဲ့ ဥရောပနဲ့ ကမ္ဘာတစ်လွှားက ဘောလုံးပြိုင်ပွဲ အသီးသီးရဲ့ Highlights တွေကို ဒီ Website မှာ စုံစုံလင်လင် ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးရ အားကစားသတင်းတွေ၊ ပွဲရလဒ်တွေ၊ ပွဲစဉ်ဇယားတွေ၊ အမှတ်ပေးဇယားရပ်တည်မှုတွေနဲ့ အားကစားဆောင်းပါးတွေလည်း ဖတ်ရှုလို့ရပါတယ်။ အရင်က နာမည်ကျော်ခဲ့တဲ့ ကစားသမားတွေ၊ အသင်းတွေရဲ့ မှတ်တမ်းမှတ်ရာ ဗွီဒီယိုဖိုင်တွေကိုလည်း စုစည်းတင်ထားပေးတာကြောင့် မိမိနှစ်သက်တဲ့ အားကစားသမားတွေရဲ့ Skill တွေ သွင်းဂိုးတွေကို အမှတ်တရပြန်လည်ကြည့်ရှုလို့လည်းရပါတယ်။

(၂) Application365Scores

_365Scores ကိုတော့ မြန်မာပြည်မှာ Livescore လောက် လူသိပ်မသိကြပါဘူး။ တကယ်လို့ သိကြတယ်ဆိုရင်တောင်မှ Live Score ဖော်ပြတဲ့ App တစ်ခုအဖြစ်ပဲ သိကြပါတယ်။ တကယ်တော့ 365Scores ဟာ ဘောလုံးအားကစားနဲ့ ပတ်သတ်ပြီး အပြည့်စုံဆုံး App တွေထဲက တစ်ခုဖြစ်ပါတယ်။ ဘောလုံးပွဲရလဒ်တွေ၊ သတင်းတွေ၊ အပြောင်းအရွေ့ သတင်းတွေအပြင် ရုပ်သံအရည်အသွေးကောင်းတဲ့ Highlights တွေလည်း ထုတ်လွှင့်ပေးပါတယ်။  ဒါ့အပြင် ဒီ App က Highlights တွေကို ပွဲပြီးချိန်မှာ အပြည့်အစုံ လွှင့်ပေးတဲ့အပြင် ပွဲကစားနေချိန်အတွင်းမှာလည်း သွင်းဂိုး တစ်ဂိုးစီတိုင်းကို သီးခြားစီ တင်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် ဒီ App ထဲမှာ မိမိနှစ်သက်ရာလိဂ်ပြိုင်ပွဲနဲ့ ကလပ်အသင်းကို သီးခြားရွေးချယ်ထားပြီး သီးခြား Noti ယူထားလို့လည်း ရပါတယ်။

(၃) Facebook PageSports Myanmar Highlights

Sports Myanmar Highlights ကတော့ Sports Myanmar facebook page ရဲ့ Highlights page ဖြစ်ပါတယ်။ ပြည်တွင်း Highlights page တွေထဲမှာ အပြည့်စုံဆုံးလို့ ဆိုလို့ရပါတယ်။ လက်ရှိမှာ Facebook က မူပိုင်ခွင့်ကိစ္စတွေကြောင့် copy right နဲ့ ညိတဲ့ ဗွီဒီယိုဖိုင်တွေ မျှဝေတာနဲ့ လွှင့်တင်တာကို တားဆီးနေတာကြောင့် အခက်အခဲတွေ ရှိနေပေမယ့်လည်း Highlights တွေကို အတတ်နိုင်ဆုံး အဆင်ပြေအောင် တင်ပေးနေတာတွေ့ရပါတယ်။

You May Also Like: “ရွေးကောက်ပွဲဝင်ပြိုင်ဖို့ Zuckerberg စဉ်းစားနေတာလား?”

(၄) Instagramfootball_soccer_highlight

Instagram မှာဆိုရင်တော့ football_soccer_highlight ကို follow လုပ်ထားဖို့ မမေ့ပါနဲ့။ ဒီ Account က ဘောလုံးပွဲ Highlights တွေ တင်ပေးပါလိ့မ်မယ်။ ဒီ Account မှာ ကမ္ဘာတစ်ဝှမ်းက ဘောလုံးအားကစား ပြိုင်ပွဲ အမျိုးအစားစုံရဲ့ အမှတ်တရဖြစ်ရပ်တွေနဲ့ Highlights တွေကို မျှဝေပေးနေပြီးတော့ ဗီဒီယိုဖိုင်တွေအောက်မှာ မိမိထင်မြင်ချက်တွေကို ဆွေးနွေးလို့လည်းရပါတယ်။

(၅) TwitterFootball Highlights @FballHighlights

Facebook မှာ Highlights ကြည့်ဖို့ အနည်းငယ်အဆင်မပြေဖြစ်နေချိန်မှာ Twitter ဘက်ပြောင်းကြည့်မယ်ဆိုရင်တော့ @FballHighlights ကို Follow ထားသင့်ပါတယ်။ @FballHighlights ဟာ Follower  ၁ သန်းနီးပါးရှိတာကြောင့် Twitter မှာ ပရိတ်သတ်တွေ အကြည့်များတဲ့ Account တစ်ခုလို့ ဆိုရမှာပါ။ လူသိများတဲ့ ဥရောပတစ်လွှားက ဘောလုံးပြိုင်ပွဲတွေရဲ့ Highlights တွေ အပြင် တခြားသော ကမ္ဘာတစ်လွှားက ကျွန်တော်တို့နဲ့ အတန်ငယ်စိမ်းနေတဲ့ အာဖရိကနဲ့ အာရှဒေသတွင်းပြိုင်ပွဲတွေအပါအဝင် တခြားသေား ဘောလုံးပြိုင်ပွဲတွေရဲ့ Highlights တွေကိုလည်း တင်ပေးပါတယ်။

အခရာ

(www.akhayar.com)