[Zawgyi]

ေဘာလုံးေလာကမွာ ထူးထူးဆန္းဆန္း အယူသီးတဲ့အျဖစ္အပ်က္မ်ား (၂)

ေဘာလုံးအားကစားဆုိတာက ကစားသမားတစ္ဦးခ်င္းစီရဲ႕ ကာယအား၊ ဉာဏအားကုိ အသုံးျပဳ ကစားရတာျဖစ္ေပမယ့္ ကံၾကမၼာ အလွည့္အေျပာင္းကလည္း ပဲြတစ္ပဲြအတြက္ အေရးပါတဲ့အခ်က္ပါပဲ။ ဒါေပမဲ့ တခ်ိဳ႕နာမည္ေက်ာ္ ေဘာလုံးသမားေတြ၊ အသင္းေတြက်ေတာ့ မယုံႏုိင္ေလာက္ေအာင္ အယူသည္းမႈေတြ ရွိေနပါတယ္။ ရယ္စရာလည္းေကာင္းပါတယ္။ အဲဒါေၾကာင့္ Akhayar Sports ပရိသတ္ေတြလည္း သိရွိႏုိင္ေအာင္ ေဘာလုံးေလာကရဲ႕ ထူးထူးဆန္းဆန္း အယူသီးတဲ့အျဖစ္အပ်က္ေတြကုိ ေဖာ္ျပလုိက္ရေၾကာငး္ပါ . .

Derby County
အခု လိဂ္ခ်န္ပီယံရွစ္မွာ က်င္လည္ေနတဲ့ ဒါဘီအသင္းဟာ ၁၈၉၅ ခုႏွစ္မွာ သူတို႔ၿမိဳ႕မွာရွိတဲ့ ခရစ္ကတ္ကြင္းကုိ အိမ္ကြင္းအျဖစ္ အသုံးျပဳမွာျဖစ္လုိ႔ တာ၀န္ရွိသူေတြက အဲဒီမွာ ေနထုိင္တဲ့ အိမ္ေျခရာမဲ့ ဂ်စ္ပစီေတြကုိ အကုန္ေမာင္းထုတ္ခဲ့တယ္။ နဂုိကတည္းကမွ ေနစရာအိမ္မရွိတဲ့ ဂ်စ္ပစီေတြဟာ သူတို႔ကုိ ေမာင္းထုတ္ခဲ့လုိ႔ ဒါဘီအသင္းကုိ က်ိန္စာတိုက္ေတာ့တာပါပဲ။ အဲဒါကေတာ့ ဒါဘီအသင္း FA ဖလားမွာ ဘယ္ေတာ့မွ ဗုိလ္မစဲြပါေစနဲ႔လုိ႔ က်ိန္စာတိုက္ခဲ့တာျဖစ္ၿပီး ဂ်စ္ပစီေတြရဲ႕ က်ိန္စာက တကယ္ပဲ အသက္၀င္ခဲ့တယ္လုိ႔ ဆုိရမလား။ ၁၈၉၈၊ ၁၈၉၉၊ ၁၉၀၄ ခုႏွစ္ေတြမွာ ဒါဘီအသင္း FA ဖလား ဗုိလ္လုပဲြတက္တယ္၊ ပဲြအားလုံး ႐ႈံးတယ္။

Derby-County-vs-Bury-in-the-FA-Cup-final-

Derby-County-vs-Bury-in-the-FA-Cup-final-

ဒါဟာ ဒါဘီအသင္းရဲ႕ ေျခစြမ္း ည့ံဖ်င္းမႈေၾကာင့္လုိ႔ ဆင္ေျခေပးႏုိင္ေပမယ့္ ဗိုလ္လုပဲြတိုင္း ႐ႈံးနိမ့္ခဲ့တာက အံ့အားသင့္စရာေကာင္းတယ္။ ၁၉၀၄ ေနာက္ပုိင္းမွာေတာ့ ဒါဘီအသင္း FA ဖလား ဗုိလ္လုပဲြကို တက္ေရာက္ႏုိင္ျခင္း မရွိေတာ့ဘဲ ႏွစ္ေပါင္း(၄၀)အထိ ၾကာျမင့္ခဲ့ပါတယ္။ ၁၉၄၆ ခုႏွစ္မွာ ဒါဘီအသင္း FA ဖလား ဗုိလ္လုပဲြကုိ တစ္ေက်ာ႔ျပန္ တက္ေရာက္ခဲ့ခ်ိန္မွာ ဒါဘီပရိသတ္ေတြက ေကာင္းကင္ကုိ တိုင္တည္ၿပီး “ငါတို႔ဟာ ဒါဘီပရိသတ္ေတြပါ။ အသင္းကုိ အျပစ္ေပးထားတာက မလုံေလာက္ေသးဘူးလား”လုိ႔ ေအာ္ဟစ္ခဲ့ၾကပါေတာ့တယ္။ က်ိန္စာပဲ ျပယ္သြားတာလား၊ ဒါဘီပရိသတ္ေတြရဲ႕ တိုင္တည္မႈက အလုပ္ျဖစ္သြားတာလားေတာ့ မသိဘူး။

Derby-County-1946

Derby-County-1946

ဒါဘီအသင္းဟာ ခ်ာလ္တန္ကုိ (၄-၁)ဂုိးနဲ႔ ဂုိးျပတ္ႏုိင္ၿပီး ပထမဆုံး FA ဆုဖလားကုိ ဆြတ္ခူးခဲ့ပါတယ္။ ေနာက္ပုိင္း ထြက္ေပၚလာတဲ့သတင္းေတြအရ အဲဒီဗုိလ္လုပဲြမွာ ဒါဘီအသင္းအတြက္ (၂)ဂုိးသြင္းခဲ့တဲ့ Jackie Stamps ဟာ ဗိုလ္လုပဲြမတိုင္ခင္ ဂ်စ္ပစီေတြဆီ သြားၿပီး က်ိန္စာျပယ္ေအာင္လုိ႔ ေငြေပးခုိင္းေစခ့ဲတယ္ဆုိတာပါပဲ။

Pele

Pele

Pele

ဘရာဇီးလ္ဂႏၳ၀င္ ေဘာလုံးသမားႀကီး ပီလီ Pele ကလည္း မယုံႏုိင္ေလာက္ေအာင္ အယူသည္းတတ္တဲ့သူတစ္ေယာက္ပါ။ ကမၻာ႔ေဘာလုံးေလာကမွာ ပီလီဆုိတဲ့ နာမည္ မထင္ရွားခင္အခ်ိန္ကေပါ့။ ပီလီဟာ ပဲြၿပီးရင္ သူ၀တ္ဆင္ကစားတဲ့ အက်ႌကုိ ပရိသတ္တစ္ဦးဆီ လက္ေဆာင္ေပးၿပီး၊ သူငယ္ခ်င္းတစ္ေယာက္ကုိ အက်ႌရခဲ့တဲ့ ပရိသတ္ေနာက္ကုိ လုိက္ခုိင္းၿပီးေတာ့ အဲဒီအက်ႌကုိ ျပန္ေတာင္းခုိင္းေတာ့တာပဲ။ အဲဒီလုိလုပ္ၿပီး ရခဲ့တဲ့ အက်ႌကုိ ၀တ္ဆင္ကစားရင္ ေျခစြမ္းျပဂုိးေတြ သြင္းႏုိင္တယ္လုိ႔ ပီလီက အခုိင္အမာ ယုံၾကည္ထားတယ္။ (ဘာမွမဆုိင္သလုိပဲ)။

Midland Portland Cement
ဇင္ဘာေဘြ ျပည္တြင္းကလပ္ Midland Portland Cement အသင္းနည္းျပအဖဲြ႕၀င္ေတြရဲ႕ ခပ္ေၾကာင္ေၾကာင္ အယူသည္းမႈေၾကာင့္ ကစားသမားတစ္ဦး အသက္ဆုံး႐ႈံးခဲ့ရဖူးတယ္။ အျဖစ္ကေတာ့ ဒီလုိပါ။ ၂၀၀၈ ခုႏွစ္တုန္းက Midland Portland Cement အသင္းနည္းျပေတြဟာ ကံၾကမၼာဆုိးေတြကုိ ဖယ္ရွားဖုိ႔အတြက္ အသင္းက ကစားသမား (၁၇)ဦးကုိ Zambezi ျမစ္ထဲမွာ ေရဆင္းကူးဖုိ႔ ေစခုိင္းခဲ့ပါတယ္။ သူတို႔ထင္ထားတာ အဲဒီလုိလုပ္ရင္ အသင္းဟာ ရလဒ္ေကာင္းေတြ ရယူႏုိင္မယ္ဆုိတာပါပဲ။

Zambezi-River

Zambezi-River

ဒါေပမဲ့ Zambezi ျမစ္ဟာ ေရစီးသန္ၿပီး ပေရာ္ဖက္ရွင္နယ္ ေရကူးသမားတစ္ဦးေတာင္ မကူးႏုိင္သလုိ မိေခ်ာင္းေတြ အမ်ားႀကီးရွိတဲ့အျပင္ အဲဒီျမစ္ပတ္၀န္းက်င္မွာလညး္ လူဆုိးသူခုိးေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီျမစ္ထဲမွာ ေရဆင္းကူးခဲ့ရတဲ့ ကစားသမားသမား (၁၇)ဦးထဲက Midland Portland Cement အသင္းရဲ႕ အားထားရတဲ့ ေဘာလုံးသမားတစ္ဦးဟာ ေရစီးထဲေမ်ာပါၿပီး အသက္ဆုံး႐ႈံးခဲ့ပါေတာ့တယ္။ အဲဒီေနာက္ Midland Portland Cement အသင္းဟာ ရလဒ္ဆုိးေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး လူတစ္ေယာက္ အသက္ဆုံး႐ႈံးရတာပဲ အဖတ္တင္ခဲ့ပါတယ္။

Midland-Portland-Cement

Midland-Portland-Cement

အယူသည္းတာတုိ႔၊ ျမန္မာအယူနဲ႔ဆုိရင္ ကံေကာင္းေအာင္ ယၾတာေခ်ရတာတို႔ဆုိတာက ကုိယ့္ယုံၾကည္မႈနဲ႔ ကုိယ္ဆုိေပမယ့္ Midland Portland Cement အသင္းအျဖစ္လုိမ်ိဳး လူ႔အသက္ေတြပါ ထိခုိက္လာရင္ေတာ့ မျဖစ္သင့္ဘူးလုိ႔ေျပာရမယ္။ ဥပါဒ္ဒဏ္ေၾကာင့္ ဥပါဒ္ေရာက္ဆုိသလုိ မလုိလားအပ္တဲ့ ယုံၾကည္မႈေတြ၊ အယူသည္းမႈေတြေၾကာင့္ ကံေကာင္းျခင္းမလာဘဲ ကံဆုိးတာေတြျဖစ္လာတဲ့ အျဖစ္အပ်က္ေတြကလည္း အမ်ားႀကီးပဲျဖစ္ပါေတာ့တယ္

REF:sportskeeda
Photo:Time Magazine,Sportsnet,.sportskeeda,Pinterest
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကမှာ ထူးထူးဆန်းဆန်း အယူသီးတဲ့အဖြစ်အပျက်များ (၂)

ဘောလုံးအားကစားဆိုတာက ကစားသမားတစ်ဦးချင်းစီရဲ့ ကာယအား၊ ဉာဏအားကို အသုံးပြု ကစားရတာဖြစ်ပေမယ့် ကံကြမ္မာ အလှည့်အပြောင်းကလည်း ပွဲတစ်ပွဲအတွက် အရေးပါတဲ့အချက်ပါပဲ။ ဒါပေမဲ့ တချို့နာမည်ကျော် ဘောလုံးသမားတွေ၊ အသင်းတွေကျတော့ မယုံနိုင်လောက်အောင် အယူသည်းမှုတွေ ရှိနေပါတယ်။ ရယ်စရာလည်းကောင်းပါတယ်။ အဲဒါကြောင့် Akhayar Sports ပရိသတ်တွေလည်း သိရှိနိုင်အောင် ဘောလုံးလောကရဲ့ ထူးထူးဆန်းဆန်း အယူသီးတဲ့အဖြစ်အပျက်တွေကို ဖော်ပြလိုက်ရကြောင်းပါ . .

Derby County
အခု လိဂ်ချန်ပီယံရှစ်မှာ ကျင်လည်နေတဲ့ ဒါဘီအသင်းဟာ ၁၈၉၅ ခုနှစ်မှာ သူတို့မြို့မှာရှိတဲ့ ခရစ်ကတ်ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုမှာဖြစ်လို့ တာဝန်ရှိသူတွေက အဲဒီမှာ နေထိုင်တဲ့ အိမ်ခြေရာမဲ့ ဂျစ်ပစီတွေကို အကုန်မောင်းထုတ်ခဲ့တယ်။ နဂိုကတည်းကမှ နေစရာအိမ်မရှိတဲ့ ဂျစ်ပစီတွေဟာ သူတို့ကို မောင်းထုတ်ခဲ့လို့ ဒါဘီအသင်းကို ကျိန်စာတိုက်တော့တာပါပဲ။ အဲဒါကတော့ ဒါဘီအသင်း FA ဖလားမှာ ဘယ်တော့မှ ဗိုလ်မစွဲပါစေနဲ့လို့ ကျိန်စာတိုက်ခဲ့တာဖြစ်ပြီး ဂျစ်ပစီတွေရဲ့ ကျိန်စာက တကယ်ပဲ အသက်ဝင်ခဲ့တယ်လို့ ဆိုရမလား။ ၁၈၉၈၊ ၁၈၉၉၊ ၁၉၀၄ ခုနှစ်တွေမှာ ဒါဘီအသင်း FA ဖလား ဗိုလ်လုပွဲတက်တယ်၊ ပွဲအားလုံး ရှုံးတယ်။

Derby-County-vs-Bury-in-the-FA-Cup-final-

Derby-County-vs-Bury-in-the-FA-Cup-final-

ဒါဟာ ဒါဘီအသင်းရဲ့ ခြေစွမ်း ညံ့ဖျင်းမှုကြောင့်လို့ ဆင်ခြေပေးနိုင်ပေမယ့် ဗိုလ်လုပွဲတိုင်း ရှုံးနိမ့်ခဲ့တာက အံ့အားသင့်စရာကောင်းတယ်။ ၁၉၀၄ နောက်ပိုင်းမှာတော့ ဒါဘီအသင်း FA ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ နှစ်ပေါင်း(၄၀)အထိ ကြာမြင့်ခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ဒါဘီအသင်း FA ဖလား ဗိုလ်လုပွဲကို တစ်ကျော့ပြန် တက်ရောက်ခဲ့ချိန်မှာ ဒါဘီပရိသတ်တွေက ကောင်းကင်ကို တိုင်တည်ပြီး “ငါတို့ဟာ ဒါဘီပရိသတ်တွေပါ။ အသင်းကို အပြစ်ပေးထားတာက မလုံလောက်သေးဘူးလား”လို့ အော်ဟစ်ခဲ့ကြပါတော့တယ်။ ကျိန်စာပဲ ပြယ်သွားတာလား၊ ဒါဘီပရိသတ်တွေရဲ့ တိုင်တည်မှုက အလုပ်ဖြစ်သွားတာလားတော့ မသိဘူး။

Derby-County-1946

Derby-County-1946

ဒါဘီအသင်းဟာ ချာလ်တန်ကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး ပထမဆုံး FA ဆုဖလားကို ဆွတ်ခူးခဲ့ပါတယ်။ နောက်ပိုင်း ထွက်ပေါ်လာတဲ့သတင်းတွေအရ အဲဒီဗိုလ်လုပွဲမှာ ဒါဘီအသင်းအတွက် (၂)ဂိုးသွင်းခဲ့တဲ့ Jackie Stamps ဟာ ဗိုလ်လုပွဲမတိုင်ခင် ဂျစ်ပစီတွေဆီ သွားပြီး ကျိန်စာပြယ်အောင်လို့ ငွေပေးခိုင်းစေခဲ့တယ်ဆိုတာပါပဲ။

Pele

Pele

Pele

ဘရာဇီးလ်ဂန္ထဝင် ဘောလုံးသမားကြီး ပီလီ Pele ကလည်း မယုံနိုင်လောက်အောင် အယူသည်းတတ်တဲ့သူတစ်ယောက်ပါ။ ကမ္ဘာ့ဘောလုံးလောကမှာ ပီလီဆိုတဲ့ နာမည် မထင်ရှားခင်အချိန်ကပေါ့။ ပီလီဟာ ပွဲပြီးရင် သူဝတ်ဆင်ကစားတဲ့ အင်္ကျီကို ပရိသတ်တစ်ဦးဆီ လက်ဆောင်ပေးပြီး၊ သူငယ်ချင်းတစ်ယောက်ကို အင်္ကျီရခဲ့တဲ့ ပရိသတ်နောက်ကို လိုက်ခိုင်းပြီးတော့ အဲဒီအင်္ကျီကို ပြန်တောင်းခိုင်းတော့တာပဲ။ အဲဒီလိုလုပ်ပြီး ရခဲ့တဲ့ အင်္ကျီကို ဝတ်ဆင်ကစားရင် ခြေစွမ်းပြဂိုးတွေ သွင်းနိုင်တယ်လို့ ပီလီက အခိုင်အမာ ယုံကြည်ထားတယ်။ (ဘာမှမဆိုင်သလိုပဲ)။

Midland Portland Cement
ဇင်ဘာဘွေ ပြည်တွင်းကလပ် Midland Portland Cement အသင်းနည်းပြအဖွဲ့ဝင်တွေရဲ့ ခပ်ကြောင်ကြောင် အယူသည်းမှုကြောင့် ကစားသမားတစ်ဦး အသက်ဆုံးရှုံးခဲ့ရဖူးတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ၂၀၀၈ ခုနှစ်တုန်းက Midland Portland Cement အသင်းနည်းပြတွေဟာ ကံကြမ္မာဆိုးတွေကို ဖယ်ရှားဖို့အတွက် အသင်းက ကစားသမား (၁၇)ဦးကို Zambezi မြစ်ထဲမှာ ရေဆင်းကူးဖို့ စေခိုင်းခဲ့ပါတယ်။ သူတို့ထင်ထားတာ အဲဒီလိုလုပ်ရင် အသင်းဟာ ရလဒ်ကောင်းတွေ ရယူနိုင်မယ်ဆိုတာပါပဲ။

Zambezi-River

Zambezi-River

ဒါပေမဲ့ Zambezi မြစ်ဟာ ရေစီးသန်ပြီး ပရော်ဖက်ရှင်နယ် ရေကူးသမားတစ်ဦးတောင် မကူးနိုင်သလို မိချောင်းတွေ အများကြီးရှိတဲ့အပြင် အဲဒီမြစ်ပတ်ဝန်းကျင်မှာလည်း လူဆိုးသူခိုးတွေ အများကြီးရှိပါတယ်။ အဲဒီမြစ်ထဲမှာ ရေဆင်းကူးခဲ့ရတဲ့ ကစားသမားသမား (၁၇)ဦးထဲက Midland Portland Cement အသင်းရဲ့ အားထားရတဲ့ ဘောလုံးသမားတစ်ဦးဟာ ရေစီးထဲမျောပါပြီး အသက်ဆုံးရှုံးခဲ့ပါတော့တယ်။ အဲဒီနောက် Midland Portland Cement အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လူတစ်ယောက် အသက်ဆုံးရှုံးရတာပဲ အဖတ်တင်ခဲ့ပါတယ်။

Midland-Portland-Cement

Midland-Portland-Cement

အယူသည်းတာတို့၊ မြန်မာအယူနဲ့ဆိုရင် ကံကောင်းအောင် ယတြာချေရတာတို့ဆိုတာက ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ဆိုပေမယ့် Midland Portland Cement အသင်းအဖြစ်လိုမျိုး လူ့အသက်တွေပါ ထိခိုက်လာရင်တော့ မဖြစ်သင့်ဘူးလို့ပြောရမယ်။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ဆိုသလို မလိုလားအပ်တဲ့ ယုံကြည်မှုတွေ၊ အယူသည်းမှုတွေကြောင့် ကံကောင်းခြင်းမလာဘဲ ကံဆိုးတာတွေဖြစ်လာတဲ့ အဖြစ်အပျက်တွေကလည်း အများကြီးပဲဖြစ်ပါတော့တယ်

REF:sportskeeda
Photo:Time Magazine,Sportsnet,.sportskeeda,Pinterest
Naing Linn(Akhayar)
www.akhayar.com