[Zawgyi]

ပရိသတ္ေတြ သတိမျပဳမိေလာက္တဲ့ နာမည္ေက်ာ္ေဘာလုံးသမားေတြရဲ႕ နာမည္အျပည့္အစုံ အပုိင္း(၁)

ေဘာလုံးအားကစားကုိ အ႐ူးအမူးအားေပးတဲ့ ပရိသတ္ေတြအတြက္ ကုိယ္ႀကိဳက္တဲ့ ကစားသမားဆုိတာ ရွိစၿမဲပါပဲ။ ဘရာဇီးလ္ဂႏၳ၀င္ ေရာ္နယ္လ္ဒုိ Ronaldo ၊ ျပင္သစ္ဂႏၳ၀င္ႀကီး ဇီဒန္း Zidane တို႔ လက္ထက္က စၿပီး အခု မက္ဆီ Messi ၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တို႔ အထိ ပရိသတ္တစ္ဦးခ်င္းစီမွာ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ ကစားသမားေတြ ရွိခဲ့ၾကတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ႀကိဳက္တ့ဲ ကစားသမားေတြရဲ႕ နာမည္အျပည့္အစုံကုိ သတိျပဳမိၾကရဲ႕လား။

Ronaldo-and-Zidane

Ronaldo-and-Zidane

ဥပမာ ဒုိႀကီးလုိ႔ ကၽြန္ေတာ္တို႔ နာမည္ေျပာင္ေပးခဲ့ၾကတဲ့ ေရာ္နယ္လ္ဒုိရဲ႕ နာမည္အျပည့္အစုံကုိ ေျပာပါဆုိရင္ နည္းနည္းေတာ့ စဥ္းစားရလိမ့္မယ္။ ဒုိႀကီးရဲ႕ နာမည္အျပည့္အစုံက Ronaldo Luís Nazário de Lima ပါ။ အဲဒီလုိပဲ တျခား Super Stars ေဘာလုံးသမားေတြရဲ႕ နာမည္အျပည့္အစုံကုိ ပရိသတ္ေတာ္ေတာ္မ်ားမ်ား သိခ်င္မွ သိပါလိမ့္မယ္။ အဲဒါေၾကာင့္ ပရိသတ္ေတြ ဗဟုသုတရေစဖုိ႔ ေဖာ္ျပလုိက္ရပါတယ္ . . .

Gareth Bale
ေ၀းလ္စ္အသင္းရဲ႕ ငွက္ျမန္လုိ႔ တင္စားရမယ့္ ဂါရတ္ေဘးလ္ Gareth Bale ကုိ ၁၉၈၉၊ ဇူလုိင္ (၁၆)ရက္မွာ ၿဗိတိန္ႏုိင္ငံ၊ ကာဒစ္ဖ္ၿမိဳ႕မွာ ေမြးဖြားခဲ့တယ္။ သူ႔ ဖခင္က Frank Bale လုိ႔ အမည္ရၿပီး ေက်ာင္းတစ္ခုရဲ႕ အလုပ္သမားတစ္ဦးပါ။ မိခင္ကေတာ့ Debbie Bale က Operations Manager တစ္ဦးျဖစ္ပါတယ္။ ဂါရတ္ေဘးလ္ရဲ႕ ဦးေလး Chris Pike က ကာဒစ္ဖ္အသင္းရဲ႕ ေဘာလုံးသမားေဟာင္းျဖစ္လုိ႔ ဂါရတ္ေဘးလ္က အေဖ၊ အေမနဲ႔မတူဘဲ ဦးေလးေျခရာလုိက္နင္းခဲ့တယ္လုိ႔ ဆုိရမယ္။

Gareth-Bale-Family

Gareth-Bale-Family

ဂါရတ္ေဘးလ္ရဲ႕ နာမည္အျပည့္အစုံကေတာ့ Gareth Frank Bale ျဖစ္ပါတယ္။ ေ၀းလ္စ္ႏုိင္ငံရဲ႕ ထုံးတမ္းအစဥ္အလာအရ အေဖရဲ႕ နာမည္ကုိ ထည့္သြင္းရတာေၾကာင့္ ဂါရတ္ေဘးလ္ရဲ႕နာမည္က Gareth Frank Bale ျဖစ္လာတာပါ။ ဂါရတ္ေဘးလ္ဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ Followers အမ်ားဆုံးစာရင္း၀င္ျဖစ္ေပမယ့္ သူ႔ပရိသတ္ေတြထဲမွာ ဂါရတ္ေဘးလ္ရဲ႕ နာမည္အျပည့္အစုံကုိ သိတဲ့သူက ခပ္ရွားရွားျဖစ္ပါလိမ့္မယ္။

Luis Suarez

Luis-Suarez

Luis-Suarez

ဘာစီလုိနာမွာ ဂုိးေတြ တဒုိင္းဒုိင္း သြင္းေနတဲ့ ဥ႐ုေဂြး Goal Machine လူး၀စ္ဆြာရက္ဇ္ Luis Suarez ရဲ႕ နာမည္အျပည့္အစုံကုိေရာ ပရိသတ္ေတြ သိပါရဲ႕လား။ ဆြာရက္ဇ္ရဲ႕ နာမည္အျပည့္အစုံကေတာ့ Luis Alberto Suarez Diaz ျဖစ္ပါတယ္။ ဒါက စပိန္ႏုိင္ငံရဲ႕ ထုံးတမ္းအစဥ္အလာရ သတ္မွတ္ေပးခဲ့တာပါ။ ဆြာရက္ဇ္ရဲ႕ ဖခင္ျဖစ္သူက Luis Alberto ျဖစ္ၿပီး မိခင္ရဲ႕ နာမည္က Diaz ျဖစ္ပါတယ္။ မိဘႏွစ္ဦးရဲ႕ Surname ကုိ ယူၿပီး Luis Alberto Suarez Diaz ရယ္လုိ႔ျဖစ္လာခဲ့တာပါပဲ။

David De Gea

De-Gea

De-Gea

မန္ယူအသင္းရဲ႕ ဂုိးေပါက္ကုိ စြမ္းစြမ္းတမန္ ကာကြယ္ေနတဲ့ ဂုိးသမား ဒီဂီယာ David De Gea ကုိ ၁၉၉၀ ခုႏွစ္၊ မက္ဒရစ္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး သူ႔အေဖက Jose လုိ႔ အမည္ရတဲ့ ဂုိးသမားေဟာင္း၊ မိခင္ကေတာ့ Marivi လုိ႔ နာမည္ရပါတယ္။ ငယ္ငယ္က စာေတာ္တဲ့သူေတြထဲမွာ ပါ၀င္ခဲ့ေပမယ့္လည္း ဒီဂီယာကေတာ့ ဖခင္ရဲ႕ေျခရာကုိ လုိက္နင္းခဲ့ၿပီး ဂုိးသမားတစ္ဦးအျဖစ္ အသက္ေမြးခဲ့တယ္။ ဒီဂီယာရဲ႕ နာမည္အျပည့္အစုံက David De Gea Quintana ပါ။ De Gea ဆုိတာက သူ႔ဖခင္ေနာက္ဆုံးနာမည္ျဖစ္ၿပီး Quintana မိခင္နာမည္ျဖစ္ပါတယ္။

Mohamed Salah
လီဗာပူးလ္နဲ႔ အီဂ်စ္တုိ႔အတြက္ Th King လုိ႔ တင္စားရမယ့္ မုိဟာမတ္ဆာလာ Mohamed Salah ရဲ႕ နာမည္အျပည့္အစုံကုိလည္း သိတဲ့သူ ခပ္ရွားရွားျဖစ္ပါလိမ့္မယ္။ ဆာလာကုိ ၁၉၉၂၊ ဇြန္လ (၁၅)ရက္မွာ ေမြးဖြားခဲ့ၿပီး သူ႔နာမည္အျပည့္အစုံက Mohamed Salah Ghaly ျဖစ္ပါတယ္။ ငယ္ငယ္ကတည္း ေဘာလုံးကုိ အရူးအမူးျဖစ္ခဲ့တဲ့အတြက္ သူ႔မိဘေတြက ပညာေရး မထူးခၽြန္မွာကုိ စုိးရိမ္ခ့ဲၾကတယ္။ ဒါေပမဲ့ ဆာလာဟာ ငယ္စဥ္တုန္းက စာေတာ္တဲ့သူ တစ္ေယာက္ေတာ့ မဟုတ္ပါဘူး။

Mohamed-Salah

Mohamed-Salah

ဘယ္ေလာက္ပဲ စာ ႀကိဳးစားပါေစ Result က တိုးတက္မႈ မရွိခဲ့ဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဆာလာဟာ ေဘာလုံးမကစားရရင္ ႐ုပ္သံကေန ေဘာလုံးပဲြေတြကုိ တစ္ခ်ိန္လုံးၾကည့္ေနလုိ႔ျဖစ္ၿပီး ပညာေရးဘက္ကုိ အာ႐ုံမရိွခဲ့လုိ႔ပါပဲ။ ဒါကလည္း ဒီေန႔ဒီအခ်ိန္မွာ ကမၻာေက်ာ္ေဘာလုံးသမားတစ္ဦး ျဖစ္လာဖုိ႔အတြက္ တြနး္အားတစ္ခုျဖစ္ေစခဲ့တယ္လုိ႔ ဆုိရမယ္။

Eden Hazard
ခ်ယ္လ္ဆီးအသင္းရဲ႕ ဘယ္လ္ဂ်ီယံ ၾကယ္ပြင့္ ဟာဇက္ Eden Hazard ဟာ ေဘာလုံးသမား မိသားစုကေန ေမြးဖြားလာသူတစ္ဦးျဖစ္ပါတယ္။ သူ႔အေဖ Thierry ဟာ ေဘာလုံးသမားတစ္ဦးျဖစ္သလုိ မိခင္ျဖစ္တဲ့ Carine ဟာ အမ်ိဳးသမီးအသင္းမွာ တိုက္စစ္မွဴးတစ္ဦးပါ။ ေအဒင္ဟာဇက္လုိ႔ လူသိမ်ားတဲ့ ဟာဇက္ရဲ႕ နာမည္အျပည့္အစုံက Eden Michael Hazard ျဖစ္ပါတယ္။

Eden-Hazard

Eden-Hazard

ပရိသတ္ႀကီးေရ . .ဒါကေတာ့ နာမည္ေက်ာ္ကစားသမားေတြရဲ႕ နာမည္အျပည့္အစုံ အပုိင္း(၁)ျဖစ္ပါတယ္။ အပုိင္း(၂)ကုိလည္း ဆက္လက္ေဖာ္ျပသြားမွာျဖစ္လုိ႔ အားေပးၾကပါဦး . .

REF:sportskeeda
Photo:The Independent,Saxafi Media,Getty Images,The Sun,Mirror
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရိသတ်တွေ သတိမပြုမိလောက်တဲ့ နာမည်ကျော်ဘောလုံးသမားတွေရဲ့ နာမည်အပြည့်အစုံ အပိုင်း(၁)

ဘောလုံးအားကစားကို အရူးအမူးအားပေးတဲ့ ပရိသတ်တွေအတွက် ကိုယ်ကြိုက်တဲ့ ကစားသမားဆိုတာ ရှိစမြဲပါပဲ။ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို Ronaldo ၊ ပြင်သစ်ဂန္ထဝင်ကြီး ဇီဒန်း Zidane တို့ လက်ထက်က စပြီး အခု မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ အထိ ပရိသတ်တစ်ဦးချင်းစီမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ကစားသမားတွေ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုက်တဲ့ ကစားသမားတွေရဲ့ နာမည်အပြည့်အစုံကို သတိပြုမိကြရဲ့လား။

Ronaldo-and-Zidane

Ronaldo-and-Zidane

ဥပမာ ဒိုကြီးလို့ ကျွန်တော်တို့ နာမည်ပြောင်ပေးခဲ့ကြတဲ့ ရော်နယ်လ်ဒိုရဲ့ နာမည်အပြည့်အစုံကို ပြောပါဆိုရင် နည်းနည်းတော့ စဉ်းစားရလိမ့်မယ်။ ဒိုကြီးရဲ့ နာမည်အပြည့်အစုံက Ronaldo Luís Nazário de Lima ပါ။ အဲဒီလိုပဲ တခြား Super Stars ဘောလုံးသမားတွေရဲ့ နာမည်အပြည့်အစုံကို ပရိသတ်တော်တော်များများ သိချင်မှ သိပါလိမ့်မယ်။ အဲဒါကြောင့် ပရိသတ်တွေ ဗဟုသုတရစေဖို့ ဖော်ပြလိုက်ရပါတယ် . . .

Gareth Bale
ဝေးလ်စ်အသင်းရဲ့ ငှက်မြန်လို့ တင်စားရမယ့် ဂါရတ်ဘေးလ် Gareth Bale ကို ၁၉၈၉၊ ဇူလိုင် (၁၆)ရက်မှာ ဗြိတိန်နိုင်ငံ၊ ကာဒစ်ဖ်မြို့မှာ မွေးဖွားခဲ့တယ်။ သူ့ ဖခင်က Frank Bale လို့ အမည်ရပြီး ကျောင်းတစ်ခုရဲ့ အလုပ်သမားတစ်ဦးပါ။ မိခင်ကတော့ Debbie Bale က Operations Manager တစ်ဦးဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ရဲ့ ဦးလေး Chris Pike က ကာဒစ်ဖ်အသင်းရဲ့ ဘောလုံးသမားဟောင်းဖြစ်လို့ ဂါရတ်ဘေးလ်က အဖေ၊ အမေနဲ့မတူဘဲ ဦးလေးခြေရာလိုက်နင်းခဲ့တယ်လို့ ဆိုရမယ်။

Gareth-Bale-Family

Gareth-Bale-Family

ဂါရတ်ဘေးလ်ရဲ့ နာမည်အပြည့်အစုံကတော့ Gareth Frank Bale ဖြစ်ပါတယ်။ ဝေးလ်စ်နိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာအရ အဖေရဲ့ နာမည်ကို ထည့်သွင်းရတာကြောင့် ဂါရတ်ဘေးလ်ရဲ့နာမည်က Gareth Frank Bale ဖြစ်လာတာပါ။ ဂါရတ်ဘေးလ်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Followers အများဆုံးစာရင်းဝင်ဖြစ်ပေမယ့် သူ့ပရိသတ်တွေထဲမှာ ဂါရတ်ဘေးလ်ရဲ့ နာမည်အပြည့်အစုံကို သိတဲ့သူက ခပ်ရှားရှားဖြစ်ပါလိမ့်မယ်။

Luis Suarez

Luis-Suarez

Luis-Suarez

ဘာစီလိုနာမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းနေတဲ့ ဥရုဂွေး Goal Machine လူးဝစ်ဆွာရက်ဇ် Luis Suarez ရဲ့ နာမည်အပြည့်အစုံကိုရော ပရိသတ်တွေ သိပါရဲ့လား။ ဆွာရက်ဇ်ရဲ့ နာမည်အပြည့်အစုံကတော့ Luis Alberto Suarez Diaz ဖြစ်ပါတယ်။ ဒါက စပိန်နိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာရ သတ်မှတ်ပေးခဲ့တာပါ။ ဆွာရက်ဇ်ရဲ့ ဖခင်ဖြစ်သူက Luis Alberto ဖြစ်ပြီး မိခင်ရဲ့ နာမည်က Diaz ဖြစ်ပါတယ်။ မိဘနှစ်ဦးရဲ့ Surname ကို ယူပြီး Luis Alberto Suarez Diaz ရယ်လို့ဖြစ်လာခဲ့တာပါပဲ။

David De Gea

De-Gea

De-Gea

မန်ယူအသင်းရဲ့ ဂိုးပေါက်ကို စွမ်းစွမ်းတမန် ကာကွယ်နေတဲ့ ဂိုးသမား ဒီဂီယာ David De Gea ကို ၁၉၉၀ ခုနှစ်၊ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့ပြီး သူ့အဖေက Jose လို့ အမည်ရတဲ့ ဂိုးသမားဟောင်း၊ မိခင်ကတော့ Marivi လို့ နာမည်ရပါတယ်။ ငယ်ငယ်က စာတော်တဲ့သူတွေထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ဒီဂီယာကတော့ ဖခင်ရဲ့ခြေရာကို လိုက်နင်းခဲ့ပြီး ဂိုးသမားတစ်ဦးအဖြစ် အသက်မွေးခဲ့တယ်။ ဒီဂီယာရဲ့ နာမည်အပြည့်အစုံက David De Gea Quintana ပါ။ De Gea ဆိုတာက သူ့ဖခင်နောက်ဆုံးနာမည်ဖြစ်ပြီး Quintana မိခင်နာမည်ဖြစ်ပါတယ်။

Mohamed Salah
လီဗာပူးလ်နဲ့ အီဂျစ်တို့အတွက် Th King လို့ တင်စားရမယ့် မိုဟာမတ်ဆာလာ Mohamed Salah ရဲ့ နာမည်အပြည့်အစုံကိုလည်း သိတဲ့သူ ခပ်ရှားရှားဖြစ်ပါလိမ့်မယ်။ ဆာလာကို ၁၉၉၂၊ ဇွန်လ (၁၅)ရက်မှာ မွေးဖွားခဲ့ပြီး သူ့နာမည်အပြည့်အစုံက Mohamed Salah Ghaly ဖြစ်ပါတယ်။ ငယ်ငယ်ကတည်း ဘောလုံးကို အရူးအမူးဖြစ်ခဲ့တဲ့အတွက် သူ့မိဘတွေက ပညာရေး မထူးချွန်မှာကို စိုးရိမ်ခဲ့ကြတယ်။ ဒါပေမဲ့ ဆာလာဟာ ငယ်စဉ်တုန်းက စာတော်တဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး။

Mohamed-Salah

Mohamed-Salah

ဘယ်လောက်ပဲ စာ ကြိုးစားပါစေ Result က တိုးတက်မှု မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆာလာဟာ ဘောလုံးမကစားရရင် ရုပ်သံကနေ ဘောလုံးပွဲတွေကို တစ်ချိန်လုံးကြည့်နေလို့ဖြစ်ပြီး ပညာရေးဘက်ကို အာရုံမရှိခဲ့လို့ပါပဲ။ ဒါကလည်း ဒီနေ့ဒီအချိန်မှာ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦး ဖြစ်လာဖို့အတွက် တွန်းအားတစ်ခုဖြစ်စေခဲ့တယ်လို့ ဆိုရမယ်။

Eden Hazard
ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ ကြယ်ပွင့် ဟာဇက် Eden Hazard ဟာ ဘောလုံးသမား မိသားစုကနေ မွေးဖွားလာသူတစ်ဦးဖြစ်ပါတယ်။ သူ့အဖေ Thierry ဟာ ဘောလုံးသမားတစ်ဦးဖြစ်သလို မိခင်ဖြစ်တဲ့ Carine ဟာ အမျိုးသမီးအသင်းမှာ တိုက်စစ်မှူးတစ်ဦးပါ။ အေဒင်ဟာဇက်လို့ လူသိများတဲ့ ဟာဇက်ရဲ့ နာမည်အပြည့်အစုံက Eden Michael Hazard ဖြစ်ပါတယ်။

Eden-Hazard

Eden-Hazard

ပရိသတ်ကြီးရေ . .ဒါကတော့ နာမည်ကျော်ကစားသမားတွေရဲ့ နာမည်အပြည့်အစုံ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကိုလည်း ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ အားပေးကြပါဦး . .

REF:sportskeeda
Photo:The Independent,Saxafi Media,Getty Images,The Sun,Mirror
Naing Linn(Akhayar)
www.akhayar.com