[Zawgyi]

ေဘာလုံးသမားေတြကုိ စိတ္ကူးနဲ႔ ေပါင္းစပ္ၾကည့္လုိက္ရေအာင္ .

ေခါင္းစဥ္ဖတ္ၿပီးေတာ့ နည္းနည္း ႐ႈပ္ေထြးသြားမယ္ထင္တယ္။ ဆုိလုိရင္းက ဒီလုိပါ။ ၿပီးခဲ့တဲ့ရက္တုန္းက Sky Sports နဲ႔ အင္တာဗ်ဴးမွာ မန္ယူ နာမည္ေက်ာ္ကစားသမားေဟာင္း ဂယ္ရီနဗီးလ္ Gary Neville က မန္စီးတီးကြင္းလယ္လူ ဒီဘရုိင္းနား Kevin De Bruyne ဟာ ေပါလ္စခုိးလ္ Paul Scholes နဲ႔ ေဒးဗစ္ဘက္ခမ္ David Beckham တို႔ ႏွစ္ဦးေပါင္းထားသလုိပဲဆုိၿပီး ခ်ီးက်ဴးခဲ့တယ္။ ဆုိလုိတာက ဒီဘ႐ုိင္းနားဆီမွာ ေပါလ္စခုိးလ္လုိ Passing Skill ၊ ေဒးဗစ္ဘက္ခမ္လုိ Crossing Skill ေကာင္းတဲ့သူလုိ႔ ေျပာခ်င္တာပါ။ ေပါလ္စခုိးလ္+ဘက္ခမ္= ဒီဘ႐ုိင္းနားေပါ့။ အဲဒီလုိပဲ ကစားသမားေတြကုိ ေပါင္းစပ္ၿပီး ဘယ္လုိစြမ္းေဆာင္ရည္မ်ိဳး ရွိသလဲဆုိတာကုိ တြက္ခ်က္ၾကည့္ခ်င္တာျဖစ္ပါတယ္ . .

Carles Puyol + Christian Vieri = Sergio Ramos

Carles-Puyol-Christian-Vieri-Sergio-Ramos

Carles-Puyol-Christian-Vieri-Sergio-Ramos

ရီးယဲလ္ေနာက္ခံလူ ရာမုိ႔စ္ဟာ ပူယုိးလ္နဲ႔ ဗီယာရီ ႏွစ္ဦးေပါင္းထားသလုိ စြမ္းရည္ရွိပါတယ္။ ေျပာခ်င္တာက Defensive Skill ေကာင္းမြန္တဲ့အျပင္ လုိအပ္လာရင္ အသင္းအတြက္ ဂုိးသြင္းယူႏုိင္ၿပီး တစ္ခ်ိန္က နာမည္ေက်ာ္တိုက္စစ္မွဴး ဗီယာရီလုိ ေခါင္းတိုက္စြမ္းရည္ ေကာင္းသူလုိ႔ တင္စားခ်င္တာပါ။

Michael Laudrup + Andres Iniesta = Isco

Michael-Laudrup-Andres-Iniesta-Isco

Michael-Laudrup-Andres-Iniesta-Isco

ရီးယဲလ္ကြင္းလယ္လူ အစၥကုိကေတာ့ မုိက္ကယ္ေလာဒရပ္နဲ႔ အင္နီေယစတာ ေပါင္းစပ္ထားသလုိပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အစၥကုိဟာ ခံစစ္ေရာ၊ တိုက္စစ္ပါ Balance ျဖစ္ေအာင္ ကစားႏုိင္လုိ႔ျဖစ္ပါတယ္။

Steven Gerrard + Edgar Davids = Arturo Vidal

Steven-Gerrard-Edgar-Davids-Arturo-Vidal

ဒီတစ္ခုကေတာ့ အေသးစိတ္ေျပာစရာ မလုိဘူးထင္ပါတယ္။ ဗီဒယ္လ္ဟာ တကယ္ပဲ ဂ်ရတ္လုိ Attacking ေကာင္းတဲ့အျပင္ အက္ဂၢါေဒးဗစ္ လုိမ်ိဳး ၾကမ္းၾကမ္းတမ္းတမ္း ကစားတတ္သူျဖစ္ပါတယ္။

Dimitar Berbatov + Juan Roman Riquelme = Mesut Ozil

Dimitar-Berbatov-Juan-Roman-Riquelme-Mesut-Ozil

Dimitar-Berbatov-Juan-Roman-Riquelme-Mesut-Ozil

ဘာဘာေတာ့ဗ္က Speed ထက္ Skill ပုိေကာင္းတဲ့သူ၊ ရီကြယ္လ္ေမးဆုိတာကလည္း တစ္ခ်ိန္တုန္းက ကြင္းလယ္ဗိသုကာလုိ႔ တင္စားခံခဲ့ရသူ။ အုိေဇးလ္ဟာ အဲဒီကစားသမားႏွစ္ဦး ေပါင္းစပ္ထားတဲ့အတိုင္းပါပဲ။

Thierry Henry + Ronaldo = Kylian Mbappe

Thierry-Henry-Ronaldo-Kylian-Mbappe

Thierry-Henry-Ronaldo-Kylian-Mbappe

ဒီေပါင္းစပ္မႈကေတာ့ တကယ္အမွန္ပါပဲ။ ဘာေပရဲ႕ ကစားပုံကုိ ၾကည့္ရင္ ဘရာဇီးလ္ဂႏၳ၀င္ ေရာ္နယ္လ္ဒုိလုိ Speed ၊ Dribbling Skill နဲ႔ အြန္နရီလုိမ်ိဳး ေဘာလုံးစြမ္းရည္ ျပည့္၀တာကုိ ပရိသတ္ေတြ အသိပဲျဖစ္ပါတယ္။

ဒါေတြကေတာ့ ေဘာလုံးသမားေတြကုိ စိတ္ကူးသက္သက္ ေပါင္းစပ္ထားတာဆုိေပမယ့္ လက္ေတြ႕ဆန္တယ္လုိ႔လည္း ေျပာရမယ္။ ပရိသတ္ေတြလည္း ဒီလုိပဲ ကစားသမားေတြကုိ ေပါင္းစပ္ၾကည့္ၿပီး ဘယ္သူက ဘယ္သူနဲ႔တူလဲဆုိတာ အေပ်ာ္သေဘာ စဥ္းစားၾကည့္ပါလား . . .

REF:.dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးသမားတွေကို စိတ်ကူးနဲ့ ပေါင်းစပ်ကြည့်လိုက်ရအောင် .

ခေါင်းစဉ်ဖတ်ပြီးတော့ နည်းနည်း ရှုပ်ထွေးသွားမယ်ထင်တယ်။ ဆိုလိုရင်းက ဒီလိုပါ။ ပြီးခဲ့တဲ့ရက်တုန်းက Sky Sports နဲ့ အင်တာဗျူးမှာ မန်ယူ နာမည်ကျော်ကစားသမားဟောင်း ဂယ်ရီနဗီးလ် Gary Neville က မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား Kevin De Bruyne ဟာ ပေါလ်စခိုးလ် Paul Scholes နဲ့ ဒေးဗစ်ဘက်ခမ် David Beckham တို့ နှစ်ဦးပေါင်းထားသလိုပဲဆိုပြီး ချီးကျူးခဲ့တယ်။ ဆိုလိုတာက ဒီဘရိုင်းနားဆီမှာ ပေါလ်စခိုးလ်လို Passing Skill ၊ ဒေးဗစ်ဘက်ခမ်လို Crossing Skill ကောင်းတဲ့သူလို့ ပြောချင်တာပါ။ ပေါလ်စခိုးလ်+ဘက်ခမ်= ဒီဘရိုင်းနားပေါ့။ အဲဒီလိုပဲ ကစားသမားတွေကို ပေါင်းစပ်ပြီး ဘယ်လိုစွမ်းဆောင်ရည်မျိုး ရှိသလဲဆိုတာကို တွက်ချက်ကြည့်ချင်တာဖြစ်ပါတယ် . .

Carles Puyol + Christian Vieri = Sergio Ramos

Carles-Puyol-Christian-Vieri-Sergio-Ramos

Carles-Puyol-Christian-Vieri-Sergio-Ramos

ရီးယဲလ်နောက်ခံလူ ရာမို့စ်ဟာ ပူယိုးလ်နဲ့ ဗီယာရီ နှစ်ဦးပေါင်းထားသလို စွမ်းရည်ရှိပါတယ်။ ပြောချင်တာက Defensive Skill ကောင်းမွန်တဲ့အပြင် လိုအပ်လာရင် အသင်းအတွက် ဂိုးသွင်းယူနိုင်ပြီး တစ်ချိန်က နာမည်ကျော်တိုက်စစ်မှူး ဗီယာရီလို ခေါင်းတိုက်စွမ်းရည် ကောင်းသူလို့ တင်စားချင်တာပါ။

Michael Laudrup + Andres Iniesta = Isco

Michael-Laudrup-Andres-Iniesta-Isco

Michael-Laudrup-Andres-Iniesta-Isco

ရီးယဲလ်ကွင်းလယ်လူ အစ္စကိုကတော့ မိုက်ကယ်လောဒရပ်နဲ့ အင်နီယေစတာ ပေါင်းစပ်ထားသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစ္စကိုဟာ ခံစစ်ရော၊ တိုက်စစ်ပါ Balance ဖြစ်အောင် ကစားနိုင်လို့ဖြစ်ပါတယ်။

Steven Gerrard + Edgar Davids = Arturo Vidal

Steven-Gerrard-Edgar-Davids-Arturo-Vidal

ဒီတစ်ခုကတော့ အသေးစိတ်ပြောစရာ မလိုဘူးထင်ပါတယ်။ ဗီဒယ်လ်ဟာ တကယ်ပဲ ဂျရတ်လို Attacking ကောင်းတဲ့အပြင် အက်ဂ္ဂါဒေးဗစ် လိုမျိုး ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူဖြစ်ပါတယ်။

Dimitar Berbatov + Juan Roman Riquelme = Mesut Ozil

Dimitar-Berbatov-Juan-Roman-Riquelme-Mesut-Ozil

Dimitar-Berbatov-Juan-Roman-Riquelme-Mesut-Ozil

ဘာဘာတော့ဗ်က Speed ထက် Skill ပိုကောင်းတဲ့သူ၊ ရီကွယ်လ်မေးဆိုတာကလည်း တစ်ချိန်တုန်းက ကွင်းလယ်ဗိသုကာလို့ တင်စားခံခဲ့ရသူ။ အိုဇေးလ်ဟာ အဲဒီကစားသမားနှစ်ဦး ပေါင်းစပ်ထားတဲ့အတိုင်းပါပဲ။

Thierry Henry + Ronaldo = Kylian Mbappe

Thierry-Henry-Ronaldo-Kylian-Mbappe

Thierry-Henry-Ronaldo-Kylian-Mbappe

ဒီပေါင်းစပ်မှုကတော့ တကယ်အမှန်ပါပဲ။ ဘာပေရဲ့ ကစားပုံကို ကြည့်ရင် ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒိုလို Speed ၊ Dribbling Skill နဲ့ အွန်နရီလိုမျိုး ဘောလုံးစွမ်းရည် ပြည့်ဝတာကို ပရိသတ်တွေ အသိပဲဖြစ်ပါတယ်။

ဒါတွေကတော့ ဘောလုံးသမားတွေကို စိတ်ကူးသက်သက် ပေါင်းစပ်ထားတာဆိုပေမယ့် လက်တွေ့ဆန်တယ်လို့လည်း ပြောရမယ်။ ပရိသတ်တွေလည်း ဒီလိုပဲ ကစားသမားတွေကို ပေါင်းစပ်ကြည့်ပြီး ဘယ်သူက ဘယ်သူနဲ့တူလဲဆိုတာ အပျော်သဘော စဉ်းစားကြည့်ပါလား . . .

REF:.dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com