[Zawgyi]

သာမန္အသင္းတစ္သင္းနဲ႔ အဓိက ဆုဖလားရယူႏုိင္ခဲ့တဲ့ နည္းျပမ်ား အပုိင္း(၃)

ေဘာလုံးေလာကမွာ နည္းျပတစ္ဦးရဲ႕ အခန္းက႑က ဘယ္ေလာက္အေရးပါလဲဆုိတာ အေထြအထူး ေျပာစရာလုိမယ္ မထင္ပါဘူး။ အသင္းအတြက္ သင့္ေတာ္မယ့္ နည္းဗ်ဴဟာ ခ်မွတ္ရမယ့္အျပင္ ကစားသမားေရြးခ်ယ္မႈအပုိင္း၊ ပဲြတစ္ပဲြရဲ႕အလွည့္အေျပာင္းကုိလည္း ဖန္တီးႏုိင္စြမ္းရွိရမွာပါ။ ေငြေၾကးအင္အား ေတာင့္တင္းတဲ့ အသင္းတစ္သင္းနဲ႔ ဆုဖလားေအာင္ျမင္မႈရယူႏုိင္တာထက္ သာမန္အသင္းတစ္သင္းအတြက္ အဓိက ဆုဖလားရယူႏုိင္ခဲ့တဲ့ နည္းျပဆုိရင္ ပုိၿပီး အထင္ႀကီးေလးစားစရာေကာင္းေနပါတယ္။ အလယ္အလတ္အသင္းကုိ ကုိင္တြယ္ၿပီး သမုိင္း၀င္ ေအာင္ျမင္မႈရယူႏုိင္ခဲ့တဲ့ နည္းျပဆုိတာ လက္ခ်ိဳးေရလုိ႔ေတာင္ ရတယ္။ ဒါေၾကာင့္ သာမန္အသင္းတစ္သင္းနဲ႔ ဆုဖလားရယူခဲ့တဲ့ နည္းျပေတြကုိ ပရိသတ္ေတြအတြက္ ေရြးခ်ယ္ ေဖာ္ျပလုိက္ပါတယ္ . . .

Otto Rehhagel

Otto-Rehhagel

Otto-Rehhagel

ယူ႐ုိ-၂၀၀၄ မွာ ဂရိအသင္း ဗုိလ္စဲြမယ္လုိ႔ ဘယ္သူမ်ားထင္ခဲ့ၾကလဲ။ ဒါေပမဲ့ Nothing is Impossible ဆုိတဲ့ စကားအတိုင္းပဲ ဂရိအသင္းဟာ အင္အားႀကီးၿပိဳင္ဘက္ေတြကုိ ေက်ာ္ျဖတ္ၿပီး ယူ႐ုိခ်န္ပီယံဆု ကုိင္ေျမႇာက္ႏုိင္ခဲ့တယ္။ စိတ္ဓာတ္ျပင္းထန္တဲ့ ေအသင္သားေတြကုိ ဦးေဆာင္ခဲ့သူက ၀ါရင့္နည္းျပႀကီး ေအာ့တိုရီဟာဂယ္လ္ Otto Rehhagel ပါပဲ။ သူ႔ရဲ႕ ခံစစ္အသားေပး နည္းဗ်ဴဟာ၊ One Goal Enough ဖေလာ္ဆုိဖာက အလုပ္ျဖစ္ခဲ့ၿပီး အဲဒီေနာက္ပုိင္း ေဘာလုံးေလာကမွာ Defensive Tactic ဗ်ဴဟာက တစ္ေခတ္ဆန္းခဲ့ပါေသးတယ္။ ရီဟာဂယ္လ္ဟာ Fortuna Düsseldorf ၊ ၀ါဒါဘရီမင္၊ ကုိင္ဇာစေလာ့တန္အသင္းတို႔နဲ႔ ဘြန္ဒစ္လီဂါ၊ UEFA Cup Winners’ Cup ၊ ဂ်ာမန္ဖလားေတြ ရယူခဲ့ဖူးေပမယ့္ ဂရိအသင္းနဲ႔အတူ ယူ႐ုိဖလား ရယူခဲ့တာက ပုိၿပီးထင္ရွားခ့ဲတယ္။

Roberto Martínez

Roberto-Martínez

Roberto-Martínez

အခု ဘယ္လ္ဂ်ီယံအသင္းနည္းျပ မာတီနက္ဇ္ Roberto Martínez ရဲ႕ နည္းျပဘ၀တစ္ေလွ်ာက္ အထင္ရွားဆံုးေအာင္ျမင္မႈကုိ ျပပါဆုိရင္ေတာ့ ၀ီဂန္အသင္းနဲ႔အတူ FA ဖလား ရယူခဲ့တာပါပဲ။ ၂၀၁၂-၁၃ ရာသီမွာ ဆြတ္ခူးခဲ့တာျဖစ္ၿပီး ဘယ္လုိမွ မထင္မွတ္တဲ့အေနအထားကေန ခ်န္ပီယံဆု ကုိင္ေျမႇာက္ႏုိင္ခ့ဲတာလညး္ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတို႔ရင္ဆုိင္ရတဲ့အသင္းက အဲဒီအခ်ိန္တုန္းက ေငြကုိ ေရလုိသုံးၿပီး ျပင္ဆင္ေနတဲ့ မန္စီးတီးျဖစ္ေနလုိ႔ပါ။ (၉၁)မိနစ္မွာ Ben Watson ရဲ႕ တစ္လုံးတည္းေသာဂုိးနဲ႔ အႏုိင္ရခဲ့ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံး FA ဖလားကုိ ကုိင္ေျမႇာက္ႏုိင္ခဲ့တယ္။ အဲဒီပဲြဟာ ႏွစ္ေပါင္း(၁၀၀)အတြင္း FA ဖလားဗုိလ္လုပဲြေတြထဲမွာ ကေမာက္ကမရလဒ္ ထြက္ေပၚခဲ့တဲ့ပဲြအျဖစ္ပါ မွတ္တမ္း၀င္ခဲ့ပါေသးတယ္။ ဒါေပမဲ့ အဲဒီရာသီမွာပဲ ၀ီဂန္အသင္း ပရီးမီးယားလိဂ္က တန္းဆင္းခဲ့ရလုိ႔ FA ဖလားရၿပီး တန္းဆင္းခဲ့ရတဲ့ အသင္းအျဖစ္ပါ စံခ်ိန္ေရးထုိးခဲ့ပါတယ္။

Javier Irureta

Javier-Irureta

Javier-Irureta

အီယူေရတာ Javier Irureta ဆုိတဲ့ နာမည္ဟာ လက္ရွိအခ်ိန္မွာ မထင္ရွားေတာ့ေပမယ့္ ၂၀၀၀ ပတ္၀န္းက်င္ကာလေတြတုန္းက စပိန္ေဘာလုံးေလာကမွာ မွတ္တမ္းတစ္ခု စုိက္ထူႏုိင္ခဲ့သူပါ။ ၁၉၉၉-၂၀၀၀ ရာသီမွာ စပိန္ေဘာလုံးေလာကရဲ႕ ဘီလူးႀကီး(၂)သင္းျဖစ္တဲ့ ဘာစီလုိနာ၊ ရီးယဲလ္တို႔ကုိ ေက်ာ္ျဖတ္ၿပီး လာလီဂါခ်န္ပီယံဆုကုိ ဆြတ္ခူးေပးခဲ့တယ္။ သူ႔လက္ထက္မွာ ထရစ္စတန္ Diego Tristán ၊ မက္ကုိင္း Roy Makaay ၊ ေနးဘတ္ Noureddine Naybet ၊ ပန္ဒီယာနီ Walter Pandiani စတ့ဲ ကစားသမားေတြဟာလည္း ေဘာလုံးစင္ျမင့္ထက္မွာ ထင္ရွားလာခဲ့ပါတယ္။

ပရိသတ္ႀကီးေရ . . သာမန္အသင္းတစ္သင္းနဲ႔ အဓိက ဆုဖလားရယူခဲ့တဲ့ နည္းျပ အပုိင္း(၃)ကုိ ေဖာ္ျပလုိက္တာျဖစ္ပါတယ္။ အပုိင္း(၄)ကုိလည္း ဆက္ၿပီးေဖာ္ျပသြားမွာျဖစ္လုိ႔ ေစာင့္ေမွ်ာ္အားေပးၾကပါဦးခင္ဗ်ား . .

သာမန္အသင္းတစ္သင္းနဲ႔ အဓိက ဆုဖလားရယူႏုိင္ခဲ့တဲ့ နည္းျပမ်ား အပုိင္း(၁) ဖတ္႐ႈရန္လင့္ခ္

သာမန္အသင္းတစ္သင္းနဲ႔ အဓိက ဆုဖလားရယူႏုိင္ခဲ့တဲ့ နည္းျပမ်ား အပုိင္း(၂) ဖတ္႐ႈရန္လင့္ခ္

Photo:Web.de,Twitter,Evening Standard,These Football Times,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

သာမန်အသင်းတစ်သင်းနဲ့ အဓိက ဆုဖလားရယူနိုင်ခဲ့တဲ့ နည်းပြများ အပိုင်း(၃)

ဘောလုံးလောကမှာ နည်းပြတစ်ဦးရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါလဲဆိုတာ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူး။ အသင်းအတွက် သင့်တော်မယ့် နည်းဗျူဟာ ချမှတ်ရမယ့်အပြင် ကစားသမားရွေးချယ်မှုအပိုင်း၊ ပွဲတစ်ပွဲရဲ့အလှည့်အပြောင်းကိုလည်း ဖန်တီးနိုင်စွမ်းရှိရမှာပါ။ ငွေကြေးအင်အား တောင့်တင်းတဲ့ အသင်းတစ်သင်းနဲ့ ဆုဖလားအောင်မြင်မှုရယူနိုင်တာထက် သာမန်အသင်းတစ်သင်းအတွက် အဓိက ဆုဖလားရယူနိုင်ခဲ့တဲ့ နည်းပြဆိုရင် ပိုပြီး အထင်ကြီးလေးစားစရာကောင်းနေပါတယ်။ အလယ်အလတ်အသင်းကို ကိုင်တွယ်ပြီး သမိုင်းဝင် အောင်မြင်မှုရယူနိုင်ခဲ့တဲ့ နည်းပြဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ ဒါကြောင့် သာမန်အသင်းတစ်သင်းနဲ့ ဆုဖလားရယူခဲ့တဲ့ နည်းပြတွေကို ပရိသတ်တွေအတွက် ရွေးချယ် ဖော်ပြလိုက်ပါတယ် . . .

Otto Rehhagel

Otto-Rehhagel

Otto-Rehhagel

ယူရို-၂၀၀၄ မှာ ဂရိအသင်း ဗိုလ်စွဲမယ်လို့ ဘယ်သူများထင်ခဲ့ကြလဲ။ ဒါပေမဲ့ Nothing is Impossible ဆိုတဲ့ စကားအတိုင်းပဲ ဂရိအသင်းဟာ အင်အားကြီးပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ယူရိုချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့တယ်။ စိတ်ဓာတ်ပြင်းထန်တဲ့ အေသင်သားတွေကို ဦးဆောင်ခဲ့သူက ဝါရင့်နည်းပြကြီး အော့တိုရီဟာဂယ်လ် Otto Rehhagel ပါပဲ။ သူ့ရဲ့ ခံစစ်အသားပေး နည်းဗျူဟာ၊ One Goal Enough ဖလော်ဆိုဖာက အလုပ်ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း ဘောလုံးလောကမှာ Defensive Tactic ဗျူဟာက တစ်ခေတ်ဆန်းခဲ့ပါသေးတယ်။ ရီဟာဂယ်လ်ဟာ Fortuna Düsseldorf ၊ ဝါဒါဘရီမင်၊ ကိုင်ဇာစလော့တန်အသင်းတို့နဲ့ ဘွန်ဒစ်လီဂါ၊ UEFA Cup Winners’ Cup ၊ ဂျာမန်ဖလားတွေ ရယူခဲ့ဖူးပေမယ့် ဂရိအသင်းနဲ့အတူ ယူရိုဖလား ရယူခဲ့တာက ပိုပြီးထင်ရှားခဲ့တယ်။

Roberto Martínez

Roberto-Martínez

Roberto-Martínez

အခု ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ် Roberto Martínez ရဲ့ နည်းပြဘဝတစ်လျှောက် အထင်ရှားဆုံးအောင်မြင်မှုကို ပြပါဆိုရင်တော့ ဝီဂန်အသင်းနဲ့အတူ FA ဖလား ရယူခဲ့တာပါပဲ။ ၂၀၁၂-၁၃ ရာသီမှာ ဆွတ်ခူးခဲ့တာဖြစ်ပြီး ဘယ်လိုမှ မထင်မှတ်တဲ့အနေအထားကနေ ချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရင်ဆိုင်ရတဲ့အသင်းက အဲဒီအချိန်တုန်းက ငွေကို ရေလိုသုံးပြီး ပြင်ဆင်နေတဲ့ မန်စီးတီးဖြစ်နေလို့ပါ။ (၉၁)မိနစ်မှာ Ben Watson ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး FA ဖလားကို ကိုင်မြှောက်နိုင်ခဲ့တယ်။ အဲဒီပွဲဟာ နှစ်ပေါင်း(၁၀၀)အတွင်း FA ဖလားဗိုလ်လုပွဲတွေထဲမှာ ကမောက်ကမရလဒ် ထွက်ပေါ်ခဲ့တဲ့ပွဲအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီရာသီမှာပဲ ဝီဂန်အသင်း ပရီးမီးယားလိဂ်က တန်းဆင်းခဲ့ရလို့ FA ဖလားရပြီး တန်းဆင်းခဲ့ရတဲ့ အသင်းအဖြစ်ပါ စံချိန်ရေးထိုးခဲ့ပါတယ်။

Javier Irureta

Javier-Irureta

Javier-Irureta

အီယူရေတာ Javier Irureta ဆိုတဲ့ နာမည်ဟာ လက်ရှိအချိန်မှာ မထင်ရှားတော့ပေမယ့် ၂၀၀၀ ပတ်ဝန်းကျင်ကာလတွေတုန်းက စပိန်ဘောလုံးလောကမှာ မှတ်တမ်းတစ်ခု စိုက်ထူနိုင်ခဲ့သူပါ။ ၁၉၉၉-၂၀၀၀ ရာသီမှာ စပိန်ဘောလုံးလောကရဲ့ ဘီလူးကြီး(၂)သင်းဖြစ်တဲ့ ဘာစီလိုနာ၊ ရီးယဲလ်တို့ကို ကျော်ဖြတ်ပြီး လာလီဂါချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့တယ်။ သူ့လက်ထက်မှာ ထရစ်စတန် Diego Tristán ၊ မက်ကိုင်း Roy Makaay ၊ နေးဘတ် Noureddine Naybet ၊ ပန်ဒီယာနီ Walter Pandiani စတဲ့ ကစားသမားတွေဟာလည်း ဘောလုံးစင်မြင့်ထက်မှာ ထင်ရှားလာခဲ့ပါတယ်။

ပရိသတ်ကြီးရေ . . သာမန်အသင်းတစ်သင်းနဲ့ အဓိက ဆုဖလားရယူခဲ့တဲ့ နည်းပြ အပိုင်း(၃)ကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အပိုင်း(၄)ကိုလည်း ဆက်ပြီးဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးခင်ဗျား . .

သာမန်အသင်းတစ်သင်းနဲ့ အဓိက ဆုဖလားရယူနိုင်ခဲ့တဲ့ နည်းပြများ အပိုင်း(၁) ဖတ်ရှုရန်လင့်ခ်

သာမန်အသင်းတစ်သင်းနဲ့ အဓိက ဆုဖလားရယူနိုင်ခဲ့တဲ့ နည်းပြများ အပိုင်း(၂) ဖတ်ရှုရန်လင့်ခ်

Photo:Web.de,Twitter,Evening Standard,These Football Times,
Naing Linn(Akhayar)
www.akhayar.com