[Zawgyi]

Ballon d’Or ဆုနဲ႔ လဲြေခ်ာ္ခဲ့တဲ့ နာမည္ေက်ာ္ကစားသမားမ်ား

ေဘာလုံးေလာကမွာ ဂုဏ္သိကၡာႀကီးမားၿပီး အဆင့္အတန္းရွိရွိရပ္တည္ေနတဲ့ France Football မဂၢဇင္းက ၁၉၅၆ ခုႏွစ္မွာ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆု (Ballon d’Or)ကုိ စတင္ခ်ီးျမႇင့္ခဲ့ၿပီး အစပုိင္းႏွစ္ေတြတုန္းက ဥေရာပကစားသမားေတြကုိသာ အဓိကထား ေရြးခ်ယ္ခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ ဥေရာပကလပ္အသင္းေတြမွာကစားေနတဲ့ ကစားသမားေတြထဲက ေျခစြမ္းျပႏုိင္သူကုိ ေရြးခ်ယ္ ခ်ီးျမႇင့္ခဲ့တယ္။

legends-who-never-won-a-Ballon-dOr-

legends-who-never-won-a-Ballon-dOr-

၂၀၀၇ ခုႏွစ္ကစၿပီး ကမၻာတစ္၀ွမ္းက ေဘာလုံးသမားေတြပါ ဆုေရြးခ်ယ္တဲ့စာရင္းထဲမွာ ထည့္သြင္းခဲ့ၿပီး အခုဆုိရင္ ဒီဆုရဲ႕သက္တမ္းက (၆၂)ႏွစ္အထိရွိလာခဲ့ပါၿပီ။ ၁၉၅၆ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ Ballon d’Or ဆုအမည္နဲ႔ ခ်ီးျမႇင့္ခဲ့ေပမယ့္ ၂၀၁၀ မွာ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(ဖီဖာ)နဲ႔ေပါင္းၿပီး FIFA Ballon d’Or ဆုိတဲ့အမည္ကုိ ေျပာင္းလဲခဲ့တယ္။ ဒါေပမဲ့ ၂၀၁၆မွာ ဖီဖာနဲ႔ France Football မဂၢဇင္းတို႔ ဆက္ၿပီး လက္မတဲြေတာ့ဘဲ France Football မဂၢဇင္းက အရင္အတိုင္းပဲ Ballon d’Or အမည္နဲ႔ ျပန္လည္ခ်ီးျမႇင့္ခဲ့တယ္။ ဆုခ်ီးျမႇင့္တဲ့ (၆၂)ႏွစ္တာသက္တမ္းအတြင္းမွာ ဆုရရွိဖူးတဲ့ကစားသမားက (၂၅)ဦးရွိခဲ့သလုိ အႀကိမ္အမ်ားဆုံး ရရွိခဲ့တဲ့သူေတြကေတာ့ ပရိသတ္ေတြ သိတဲ့အတိုင္းပဲ မက္ဆီ Messi ၊ စီေရာ္နယ္လ္ဒုိ C.Ronaldo တို႔ျဖစ္ၿပီး (၅)ႀကိမ္စီနဲ႔ ပူးတဲြျဖစ္ေနတာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

ဒီဆုကုိ ဆြတ္ခူးခဲ့တဲ့ကစားသမားေတြဟာ သူတို႔ရဲ႕ေျခစြမ္း၊ ေအာင္ျမင္မႈေတြအရ ထုိက္ထုိက္တန္တန္ရရွိခဲ့တာ မွန္ေပမယ့္ တကယ္ ရသင့္ၿပီး မရတဲ့သူေတြလညး္ အမ်ားႀကီးရွိခဲ့တယ္။ အခုေနာက္ဆုံး ဘာစီလုိနာဂႏၳ၀င္ကစားသမား အင္နီေယစတာ Iniestaကုိပဲ ၾကည့္ပါ။ အင္နီေယစတာဟာ ကစားသမားဘ၀မွာ ခ်န္ပီယံလိဂ္၊ လာလီဂါ၊ ကမၻာ႔ဖလား၊ ယူ႐ုိ စတဲ့ဖလားေတြအျပင္ တျခားဆုဖလားေတြ အမ်ားႀကီး ရယူခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ သူဟာ Ballon d’Or ဆုကုိ တစ္ခါမွ မရခဲ့ပါဘူး။

Messi

Messi

စပိန္အသင္း ပထမဆုံးကမၻာ႔ဖလားရရွိခဲ့တဲ့ ၂၀၁၀ ခုႏွစ္က တစ္ႀကိမ္ပဲ ဒုတိယေနရာရရွိခဲ့တာပါ။ အဲဒီအတြက္ France Football မဂၢဇင္းကေတာင္ အင္နီေယစတာကုိ ေတာင္းပန္စကားဆုိခဲ့ၿပီး သူတို႔ကုိ ခြင့္လႊင့္ဖုိ႔ ေတာင္းဆုိခဲ့တယ္။ ဒါေပမဲ့ တကယ္တမ္း ေတာင္းပန္မယ္ဆုိရင္ အင္နီေယစတာ တစ္ဦးတည္းကုိသာ မဟုတ္ပါဘူး၊ ဆုရဖုိ႔ ထုိက္တန္ေပမယ့္ လဲြေခ်ာ္ခဲ့တဲ့ နာမည္ႀကီးကစားသမားေတြ အမ်ားႀကီရွိေနလုိ႔ပါ။

Beckham

Beckham

ဥပမာ မန္ယူဂႏၳ၀င္ ေဒးဗစ္ဘက္ခမ္ David Beckham ၊ မာလ္ဒီနီ Maldini ၊ ပူယုိးလ္ Puyol အမ်ားႀကီးပါ။ ဒါေၾကာင့္ စပိန္အားကစားသတင္းစာ AS က Ballon d’Or ဆု ရသင့္ေပမယ့္ လဲြေခ်ာ္ခဲ့တဲ့ နာမည္ႀကီးကစားသမားေတြကုိ ေဖာ္ျပခဲ့ၿပီး အဲဒီကစားသမားေတြက ဘယ္သူေတြမ်ားျဖစ္မလဲဆုိတာ Akhayar Sports ပရိသတ္ေတြသိရွိႏုိင္ေအာင္ ျပန္လည္ေဖာ္ျပေပးလုိက္ပါတယ္။

ဇာဗီ Xavi– ဘာစီလုိနာဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္တဲ့ ဇာဗီဟာ Ballon d’Or ဆုအတြက္ ဆန္ခါတင္စာရင္းမွာ (၃)ႀကိမ္တိုင္တိုင္ပါ ၀င္ခဲ့ဖူးေပမယ့္ ၂၀၀၉ ခုႏွစ္တစ္ႀကိမ္ပဲ တတိယရခ့ဲတယ္။

ရာအူးလ္ Raul – ရာအူးလ္လုိ ကစားသမားမ်ိဳး ဒီဆုနဲ႔လဲြေခ်ာ္ခဲ့တာက အံ့အားသင့္စရာပါပဲ။ စီေရာ္နယ္လ္ဒုိ မတိုင္ခင္ ရီးယဲလ္ရဲ႕သြင္းဂုိး
အမ်ားဆုံးကစားသမား၊ ခ်န္ပီယံလိဂ္နဲ႔ တျခားဆုဖလားအမ်ားႀကီးရယူခဲ့တဲ့ ကစားသမားတစ္ေယာက္က ၂၀၀၁ တစ္ခါပဲ ဒုတိယရခဲ့ဖူးပါတယ္။

မာလ္ဒီနီ Maldini – အီတလီနဲ႔ေအစီမီလန္ဂႏၳ၀င္ေနာက္ခံလူ မာလ္ဒီနီဟာ ခ်န္ပီယံလိဂ္ဖလားကုိ (၅)ႀကိမ္အထိရခဲ့ေပမယ့္ Ballon d’Orဆုကုိေတာ့ တစ္ခါမွ မရခဲ့ပါဘူး။ ၁၉၉၄၊ ၂၀၀၃ ခုႏွစ္ေတြမွာ ဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရတယ္။

Maldini

Maldini

ဘူဖြန္ Buffon – အီတလီနဲ႔ဂ်ဴဗင္တပ္စ္ဂုိးသမားႀကီး ဘူဖြန္ဟာ ၂၀၀၆ ခုႏွစ္မွာ အီတလီအသင္းနဲ႔အတူ ကမၻာ႔ဖလားရခဲ့ေပမယ့္ Ballond’Or မွာေတာ့ ဒုတိယေနရာသာရခဲ့ပါတယ္။

ကာဆီးလက္စ္ Casillas
– စပိန္အသင္းကုိ ကမၻာ႔ဖလား၊ ယူ႐ုိဖလားေတြရရွိေအာင္ ဦးေဆာင္ခဲ့သူ၊ ကစားသမားဘ၀မွာလည္း ဆုဖလားေတြ အမ်ားႀကီးရခဲ့ေပမယ့္ ကာဆီးလက္စ္ဟာ Ballon d’Or ဆုကုိ တစ္ႀကိမ္မွ မရခဲ့ပါဘူး။

အြန္နရီ Henry
– ကမၻာ႔ဖလား၊ ယူ႐ုိနဲ႔ ခ်န္ပီယံလိဂ္ဖလားပုိင္ရွင္ႀကီးဟာ Ballon d’Or ဆုအတြက္ စာရင္းမွာေတာ့ ဒုတိယ၊ တတိယေနရာေတြနဲ႔သာ ေက်နပ္ခဲ့ရတယ္။

လမ္းပတ္ Lampard
– ခ်ယ္လ္ဆီးအသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ စြမ္းေဆာင္ခဲ့တဲ့ လမ္းပတ္ဟာ ၂၀၀၅ ခုႏွစ္တစ္ႀကိမ္ပဲ Ballon d’Or ဒုတိယေနရာရခဲ့ပါတယ္။

ဂ်ရတ္ Gerrard
– ၂၀၀၅ ခုႏွစ္မွာ လီဗာပူးလ္အသငး္နဲ႔ ခ်န္ပီယံလိဂ္ဖလားရခဲ့ေပမယ့္ ဂ်ရတ္ဟာ Ballon d’Or မွာေတာ့ ဒုတိယသာရခဲ့ပါတယ္။

Gerrard

Gerrard

ပီယာလုိ Pirlo – အီတလီကြင္းလယ္မွာ ဆရာတစ္ဆူျဖစ္ခဲ့ၿပီး ေအာင္ျမင္မႈေတြအမ်ားႀကီးရခဲ့ေပမယ့္ Ballon d’Or ဆုကုိေတာ့ တစ္ခါမွမရခဲ့ပါဘူး။

ပူယုိးလ္ Puyol
– စပိန္နဲ႔ဘာစီလုိနာဂႏၳ၀င္အသင္းေခါင္းေဆာင္ ပူယုိးလ္ကလည္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ဒီဆုနဲ႔ လဲြေခ်ာ္ခဲ့ပါတယ္။

ဘာရီစီ Baresi
– ေအစီမီလန္ နာမည္ေက်ာ္ေနာက္ခံလူေဟာင္း ဘာရီစီဟာ ၁၉၈၉ ခုႏွစ္က တစ္ႀကိမ္သာ ဒုတိယရခဲ့ေပမယ့္ ပထမဆုကုိေတာ့ ဘယ္တုန္းကမွ မရခဲ့ဖူးပါဘူး။

ပြတ္ရွ္ကပ္စ္ Puskas
– ဟန္ေဂရီ၊ ရီးယဲလ္ဂႏၳ၀င္တိုက္စစ္မွဴးႀကီး ပြတ္ရွ္ကပ္စ္ဟာ ၁၉၆၀ ခုႏွစ္က Ballon d’Or ဒုတိယေနရာနဲ႔ ေက်နပ္ခဲ့ရဖူးပါတယ္။

ေတာ့တီ Totti
– ႐ုိးမားအသင္းတစ္သင္းတည္းမွာပဲ ကစားခဲ့သူ၊ အီတလီအသင္းနဲ႔ ကမၻာ႔ဖလားရယူခဲ့သူ ေတာ့တီဟာ Ballon d’Or ဆု
ရရွိဖုိ႔ ကံမပါခဲ့ပါဘူး။

ကန္တိုနာ Cantona
– မန္ယူဂႏၳ၀င္တိုက္စစ္မွဴးႀကီး ကန္တိုနာကေတာ့ ၁၉၉၃ တစ္ႀကိမ္ပဲ တတိယေနရာရခဲ့ဖူးပါတယ္။

ဘားကမ့္ Bergkamp
– ၁၉၉၂ မွာ တတိယ၊ ၁၉၉၃ ခုႏွစ္မွာ ဒုတိယရခဲ့ေပမယ့္ ပထမေနရာကုိေတာ့ တစ္ခါမွ တက္လွမ္းႏုိင္ျခင္း မရွိခဲ့ပါဘူး။

Ryan-Giggs-and-Beckham

Ryan-Giggs-and-Beckham

႐ုိင္ယန္ဂစ္ Ryan Giggs – မန္ယူနဲ႔အတူ ဆုဖလားေတြအမ်ားႀကီး ရခဲ့ေပမယ့္ ႐ုိင္ယန္ဂစ္ဟာ Ballon d’Or ဆုအတြက္ ဆန္ခါတင္(၃)ဦးစာရင္းမွာေတာင္ တစ္ခါမွ မပါခဲ့တာက အံ့အားသင့္စရာပါပဲ။

ေရာ္ဘတ္တိုကားလုိ႔စ္ Roberto Carlos
– ေရာ္ဘတ္တိုကားလုိ႔စ္အတြက္ မရဖူးတဲ့ ဆုဖလားဆုိတာ မရွိသေလာက္ျဖစ္ခဲ့ေပမယ့္ Ballond’Or ဆုကိုေတာ့ တစ္ခါမွ မရခဲ့ပါဘူး။

ဒယ္လ္ပီယာ႐ုိ Del Piero
– တျခားနာမည္ေက်ာ္ကစားသမားေတြလုိပဲ ဒယ္လ္ပီယာ႐ုိဟာလည္းBallon d’Or ဆုနဲ႔လဲြေခ်ာ္ခဲ့သူျဖစ္ပါတယ္။

ဘန္႐ူးစတား Schuster
– Ballon d’Or ဆုအတြက္ ဆန္ခါတင္စာရငး္မွာ (၃)ႀကိမ္အထိ ပါ၀င္ခဲ့ဖူးေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ဆု မရရွိခဲ့ပါဘူး။

အင္နီေယစတာ Iniesta
– ဒီလုိၿပီးျပည့္စုံတဲ့ကစားသမားမ်ိဳးဟာ Ballon d’Or ဆုကုိ တစ္ခါမွ မရခဲ့တဲ့အတြက္ France Football မဂၢဇင္းက ေတာင္းပန္စကားဆုိခဲ့ရပါတယ္။

REF:AS
Photo:squawka,pursuitofdopeness,The Guardian Nigeria,Getty Images,Liverpool Echo,Pinterest
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Ballon d’Or ဆုနဲ့ လွဲချော်ခဲ့တဲ့ နာမည်ကျော်ကစားသမားများ

ဘောလုံးလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး အဆင့်အတန်းရှိရှိရပ်တည်နေတဲ့ France Football မဂ္ဂဇင်းက ၁၉၅၆ ခုနှစ်မှာ ဥရောပအကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို စတင်ချီးမြှင့်ခဲ့ပြီး အစပိုင်းနှစ်တွေတုန်းက ဥရောပကစားသမားတွေကိုသာ အဓိကထား ရွေးချယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဥရောပကလပ်အသင်းတွေမှာကစားနေတဲ့ ကစားသမားတွေထဲက ခြေစွမ်းပြနိုင်သူကို ရွေးချယ် ချီးမြှင့်ခဲ့တယ်။

legends-who-never-won-a-Ballon-dOr-

legends-who-never-won-a-Ballon-dOr-

၂၀၀၇ ခုနှစ်ကစပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးသမားတွေပါ ဆုရွေးချယ်တဲ့စာရင်းထဲမှာ ထည့်သွင်းခဲ့ပြီး အခုဆိုရင် ဒီဆုရဲ့သက်တမ်းက (၆၂)နှစ်အထိရှိလာခဲ့ပါပြီ။ ၁၉၅၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ Ballon d’Or ဆုအမည်နဲ့ ချီးမြှင့်ခဲ့ပေမယ့် ၂၀၁၀ မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ပေါင်းပြီး FIFA Ballon d’Or ဆိုတဲ့အမည်ကို ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆မှာ ဖီဖာနဲ့ France Football မဂ္ဂဇင်းတို့ ဆက်ပြီး လက်မတွဲတော့ဘဲ France Football မဂ္ဂဇင်းက အရင်အတိုင်းပဲ Ballon d’Or အမည်နဲ့ ပြန်လည်ချီးမြှင့်ခဲ့တယ်။ ဆုချီးမြှင့်တဲ့ (၆၂)နှစ်တာသက်တမ်းအတွင်းမှာ ဆုရရှိဖူးတဲ့ကစားသမားက (၂၅)ဦးရှိခဲ့သလို အကြိမ်အများဆုံး ရရှိခဲ့တဲ့သူတွေကတော့ ပရိသတ်တွေ သိတဲ့အတိုင်းပဲ မက်ဆီ Messi ၊ စီရော်နယ်လ်ဒို C.Ronaldo တို့ဖြစ်ပြီး (၅)ကြိမ်စီနဲ့ ပူးတွဲဖြစ်နေတာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

ဒီဆုကို ဆွတ်ခူးခဲ့တဲ့ကစားသမားတွေဟာ သူတို့ရဲ့ခြေစွမ်း၊ အောင်မြင်မှုတွေအရ ထိုက်ထိုက်တန်တန်ရရှိခဲ့တာ မှန်ပေမယ့် တကယ် ရသင့်ပြီး မရတဲ့သူတွေလည်း အများကြီးရှိခဲ့တယ်။ အခုနောက်ဆုံး ဘာစီလိုနာဂန္ထဝင်ကစားသမား အင်နီယေစတာ Iniestaကိုပဲ ကြည့်ပါ။ အင်နီယေစတာဟာ ကစားသမားဘဝမှာ ချန်ပီယံလိဂ်၊ လာလီဂါ၊ ကမ္ဘာ့ဖလား၊ ယူရို စတဲ့ဖလားတွေအပြင် တခြားဆုဖလားတွေ အများကြီး ရယူခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ Ballon d’Or ဆုကို တစ်ခါမှ မရခဲ့ပါဘူး။

Messi

Messi

စပိန်အသင်း ပထမဆုံးကမ္ဘာ့ဖလားရရှိခဲ့တဲ့ ၂၀၁၀ ခုနှစ်က တစ်ကြိမ်ပဲ ဒုတိယနေရာရရှိခဲ့တာပါ။ အဲဒီအတွက် France Football မဂ္ဂဇင်းကတောင် အင်နီယေစတာကို တောင်းပန်စကားဆိုခဲ့ပြီး သူတို့ကို ခွင့်လွှင့်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း တောင်းပန်မယ်ဆိုရင် အင်နီယေစတာ တစ်ဦးတည်းကိုသာ မဟုတ်ပါဘူး၊ ဆုရဖို့ ထိုက်တန်ပေမယ့် လွဲချော်ခဲ့တဲ့ နာမည်ကြီးကစားသမားတွေ အများကြီရှိနေလို့ပါ။

Beckham

Beckham

ဥပမာ မန်ယူဂန္ထဝင် ဒေးဗစ်ဘက်ခမ် David Beckham ၊ မာလ်ဒီနီ Maldini ၊ ပူယိုးလ် Puyol အများကြီးပါ။ ဒါကြောင့် စပိန်အားကစားသတင်းစာ AS က Ballon d’Or ဆု ရသင့်ပေမယ့် လွဲချော်ခဲ့တဲ့ နာမည်ကြီးကစားသမားတွေကို ဖော်ပြခဲ့ပြီး အဲဒီကစားသမားတွေက ဘယ်သူတွေများဖြစ်မလဲဆိုတာ Akhayar Sports ပရိသတ်တွေသိရှိနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဇာဗီ Xavi– ဘာစီလိုနာဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဗီဟာ Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းမှာ (၃)ကြိမ်တိုင်တိုင်ပါ ဝင်ခဲ့ဖူးပေမယ့် ၂၀၀၉ ခုနှစ်တစ်ကြိမ်ပဲ တတိယရခဲ့တယ်။

ရာအူးလ် Raul – ရာအူးလ်လို ကစားသမားမျိုး ဒီဆုနဲ့လွဲချော်ခဲ့တာက အံ့အားသင့်စရာပါပဲ။ စီရော်နယ်လ်ဒို မတိုင်ခင် ရီးယဲလ်ရဲ့သွင်းဂိုး
အများဆုံးကစားသမား၊ ချန်ပီယံလိဂ်နဲ့ တခြားဆုဖလားအများကြီးရယူခဲ့တဲ့ ကစားသမားတစ်ယောက်က ၂၀၀၁ တစ်ခါပဲ ဒုတိယရခဲ့ဖူးပါတယ်။

မာလ်ဒီနီ Maldini – အီတလီနဲ့အေစီမီလန်ဂန္ထဝင်နောက်ခံလူ မာလ်ဒီနီဟာ ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်အထိရခဲ့ပေမယ့် Ballon d’Orဆုကိုတော့ တစ်ခါမှ မရခဲ့ပါဘူး။ ၁၉၉၄၊ ၂၀၀၃ ခုနှစ်တွေမှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတယ်။

Maldini

Maldini

ဘူဖွန် Buffon – အီတလီနဲ့ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘူဖွန်ဟာ ၂၀၀၆ ခုနှစ်မှာ အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားရခဲ့ပေမယ့် Ballond’Or မှာတော့ ဒုတိယနေရာသာရခဲ့ပါတယ်။

ကာဆီးလက်စ် Casillas
– စပိန်အသင်းကို ကမ္ဘာ့ဖလား၊ ယူရိုဖလားတွေရရှိအောင် ဦးဆောင်ခဲ့သူ၊ ကစားသမားဘဝမှာလည်း ဆုဖလားတွေ အများကြီးရခဲ့ပေမယ့် ကာဆီးလက်စ်ဟာ Ballon d’Or ဆုကို တစ်ကြိမ်မှ မရခဲ့ပါဘူး။

အွန်နရီ Henry
– ကမ္ဘာ့ဖလား၊ ယူရိုနဲ့ ချန်ပီယံလိဂ်ဖလားပိုင်ရှင်ကြီးဟာ Ballon d’Or ဆုအတွက် စာရင်းမှာတော့ ဒုတိယ၊ တတိယနေရာတွေနဲ့သာ ကျေနပ်ခဲ့ရတယ်။

လမ်းပတ် Lampard
– ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ခဲ့တဲ့ လမ်းပတ်ဟာ ၂၀၀၅ ခုနှစ်တစ်ကြိမ်ပဲ Ballon d’Or ဒုတိယနေရာရခဲ့ပါတယ်။

ဂျရတ် Gerrard
– ၂၀၀၅ ခုနှစ်မှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားရခဲ့ပေမယ့် ဂျရတ်ဟာ Ballon d’Or မှာတော့ ဒုတိယသာရခဲ့ပါတယ်။

Gerrard

Gerrard

ပီယာလို Pirlo – အီတလီကွင်းလယ်မှာ ဆရာတစ်ဆူဖြစ်ခဲ့ပြီး အောင်မြင်မှုတွေအများကြီးရခဲ့ပေမယ့် Ballon d’Or ဆုကိုတော့ တစ်ခါမှမရခဲ့ပါဘူး။

ပူယိုးလ် Puyol
– စပိန်နဲ့ဘာစီလိုနာဂန္ထဝင်အသင်းခေါင်းဆောင် ပူယိုးလ်ကလည်း အံ့အားသင့်စရာကောင်းလောက်အောင် ဒီဆုနဲ့ လွဲချော်ခဲ့ပါတယ်။

ဘာရီစီ Baresi
– အေစီမီလန် နာမည်ကျော်နောက်ခံလူဟောင်း ဘာရီစီဟာ ၁၉၈၉ ခုနှစ်က တစ်ကြိမ်သာ ဒုတိယရခဲ့ပေမယ့် ပထမဆုကိုတော့ ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူး။

ပွတ်ရှ်ကပ်စ် Puskas
– ဟန်ဂေရီ၊ ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူးကြီး ပွတ်ရှ်ကပ်စ်ဟာ ၁၉၆၀ ခုနှစ်က Ballon d’Or ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရဖူးပါတယ်။

တော့တီ Totti
– ရိုးမားအသင်းတစ်သင်းတည်းမှာပဲ ကစားခဲ့သူ၊ အီတလီအသင်းနဲ့ ကမ္ဘာ့ဖလားရယူခဲ့သူ တော့တီဟာ Ballon d’Or ဆု
ရရှိဖို့ ကံမပါခဲ့ပါဘူး။

ကန်တိုနာ Cantona
– မန်ယူဂန္ထဝင်တိုက်စစ်မှူးကြီး ကန်တိုနာကတော့ ၁၉၉၃ တစ်ကြိမ်ပဲ တတိယနေရာရခဲ့ဖူးပါတယ်။

ဘားကမ့် Bergkamp
– ၁၉၉၂ မှာ တတိယ၊ ၁၉၉၃ ခုနှစ်မှာ ဒုတိယရခဲ့ပေမယ့် ပထမနေရာကိုတော့ တစ်ခါမှ တက်လှမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။

Ryan-Giggs-and-Beckham

Ryan-Giggs-and-Beckham

ရိုင်ယန်ဂစ် Ryan Giggs – မန်ယူနဲ့အတူ ဆုဖလားတွေအများကြီး ရခဲ့ပေမယ့် ရိုင်ယန်ဂစ်ဟာ Ballon d’Or ဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းမှာတောင် တစ်ခါမှ မပါခဲ့တာက အံ့အားသင့်စရာပါပဲ။

ရော်ဘတ်တိုကားလို့စ် Roberto Carlos
– ရော်ဘတ်တိုကားလို့စ်အတွက် မရဖူးတဲ့ ဆုဖလားဆိုတာ မရှိသလောက်ဖြစ်ခဲ့ပေမယ့် Ballond’Or ဆုကိုတော့ တစ်ခါမှ မရခဲ့ပါဘူး။

ဒယ်လ်ပီယာရို Del Piero
– တခြားနာမည်ကျော်ကစားသမားတွေလိုပဲ ဒယ်လ်ပီယာရိုဟာလည်းBallon d’Or ဆုနဲ့လွဲချော်ခဲ့သူဖြစ်ပါတယ်။

ဘန်ရူးစတား Schuster
– Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းမှာ (၃)ကြိမ်အထိ ပါဝင်ခဲ့ဖူးပေမယ့် ကံမကောင်းစွာနဲ့ပဲ ဆု မရရှိခဲ့ပါဘူး။

အင်နီယေစတာ Iniesta
– ဒီလိုပြီးပြည့်စုံတဲ့ကစားသမားမျိုးဟာ Ballon d’Or ဆုကို တစ်ခါမှ မရခဲ့တဲ့အတွက် France Football မဂ္ဂဇင်းက တောင်းပန်စကားဆိုခဲ့ရပါတယ်။

REF:AS
Photo:squawka,pursuitofdopeness,The Guardian Nigeria,Getty Images,Liverpool Echo,Pinterest
Naing Linn(Akhayar)
www.akhayar.com