စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Lionel Messi ဘယ်သူက ပိုကောင်းလဲဆိုတာ အမြဲတမ်း အငြင်းပွားစရာဖြစ်နေတဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ စီရော်နယ်လ်ဒို ပရိသတ်ကတော့ စီရော်နယ်လ်ဒို ပိုကောင်းတယ်လို့ ပြောမှာဖြစ်ပြီး မက်ဆီ ပရိသတ်ကတော့ မက်ဆီ ပိုကောင်းတယ်လို့ ပြောကြပါတယ်။ သူတို့(၂)ဦးနဲ့ ပတ်သက်ပြီး အယူအဆတွေက မျိုးစုံရှိနေသလို ဘယ်တော့မှလည်း အငြင်းပွားမှုတွေက အဆုံးသတ်မယ့် အခြေအနေမှာရှိမနေပါဘူး။ ဒါပေမယ့် ဘောလုံးလောကရဲ့ နာမည်ကျော်ပုဂ္ဂိုလ်အများစုကတော့ မက်ဆီ ဟာ စီရော်နယ်လ်ဒို ထက်ပိုကောင်းတယ်ဆိုတာကို ၀န်ခံထားကြပါတယ်။ အခု ဒီ Article မှာတော့ ဒီနာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ၀န်ခံစကားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

David Beckham

ဘောလုံးလောကရဲ့ ဘောလုံးမင်းသားဖြစ်သလို စူပါစတားတစ်ဦးလည်း ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ် David Beckham က ” စီရော်နယ်လ်ဒိုနဲ့ မက်ဆီ က လက်ရှိအကောင်းဆုံးကစားသမားတွေပါ။ စီရော်နယ်လ်ဒို က မက်ဆီ ရဲ့ အဆင့်ကိုတော့ တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

Mourinho

နာမည်ကျော်နည်းပြ မော်ရင်ဟို Mourinho ကတော့ စီရော်နယ်လ်ဒို နဲ့ ရီးယဲလ်အသင်းမှာ လက်တွဲဖူးသလို စီရော်နယ်လ်ဒို ကို ချီးကျူးမှုတွေ ပြုလုပ်ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟို က ” ဘောလုံးသမိုင်းမှာ ကျွန်တော့်အတွက် မက်ဆီ ၊ ပီလီ Pele နဲ့ မာရာဒိုနာ Maradona တို့က အကောင်းဆုံးကစားသမား (၃)ဦးဖြစ်ပါတယ် ” လို့ ပြောကြားခဲ့တာပါ။

Ronaldinho

ဘရာဇီးလ်နဲ့ ဘာစီလိုနာဂန္ထ၀င် ရော်နယ်ဒင်ဟို Ronaldinho ကတော့ မက်ဆီ နဲ့အနီးကပ်ဆုံးမှာရှိခဲ့သူဖြစ်သလို သူ့ဆီကလည်း မက်ဆီ က ပညာယူခဲ့တာကြောင့် သူ့ရဲ့အကြိုက်က မက်ဆီ ဖြစ်နေတာ သိပ်ပြီးမထူးဆန်းဘူးလို့တော့ ပြောရပါလိမ့်မယ်။ ရော်နယ်ဒင်ဟို က ” မက်ဆီနဲ့ အတူတွဲဖက်ကစားနေရတာကို ကျွန်တော်က သဘောကျခဲ့ရတာပါ ” လို့ ပြောကြားခဲ့ပါတယ်။

Simeone

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ Simeone ကလည်း မက်ဆီ ကိုပဲရွေးချယ်ခဲ့ပါတယ်။ ဆီမြွန်နီ က ” စီရော်နယ်လ်ဒို နဲ့ မက်ဆီ (၂)ယောက်ထဲက (၁)ယောက်ကို ရွေးရမယ်ဆိုရင်တော့ ကျွန်တော် မက်ဆီ ကိုပဲ ရွေးဖြစ်ပါလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။

Ronaldo

ဘရာဇီးလ်ဂန္ထ၀င်တိုက်စစ်မှူး ရော်နယ်လ်ဒို Ronaldo ကတော့ ကစားသမားဘ၀မှာ ဘာစီလိုနာ ၊ ရီးယဲလ် (၂)သင်းလုံးနဲ့ အောင်မြင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ အကြိုက်ကလည်း မက်ဆီ ပဲဖြစ်ပါတယ်။ ရော်နယ်လ်ဒို က ” မက်ဆီ က ဒီကမ္ဘာ့အပြင်ဘက်ကသူပါ။ စီရော်နယ်လ်ဒို လည်း တူတူပါပဲ။ ဒါပေမယ့် ကျွန်တော် အမြင်မှာတော့ မက်ဆီ က ပိုပြီးပြည့်စုံပါတယ် ” လို့ ပြောကြားခဲ့တာပါ။

Guardiola

လက်ရှိမန်စီးတီးအသင်းနည်းပြဂွါဒီယိုလာ Guardiola ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်တုန်းက မက်ဆီ နဲ့အတွဲညီခဲ့တာကြောင့် မက်ဆီ က သူ့အကြိုက်ဖြစ်မယ်ဆိုတာ အားလုံးသိနှင့်ပြီးသားဖြစ်မှာပါ။ ဂွါဒီယိုလာ က ” မက်ဆီ က အကောင်းဆုံးပါ။ သူက အကောင်းဆုံးဆိုတာ အသေအချာပါပဲ။ သူက ဂိုးဘယ်လိုသွင်းရမလဲ ပြီးတော့ တခြားကစားသမားတွေနဲ့ ဘယ်လိုတွဲဖက်ကစားရမလဲဆိုတာ သေချာသိနေတဲ့သူပါ။ သူကအမြဲတမ်း ဒီိလိုပါပဲ။ ကျွန်တော် ကတော့ မက်ဆီ က တခြားအဆင့်တခုမှာရှိတယ်လို့ ထင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Rooney

ရွန်နီ Rooney ကတော့ မန်ယူအသင်းမှာ စီရော်နယ်လ်ဒို နဲ့ နှစ်ရှည်လများအတူတွဲဖက် ကစားခဲ့ပြီး အတွဲညီခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုးတွေရှိခဲ့ပေမယ့် ရွန်နီ နဲ့ အကြိုက်က မက်ဆီ ဖြစ်နေတာကတော့ တကယ့်ကို ထူးထူးခြားခြားပါပဲ။ ရွန်နီ က ” သူတို့ (၂)ဦးက လက်ရှိအကောင်းဆုံး ကစားသမားတွေဆိုတာ သေချာသလောက်ပါပဲ။ ကျွန်တော့် ရဲ့ မျက်စိထဲမှာတော့ မက်ဆီ က အမြဲတမ်း အကောင်းဆုံးလို့ ထင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Pele

me

ဘောလုံးလောကရဲ့ထာဝရ အကောင်းဆုံးကစားသမား တစ်ဦးဖြစ်တဲ့ ပီလီ Pele ကလည်း မက်ဆီ ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ပီလီ က ” ကျွန်တော် မက်ဆီနဲ့ပဲ ရှိနေမှာပါ။ ဘောလုံးပွဲတွေမှာ သွင်းဂိုးတွေက အရေးကြီးတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် သင့်မှာ ပြင်ဆင်ဖို့ ဘယ်သူမှမရှိဘူးဆိုရင် ဘောလုံးမှာက မလုံလောက်ပါဘူး။ ကျွန်တော် အသင်းအတွက်ဆိုရင်တော့ မက်ဆီ ကို ပိုနှစ်သက်ပါတယ်။ စီရော်နယ်လ်ဒို အတွက်ဆိုရင်တော့ သူကတကယ်တော်တဲ့ ဂိုးသွင်းသူတစ်ယောက်ပါ ” လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးလောကရဲ့ နာမည်ကျော်ပုဂ္ဂိုလ်အများစုကတော့ မက်ဆီ က ပိုကောင်းတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါဦး …

Ref: Sportskeeda , Foxsportsasia
Photo: RP Online , The Independent , FootTheBall , Bleacher Report , Rooney Facebook , CNBC.com , SPORTbible , FOX Sports Asia , Daily Post Nigeria
Ko Kyue(Akhayar)
www.akhayar.com