[Zawgyi]

အေဖ့ေျခရာကုိ လုိက္နင္းၾကမယ့္ ေဘာလုံးေလာကရဲ႕ မ်ိဳးဆက္သစ္ေလးမ်ား

ေဘာလုံးေလာကမွာ အေဖေရာ၊ သားေရာ ေအာင္ျမင္မႈ ရယူႏုိင္တဲ့သူေတြက ခပ္ရွားရွား။ အေဖက ဂႏၳ၀င္အမည္ေပါက္ေပမယ့္ သားက မထင္မရွားဘ၀နဲ႔ အဆုံးသတ္ခဲ့ရတာမ်ိဳး။ ဥပမာ နယ္သာန္လန္ ဂႏၳ၀င္ ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff ဆုိရင္ ေဘာလုံးေလာကမွာ မသိသူ မရွိသေလာက္ပဲ။ ဒါေပမဲ့ သူ႔ရဲ႕သားျဖစ္တဲ့ ေယာ္ဒီခ႐ုိက္ဖ္ Jordi Cruyff ကေတာ့ လူသိနည္းခဲ့တယ္။ အေဖေရာ သားေရာ ေအာင္ျမင္ခဲ့တာဆုိလုိ႔ မာဒလ္ဒီနီ Maldini တို႔ သားအဖ၊ ရွမုိက္ကယ္ Schmeichel တို႔ သားအဖတို႔ ေလာက္သာရွိၿပီး သူတို႔ေလာက္ ေအာင္ျမင္မႈမရွိေပမယ့္ ထုိက္သင့္တဲ့ေနရာတစ္ခုရခဲ့တာက ဘလင္း Blind သားအဖ ၊ ရက္နက္ပ္ Redknapp တို႔ သားအဖတို႔ပါပဲ။

Cristiano-Ronaldo-Jr-and-Cristiano-Ronaldo

Cristiano-Ronaldo-Jr-and-Cristiano-Ronaldo

ၿပီးခဲ့တဲ့ရက္ပုိင္းတုန္းက ေပၚတူဂီနာမည္ေက်ာ္ ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ သားျဖစ္သူ စီေရာ္နယ္လ္ဒုိဂ်ဴနီယာဟာ ဂ်ဴဗင္တပ္စ္ ယူ-၉အသငး္နဲ႔ ပူးေပါင္းခဲ့ၿပီး သူဟာ စီေရာ္နယ္လ္ဒုိရဲ႕ ေမွ်ာ္လင့္ခ်က္ အနာဂတ္ပါပဲ။ အခုဆုိရင္ ဂႏၳ၀င္ေတြရဲ႕ မ်ိဳးဆက္သစ္ေတြက ေဘာလုံးေလာကမွာ ေနရာယူလာၾကၿပီ။ သူတို႔ေတြကေရာ သူတို႔ဖခင္ရဲ႕ ေျခရာကုိ လုိက္နင္းႏုိင္ၾကမွာလား။ ဒါေၾကာင့္ အေဖ့ေျခရာကုိ လုိက္နင္းၾကမယ့္ ေဘာလုံးေလာကရဲ႕ မ်ိဳးဆက္သစ္ေလးေတြကုိ ပရိသတ္ေတြ ဗဟုသတရေအာင္ ေဖာ္ျပေပးလုိက္ပါတယ္ . . .

တီမုိသီ၀ီယာ Timothy Weah

George-Weah-and-Timothy-Weah

George-Weah-and-Timothy-Weah

လုိင္ေဘးရီးယား ဂႏၳ၀င္ကစားသမားႀကီး ေဂ်ာ႔ခ်္၀ီယာ George Weah က ၁၉၉၀ ေက်ာ္ ကာလေတြမွာ ပရိသတ္ေတြရဲ႕ အသည္းႏွလုံးျဖစ္ခဲ့သူ။ အခု လုိင္ေဘးရီးယား သမၼတျဖစ္ေနတဲ့ ေဂ်ာ႔ခ်္၀ီယာရဲ႕ သားျဖစ္သူ တီမုိသီ၀ီယာကလည္း အေဖ့ေျခရာနင္းႏုိင္မယ့္ သားျဖစ္ေအာင္ ႀကိဳးစားေနၿပီ။ အေဖျဖစ္သူရဲ႕ ႏုိင္ငံကုိ မခံယူဘဲ အေမရိကန္ႏုိင္ငံသား ခံယူထားတဲ့ တီမုိသီဟာ သူ႔ဖခင္ျဖစ္သူအတြက္ တစ္ခ်ိန္က ေအာင္ျမင္ျဖစ္ခဲ့တဲ့ PSG အသင္းမွာ ကစားေနၿပီ။ အသက္(၁၈)ႏွစ္သာရွိေသးတဲ့ တီမုိသီက ေဂ်ာ႔ခ်္၀ီယာ ကုိယ္ပြားလုိ႔ တင္စားရမွာျဖစ္ၿပီး သူ႔ဖခင္လုိပဲ ေဘာလုံး Skill ေကာင္းမြန္တဲ့သူပါ။ ေဂ်ာ႔ခ်္၀ီယာလုိ ကမၻာ႔အဆင့္ကုိ ေရာက္ရွိဖုိ႔ ေျခလွမ္းျပင္ေနတဲ့ တီမုိသီ သူ႔ရဲ႕အိပ္မက္ေတြကုိ အေကာင္အထည္ေဖာ္ႏုိင္မလားဆုိတာ အခ်ိန္က အဆုံးအျဖတ္ေပးသြားပါလိမ့္မယ္။

ဂ်က္စတင္ကလြိဳက္ဗတ္ Justin Kluivert

Patrick-Kluivert-and-Justin-Kluivert

Patrick-Kluivert-and-Justin-Kluivert

ပတ္ထရက္ကလြိဳက္ဗတ္ Patrick Kluivert ဆုိတာက တစ္ေခတ္တစ္ခါက ကမၻာ႔အေကာင္းဆုံး တုိက္စစ္မွဴးစာရင္း၀င္ ကစားသမားတစ္ဦး။ ဥေရာပေဘာလုံးေလာကကုိ စုိးမုိးထားႏုိင္ခဲ့သူ။ အခု သူ႔ရဲ႕သားျဖစ္တ့ဲ ဂ်က္စတင္ကလြိဳက္ဗတ္ကလည္း ဖခင္ျဖစ္သူရဲ႕ ေအာင္ျမင္မႈကုိ ျပန္လည္ရယူဖုိ႔အတြက္ ေရွ႕ဆက္ခ်ီတက္ေနၿပီ။ ၿပီးခဲ့တဲ့ရာသီက ေအဂ်က္စ္အသင္းနဲ႔အတူ ေျခစြမ္းျပခဲ့တဲ့ ဂ်က္စတင္ကုိ ႐ုိးမားအသင္းက တျခား ထိပ္သီးအသင္းေတြထက္ လက္ဦးမႈရယူၿပီး ေခၚယူခဲ့တယ္။ ဂ်က္စတင္ရဲ႕ အသက္က အခုမွ (၁၉)ႏွစ္သာရွိေသးလုိ႔ သင္ယူစရာေတြ၊ စိန္ေခၚမႈေတြကေတာ့ အမ်ားႀကီးရွိေနဆဲပဲ။ ဒါေပမဲ့ ကလြိဳက္ဗတ္ရဲ႕ ေသြးေတြ စီးဆင္းေနၿပီး အေျခခံပါရမီ ေကာင္းတဲ့ ဂ်က္စတင္ စိန္ေခၚမႈေတြကုိ အေကာင္းဆုံးရင္ဆုိင္ႏုိင္မယ္လုိ႔ ယုံၾကည္တယ္။ တစ္ခ်ိန္က်ရင္ ပက္ထရစ္ကလြိဳက္ဗတ္လုိ ကမၻာ႔အဆင့္ ကစားသမား ျဖစ္လာမယ့္သူဆုိတာ အေသအခ်ာပဲ။

အန္ဇုိဇီဒန္း Enzo Zidane

Zinedine-Zidane-and-Enzo-Fernandez

Zinedine-Zidane-and-Enzo-Fernandez

တစ္ခ်ိန္က ေဘာလုံးေလာကမွာ “ဇီဇူး”ဆုိတဲ့ နာမည္နဲ႔ ထင္ရွားခဲ့သူ ျပင္သစ္ဂႏၳ၀င္ ကစားသမားႀကီး ဇီဒန္း Zidane ရဲ႕ သားအႀကီးဆုံးျဖစ္ပါတယ္။ သူ႔ဖခင္ျဖစ္သူ ေအာင္ျမင္မႈေတြ ရယူခဲ့တဲ့ ရီးယဲလ္လူငယ္အသငး္မွာ က်င္လည္ခဲ့ၿပီး အဲဒီကာလေတြတုနး္က ဖခင္နဲ႔အတူ လက္တဲြခဲ့ဖူးတယ္။ ဒါေပမဲ့ စီနီယာအသငး္မွာ ကမၻာ႔အဆင့္ကစားသမားေတြ မ်ားေနတာေၾကာင့္ သူ႔ ဘ၀တက္လမ္းအတြက္ ၂၀၁၇ ခုႏွစ္တုန္းက အလာဗတ္စ္ကုိ ေျပာင္းေရႊ႕ခဲ့ၿပီး အဲဒီကေန ဆြစ္ဇာလန္ကလပ္ Lausanne-Sport ၊ အခု စပိန္ဒုတိယတန္းကလပ္ Rayo Majadahonda မွာ အငွားနဲ႔ သြားကစားေနသူပါ။ ဇီဒန္းရဲ႕ အရွိန္အ၀ါႀကီးမားလြန္းတာက အန္ဇုိအတြက္ ဖိအားလုိ ျဖစ္ေစၿပီး အဲဒီဖိအားေတြကုိ တြန္းလွန္ႏုိင္တဲ့တစ္ေန႔က်ရင္ေတာ့ ေဘာလုံးဇာတ္ခုံေပၚမွာ ၀င့္ၾကြားလာမယ့္ ကစားသမားလုိ႔ပဲ ဆုိရမယ္။

ဒီေန႔ေခတ္ ေဘာလုံးေလာကမွာ က်င္လည္ေနၾကတဲ့ ဂႏၳ၀င္ေတြရဲ႕ တျခားမ်ိဳးဆက္သစ္ ကစားသမားေတြလည္း ရွိေနဆဲပါ။ သူတို႔ေတြထဲမွာ ဘယ္သူေတြက ဖခင္ရဲ႕ေျခရာကုိ လုိက္နင္းႏုိင္မလဲ၊ ဘယ္သူေတြက ဖခင္ထက္ ေက်ာ္ၾကားမယ့္သူေတြ ျဖစ္လာမလဲဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္လား . .

REF:sportskeeda
Photo:Sportyou,De Telegraaf,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အဖေ့ခြေရာကို လိုက်နင်းကြမယ့် ဘောလုံးလောကရဲ့ မျိုးဆက်သစ်လေးများ

ဘောလုံးလောကမှာ အဖေရော၊ သားရော အောင်မြင်မှု ရယူနိုင်တဲ့သူတွေက ခပ်ရှားရှား။ အဖေက ဂန္ထဝင်အမည်ပေါက်ပေမယ့် သားက မထင်မရှားဘဝနဲ့ အဆုံးသတ်ခဲ့ရတာမျိုး။ ဥပမာ နယ်သာန်လန် ဂန္ထဝင် ယိုဟန်ခရိုက်ဖ် Johan Cruyff ဆိုရင် ဘောလုံးလောကမှာ မသိသူ မရှိသလောက်ပဲ။ ဒါပေမဲ့ သူ့ရဲ့သားဖြစ်တဲ့ ယော်ဒီခရိုက်ဖ် Jordi Cruyff ကတော့ လူသိနည်းခဲ့တယ်။ အဖေရော သားရော အောင်မြင်ခဲ့တာဆိုလို့ မာဒလ်ဒီနီ Maldini တို့ သားအဖ၊ ရှမိုက်ကယ် Schmeichel တို့ သားအဖတို့ လောက်သာရှိပြီး သူတို့လောက် အောင်မြင်မှုမရှိပေမယ့် ထိုက်သင့်တဲ့နေရာတစ်ခုရခဲ့တာက ဘလင်း Blind သားအဖ ၊ ရက်နက်ပ် Redknapp တို့ သားအဖတို့ပါပဲ။

Cristiano-Ronaldo-Jr-and-Cristiano-Ronaldo

Cristiano-Ronaldo-Jr-and-Cristiano-Ronaldo

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပေါ်တူဂီနာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ သားဖြစ်သူ စီရော်နယ်လ်ဒိုဂျူနီယာဟာ ဂျူဗင်တပ်စ် ယူ-၉အသင်းနဲ့ ပူးပေါင်းခဲ့ပြီး သူဟာ စီရော်နယ်လ်ဒိုရဲ့ မျှော်လင့်ချက် အနာဂတ်ပါပဲ။ အခုဆိုရင် ဂန္ထဝင်တွေရဲ့ မျိုးဆက်သစ်တွေက ဘောလုံးလောကမှာ နေရာယူလာကြပြီ။ သူတို့တွေကရော သူတို့ဖခင်ရဲ့ ခြေရာကို လိုက်နင်းနိုင်ကြမှာလား။ ဒါကြောင့် အဖေ့ခြေရာကို လိုက်နင်းကြမယ့် ဘောလုံးလောကရဲ့ မျိုးဆက်သစ်လေးတွေကို ပရိသတ်တွေ ဗဟုသတရအောင် ဖော်ပြပေးလိုက်ပါတယ် . . .

တီမိုသီဝီယာ Timothy Weah

George-Weah-and-Timothy-Weah

George-Weah-and-Timothy-Weah

လိုင်ဘေးရီးယား ဂန္ထဝင်ကစားသမားကြီး ဂျော့ချ်ဝီယာ George Weah က ၁၉၉၀ ကျော် ကာလတွေမှာ ပရိသတ်တွေရဲ့ အသည်းနှလုံးဖြစ်ခဲ့သူ။ အခု လိုင်ဘေးရီးယား သမ္မတဖြစ်နေတဲ့ ဂျော့ချ်ဝီယာရဲ့ သားဖြစ်သူ တီမိုသီဝီယာကလည်း အဖေ့ခြေရာနင်းနိုင်မယ့် သားဖြစ်အောင် ကြိုးစားနေပြီ။ အဖေဖြစ်သူရဲ့ နိုင်ငံကို မခံယူဘဲ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ တီမိုသီဟာ သူ့ဖခင်ဖြစ်သူအတွက် တစ်ချိန်က အောင်မြင်ဖြစ်ခဲ့တဲ့ PSG အသင်းမှာ ကစားနေပြီ။ အသက်(၁၈)နှစ်သာရှိသေးတဲ့ တီမိုသီက ဂျော့ချ်ဝီယာ ကိုယ်ပွားလို့ တင်စားရမှာဖြစ်ပြီး သူ့ဖခင်လိုပဲ ဘောလုံး Skill ကောင်းမွန်တဲ့သူပါ။ ဂျော့ချ်ဝီယာလို ကမ္ဘာ့အဆင့်ကို ရောက်ရှိဖို့ ခြေလှမ်းပြင်နေတဲ့ တီမိုသီ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

ဂျက်စတင်ကလွိုက်ဗတ် Justin Kluivert

Patrick-Kluivert-and-Justin-Kluivert

Patrick-Kluivert-and-Justin-Kluivert

ပတ်ထရက်ကလွိုက်ဗတ် Patrick Kluivert ဆိုတာက တစ်ခေတ်တစ်ခါက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးစာရင်းဝင် ကစားသမားတစ်ဦး။ ဥရောပဘောလုံးလောကကို စိုးမိုးထားနိုင်ခဲ့သူ။ အခု သူ့ရဲ့သားဖြစ်တဲ့ ဂျက်စတင်ကလွိုက်ဗတ်ကလည်း ဖခင်ဖြစ်သူရဲ့ အောင်မြင်မှုကို ပြန်လည်ရယူဖို့အတွက် ရှေ့ဆက်ချီတက်နေပြီ။ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဂျက်စတင်ကို ရိုးမားအသင်းက တခြား ထိပ်သီးအသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူခဲ့တယ်။ ဂျက်စတင်ရဲ့ အသက်က အခုမှ (၁၉)နှစ်သာရှိသေးလို့ သင်ယူစရာတွေ၊ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေဆဲပဲ။ ဒါပေမဲ့ ကလွိုက်ဗတ်ရဲ့ သွေးတွေ စီးဆင်းနေပြီး အခြေခံပါရမီ ကောင်းတဲ့ ဂျက်စတင် စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်နိုင်မယ်လို့ ယုံကြည်တယ်။ တစ်ချိန်ကျရင် ပက်ထရစ်ကလွိုက်ဗတ်လို ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာမယ့်သူဆိုတာ အသေအချာပဲ။

အန်ဇိုဇီဒန်း Enzo Zidane

Zinedine-Zidane-and-Enzo-Fernandez

Zinedine-Zidane-and-Enzo-Fernandez

တစ်ချိန်က ဘောလုံးလောကမှာ “ဇီဇူး”ဆိုတဲ့ နာမည်နဲ့ ထင်ရှားခဲ့သူ ပြင်သစ်ဂန္ထဝင် ကစားသမားကြီး ဇီဒန်း Zidane ရဲ့ သားအကြီးဆုံးဖြစ်ပါတယ်။ သူ့ဖခင်ဖြစ်သူ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ရီးယဲလ်လူငယ်အသင်းမှာ ကျင်လည်ခဲ့ပြီး အဲဒီကာလတွေတုန်းက ဖခင်နဲ့အတူ လက်တွဲခဲ့ဖူးတယ်။ ဒါပေမဲ့ စီနီယာအသင်းမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ များနေတာကြောင့် သူ့ ဘဝတက်လမ်းအတွက် ၂၀၁၇ ခုနှစ်တုန်းက အလာဗတ်စ်ကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေ ဆွစ်ဇာလန်ကလပ် Lausanne-Sport ၊ အခု စပိန်ဒုတိယတန်းကလပ် Rayo Majadahonda မှာ အငှားနဲ့ သွားကစားနေသူပါ။ ဇီဒန်းရဲ့ အရှိန်အဝါကြီးမားလွန်းတာက အန်ဇိုအတွက် ဖိအားလို ဖြစ်စေပြီး အဲဒီဖိအားတွေကို တွန်းလှန်နိုင်တဲ့တစ်နေ့ကျရင်တော့ ဘောလုံးဇာတ်ခုံပေါ်မှာ ဝင့်ကြွားလာမယ့် ကစားသမားလို့ပဲ ဆိုရမယ်။

ဒီနေ့ခေတ် ဘောလုံးလောကမှာ ကျင်လည်နေကြတဲ့ ဂန္ထဝင်တွေရဲ့ တခြားမျိုးဆက်သစ် ကစားသမားတွေလည်း ရှိနေဆဲပါ။ သူတို့တွေထဲမှာ ဘယ်သူတွေက ဖခင်ရဲ့ခြေရာကို လိုက်နင်းနိုင်မလဲ၊ ဘယ်သူတွေက ဖခင်ထက် ကျော်ကြားမယ့်သူတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . .

REF:sportskeeda
Photo:Sportyou,De Telegraaf,The Sun
Naing Linn(Akhayar)
www.akhayar.com