[Zawgyi]

ေဘာလံုးအကမယ္

ေဘာလံုးအကယ္မယ္တစ္ဦးအေၾကာင္း ေျပာျပခ်င္ပါတယ္။ သိသူေတြလည္း သိပါလိမ့္မယ္။ သူမက ၂၀၁၇ အမ်ဳိးသမီး freestyle ကမၻာ့ခ်န္ပီယံ ၿဗိတိန္သူတစ္ဦးပါပဲ။ ယူရို-၂၀၁၇ အမ်ဳိးသမီးေဘာလံုးၿပိဳင္ပြဲေၾကာ္ျငာမွာ သူမပါ၀င္သရုပ္ေဆာင္ခဲ့ဖူးတယ္။အဲဒီေၾကာ္ျငာထဲမွာ ႏုပ်ဳိသစ္လြင္တဲ့ဟန္ပန္နဲ႔ေကာင္မေလးတစ္ဦးဟာ ေက်ာပိုးအိတ္ခပ္ေသးေသးတစ္လံုးကိုလြယ္ၿပီး ေက်ာင္း၀န္းထဲက ထြက္လာပါတယ္။ ေနာက္ခံသီခ်င္းက ကေနဒါ electronic ဂီတနဲ႔performance အႏုပညာရွင္ Peaches ရဲ႕ Boys Wanna Be Her။သူမလက္ထဲမွာ ေဘာလံု;တစ္လံုး၊ အဲဒီေဘာလံုးကို ေခါင္းနဲ႔ေတာ့လုိက္၊ေျခနဲ႔ေတာ့လုိက္ အလွျပရင္း လမ္းေလွ်ာက္လာတယ္။
လမ္းတစ္ေလွ်ာက္ လူေတြ၊ အရာ၀တၳဳပစၥည္းေတြကို ေဘာလံုးအလွျပရင္း ေက်ာ္ျဖတ္ခဲ့ေလတယ္။တစ္ေနရာအေရာက္မွာ သူမဖုန္းဆီ မက္ေဆ့ခ်္၀င္လာတယ္။ သူ႕အေဖဆီက ထင္ပါရဲ႕။ေဘာလံုးကို ဆက္လက္အလွျပရင္း ” လမ္းမွာပဲ ရွိေသးတယ္” လို႔ သူမ မက္ေဆ့ခ်္ျပန္ပို႔လုိက္တယ္။ခဏအၾကာမွာ သူမရဲ႕ ေပ်ာ္ရႊင္ျမဴးတူးမႈဟာ ေပ်ာက္ဆံုးသြားရတယ္။ သူမရဲ႕ ေဘာလံုးကို အစြယ္ထက္ထက္ေခြးတစ္ေကာင္ဖ်က္ဆီးလုိက္တာပါပဲ။ ကိစၥမရွိပါဘူး။ အနားမွာရွိတဲ့ ခပ္လတ္လတ္ေဘာလံုးကုိ သံုးစြဲၿပီး သူမ ေဘာလံုးအလွဆက္ျပခဲ့တယ္။
ေဘာလံုးကြင္းတစ္ခုရဲ႕ ေဘးစည္းနားျဖတ္ေလွ်ာက္ေနတုန္းပြဲကစားေနသူေတြရဲ႕ ေဘာလံုးဟာ သူမအနားေရာက္လာတယ္။
အဲဒီေဘာလံုးကိုလည္း ခပ္လန္းလန္းထိန္းရင္း ညာေျခနဲ႔ ကန္ထုတ္လုိက္တယ္။ ေဘာလံုးက ဂိုးတုိင္ထဲကို တန္းခနဲပဲ။ သူမရဲ႕ ဂိုးသြင္းစြမ္းရည္က ဒီေလာက္နဲ႔ မၿပီးဆံုးေသးဘူး။ဒုတိယေျမာက္သူမ အလွျပေနတဲ့ခပ္လတ္လတ္ေဘာလံုးကို လမ္းေဘးမွာရွိေနတဲ့ အမိႈက္ပံုးရဲ႕အမႈိက္ထည့္ေပါက္ေသးေသးေလးဆီ ကန္ထည့္လိုက္တယ္။ၿပီးေတာ့ ေက်ာပိုးအိတ္ထဲက လိေမၼာ္သီး၊ သူမစီးလာတဲ့ ဖိနပ္၊ လမ္းမွာေတြ႕တဲ့ အရုပ္မေလးရဲ႕ ေခါင္း၊အားလံုးဟာ သူမရဲ႕ ႏြဲ႕ေပ်ာင္းတဲ့ ေျခေထာက္ေတြၾကား အလွျပပစၥည္းေတြ ျဖစ္သြားတယ္။
ေၾကာ္ျငာရဲ႕ ဇာတ္သိမ္းခန္းမွာ တီဗီၾကည့္ေနတဲ့ သူမအေဖရဲ႕ ေဘးကို အရုပ္မေလးရဲ႕ ေခါင္းေရာက္သြားပါတယ္။ အိမ္ထဲမေရာက္ေသးေပမယ့္ ျပန္လာၿပီဆုိတာကို ေဖာ္က်ဴးလုိက္တဲ့အခ်က္ျပမႈလို႔ ဆုိရပါမယ္။

ႏုပ်ဳိသစ္လြင္တဲ့ ဟန္ပန္နဲ႔ ေဘာလံုးအကမယ္ေလးနာမည္က လစ္ဗ္ကြတ္လို႔ ေခၚပါတယ္။ ကေလးဘ၀မွာ အစ္ကိုႏွစ္ေယာက္ၾကား ႀကီးျပင္းလာရလို႔ ေယာက်ာ္းေလးနည္းနည္းဆန္တယ္။ေဘာလံုးနဲ႔ ထိေတြ႕မႈရွိခဲ့တယ္။ ဒါေပမဲ့ ေဘာလံုးကစားရတာထက္ အလွျပရတာကို သူမ ပိုၿပီးႏွစ္သက္တယ္။ ငယ္ဘ၀ဆႏၵဟာ ပါရမီရင့္သန္လာခ်ိန္မွာ တားဆီးလို႔ မရႏုိင္ပါဘူး။ ဒီလိုပဲ freestyle ခ်န္ပီယံတစ္ဦးျဖစ္ဖို႔ကံတရားပါလာသူဟာ သာမန္ေဘာလံုးသမားဘ၀နဲ႔ ေ၀းကြာေစမယ့္အျဖစ္ကို ရင္ဆုိင္လုိက္ရတယ္။ေက်ာဒဏ္ရာရခဲ့တာပါပဲ။ ဒဏ္ရာလူသားအျဖစ္ ျဖတ္သန္းခဲ့ရခ်ိန္ေတြမွာ freestyle အလွျပသူေတြရဲ႕ဗီဒီယိုဖိုင္ေတြကို ေလ့လာတယ္။ တုိက္ရိုက္တင္ဆက္မႈေတြကိုၾကည့္ရင္း ျဖတ္ေက်ာ္ခဲ့ရပါတယ္။

သူမရင္ထဲက freestyle သမားတစ္ဦးျဖစ္ခ်င္စိတ္ပိုးဟာ ပိုၿပီးရင့္ထန္လာခဲ့ၿပီ။ဒါေပမဲ့ ေက်ာဒဏ္ရာျပႆနာဟာ သူမရဲ႕
အိပ္မက္ကို ေႏွာင့္ယွက္ေနတယ္။ေဘာလံုးနဲ႔အတူ ခႏၶာကိုယ္တစ္ခုလံုး ဟန္ခ်က္ညီစြာ လႈပ္ရွားႏုိင္ေရးဟာ freestyle အလွျပသူေတြအတြက္အေရးႀကီးဆံုးအစိတ္အပိုင္းပါပဲ။ freestyle ၿပိဳင္ပြဲ၀င္ခြင့္ရဖို႔အတြက္ (၂)ႏွစ္ေလာက္ သူမ အနားယူလုိက္
ေလ့က်င့္လိုက္ လုပ္ခဲ့ရတယ္။ ” ကၽြန္မ ပံုမွန္မေလ့က်င့္ႏုိင္ခဲ့ဘူး။ မတ္တပ္ရပ္ရင္း ေဘာလံုးအလွျပဖို႔မလြယ္ကူခဲ့ဘူး။ ထိုင္လ်က္နဲ႔ပဲ ေလ့က်င့္ခဲ့ရတယ္” စိတ္ပ်က္စရာဒဏ္ရာကာလေတြအေၾကာင္းသူမ ျပန္ေျပာျပတယ္။ဒါေပမဲ့ ဒဏ္ရာကင္းစင္စြာ ျပန္လာႏုိင္ခ်ိန္မွာ သူမ ပိုၿပီးရႊန္းစိုလာပါတယ္။မိန္းကေလးတစ္ဦးဟာ ေဘာလံုးစေကးေတြကို ဒီေလာက္လုပ္ႏုိင္တယ္ဟုတ္လားဆိုၿပီး
သူမရဲ႕ freestyle ဟန္ပန္ကို ျမင္ရသူတိုင္း ခ်ီးက်ဴးၾကတယ္။တခါတေလမွာ ေယာက်ာ္းရယ္၊ မိန္းမရယ္ဆိုၿပီး လိင္ခြဲျခားမႈမရွိဘဲ
လူတစ္ဦးရဲ႕ ပါရမီကိုပဲသီးသန္႔ၾကည့္သင့္တယ္ မဟုတ္လား။ေယာက်ာ္းေလးေတြနဲ႔ freestyle ၿပိဳင္ၾကတယ္အခါမ်ဳိးဆို သူမဆီမွာ
မာန္ဟန္ျပင္းျပမႈဟာနဂါးတစ္ေကာင္လို ခက္ထန္ေနတယ္။တစ္ေန႔မွာ ေယာက်ာ္းေလးတစ္ဦးထက္ သူမပိုၿပီးလန္းေအာင္
freestyle အလွျပၿပီးပရိသတ္ကို ေဖ်ာ္ေျဖလုိက္တယ္။ ဒါေပမဲ့ ပရိသတ္အမ်ားစုရဲ႕ မ်က္၀န္းထဲမွာတန္ဖိုးမထားခ်င္တဲ့ အရိပ္အေယာင္ကို ျမင္ေနရတုန္းပဲ။ဒီအတြက္ ေပါက္ကဲြၿပီး ေအာ္ေျပာလိုက္တယ္။ ” မိန္းကေလးတစ္ေယာက္ ပိုေကာင္းေအာင္ လုပ္ႏုိင္ခဲ့ၿပီ”ဆိုၿပီးေတာ့ပါပဲ။

freestyle ကစားသမားအျဖစ္ ပုိၿပီးထင္ရွားလာခ်ိန္မွာ ေရြးခ်ယ္ရခက္မယ့္အေျခအေနမ်ဳိးသူမဘ၀ဆီဆုိက္ကပ္လာတယ္။ ေက်ာင္းဆက္တက္မလား၊ ဒါမွမဟုတ္ freestyle ပရိုဘ၀ကိုကူးေျပာင္းမလားဆိုတာပဲ။ တစ္ဖက္မွာ ပညာေရး၊ တစ္ဖက္မွာသူမရဲ႕ ပါရမီကို သေဘာက်ၿပီး၀ိုင္း၀ုိင္းလည္ေနတဲ့ freestyle ရႈိးပြဲေတြ၊ စီးပြားေရးေၾကာ္ျငာေတြ၊ စပြန္ဆာစာခ်ဳပ္ေတြ။အေဖျဖစ္သူက သူမသေဘာအတုိင္း
ခ်ီတက္ေစခ်င္တယ္။ အေမျဖစ္သူကေတာ့ ေက်ာင္းဆက္တက္ေစခ်င္တယ္။ ဒါေပမဲ့ ႏွစ္ေယာက္စလံုးက
သူမ ဘယ္လမ္းကိုေရြးေရြးယံုၾကည္မႈရွိၿပီးသားပဲ။ ၿဗိတိန္မွာကိုယ္သာအာသီသရွိမယ္ဆိုရင္ပညာေရးလမ္းဟာ အခ်ိန္မေရြးျပန္ေလွ်ာက္လွမ္းလို႔ ရပါတယ္။ရႈိးပဲြ၊ စီးပြားေရးေၾကာ္ျငာနဲ႔ စပြန္ဆာစာခ်ဳပ္ေတြကသာ အရြယ္ရွိတုန္း လုပ္ရတာမဟုတ္လား။
ပညာေရးကို ေခတၱေမ့လိုက္ၿပီးေနာက္ သူမရဲ႕ freestyle ေလ့က်င့္ခန္းအစီအစဥ္ေတြပိုၿပီးျပင္းထန္လာၿပီ။ တစ္ေန႔ကို ငါးနာရီေလာက္ ေလ့က်င့္တယ္၊ အဲဒီအခ်ိန္ဇယားအတုိင္း တစ္ပတ္ကို ေျခာက္ရက္ ေလ့က်င္ခဲ့ပါတယ္။ ရုပ္ပုိင္းဆုိင္ရာေလ့က်င့္ခန္းေတြအျပင္စိတ္ပိုင္းဆုိင္ရာ တည္ၾကည္ခုိင္မာမႈကိုပါ သူမ တည္ေထာင္ခဲ့တယ္။” စင္ေပၚေရာက္သြားရင္ စိတ္ဓာတ္ခုိင္မာေနဖို႔ အေရးႀကီးတယ္။
ေၾကာက္သလုိရြ႕ံသလိုလုပ္ေနမယ္ဆိုရင္ သြားမွာပဲ”စင္ေပၚေရာက္တုိင္း သူမ ေျခေထာက္ေတြဆီက ဂ်ယ္ရီဖီလင္ကို
ေမာင္းထုတ္ေလ့ရွိပါတယ္။

ေဘာလံုးအကမယ္လို႔ တင္စားရမယ့္ ေက်ာင္းသူတစ္ဦး

ေဘာလံုးအကမယ္လို႔ တင္စားရမယ့္ ေက်ာင္းသူတစ္ဦး

၂၀၁၆ ခုႏွစ္မွာ ရည္ရြယ္ရာမွတ္တုိင္ဆီ သူမ ေရာက္လုနီးပါး၊ freestyle ၿပိဳင္ပြဲမွာဗိုလ္လုပြဲအထိ တက္ေရာက္ႏုိင္ခဲ့၊
ဒါေပမဲ့ ေျခေထာက္ဒဏ္ရာဟာ သူမရဲ႕ ေမွ်ာ္လင့္ခ်က္ကိုမုန္တုိင္းလို ေမႊေႏွာက္သြားခဲ့လို႔ ဒုတိယေနရာနဲ႔ပဲ ေက်နပ္လုိက္ရတယ္။
သူမ ေၾကကြဲခဲ့ရပါတယ္။ ရက္သတၱပတ္မ်ားစြာ ေဘာလံုးကို ေမ့ထားခဲ့ရတယ္။ဘာမွ မလုပ္ႏုိင္ခဲ့ဘူး။ ေၾကကြဲေနရင္းနဲ႔ပဲ တစ္ေန႔မွာ ျပန္လာႏုိင္ရမယ္ဆုိၿပီး အားတင္းခဲ့တယ္။ကုိယ့္ႏွလံုးသားကို သန္မာေအာင္ ဓာတ္စာေကၽြးခဲ့ပါတယ္။
ေန႔စဥ္ေန႔တုိင္း သူမရဲ႕ freestyle ဗီဒီယိုဖုိင္ေတြကို ျပန္ၾကည့္တယ္။ အမွားေတြ၊ အားနည္းခ်က္ေတြ
ျပန္ရွာေဖြတယ္။ တုိးတက္ေရးလမ္းစဥ္ကို ၾကံဆခဲ့ပါတယ္။ဒဏ္ရာကင္းစင္သြားခ်ိန္မွာ သူမရဲ႕ freestyle စေကးေတြဟာ
ပိုၿပီးစမတ္က်လာ၊ သူမရဲ႕ လႈပ္ရွားဟန္ေတြဟာက်ားသစ္မေလးတစ္ေကာင္လို ပိုၿပီးဆာေလာင္ေနတယ္။
အသက္ ၁၈ ႏွစ္အရြယ္မွာ သူမရဲ႕ ရည္ရြယ္ရာအိပ္မက္ခရီးဆီ ေရာက္ခဲ့ၿပီ။
freestyle ကမၻာ့ခ်န္ပီယံဆုကို ပိုင္ဆုိင္လုိက္ခ်ိန္မွာ အရာအားလံုး လြတ္က်သြားသလို ခံစားခဲ့ရတယ္။ ထူးဆန္းစြာပဲ သူမတစ္ကိုယ္လံုး ေပ်ာက္ဆံုးေနသလို ရက္သတၱပတ္အတန္ၾကာခံစားခဲ့ရတယ္။ ဘာဆက္လုပ္ရမလဲလို႔ ခက္ခက္ခဲခဲေတြးမိခဲ့တယ္။
ေနာက္ဆံုး အေျဖတစ္ခု သူမရင္ထဲက ထြက္ေပၚလာတယ္။ ခ်န္ပီယံဆိုတဲ့ ဂုဏ္ပုဒ္အတိုင္းကိုယ့္လိပ္ျပာကိုယ္ ပိုၿပီးလွပေအာင္
ဆက္လက္ဖိအားေပးဆုိတာပဲ။

ပုိက္ဆံအမ်ားႀကီးမရွိလည္း ကုိယ္ယံုၾကည္ရာအတုိုင္း ရြက္လႊင့္ခြင့္ဟာ ဘယ္ေလာက္ၾကည္သာခ်မ္းေျမ့ရပါသလဲ။
စာသင္ခန္းထဲမွာ သင္ခန္းစာေတြ ထြက္ၿပီးေျဖဆိုရတုိင္း သိုးငယ္လို ရွက္ရြံ႕ေနတတ္သူဟာ
လူမ်ားစြာ စိတ္၀င္တစားေစာင့္ၾကည့္ရာ စင္ျမင့္ေပၚမွာ freestyler တစ္ဦးအျဖစ္ ပီျပင္စြာ
သက္၀င္ေနေလရဲ႕။ ေနာက္ထပ္ ဂုဏ္ယူစရာက ဘ၀တူမိန္းမသားေတြရဲ႕ အနာဂတ္၊ အထူးသျဖင့္ ၀ါသနာတူ freestyle မိန္းမသားေတြရဲ႕ အနာဂတ္ကို သူမ ကူညီေပးေနတာပါပဲ။၂၀၁၆ ခုႏွစ္မွာ Girl Power FS နာမည္နဲ႔ freestyle ကစားသမားေအဂ်င္စီကိုထူေထာင္ခဲ့ပါတယ္။ ဒါဟာ မိန္းမသား freestyler ေတြပထမဆံုးပါပဲ။ၿဗိတိန္အမ်ဳိးသမီးေတြထဲ ပထမဆံုးfreestyler ခ်န္ပီယံတစ္ဦးအျဖစ္
ပီျပင္စြာ သရုပ္ေဖာ္ေနသူအတြက္Parliamentary Rising Star ၊ Woman of the Future ဆုေတြဟာထပ္တိုးစိတ္ခ်မ္းေျမ့ဖြယ္ရာေတြပါပဲ။ အားကစားနဲ႔အတူ သူမဟာ ကုိယ္ပုိင္သမုိင္းတစ္ခု၊ မိန္းမသားေတြရဲ႕ ရွင္သန္ခြင့္ကိုေဖာ္က်ဴးေနခဲ့ပါၿပီ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဘောလုံးအကမယ်

ဘောလုံးအကယ်မယ်တစ်ဦးအကြောင်း ပြောပြချင်ပါတယ်။ သိသူတွေလည်း သိပါလိမ့်မယ်။ သူမက ၂၀၁၇ အမျိုးသမီး freestyle ကမ္ဘာ့ချန်ပီယံ ဗြိတိန်သူတစ်ဦးပါပဲ။ ယူရို-၂၀၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲကြော်ငြာမှာ သူမပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။အဲဒီကြော်ငြာထဲမှာ နုပျိုသစ်လွင်တဲ့ဟန်ပန်နဲ့ကောင်မလေးတစ်ဦးဟာ ကျောပိုးအိတ်ခပ်သေးသေးတစ်လုံးကိုလွယ်ပြီး ကျောင်းဝန်းထဲက ထွက်လာပါတယ်။ နောက်ခံသီချင်းက ကနေဒါ electronic ဂီတနဲ့performance အနုပညာရှင် Peaches ရဲ့ Boys Wanna Be Her။သူမလက်ထဲမှာ ဘောလုံ;တစ်လုံး၊ အဲဒီဘောလုံးကို ခေါင်းနဲ့တော့လိုက်၊ခြေနဲ့တော့လိုက် အလှပြရင်း လမ်းလျှောက်လာတယ်။
လမ်းတစ်လျှောက် လူတွေ၊ အရာဝတ္ထုပစ္စည်းတွေကို ဘောလုံးအလှပြရင်း ကျော်ဖြတ်ခဲ့လေတယ်။တစ်နေရာအရောက်မှာ သူမဖုန်းဆီ မက်ဆေ့ချ်ဝင်လာတယ်။ သူ့အဖေဆီက ထင်ပါရဲ့။ဘောလုံးကို ဆက်လက်အလှပြရင်း ” လမ်းမှာပဲ ရှိသေးတယ်” လို့ သူမ မက်ဆေ့ချ်ပြန်ပို့လိုက်တယ်။ခဏအကြာမှာ သူမရဲ့ ပျော်ရွှင်မြူးတူးမှုဟာ ပျောက်ဆုံးသွားရတယ်။ သူမရဲ့ ဘောလုံးကို အစွယ်ထက်ထက်ခွေးတစ်ကောင်ဖျက်ဆီးလိုက်တာပါပဲ။ ကိစ္စမရှိပါဘူး။ အနားမှာရှိတဲ့ ခပ်လတ်လတ်ဘောလုံးကို သုံးစွဲပြီး သူမ ဘောလုံးအလှဆက်ပြခဲ့တယ်။
ဘောလုံးကွင်းတစ်ခုရဲ့ ဘေးစည်းနားဖြတ်လျှောက်နေတုန်းပွဲကစားနေသူတွေရဲ့ ဘောလုံးဟာ သူမအနားရောက်လာတယ်။
အဲဒီဘောလုံးကိုလည်း ခပ်လန်းလန်းထိန်းရင်း ညာခြေနဲ့ ကန်ထုတ်လိုက်တယ်။ ဘောလုံးက ဂိုးတိုင်ထဲကို တန်းခနဲပဲ။ သူမရဲ့ ဂိုးသွင်းစွမ်းရည်က ဒီလောက်နဲ့ မပြီးဆုံးသေးဘူး။ဒုတိယမြောက်သူမ အလှပြနေတဲ့ခပ်လတ်လတ်ဘောလုံးကို လမ်းဘေးမှာရှိနေတဲ့ အမှိုက်ပုံးရဲ့အမှိုက်ထည့်ပေါက်သေးသေးလေးဆီ ကန်ထည့်လိုက်တယ်။ပြီးတော့ ကျောပိုးအိတ်ထဲက လိမ္မော်သီး၊ သူမစီးလာတဲ့ ဖိနပ်၊ လမ်းမှာတွေ့တဲ့ အရုပ်မလေးရဲ့ ခေါင်း၊အားလုံးဟာ သူမရဲ့ နွဲ့ပျောင်းတဲ့ ခြေထောက်တွေကြား အလှပြပစ္စည်းတွေ ဖြစ်သွားတယ်။
ကြော်ငြာရဲ့ ဇာတ်သိမ်းခန်းမှာ တီဗီကြည့်နေတဲ့ သူမအဖေရဲ့ ဘေးကို အရုပ်မလေးရဲ့ ခေါင်းရောက်သွားပါတယ်။ အိမ်ထဲမရောက်သေးပေမယ့် ပြန်လာပြီဆိုတာကို ဖော်ကျူးလိုက်တဲ့အချက်ပြမှုလို့ ဆိုရပါမယ်။

နုပျိုသစ်လွင်တဲ့ ဟန်ပန်နဲ့ ဘောလုံးအကမယ်လေးနာမည်က လစ်ဗ်ကွတ်လို့ ခေါ်ပါတယ်။ ကလေးဘဝမှာ အစ်ကိုနှစ်ယောက်ကြား ကြီးပြင်းလာရလို့ ယောကျာ်းလေးနည်းနည်းဆန်တယ်။ဘောလုံးနဲ့ ထိတွေ့မှုရှိခဲ့တယ်။ ဒါပေမဲ့ ဘောလုံးကစားရတာထက် အလှပြရတာကို သူမ ပိုပြီးနှစ်သက်တယ်။ ငယ်ဘဝဆန္ဒဟာ ပါရမီရင့်သန်လာချိန်မှာ တားဆီးလို့ မရနိုင်ပါဘူး။ ဒီလိုပဲ freestyle ချန်ပီယံတစ်ဦးဖြစ်ဖို့ကံတရားပါလာသူဟာ သာမန်ဘောလုံးသမားဘဝနဲ့ ဝေးကွာစေမယ့်အဖြစ်ကို ရင်ဆိုင်လိုက်ရတယ်။ကျောဒဏ်ရာရခဲ့တာပါပဲ။ ဒဏ်ရာလူသားအဖြစ် ဖြတ်သန်းခဲ့ရချိန်တွေမှာ freestyle အလှပြသူတွေရဲ့ဗီဒီယိုဖိုင်တွေကို လေ့လာတယ်။ တိုက်ရိုက်တင်ဆက်မှုတွေကိုကြည့်ရင်း ဖြတ်ကျော်ခဲ့ရပါတယ်။

သူမရင်ထဲက freestyle သမားတစ်ဦးဖြစ်ချင်စိတ်ပိုးဟာ ပိုပြီးရင့်ထန်လာခဲ့ပြီ။ဒါပေမဲ့ ကျောဒဏ်ရာပြဿနာဟာ သူမရဲ့
အိပ်မက်ကို နှောင့်ယှက်နေတယ်။ဘောလုံးနဲ့အတူ ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီစွာ လှုပ်ရှားနိုင်ရေးဟာ freestyle အလှပြသူတွေအတွက်အရေးကြီးဆုံးအစိတ်အပိုင်းပါပဲ။ freestyle ပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် (၂)နှစ်လောက် သူမ အနားယူလိုက်
လေ့ကျင့်လိုက် လုပ်ခဲ့ရတယ်။ ” ကျွန်မ ပုံမှန်မလေ့ကျင့်နိုင်ခဲ့ဘူး။ မတ်တပ်ရပ်ရင်း ဘောလုံးအလှပြဖို့မလွယ်ကူခဲ့ဘူး။ ထိုင်လျက်နဲ့ပဲ လေ့ကျင့်ခဲ့ရတယ်” စိတ်ပျက်စရာဒဏ်ရာကာလတွေအကြောင်းသူမ ပြန်ပြောပြတယ်။ဒါပေမဲ့ ဒဏ်ရာကင်းစင်စွာ ပြန်လာနိုင်ချိန်မှာ သူမ ပိုပြီးရွှန်းစိုလာပါတယ်။မိန်းကလေးတစ်ဦးဟာ ဘောလုံးစကေးတွေကို ဒီလောက်လုပ်နိုင်တယ်ဟုတ်လားဆိုပြီး
သူမရဲ့ freestyle ဟန်ပန်ကို မြင်ရသူတိုင်း ချီးကျူးကြတယ်။တခါတလေမှာ ယောကျာ်းရယ်၊ မိန်းမရယ်ဆိုပြီး လိင်ခွဲခြားမှုမရှိဘဲ
လူတစ်ဦးရဲ့ ပါရမီကိုပဲသီးသန့်ကြည့်သင့်တယ် မဟုတ်လား။ယောကျာ်းလေးတွေနဲ့ freestyle ပြိုင်ကြတယ်အခါမျိုးဆို သူမဆီမှာ
မာန်ဟန်ပြင်းပြမှုဟာနဂါးတစ်ကောင်လို ခက်ထန်နေတယ်။တစ်နေ့မှာ ယောကျာ်းလေးတစ်ဦးထက် သူမပိုပြီးလန်းအောင်
freestyle အလှပြပြီးပရိသတ်ကို ဖျော်ဖြေလိုက်တယ်။ ဒါပေမဲ့ ပရိသတ်အများစုရဲ့ မျက်ဝန်းထဲမှာတန်ဖိုးမထားချင်တဲ့ အရိပ်အယောင်ကို မြင်နေရတုန်းပဲ။ဒီအတွက် ပေါက်ကွဲပြီး အော်ပြောလိုက်တယ်။ ” မိန်းကလေးတစ်ယောက် ပိုကောင်းအောင် လုပ်နိုင်ခဲ့ပြီ”ဆိုပြီးတော့ပါပဲ။

freestyle ကစားသမားအဖြစ် ပိုပြီးထင်ရှားလာချိန်မှာ ရွေးချယ်ရခက်မယ့်အခြေအနေမျိုးသူမဘဝဆီဆိုက်ကပ်လာတယ်။ ကျောင်းဆက်တက်မလား၊ ဒါမှမဟုတ် freestyle ပရိုဘဝကိုကူးပြောင်းမလားဆိုတာပဲ။ တစ်ဖက်မှာ ပညာရေး၊ တစ်ဖက်မှာသူမရဲ့ ပါရမီကို သဘောကျပြီးဝိုင်းဝိုင်းလည်နေတဲ့ freestyle ရှိုးပွဲတွေ၊ စီးပွားရေးကြော်ငြာတွေ၊ စပွန်ဆာစာချုပ်တွေ။အဖေဖြစ်သူက သူမသဘောအတိုင်း
ချီတက်စေချင်တယ်။ အမေဖြစ်သူကတော့ ကျောင်းဆက်တက်စေချင်တယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက
သူမ ဘယ်လမ်းကိုရွေးရွေးယုံကြည်မှုရှိပြီးသားပဲ။ ဗြိတိန်မှာကိုယ်သာအာသီသရှိမယ်ဆိုရင်ပညာရေးလမ်းဟာ အချိန်မရွေးပြန်လျှောက်လှမ်းလို့ ရပါတယ်။ရှိုးပွဲ၊ စီးပွားရေးကြော်ငြာနဲ့ စပွန်ဆာစာချုပ်တွေကသာ အရွယ်ရှိတုန်း လုပ်ရတာမဟုတ်လား။
ပညာရေးကို ခေတ္တမေ့လိုက်ပြီးနောက် သူမရဲ့ freestyle လေ့ကျင့်ခန်းအစီအစဉ်တွေပိုပြီးပြင်းထန်လာပြီ။ တစ်နေ့ကို ငါးနာရီလောက် လေ့ကျင့်တယ်၊ အဲဒီအချိန်ဇယားအတိုင်း တစ်ပတ်ကို ခြောက်ရက် လေ့ကျင်ခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေအပြင်စိတ်ပိုင်းဆိုင်ရာ တည်ကြည်ခိုင်မာမှုကိုပါ သူမ တည်ထောင်ခဲ့တယ်။” စင်ပေါ်ရောက်သွားရင် စိတ်ဓာတ်ခိုင်မာနေဖို့ အရေးကြီးတယ်။
ကြောက်သလိုရွံ့သလိုလုပ်နေမယ်ဆိုရင် သွားမှာပဲ”စင်ပေါ်ရောက်တိုင်း သူမ ခြေထောက်တွေဆီက ဂျယ်ရီဖီလင်ကို
မောင်းထုတ်လေ့ရှိပါတယ်။

ဘောလုံးအကမယ်လို့ တင်စားရမယ့် ကျောင်းသူတစ်ဦး

ဘောလုံးအကမယ်လို့ တင်စားရမယ့် ကျောင်းသူတစ်ဦး

၂၀၁၆ ခုနှစ်မှာ ရည်ရွယ်ရာမှတ်တိုင်ဆီ သူမ ရောက်လုနီးပါး၊ freestyle ပြိုင်ပွဲမှာဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့၊
ဒါပေမဲ့ ခြေထောက်ဒဏ်ရာဟာ သူမရဲ့ မျှော်လင့်ချက်ကိုမုန်တိုင်းလို မွှေနှောက်သွားခဲ့လို့ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရတယ်။
သူမ ကြေကွဲခဲ့ရပါတယ်။ ရက်သတ္တပတ်များစွာ ဘောလုံးကို မေ့ထားခဲ့ရတယ်။ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ကြေကွဲနေရင်းနဲ့ပဲ တစ်နေ့မှာ ပြန်လာနိုင်ရမယ်ဆိုပြီး အားတင်းခဲ့တယ်။ကိုယ့်နှလုံးသားကို သန်မာအောင် ဓာတ်စာကျွေးခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း သူမရဲ့ freestyle ဗီဒီယိုဖိုင်တွေကို ပြန်ကြည့်တယ်။ အမှားတွေ၊ အားနည်းချက်တွေ
ပြန်ရှာဖွေတယ်။ တိုးတက်ရေးလမ်းစဉ်ကို ကြံဆခဲ့ပါတယ်။ဒဏ်ရာကင်းစင်သွားချိန်မှာ သူမရဲ့ freestyle စကေးတွေဟာ
ပိုပြီးစမတ်ကျလာ၊ သူမရဲ့ လှုပ်ရှားဟန်တွေဟာကျားသစ်မလေးတစ်ကောင်လို ပိုပြီးဆာလောင်နေတယ်။
အသက် ၁၈ နှစ်အရွယ်မှာ သူမရဲ့ ရည်ရွယ်ရာအိပ်မက်ခရီးဆီ ရောက်ခဲ့ပြီ။
freestyle ကမ္ဘာ့ချန်ပီယံဆုကို ပိုင်ဆိုင်လိုက်ချိန်မှာ အရာအားလုံး လွတ်ကျသွားသလို ခံစားခဲ့ရတယ်။ ထူးဆန်းစွာပဲ သူမတစ်ကိုယ်လုံး ပျောက်ဆုံးနေသလို ရက်သတ္တပတ်အတန်ကြာခံစားခဲ့ရတယ်။ ဘာဆက်လုပ်ရမလဲလို့ ခက်ခက်ခဲခဲတွေးမိခဲ့တယ်။
နောက်ဆုံး အဖြေတစ်ခု သူမရင်ထဲက ထွက်ပေါ်လာတယ်။ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်အတိုင်းကိုယ့်လိပ်ပြာကိုယ် ပိုပြီးလှပအောင်
ဆက်လက်ဖိအားပေးဆိုတာပဲ။

ပိုက်ဆံအများကြီးမရှိလည်း ကိုယ်ယုံကြည်ရာအတိုင်း ရွက်လွှင့်ခွင့်ဟာ ဘယ်လောက်ကြည်သာချမ်းမြေ့ရပါသလဲ။
စာသင်ခန်းထဲမှာ သင်ခန်းစာတွေ ထွက်ပြီးဖြေဆိုရတိုင်း သိုးငယ်လို ရှက်ရွံ့နေတတ်သူဟာ
လူများစွာ စိတ်ဝင်တစားစောင့်ကြည့်ရာ စင်မြင့်ပေါ်မှာ freestyler တစ်ဦးအဖြစ် ပီပြင်စွာ
သက်ဝင်နေလေရဲ့။ နောက်ထပ် ဂုဏ်ယူစရာက ဘဝတူမိန်းမသားတွေရဲ့ အနာဂတ်၊ အထူးသဖြင့် ဝါသနာတူ freestyle မိန်းမသားတွေရဲ့ အနာဂတ်ကို သူမ ကူညီပေးနေတာပါပဲ။၂၀၁၆ ခုနှစ်မှာ Girl Power FS နာမည်နဲ့ freestyle ကစားသမားအေဂျင်စီကိုထူထောင်ခဲ့ပါတယ်။ ဒါဟာ မိန်းမသား freestyler တွေပထမဆုံးပါပဲ။ဗြိတိန်အမျိုးသမီးတွေထဲ ပထမဆုံးfreestyler ချန်ပီယံတစ်ဦးအဖြစ်
ပီပြင်စွာ သရုပ်ဖော်နေသူအတွက်Parliamentary Rising Star ၊ Woman of the Future ဆုတွေဟာထပ်တိုးစိတ်ချမ်းမြေ့ဖွယ်ရာတွေပါပဲ။ အားကစားနဲ့အတူ သူမဟာ ကိုယ်ပိုင်သမိုင်းတစ်ခု၊ မိန်းမသားတွေရဲ့ ရှင်သန်ခွင့်ကိုဖော်ကျူးနေခဲ့ပါပြီ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။