လူတချို့က စားစရာကို လက်နဲ့စားတာမြင်ရင် တောကျတယ်လို့ တွေးတတ်ကြပါတယ်။ စားစရာတိုင်းကို ဇွန်း၊ ခက်ရင်းတွေသုံးပြီး စားရမယ်လို့ ဥပဒေမထုတ်ပြန်ထားတဲ့အတွက် တချို့စားစရာတွေက လက်နဲ့စားလည်း ကိစ္စမရှိပါဘူး။ ဒီလိုစားလို့ရတဲ့ စားစရာတွေထဲက (၅) မျိုးကို ပြောပြရမယ်ဆိုရင်တော့

(၁) Sushi

တူအသုံးပြုပြီးစားရတဲ့ Sushi ကို တစ်ခါတလေလည်း အားရပါးရစားချင်လို့ဆိုပြီး လက်နဲ့ စားလို့ရပါတယ်နော်။ လက်ကို ကပ်စီးကပ်စီးဖြစ်စေတဲ့အရာတွေ မပါတာကြောင့် လက်နဲ့စားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

(၂) ကညွတ်

ကညွတ်ကိုတော့ နာမည်ကြီးစားသောက်ဆိုင်တော်တော်များများရဲ့ ဟင်းပွဲတွေမှာ အလှဆင်အဖြစ် သုံးလေ့ရှိပါတယ်။ ဇွန်း၊ ခက်ရင်းနဲ့ ဓါးတွေအစုံ ချပေးထားတယ်ဆိုတိုင်း မှာထားတဲ့အစားအစာတိုင်းကို အဲ့ဒါတွေသုံးပြီး စားဖို့ မလိုပါဘူး။ ခက်ရင်းနဲ့ ဓါးကို Beef Steak အတွက်ထား၊ ပြီးရင် ဘေးက ကျန်တဲ့ ကညွတ်ကို လက်နဲ့ဆွဲလို့ရတယ်နော်။ လက်နဲ့ကိုင်ပြီး စားရတာက မသိရင် ကြွပ်ကြွပ်ရွရွရှိတဲ့ Snack ကို စားနေရသလို ဖြစ်မှာပါ။

(၃) Cheese

မျက်လုံးထဲမြင်သွားအောင် ကွက်ကွက်ကွင်းကွင်းပြောရမယ်ဆိုရင်တော့ ပီဇာထဲက Cheese တွေကိုပဲ သွားမြင်ကြည့်ပါ။ ဆွဲလိုက်တိုင်းမှာ အမျှင်တန်းနေတဲ့ Cheese တွေကို စားဖို့ရာ ဘာလုပ်ဖို့ ခက်ရင်းတွေ သုံးနေတော့မှာလဲ။ လက်နဲ့အားရပါးရဆွဲစားလို့ရနေတာပဲ ဘေးဘီ ဂရုစိုက်မနေပါနဲ့။

(၄) အသီးတွေ

အလှူ၊ မင်္ဂလာဆောင် စတဲ့ ပွဲလမ်းသဘင်တွေမှာ ကြည့်ကောင်းအောင်လို့ဆိုပြီး အသီးတွေကို လှလှပပ ခွဲခြမ်းထားတာတွေ တွေ့ဖူးကြမှာပေါ့။ အလှူရှင်တွေက အသီးတွေကို ဒီလိုလှီးထားတိုင်း ကိုယ်တိုင်ကလည်း အားနာနာနဲ့ ခက်ရင်းနဲ့ မဖြစ်မနေစားဖို့တော့ မလိုပါဘူး။ လှီးခြမ်းထားတာမဟုတ်တဲ့ လောလောလတ်လတ်ဝယ်လာတဲ့ အသီးတွေကိုမှ ရေဆေးပြီးပြီးချင်း ဒီအတိုင်းကိုက်စားနိုင်ပါတယ်။

(၅) ပီဇာ

ဇာတ်လိုက်ကျော်ကြီး လာပါပြီ။ ပီဇာကတော့ လက်နဲ့အားရပါးရ စားလို့အကောင်းဆုံး အစားအစာထဲမှာ ပါပါတယ်။ ဝက်ပေါင်ခြောက်တွေ၊ ပင်လယ်စာအစုံတွေပါတဲ့ ပီဇာကို လက်နဲ့အားရပါးရစားရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ မယုံဘူးဆိုရင်တော့ ခါတိုင်း စားလေ့ရှိတဲ့ ဓါး၊ ခက်ရင်းတွေကို ဘေးချပြီး လက်နဲ့ စားကြည့်လိုက်ပါ။

NSC (Akhayar)

www.akhayar.com