[Zawgyi]
တရုတ်နံနံ
ကြက်ဥပြုတ်
ဟင်းနုနယ်
မှို
အာလူး
ကြက်သား
Beet Root
ထမင်း
ဂျူဂျူး (အခရာ)
www.akhayar.com
[Unicode]
မိုက်ခရိုဝေ့ဖ်နဲ့နွှေးရင် အဆိပ်ဖြစ်သွားစေနိုင်တဲ့အစားအသောက်များ
လက်ရှိအချိန်မှာ  မိုက်ခရိုဝေ့ဖ်ကို အရင်ကထက် ပိုပြီးအသုံးပြုလာကြတာတွေ့ရပါတယ်။ မိုက်ခရိုဝေ့ဖ်က အိမ်ရှင်မတွေအတွက် အဖော်မွန်ကောင်းဆိုပေမယ့်လည်း  သူနဲ့ပတ်သက်တဲ့  Dos & Don’ts တွေအများကြီးရှိပါတယ်။ တချို့အစားအစာတွေကို မိုက်ခရိုဝေ့ဖ်ထဲထည့်နွှေးတဲ့အခါ အဆိပ်သင့်စေပြီး လူကိုဒုက္ခပေးနိုင်တာမို့ ဘယ်အစားအစာတွေကို မိုက်ခရိုဝေ့ဖ်နဲ့မထိတွေ့စေသင့်ဘူးလဲဆိုတာ မျှဝေပေးပါရစေ။
တရုတ်နံနံ
တရုတ်နံနံကို မိုက်ခရိုဝေ့ဖ်ထဲထည့်တဲ့အခါ  သူ့မှာပါတဲ့ နိုက်ထရိတ်က ကင်ဆာဖြစ်စေတဲ့ Carcinogenic Nitrosamines အဖြစ်ပြောင်းလဲသွားပါတယ်။
ကြက်ဥပြုတ်
ကြက်ဥပြုတ်တွေကိုလည်း မိုက်ခရိုဝေ့ဖ်ထဲ ထည့်မနွှေးသင့်ပါဘူး။ အဲလိုနွှေးမယ့်အစား Salad ထဲထည့်စားတာမျိုး အဆာပြေစားလိုက်တာမျိုးပဲ လုပ်သင့်ပါတယ်။
ဟင်းနုနယ်
ဟင်းနုနယ်ရွက်တွေဟာလည်း တရုတ်နံနံလိုပါပဲ။ မိုက်ခရိုဝေ့ဖ်အပူနဲ့တွေ့တဲ့အခါ သူ့မှာပါတဲ့ နိုက်ထရိတ်က ဓာတ်ပြောင်းသွားပြီး လူကိုထိခိုက်စေပါတယ်။
မှို
မှိုမှာပါတဲ့ဓာတုပစ္စည်းက မိုက်ခရိုဝေ့ဖ်အပူနဲ့တွေ့တဲ့အခါ ဓာတ်ပြောင်းသွားပြီး အစာအိမ်နာတာ  အစာမကျေ လေပွတာဖြစ်စေပါတယ်။
အာလူး
အံ့သြစရာပါပဲ။ အာလူးကို မိုက်ခရိုဝေ့ဖ်နဲ့ပြန်နွှေးတဲ့အခါ သူ့ရဲ့အာဟာရတန်ဖိုးကျသွားတဲ့အပြင် အစာအဆိပ်သင့်စေနိုင်ပါတယ်။
ကြက်သား
ကြက်သားကလည်း ထည့်မနွှေးသင့်တဲ့အရာထဲပါပါတယ်။ အပူနဲ့ထိတွေ့တဲ့အခါ ပြောင်းလဲသွားတဲ့ ဒြပ်ပေါင်းကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်စေပါတယ်။
Beet Root
Beet Root မှာ နိုက်ထရိတ်မြင့်မားစွာပါဝင်တဲ့အတွက် အပူနဲ့ လုံးဝလုံးဝထိဖို့ မသင့်ပါဘူး။ လတ်လတ်ဆတ်ဆတ် စားသုံးတာကသာ အကျိုးအရှိဆုံးပါ။
ထမင်း
ထမင်းကို ချက်ပြီးပြီးချင်းစားတာမျိုး ရေခဲသေတ္တာထဲ သိမ်းဆည်းတာမျိုးသာ လုပ်သင့်ပါတယ်။ ထမင်းကျန်ကို မိုက်ခရိုဝေ့ဖ်နဲ့ ပြန်နွှေးတာမျိုး မလုပ်သင့်ဘူးလို့ တားမြစ်ထားပါတယ်။
ဂျူဂျူး (အခရာ)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။