[Zawgyi]

စိတ္ဓာတ္က်ေနရင္ ဒါမ်ိဳးေတြမစားပါနဲ႔

စိတ္ဓာတ္က်တာက ေတာ္ေတာ္ ခံရခက္တဲ့ေရာဂါတစ္ခုပါေနာ္။ ကိုယ္ဆိုရင္ ေနမေကာင္းပဲ ေျပးျဖစ္လိုက္ခ်င္တယ္။ စိတ္ဓာတ္က်တာကို ပိုေၾကာက္မိပါတယ္။ စိတ္ဓာတ္က်တယ္ဆိုတာ စိတ္ကျဖစ္တဲ့ေ၀ဒနာဆိုေပမယ့္လည္း အၾကာႀကီး စိတ္ဓာတ္က်ေနလား၊ ခဏေလးနဲ႔ ေမ့ေဖ်ာက္ပစ္ႏုိင္လားဆိုတာ ကိုယ့္ရဲ႕ အစားအေသာက္အေနအထိုင္နဲ႔လည္း အမ်ားႀကီးသက္ဆိုင္ပါတယ္။ တစ္ခါတေလ ကိုယ္သတိမထားမိတဲ့ ျပင္ပလႈပ္ရွားလုပ္ကိုင္မႈေတြနဲ႔ စားေသာက္ေနထိုင္မႈေတြေၾကာင့္ စိတ္ဓာတ္က်တာေတြက ပိုၿပီး အခ်ိန္ၾကာၾကာ တြဲကပ္ေနတတ္လို႔ပါ။

ေကာ္ဖီ

စိတ္ဓာတ္က်ေနတဲ့အခ်ိန္ ေကာ္ဖီမေသာက္တာ အေကာင္းဆံုးပါပဲ။ ေသာက္ခ်င္ရင္ေတာင္ ေပ်ာ့တဲ့ေကာ္ဖီကိုပဲ ေရြးခ်ယ္ပါလို႔။ Caffeine ဓာတ္က လူကို စိတ္ဖိစီးမႈျဖစ္ေစၿပီး စိတ္ဓာတ္ကို ႏွစ္ဆက်ဆင္းေစပါတယ္။ ေကာ္ဖီကို ေရွာင္ပါေနာ္။

အယ္ကိုေဟာ

အရက္တို႔၊ ဘီယာတို႔ကလည္း စိတ္ညစ္ရင္ ေသာက္ရတဲ့အရာဆိုေပမယ့္ စိတ္ေပ်ာ္လို႔ေသာက္တာေလာက္ပဲေကာင္းပါတယ္။ စိတ္ညစ္လို႔ အရက္ေသာက္တယ္။ အရက္ေသာက္လို႔ စိတ္ပိုညစ္တယ္ျဖစ္ေနပါဦးမယ္။ ပံုမွန္အခ်ိန္ေတြမွာေတာင္ အရက္ေသာက္ၿပီး အရက္နာက်ရင္ ဘယ္လိုခံစားရလဲ ျပန္စဥ္းစားၾကည့္ပါဦး။ စိတ္ဓာတ္က်ေနတဲ့အခ်ိန္ဆို ခံစားႏိုင္မွာမဟုတ္ပါဘူး။

အေၾကာ္အေလွာ္

အာလူးေၾကာ္လား၊ အေၾကာ္စံုလား။ အေၾကာ္အေလွာ္ေတြက ဘယ္ေနရာမွာမွ ေကာင္းက်ိဳးမေပးပါဘူး။ က်န္းမာေရးအတြက္လည္း မညီညြတ္သလို ဒုကၡေတြခ်ည္းပဲ ေပးေနတဲ့အစားအစာပါ။ ဘာလို႔ တြယ္ညိေနဦးမွာလဲ။ စိတ္ညစ္ရင္ သန္႔ရွင္းလတ္ဆတ္တာကိုပဲ စားသင့္ပါတယ္။

သၾကား

သၾကားနဲ႔ အခ်ိဳေတြက စိတ္ညစ္တာေပ်ာက္တယ္ဆိုၿပီး ေတာ္ေတာ္မ်ားမ်ားလက္ခံထားၾကပါတယ္။ စိတ္ဓာတ္က်တယ္၊ စိတ္ညစ္တယ္ဆိုရင္လည္း အခ်ိဳနဲ႔ သၾကားပါ၀င္တဲ့အစားအစာေတြကို စားေနၾကေလ။ ဒါေပမယ့္ တကယ္ေတာ့ သၾကားလည္း မစားရပါဘူးတဲ့ေနာ္။ သၾကားကလည္း စိတ္ပ်က္ညစ္ညဴးမႈေတြကို ျဖစ္ေစၿပီး စိတ္ဓာတ္က်ျခင္းကို ပိုၿပီးျပင္းထန္ေစပါတယ္။

တစ္ခါတေလ ျဖစ္တဲ့ စိတ္ဒုကၡေတြ၊ စိတ္ဓာတ္က်တာေတြက ေပ်ာက္ခ်င္ခ်င္ပါေနာ္။ ဒါကို ဘာလို႔ ရွည္ေနလဲဆုိရင္ ကိုယ့္ရဲ႕ အေနအထိုင္အစားအေသာက္မတက္လို႔ပါပဲ။ စိတ္ဓာတ္က်ေနရင္ ကိုယ့္ကိုယ္ကိုယ္ သိပါ။ စားေသာက္ေနထိုင္မႈကို ဂရုစိုက္ပါေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

စိတ်ဓာတ်ကျနေရင် ဒါမျိုးတွေမစားပါနဲ့

စိတ်ဓာတ်ကျတာက တော်တော် ခံရခက်တဲ့ရောဂါတစ်ခုပါနော်။ ကိုယ်ဆိုရင် နေမကောင်းပဲ ပြေးဖြစ်လိုက်ချင်တယ်။ စိတ်ဓာတ်ကျတာကို ပိုကြောက်မိပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်ကဖြစ်တဲ့ဝေဒနာဆိုပေမယ့်လည်း အကြာကြီး စိတ်ဓာတ်ကျနေလား၊ ခဏလေးနဲ့ မေ့ဖျောက်ပစ်နိုင်လားဆိုတာ ကိုယ့်ရဲ့ အစားအသောက်အနေအထိုင်နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ တစ်ခါတလေ ကိုယ်သတိမထားမိတဲ့ ပြင်ပလှုပ်ရှားလုပ်ကိုင်မှုတွေနဲ့ စားသောက်နေထိုင်မှုတွေကြောင့် စိတ်ဓာတ်ကျတာတွေက ပိုပြီး အချိန်ကြာကြာ တွဲကပ်နေတတ်လို့ပါ။

ကော်ဖီ

စိတ်ဓာတ်ကျနေတဲ့အချိန် ကော်ဖီမသောက်တာ အကောင်းဆုံးပါပဲ။ သောက်ချင်ရင်တောင် ပျော့တဲ့ကော်ဖီကိုပဲ ရွေးချယ်ပါလို့။ Caffeine ဓာတ်က လူကို စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကို နှစ်ဆကျဆင်းစေပါတယ်။ ကော်ဖီကို ရှောင်ပါနော်။

အယ်ကိုဟော

အရက်တို့၊ ဘီယာတို့ကလည်း စိတ်ညစ်ရင် သောက်ရတဲ့အရာဆိုပေမယ့် စိတ်ပျော်လို့သောက်တာလောက်ပဲကောင်းပါတယ်။ စိတ်ညစ်လို့ အရက်သောက်တယ်။ အရက်သောက်လို့ စိတ်ပိုညစ်တယ်ဖြစ်နေပါဦးမယ်။ ပုံမှန်အချိန်တွေမှာတောင် အရက်သောက်ပြီး အရက်နာကျရင် ဘယ်လိုခံစားရလဲ ပြန်စဉ်းစားကြည့်ပါဦး။ စိတ်ဓာတ်ကျနေတဲ့အချိန်ဆို ခံစားနိုင်မှာမဟုတ်ပါဘူး။

အကြော်အလှော်

အာလူးကြော်လား၊ အကြော်စုံလား။ အကြော်အလှော်တွေက ဘယ်နေရာမှာမှ ကောင်းကျိုးမပေးပါဘူး။ ကျန်းမာရေးအတွက်လည်း မညီညွတ်သလို ဒုက္ခတွေချည်းပဲ ပေးနေတဲ့အစားအစာပါ။ ဘာလို့ တွယ်ညိနေဦးမှာလဲ။ စိတ်ညစ်ရင် သန့်ရှင်းလတ်ဆတ်တာကိုပဲ စားသင့်ပါတယ်။

သကြား

သကြားနဲ့ အချိုတွေက စိတ်ညစ်တာပျောက်တယ်ဆိုပြီး တော်တော်များများလက်ခံထားကြပါတယ်။ စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်ဆိုရင်လည်း အချိုနဲ့ သကြားပါဝင်တဲ့အစားအစာတွေကို စားနေကြလေ။ ဒါပေမယ့် တကယ်တော့ သကြားလည်း မစားရပါဘူးတဲ့နော်။ သကြားကလည်း စိတ်ပျက်ညစ်ညူးမှုတွေကို ဖြစ်စေပြီး စိတ်ဓာတ်ကျခြင်းကို ပိုပြီးပြင်းထန်စေပါတယ်။

တစ်ခါတလေ ဖြစ်တဲ့ စိတ်ဒုက္ခတွေ၊ စိတ်ဓာတ်ကျတာတွေက ပျောက်ချင်ချင်ပါနော်။ ဒါကို ဘာလို့ ရှည်နေလဲဆိုရင် ကိုယ့်ရဲ့ အနေအထိုင်အစားအသောက်မတက်လို့ပါပဲ။ စိတ်ဓာတ်ကျနေရင် ကိုယ့်ကိုယ်ကိုယ် သိပါ။ စားသောက်နေထိုင်မှုကို ဂရုစိုက်ပါနော်။

Moethaesay (Akhayar)

www.akhayar.com