Food2U နဲ့ အွန်လိုင်းကနေ မုန့်ဝယ်စားမယ်

ပြီးခဲ့တဲ့အပတ်တုန်းက မြန်မာနိုင်ငံမှာပထမဆုံးစတင်ခဲ့တဲ့ Yangon Door2Door ကနေမုန့်မှာစားလို့ရတာကို ပြောပြခဲ့ပါတယ်။ ဒီအပတ်မှာတော့ Food2U ကနေ မုန့်ဘယ်လိုမှာစားရမလဲဆိုတာကို ပြောပြချင်ပါတယ်။ Food2U ကတော့ မြန်မာဆန်တဲ့စားသောက်ဆိုင်တွေ များပါတယ်။ အွန်လိုင်းကနေ မှာရတဲ့ပုံစံကလည်း လွယ်ကူပါတယ်။ ငွေချေတဲ့နေရာမှာတော့ ဆိုက်ရောက်ငွေချေစနစ် (Cash On Delivery) အပြင် OK$ နဲ့လည်းချေလို့ပါတယ်။ ကဲအခု… (www.food2u.com.mm) နဲ့ အွန်လိုင်းကနေမုန့်မှာစားကြည့်ပါမယ်။အွန်လိုင်းကမမှာချင်ရင်လည်း ဖုန်းနဲ့ မှာလို့ရပါတယ်။

ဘာမှာစားရင်ကောင်းမလဲ

  • ပထမအကြိမ်မှာ လူများများစားလို့ရပြီး ရုံးနဲ့မနီးမဝေးမှာရှိတဲ့ ပီဇာဆိုင်ကို ရွေးလိုက်တယ်။
  • ဒုတိယအကြိမ်မှာတော့ ကျွန်တော်တို့ရုံးနဲ့ ခပ်လှမ်းလှမ်းက ခေါက်ဆွဲကြော်ဆိုင်တစ်ဆိုင်ကိုရွေးပါတယ်။
() ဝက်ဆိုဒ်နှင့် အသုံးပြုရလွယ်ကူခြင်း (Website & Accessibility)

ခေါင်းစီးမှာ အင်္ဂလိပ်၊ မြန်မာ ကြိုက်တာရွေးသုံးလို့ရတယ်။  Food2U ရဲ့ Website ကလဲ ရိုးရိုးရှင်းရှင်းကြီးနဲ့ တော်တော်မလှပါ။ အောက်ဘက်မှာပေးထားတဲ့ ခလုတ်တွေကလည်းနှိပ်လို့ မရပါဘူး။ ဒါပေမယ့်  မှာရတာ အဆင့်နည်းပြီး သုံးရလည်းလွယ်ပါတယ်။ သူက ငွေချေတဲ့နေရာမှာတော့ ဆိုက်ရောက်ငွေချေစနစ် (Cash On Delivery) အပြင် OK $ နဲ့လည်းချေလို့ရတယ်လေ။ App မရှိတာကတော့ တော်တော်ဆိုးပါတယ်။ Food2U က ဆိုင်ပေါင်း ၅၇ ဆိုင်ကနေ ဝန်ဆောင်မှု ပေးပြီးတော့ မြန်မာဆိုင်တွေများပါတယ်။

(ကျွန်တော်တို့ သုံးခဲ့တာက မြန်မာဗားရှင်းပါ။ အင်္ဂလိပ်ဗားရှင်းကတော့ နည်းနည်းပိုလှသလိုပါပဲ။)

 () မှာယူခြင်း (Ordering)

မှာရတာ အဆင့်နည်းပါတယ်။ကိုယ်နေထိုင်တဲ့ မြို့နယ်ကိုထည့်ပေါ်လာတဲ့ဆိုင်တွေထဲက ကိုယ်မှာချင်တဲ့ဆိုင်ကို ရှာရင်ရှာ၊ မရှာချင်ရင်လဲအပေါ် Search Box ထဲကနေရှာလို့ရတယ်။ ပြီးတော့ ကိုယ်မှာချင်တဲ့အစားသောက်ပုံလေးတွေပါပြီးသားဆိုတော့ အေးဆေးမှာလို့ရတယ်။ နောက် လာပို့မယ့်အချိန်တွေဘာတွေ ရွေးလို့ရတယ်။ ဘယ်အချိန်မှာလာပို့မလဲဆိုတဲ့ Estimate Time လဲပါပြီးသားပါ။ Check Out လုပ်လိုက်ပြီဆိုရင် လာပို့ဖို့အတွက် အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ဘာညာတွေ ထည့်ပြီးရင် Complete Order လုပ်လိုက်တာနဲ့ Check Out လုပ်လို့ရပါပြီ။ သိပ်မကြာပါဘူး။ သူက မက်ဆေ့စ် (SMS) လှမ်းပို့တယ်။ ဖုန်းနဲ့လည်း Confirm ထပ်လုပ်ပေးပါတယ်။

You May Also Like: “ဝိတ်ချနေ့လယ်စာနဲ့ ညစာများ”

() ရောက်ရှိခြင်း (Arrival)
(.) ပီဇာရောက်ရှိခြင်း

(ညနေ ၃ နာရီ၊ ၆ မိနစ်မှာ အော်ဒါမှာခဲ့ပါတယ်။)

မှာပြီးတဲ့အချိန်မှာ မက်ဆေ့စ် (SMS) ပို့ပြီး ဖုန်းနဲ့တစ်ခါ Confirm ထပ်လုပ်ပါတယ်။ မှာထား တာကိုလာပို့တဲ့အချိန်မှာ ညနေ ၄ နာရီ၊ ၆မိနစ် ဖြစ်တဲ့အတွက် စမှာတဲ့အချိန်ကနေ တစ်နာရီ တိတိ ကြာမြင့်ပါတယ်။ ပီဇာကတော့ ခပ်နွေးနွေးလေးဖြစ်နေတုန်းပါ။

(.) ခေါက်ဆွဲကြော်ရောက်ရှိခြင်း

(မနက် ၁၀ နာရီ ၄၅ မိနစ် က မှာယူခဲ့ပါတယ်။)

၁၁ နာရီ ၃၅ မိနစ်  မှာရောက်လာပါတယ်။ ကြာမြင့်ချိန်က လည်းမိနစ်ငါးဆယ်ပေါ့နော်။

() ကုန်ကျစရိတ် (Cost)

ပီဇာမှာပြီးတဲ့အချိန် အားလုံးပေါင်းက ပီဇာဖိုး (၁၆၀၀၀) + Tax (၈၀၀) + Delivery Fee (၂၅၀၀) = ၁၉၃၀၀ကျပ် ပါ။

ခေါက်ဆွဲမှာပြီးတဲ့အချိန် ကျသင့်ငွေက ခေါက်ဆွဲဖိုး (၃၀၀၀) + Tax (၁၅၀) + Delivery Fee (၂၅၀၀) = ၅၆၅၀ ကျပ်ပါ။

 (တစ်ခု ထူးခြားတာက Food2U က လာပို့တာ Receipt မပေးသွားပါဘူး။ အခွန်ကောက်ထားတာဖြစ်တဲ့အတွက် Receipt ပေးကိုပေးရမှာပါ၊။ ဒါပေမယ့် နှစ်ခါလုံးပေးမသွားပါဘူး။)

Food2U က ဖုန်းလေးပဲဖြစ်ဖြစ်၊ မက်ဆေ့စ်လေးပဲဖြစ်ဖြစ် ပြန်ပို့ပေးတာဆိုတော့ မှာပြီးတဲ့အချိန်မှာ စိတ်အေးလက်အေး စောင့်နေရုံပါပဲ။ မြန်မာဆန်ဆန်ဆိုင်လေးတွေနှစ်သက်တဲ့သူတွေအတွက် Food2U ကအရမ်းအဆင်ပြေပါတယ်။ နောက်ပြီးတော့ Delivery Fees ကလည်း သင့်တင့်ပါတယ်။

ကဲကိုယ်စားချင်တဲ့အစားအစာတွေကို Food2U ကနေ မှာစားကြည့်ကြပါဦး။

 

Min Thu Kha (အခရာ)

www.akhayar.com