[Zawgyi]

သားအိမ္က်န္းမာေရးအတြက္ အမ်ိဳးသမီးတိုင္း စားသံုးသင့္သည့္အစားအစာမ်ား

သားအိမ္က အမ်ိဳးသမီးတိုင္းအတြက္ အေရးပါဆံုးေသာ ကိုယ္အဂၤါအစိတ္အပိုင္းလို႔ ဆိုႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သားအိမ္က်န္းမာေနဖို႔ အေရးႀကီးပါတယ္။ သားအိမ္လုပ္ေဆာင္မႈမ်ားက ပံုမွန္မျဖစ္ဘူးဆိုရင္ အမ်ိဳးသမီးဆိုင္ရာ က်န္းမာေရးျပႆနာမ်ား ျဖစ္တတ္တာမို႔လို႔ သားအိမ္က်န္းမာေရးကိုလည္း လ်စ္လ်ဴရႈထားလို႔ မရပါဘူး။ ဒါ့ေၾကာင့္ သားအိမ္က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳမယ့္ အစားအစာမ်ားကို ေဖာ္ျပေပးလုိက္ပါတယ္။

(၁) အမွ်င္ဓာတ္ၾကြယ္ဝစြာ ပါဝင္ေသာ အစားအစာမ်ား

အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ အစားအစာေတြက သားအိမ္က်န္းမာေရးအတြက္ မ်ားစြာအေထာက္ကူျပဳပါတယ္။ အမွ်င္ဓာတ္က ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္မ်ားကို ဖယ္ရွားသန္႔စင္ေပးႏုိင္တာေၾကာင့္ ေန႔စဥ္ ပံုမွန္စားသံုးသင့္ပါတယ္။ အမွ်င္ဓာတ္ၾကယ္ဝစြာ ပါဝင္တဲ့ ပဲအမ်ိဳးမ်ိဳး၊ ေအာ္ဂဲနစ္ ဟင္းသီးဟင္းရြက္မ်ားကို စားသံုးေပးပါ။

(၂) ဟင္းသီးဟင္းရြက္မ်ား

ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္နဲ႔ ဗီတာမင္ဓာတ္မ်ား ၾကြယ္ဝစြာပါဝင္တဲ့ ဟင္းသီးဟင္းရြက္မ်ားကလည္း သားအိမ္က်န္းမာေရးအတြက္ အေထာက္အကူျပဳတာကို ေတြ႔ရပါတယ္။ ဒီလိုအာဟာရဓာတ္ေတြ ၾကြယ္ဝစြာပါဝင္တဲ့ ဟင္းသီးဟင္းရြက္က သားအိမ္တြင္း လုပ္ေဆာင္ခ်က္မ်ားကို အားေကာင္းေစပါတယ္။ အထူးသျဖင့္ ပဲေတာင့္ရွည္၊ ေဂၚဖီပန္း၊ ေဂၚဖီထုပ္ မ်ားမ်ားစားသံုးေပးႏုိင္ပါတယ္။

Vegetables

(၃) အသီးအႏွံမ်ား

သစ္သီးေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္တဲ့ ဗီတာမင္စီဓာတ္နဲ႔ Bioflavonoids က သားအိမ္္ရဲ႕ ဆဲလ္တစ္ရွဴးမ်ားကို က်န္းမာေစပါတယ္။ ဒါ့အျပင္ မေဟာ္မုန္း Level ကိုလည္း ပံုမွန္အတိုင္းျဖစ္ေအာင္ ထိန္းခ်ဳပ္ေပးႏုိင္တာေၾကာင့္ သားအိမ္ကင္ဆာျဖစ္ပြားျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။ ဒါ့ေၾကာင့္ သေရစာေတြကို စားသံုးမယ့္အစား သစ္သီးကို အစားထိုးစားသံုးဖို႔ အႀကံျပဳပါရေစ။

Fruit

(၄) ႏို႔ႏွင့္ ႏုိ႔ထြက္အစားအစာမ်ား

သားအိမ္က်န္းမာေရးကို အေထာက္အကူျပဳတဲ့ ေနာက္ထပ္အစားအစာကေတာ့ ႏို႔နဲ႔ ႏုိ႔ထြက္အစားအစာေတြျဖစ္တဲ့ ႏြားႏုိ႔၊ ဒိန္ခ်ဥ္၊ ဒိန္ခဲ စတာေတြပဲ ျဖစ္ပါတယ္။ ဒိန္ခ်ဥ္က အမ်ိဳးသမီးမ်ား လစဥ္ဓမၼတာလာခ်ိန္အတြင္း နာက်င္ကိုက္ခဲမႈေဝဒနာကိုေတာင္ ေပ်ာက္ကင္းသက္သာေစပါတယ္။ ေဟာ္မုန္းဓာတ္ကို ထိန္းညွိေပးႏုိင္ၿပီး သားအိမ္ကို ဒုကၡေပးမယ့္ အဆိပ္အေတာက္မ်ားကို ဖယ္ရွားသန္႔စင္ေပးႏုိင္တဲ့ အတြက္ အမ်ိဳးသမီးတုိင္း စားသံုးသင့္တဲ့ အစားအစာတစ္မ်ိဳးပါပဲ။

Dairy Product

(၅) Green Tea

Antioxidants ၾကြယ္ဝစြာ ပါဝင္တဲ့ Green Tea ကလည္း အမ်ိဳးသမီးမ်ားအတြက္ ေဆးစြမ္းေကာင္း တစ္လက္ပါပဲ။ Green Tea က က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳတဲ့အတြက္ေၾကာင့္လည္း ဂ်ပန္လူမ်ိဳးမ်ားက ေရွးအစဥ္ဆက္ကတည္းက တုိင္းရင္းေဆးအျဖစ္ ေသာက္သံုးလာၾကတာပါ။ ဒါ့ေၾကာင့္ သားအိမ္ေခါင္းကင္ဆာကို ကာကြယ္ခ်င္တယ္ဆုိရင္ေတာ့ Green Tea ကို ေသာက္သံုးသင့္ပါတယ္လို႔ အႀကံျပဳခ်င္ပါတယ္။

Green Tea

(၆) Omega-3 Fatty Acid မွီဝဲပါ

သားအိမ္က်န္းမာေရးအတြက္ Omega-3 Fatty Acid ကိုလည္း မွီဝဲသင့္ပါတယ္။ အထူးသျဖင့္ ငါးကြမ္းရွပ္နဲ႔ ဆယ္လ္မြန္ငါးက Omega-3 Fatty Acid ၾကြယ္ဝစြာပါဝင္တဲ့အတြက္ အမ်ိဳးသမီးတိုင္း တစ္ပတ္ကို သံုးႀကိမ္ေလာက္ စားသံုးသင့္ပါတယ္။ Omega-3 Fatty Acid က သားအိမ္ရဲ႕ လုပ္ေဆာင္မႈကို ေကာင္းမြန္ေစတဲ့အတြက္ေၾကာင့္ပါ။

Omega 3 Fatty Acid

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သားအိမ်ကျန်းမာရေးအတွက် အမျိုးသမီးတိုင်း စားသုံးသင့်သည့်အစားအစာများ

သားအိမ်က အမျိုးသမီးတိုင်းအတွက် အရေးပါဆုံးသော ကိုယ်အင်္ဂါအစိတ်အပိုင်းလို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် သားအိမ်ကျန်းမာနေဖို့ အရေးကြီးပါတယ်။ သားအိမ်လုပ်ဆောင်မှုများက ပုံမှန်မဖြစ်ဘူးဆိုရင် အမျိုးသမီးဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်တတ်တာမို့လို့ သားအိမ်ကျန်းမာရေးကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ့ကြောင့် သားအိမ်ကျန်းမာရေးအတွက် များစွာအထောက်အကူပြုမယ့် အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သော အစားအစာများ

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေက သားအိမ်ကျန်းမာရေးအတွက် များစွာအထောက်ကူပြုပါတယ်။ အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးနိုင်တာကြောင့် နေ့စဉ် ပုံမှန်စားသုံးသင့်ပါတယ်။ အမျှင်ဓာတ်ကြယ်ဝစွာ ပါဝင်တဲ့ ပဲအမျိုးမျိုး၊ အော်ဂဲနစ် ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။

(၂) ဟင်းသီးဟင်းရွက်များ

ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်များကလည်း သားအိမ်ကျန်းမာရေးအတွက် အထောက်အကူပြုတာကို တွေ့ရပါတယ်။ ဒီလိုအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်က သားအိမ်တွင်း လုပ်ဆောင်ချက်များကို အားကောင်းစေပါတယ်။ အထူးသဖြင့် ပဲတောင့်ရှည်၊ ဂေါ်ဖီပန်း၊ ဂေါ်ဖီထုပ် များများစားသုံးပေးနိုင်ပါတယ်။

Vegetables

(၃) အသီးအနှံများ

သစ်သီးတော်တော်များများမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်နဲ့ Bioflavonoids က သားအိမ်ရဲ့ ဆဲလ်တစ်ရှူးများကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မဟော်မုန်း Level ကိုလည်း ပုံမှန်အတိုင်းဖြစ်အောင် ထိန်းချုပ်ပေးနိုင်တာကြောင့် သားအိမ်ကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သရေစာတွေကို စားသုံးမယ့်အစား သစ်သီးကို အစားထိုးစားသုံးဖို့ အကြံပြုပါရစေ။

Fruit

(၄) နို့နှင့် နို့ထွက်အစားအစာများ

သားအိမ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ နောက်ထပ်အစားအစာကတော့ နို့နဲ့ နို့ထွက်အစားအစာတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတာတွေပဲ ဖြစ်ပါတယ်။ ဒိန်ချဉ်က အမျိုးသမီးများ လစဉ်ဓမ္မတာလာချိန်အတွင်း နာကျင်ကိုက်ခဲမှုဝေဒနာကိုတောင် ပျောက်ကင်းသက်သာစေပါတယ်။ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးနိုင်ပြီး သားအိမ်ကို ဒုက္ခပေးမယ့် အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အတွက် အမျိုးသမီးတိုင်း စားသုံးသင့်တဲ့ အစားအစာတစ်မျိုးပါပဲ။

Dairy Product

(၅) Green Tea

Antioxidants ကြွယ်ဝစွာ ပါဝင်တဲ့ Green Tea ကလည်း အမျိုးသမီးများအတွက် ဆေးစွမ်းကောင်း တစ်လက်ပါပဲ။ Green Tea က ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့အတွက်ကြောင့်လည်း ဂျပန်လူမျိုးများက ရှေးအစဉ်ဆက်ကတည်းက တိုင်းရင်းဆေးအဖြစ် သောက်သုံးလာကြတာပါ။ ဒါ့ကြောင့် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင်တော့ Green Tea ကို သောက်သုံးသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

Green Tea

(၆) Omega-3 Fatty Acid မှီဝဲပါ

သားအိမ်ကျန်းမာရေးအတွက် Omega-3 Fatty Acid ကိုလည်း မှီဝဲသင့်ပါတယ်။ အထူးသဖြင့် ငါးကွမ်းရှပ်နဲ့ ဆယ်လ်မွန်ငါးက Omega-3 Fatty Acid ကြွယ်ဝစွာပါဝင်တဲ့အတွက် အမျိုးသမီးတိုင်း တစ်ပတ်ကို သုံးကြိမ်လောက် စားသုံးသင့်ပါတယ်။ Omega-3 Fatty Acid က သားအိမ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေတဲ့အတွက်ကြောင့်ပါ။

Omega 3 Fatty Acid

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။