[Zawgyi]

ဘုရင္မႀကီးအဲလိဇဘက္ စားေလ့စားထမရွိတဲ႔ အစားအေသာက္မ်ား

ဘုရင္မႀကီးအဲလိဇဘက္ (Queen Elizabeth II)ဟာ ဒီေန႔အခ်ိန္ထိ အသက္ရွည္ရွည္က်န္းက်န္းမာမာနဲ႔ ေနထိုင္ႏိုင္တာ ဘာေဆးစြမ္းေကာင္းမ်ားရွိလဲဆိုၿပီး စိတ္ဝင္စားၾကမယ္ထင္ပါတယ္။ ဒီအခ်က္ကို ေလ့လာၾကည္႔လုိက္တဲ႔အခါမွာ က်န္းမာေရးလိုက္စားၿပီး အစားအေသာက္ေတြကို ဂရုတစိုက္နဲ႔ ေရြးခ်ယ္စားသံုးတတ္တဲ့ အေလ့အက်င္႔ေကာင္းတစ္ခု ရွိေနတာကို ေတြ႔ရပါတယ္။ကမာၻတစ္ဝွမ္းမွာရွိတဲ႔ အေကာင္းတကာ့ အေကာင္းဆံုးအစားအစာေတြကို စိတ္ႀကိဳက္စားသံုးႏုိင္တဲ႔ ဘုရင္မႀကီးက ေကာင္းေပညႊန္ေပျဖစ္တဲဲ့ အစားအစာတုိင္းကိုလည္း မစားသံုးပါဘူးတဲ႔။ ဒါဆိုဘုရင္မႀကီး မစားသံုးတဲ႔အစာအစားေတြက ဘာေတြမ်ားျဖစ္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းတဲ႔အတြက္ အခရာပရိသတ္ႀကီးလည္း ဗဟုသုတအေနနဲ႔ သိရွိရေအာင္ မွ်ေဝေပးလိုက္ပါတယ္။

Pasta

ဘုရင္မႀကီးက ေန႔လယ္စာကို တစ္ေယာက္တည္းစားတဲ႔အခါမ်ဳိးမွာ ကစီဓာတ္ပါဝင္တဲ႔ အစားအစာေတြကို စားသံုးေလ့မရွိဘူးလို႔ ေတာ္ဝင္မိသားစုရဲ႕စာဖိုးမွဴးျဖစ္တဲ႔ Darren McGrady က Recipes Plus ကို ေျပာျပဖူးပါတယ္။ ဒါေၾကာင့္မို႔ ဘုရင္မႀကီးက ကစီဓာတ္မ်ားတဲ႔ Pasta ကို ဘယ္ေသာအခါမွ စားသံုးေလ့မရွိဘဲ Pasta အစား ဟင္းသီးဟင္းရြက္သုပ္၊ ငါးကင္ (သို႔) ၾကက္ကင္နဲ႔ အသီးအရြက္ေတြကိုသာ စားသံုးေလ့ရွိသူပါ။ အကယ္၍ ကာဗိုဟိုက္ျဒိတ္အစားမ်ားတဲ႔သူဆုိရင္ ဘုရင္မႀကီးစားတဲ႔ပံုစံအတိုင္း ေျပာင္းလဲစားသံုးၾကည္႔လို႔ ရပါတယ္။

Pasta

Pasta

Rare Meat (က်က္ရုံကင္ထားတဲ့အသား)

က်က္ရုံေလးကင္ထားတဲ့ အသားကိုမွ တခုတ္တရႏွစ္သက္သူေတြရွိေပမယ္႔ ဘုရင္မႀကီးကေတာ႔ အဲလိုက်က္ရုံကင္ထားတဲ့ အသားကို လံုးဝမစားပါဘူး။ ဘုရင္မႀကီးက သူမစားသံုးမယ္႔အသားကိုေတာ့ က်က္ေအာင္ကင္ထားမွ ႀကိဳက္ႏွစ္သက္တယ္လို႔ ေတာ္ဝင္စားဖိုးမွဴး McGrady က ေျပာျပထားပါတယ္။

Rare Meat

Rare Meat

White Eggs (ၾကက္ဥအျဖဴ)

ဘုရင္မႀကီးအတြက္ ခရစ္စမတ္မွာ ၾကက္ဥေမႊေၾကာ္အျပင္ Salmon နဲ႔ အရသာရွိတ့ဲ ေျမေအာင္းမႈိတို႔ကို ေရာေႏွာထားၿပီး ဒီအေရာအေႏွာတို႔ကို ေရခဲေသတၱာထဲ ထည္႔ထားေပးရပါတယ္။ အဲလိုၾကက္ဥစားတဲ႔အခါမွာလည္း ဘုရင္မႀကီးက ၾကက္ဥအညိဳကုိသာစားသံုးၿပီး ၾကက္ဥအျဖဴကိုေတာ့ စားသံုးေလ့မရွိပါဘူး။ ဘာေၾကာင္႔လဲဆိုေတာ့ ၾကက္ဥအညိဳက ပိုအရသာရွ္ိတယ္လို႔ သူမကထင္တဲ႔အတြက္ေၾကာင့္ပါလို႔ The Guardian သတင္းစာကုိ ေျဖၾကားဖူးပါတယ္။ဘုရင္မႀကီးအတြက္ သီးသန္႔ခ်က္ျပဳတ္ျပင္ဆင္ေပးတဲ႔ မနက္စာမ်ဳိးမွာ စားဖိုးမွဴးေတြက ဒီလွည္႔ကြက္ကိုသံုးၿပီး ျပည္႔စံုေကာင္းမြန္တဲ႔ ၾကက္ဥဟင္းလ်ာကို ဖန္တီးေပးေလ႔ရွိပါတယ္တဲ႔။

White eggs

White eggs

ၾကက္သြန္ုျဖဴနဲ႕ၾကက္သြန္နီ

ဘုရင္မႀကီးက အနံအသက္ေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း အရမ္းဂရုစိုက္ အေလးထားတတ္သူ ျဖစ္ပါတယ္။ တစ္စံုတစ္ဦးနဲ႔ ႏႈတ္ဆက္တဲ႔အခါမ်ဳိးမွာပဲျဖစ္ျဖစ္၊ အစည္းအေဝးက်င္းပခ်ိန္မ်ိဳးမွာျဖစ္ေစ ပါးစပ္ကေန ဆိုးဝါးတဲ႔အနံေတြ ထြက္ရွိမွာကို မလိုလားပါဘူး။ စားဖိုးမွဴး McGrady ေျပာၾကားခ်က္အရ ဘုရင္မႀကီးက ၾကက္သြန္ျဖဴနဲ႕ ၾကက္သြန္နီကို ဘယ္ေသာအခါမွ အမ်ားႀကီးစားသံုးေလ့မရွိပါဘူး။ ခံတြင္းအနံဆိုးျဖစ္ေပၚမွာကို စိုးရိမ္တဲ႔အတြက္ေၾကာင္႔ ၾကက္သြန္ျဖဴနဲ႔ ၾကက္သြန္နီကို ဟင္းခ်က္ရင္ေတာင္ ထည္႔ၿပီးမခ်က္ဖို႔ မွာၾကားေလ့ရွိသူ ျဖစ္ပါတယ္။

Garlic and Onion

Garlic and Onion

ရာသီေပၚသီးႏွံမဟုတ္ရင္မစားဘူး

ဘုရင္မႀကီးက သာမန္လူေတြနည္းတူ ရာသီေပၚသီးႏွံေတြပဲ စားသံုးပါတယ္။ သဘာဝအတိုင္းႀကီးထြားတဲ့ အသီးအႏွံေတြကိုသာ စားသံုးေလ့ရွိၿပီး သဘာဝအတိုင္း မဟုတ္ရင္ ဘုရင္မႀကီးက လံုးဝမထိပါဘူး။ စေတာ္ဘယ္ရီေပၚတဲ့ရာသီတုုန္းက စေတာ္ဘယ္ရီေတြ ေန႔စဥ္ Menu ထဲမွထည့္ၿပီးေပးပို႔တာကို ဘာဆုိဘာမွမေျပာေပမယ္႔ ရာသီကုန္လို႔ စေတာ္ဘယ္ရီေတြ ဆက္ပို႔ေနေသးတဲ႔အခ်ိန္ဆိုရင္ေတာ႔ ဘုရင္မၾကီးကျငင္းပယ္ပါတယ္။

Strawberry

Strawberry

ငွက္ေပ်ာသီးကို ကိုက္စားေလ႔မရွိဘူး

ေတာ္ဝင္ဘုရင္မႀကီးက ငွက္ေပ်ာသီးစားတဲ႔အခါမွာ သာမန္လူေတြစားသလိုမ်ဳိး လက္နဲ႔ခြာၿပီး တစ္လံုးလံုးကို ပါးစပ္ထဲထည္႔ေလ့ မရွိပါဘူး။ ဘုရင္မႀကီးက ငွက္ေပ်ာသီးခြာတဲ႔အခါမွာ ခက္ရင္းနဲ႔ဓားကို အသံုးျပဳၿပီး ငွက္ေပ်ုာသီးထိပ္နဲ႔ ေအာက္ေျခကို ျဖတ္လိုက္ပါတယ္။ အဲလို လွီးျဖတ္ၿပီးတဲ့အခ်ိန္မွာ အခြံကိုအလ်ားလိုက္ျဖတ္ျပီး အတြင္းသားေပၚလာျပီဆုိရင္ ဒဂၤါးျပားအရြယ္ေလာက္လွီးၿပီး ခက္ရင္းနဲ႔ထိုးျပီးစားသံုးတာျဖစ္ပါတယ္။

banana

banana

အခ်ဳိကဲလြန္းတဲ႔ လက္ဖက္ရည္မေသာက္ဘူး

ဘုရင္မႀကီးက လက္ဖက္ရည္ႏွစ္သက္သူပါ။ သူမေသာက္ေနက် Earl Grey Tea နဲ႕ ႏို႔တစ္ခြက္ကို ေရာစပ္ၿပီး ေသာက္သံုးေလ့ရွိပါတယ္။ ဘုရင္မႀကီးေသာက္သံုးေလ့ရွိတဲ့ လက္ဖက္ရည္ထဲမွာ ႏြားႏို႔ပဲထည္႔ျပီး သၾကားခဲထည္႔ေလ႔မရွိပါဘူး။ ဘုရင္မႀကီးက လက္ဖက္ရည္ေသာက္တဲ႔အခါမွာ သၾကားမထည္႔ဘဲ ေသာက္သံုးရတာကို ပိုႀကိဳက္ႏွစ္သက္တယ္လို႔ BT သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။ လက္ဖက္ရည္ေသာက္သံုးတဲ႔အခါမွာ သၾကားလံုးဝမထည့္ဘဲ ေသာက္သံုးတဲ႔ပံုစံက က်န္းမာတဲ႔ လက္ဖက္ရည္ေသာက္သံုးတဲ႔ ပံုစံျဖစ္ၿပီး သၾကားမပါတဲ႔ လက္ဖက္ရည္က ဝိတ္က်ေအာင္လည္း ကူညီေပးပါတယ္။

Sweetened Tea

Sweetened Tea

ဒီလို ပါးစပ္အလုိမလုိက္ဘဲ ခ်င္႔ခ်ိန္စားေသာက္တတ္လုိ႔လည္း ဘုရင္မၾကီးက ခုခ်ိန္ထိသက္ရွည္က်န္းမာေနတာထင္ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဘုရင်မကြီးအဲလိဇဘက် စားလေ့စားထမရှိတဲ့ အစားအသောက်များ

ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II)ဟာ ဒီနေ့အချိန်ထိ အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်တာ ဘာဆေးစွမ်းကောင်းများရှိလဲဆိုပြီး စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒီအချက်ကို လေ့လာကြည့်လိုက်တဲ့အခါမှာ ကျန်းမာရေးလိုက်စားပြီး အစားအသောက်တွေကို ဂရုတစိုက်နဲ့ ရွေးချယ်စားသုံးတတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ရှိနေတာကို တွေ့ရပါတယ်။ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အကောင်းတကာ့ အကောင်းဆုံးအစားအစာတွေကို စိတ်ကြိုက်စားသုံးနိုင်တဲ့ ဘုရင်မကြီးက ကောင်းပေညွှန်ပေဖြစ်တဲ့ အစားအစာတိုင်းကိုလည်း မစားသုံးပါဘူးတဲ့။ ဒါဆိုဘုရင်မကြီး မစားသုံးတဲ့အစာအစားတွေက ဘာတွေများဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့အတွက် အခရာပရိသတ်ကြီးလည်း ဗဟုသုတအနေနဲ့ သိရှိရအောင် မျှဝေပေးလိုက်ပါတယ်။

Pasta

ဘုရင်မကြီးက နေ့လယ်စာကို တစ်ယောက်တည်းစားတဲ့အခါမျိုးမှာ ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးလေ့မရှိဘူးလို့ တော်ဝင်မိသားစုရဲ့စာဖိုးမှူးဖြစ်တဲ့ Darren McGrady က Recipes Plus ကို ပြောပြဖူးပါတယ်။ ဒါကြောင့်မို့ ဘုရင်မကြီးက ကစီဓာတ်များတဲ့ Pasta ကို ဘယ်သောအခါမှ စားသုံးလေ့မရှိဘဲ Pasta အစား ဟင်းသီးဟင်းရွက်သုပ်၊ ငါးကင် (သို့) ကြက်ကင်နဲ့ အသီးအရွက်တွေကိုသာ စားသုံးလေ့ရှိသူပါ။ အကယ်၍ ကာဗိုဟိုက်ဒြိတ်အစားများတဲ့သူဆိုရင် ဘုရင်မကြီးစားတဲ့ပုံစံအတိုင်း ပြောင်းလဲစားသုံးကြည့်လို့ ရပါတယ်။

Pasta

Pasta

Rare Meat (ကျက်ရုံကင်ထားတဲ့အသား)

ကျက်ရုံလေးကင်ထားတဲ့ အသားကိုမှ တခုတ်တရနှစ်သက်သူတွေရှိပေမယ့် ဘုရင်မကြီးကတော့ အဲလိုကျက်ရုံကင်ထားတဲ့ အသားကို လုံးဝမစားပါဘူး။ ဘုရင်မကြီးက သူမစားသုံးမယ့်အသားကိုတော့ ကျက်အောင်ကင်ထားမှ ကြိုက်နှစ်သက်တယ်လို့ တော်ဝင်စားဖိုးမှူး McGrady က ပြောပြထားပါတယ်။

Rare Meat

Rare Meat

White Eggs (ကြက်ဥအဖြူ)

ဘုရင်မကြီးအတွက် ခရစ်စမတ်မှာ ကြက်ဥမွှေကြော်အပြင် Salmon နဲ့ အရသာရှိတဲ့ မြေအောင်းမှိုတို့ကို ရောနှောထားပြီး ဒီအရောအနှောတို့ကို ရေခဲသေတ္တာထဲ ထည့်ထားပေးရပါတယ်။ အဲလိုကြက်ဥစားတဲ့အခါမှာလည်း ဘုရင်မကြီးက ကြက်ဥအညိုကိုသာစားသုံးပြီး ကြက်ဥအဖြူကိုတော့ စားသုံးလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြက်ဥအညိုက ပိုအရသာရှိတယ်လို့ သူမကထင်တဲ့အတွက်ကြောင့်ပါလို့ The Guardian သတင်းစာကို ဖြေကြားဖူးပါတယ်။ဘုရင်မကြီးအတွက် သီးသန့်ချက်ပြုတ်ပြင်ဆင်ပေးတဲ့ မနက်စာမျိုးမှာ စားဖိုးမှူးတွေက ဒီလှည့်ကွက်ကိုသုံးပြီး ပြည့်စုံကောင်းမွန်တဲ့ ကြက်ဥဟင်းလျာကို ဖန်တီးပေးလေ့ရှိပါတယ်တဲ့။

White eggs

White eggs

ကြက်သွန်ုဖြူနဲ့ကြက်သွန်နီ

ဘုရင်မကြီးက အနံအသက်တွေနဲ့ပတ်သက်ပြီးတော့လည်း အရမ်းဂရုစိုက် အလေးထားတတ်သူ ဖြစ်ပါတယ်။ တစ်စုံတစ်ဦးနဲ့ နှုတ်ဆက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ အစည်းအဝေးကျင်းပချိန်မျိုးမှာဖြစ်စေ ပါးစပ်ကနေ ဆိုးဝါးတဲ့အနံတွေ ထွက်ရှိမှာကို မလိုလားပါဘူး။ စားဖိုးမှူး McGrady ပြောကြားချက်အရ ဘုရင်မကြီးက ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ဘယ်သောအခါမှ အများကြီးစားသုံးလေ့မရှိပါဘူး။ ခံတွင်းအနံဆိုးဖြစ်ပေါ်မှာကို စိုးရိမ်တဲ့အတွက်ကြောင့် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ဟင်းချက်ရင်တောင် ထည့်ပြီးမချက်ဖို့ မှာကြားလေ့ရှိသူ ဖြစ်ပါတယ်။

Garlic and Onion

Garlic and Onion

ရာသီပေါ်သီးနှံမဟုတ်ရင်မစားဘူး

ဘုရင်မကြီးက သာမန်လူတွေနည်းတူ ရာသီပေါ်သီးနှံတွေပဲ စားသုံးပါတယ်။ သဘာဝအတိုင်းကြီးထွားတဲ့ အသီးအနှံတွေကိုသာ စားသုံးလေ့ရှိပြီး သဘာဝအတိုင်း မဟုတ်ရင် ဘုရင်မကြီးက လုံးဝမထိပါဘူး။ စတော်ဘယ်ရီပေါ်တဲ့ရာသီတုုန်းက စတော်ဘယ်ရီတွေ နေ့စဉ် Menu ထဲမှထည့်ပြီးပေးပို့တာကို ဘာဆိုဘာမှမပြောပေမယ့် ရာသီကုန်လို့ စတော်ဘယ်ရီတွေ ဆက်ပို့နေသေးတဲ့အချိန်ဆိုရင်တော့ ဘုရင်မကြီးကငြင်းပယ်ပါတယ်။

Strawberry

Strawberry

ငှက်ပျောသီးကို ကိုက်စားလေ့မရှိဘူး

တော်ဝင်ဘုရင်မကြီးက ငှက်ပျောသီးစားတဲ့အခါမှာ သာမန်လူတွေစားသလိုမျိုး လက်နဲ့ခွာပြီး တစ်လုံးလုံးကို ပါးစပ်ထဲထည့်လေ့ မရှိပါဘူး။ ဘုရင်မကြီးက ငှက်ပျောသီးခွာတဲ့အခါမှာ ခက်ရင်းနဲ့ဓားကို အသုံးပြုပြီး ငှက်ပျေုာသီးထိပ်နဲ့ အောက်ခြေကို ဖြတ်လိုက်ပါတယ်။ အဲလို လှီးဖြတ်ပြီးတဲ့အချိန်မှာ အခွံကိုအလျားလိုက်ဖြတ်ပြီး အတွင်းသားပေါ်လာပြီဆိုရင် ဒင်္ဂါးပြားအရွယ်လောက်လှီးပြီး ခက်ရင်းနဲ့ထိုးပြီးစားသုံးတာဖြစ်ပါတယ်။

banana

banana

အချိုကဲလွန်းတဲ့ လက်ဖက်ရည်မသောက်ဘူး

ဘုရင်မကြီးက လက်ဖက်ရည်နှစ်သက်သူပါ။ သူမသောက်နေကျ Earl Grey Tea နဲ့ နို့တစ်ခွက်ကို ရောစပ်ပြီး သောက်သုံးလေ့ရှိပါတယ်။ ဘုရင်မကြီးသောက်သုံးလေ့ရှိတဲ့ လက်ဖက်ရည်ထဲမှာ နွားနို့ပဲထည့်ပြီး သကြားခဲထည့်လေ့မရှိပါဘူး။ ဘုရင်မကြီးက လက်ဖက်ရည်သောက်တဲ့အခါမှာ သကြားမထည့်ဘဲ သောက်သုံးရတာကို ပိုကြိုက်နှစ်သက်တယ်လို့ BT သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ လက်ဖက်ရည်သောက်သုံးတဲ့အခါမှာ သကြားလုံးဝမထည့်ဘဲ သောက်သုံးတဲ့ပုံစံက ကျန်းမာတဲ့ လက်ဖက်ရည်သောက်သုံးတဲ့ ပုံစံဖြစ်ပြီး သကြားမပါတဲ့ လက်ဖက်ရည်က ဝိတ်ကျအောင်လည်း ကူညီပေးပါတယ်။

Sweetened Tea

Sweetened Tea

ဒီလို ပါးစပ်အလိုမလိုက်ဘဲ ချင့်ချိန်စားသောက်တတ်လို့လည်း ဘုရင်မကြီးက ခုချိန်ထိသက်ရှည်ကျန်းမာနေတာထင်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။