[Zawgyi]

First Date မွာ မစားရမယ့္ အစားအစာေတြ

ကုိယ့္ရဲ႕ Crush နဲ႔ျဖစ္ေစ၊ ခ်စ္ရတဲ့ ပူပူေႏြးေႏြးရည္းစားေလးနဲ႔ပဲျဖစ္ေစ ပထမဆံုးခ်ိန္းေတြ႕တဲ့ First Date ဆိုရင္ ဘယ္လိုေနရာေတြမွာ ေတြ႕တာမ်ားပါသလဲ။ အဓိကေတာ့ ေကာ္ဖီဆိုင္ေလးေတြ၊ စားေသာက္ဆိုင္ေလးေတြပဲျဖစ္မွာေပါ့။ စားရင္းေသာက္ရင္း အလာဘသလာဘစကားစျမည္ေျပာရင္း တစ္ေယာက္နဲ႔ တစ္ေယာက္အကဲခတ္ေလ့ရွိၾကပါတယ္။ ဘယ္ေလာက္ပဲခင္မင္ရင္းႏွီးတယ္ပဲေျပာေျပာ ခ်စ္သူစျဖစ္ခါစ၊ ခ်စ္သူျဖစ္ခါနီး First Date ဆိုတာကေတာ့ နည္းနည္း ရွက္ကိုးရွက္ကန္းျဖစ္ေနဦးမွာပါပဲ။ ဒီလိုအခ်ိန္မွာ မစားသင့္တဲ့အစားအေသာက္ေတြရွိပါတယ္။ ဘာေတြမ်ားျဖစ္မလဲေနာ္။

ဆူရွီ

ဆူရွီက အရသာရွိေပမယ့္ ေတာ္ေတာ္ စားရေသာက္ရခက္ပါတယ္။ ဆူရွီခပ္ႀကီးႀကီးတစ္ခုကို အခုမွ ခ်စ္စခင္စၾကင္နာစ သူစိမ္းေကာင္ေလးေရွ႕မွာ ပါးစပ္အက်ယ္ႀကီးဟၿပီး ထည့္စားဖို႔ဆိုတာ ေျပာသေလာက္မလြယ္ဘူးထင္ပါတယ္။ ပဲမ်ားတဲ့ေကာင္မေလးေတြအတြက္ဆို ပိုဆိုးပါတယ္။ ဆူရွီဆိုင္ကေတာ့ ရင္းႏွီးသြားမွ သြားစားတာပိုေကာင္းမယ္ထင္ပါတယ္။

Sushi

Sushi

စပါကာတီ

စပါကတီဆိုတာ ကိုယ့္လူမ်ိဳးအစားအစာမဟုတ္တဲ့အတြက္ ဌာန္ကရိုဏ္းက်က်စားႏိုင္မွ ၾကည့္လို႔ေကာင္းမွာပါ။ မစားတတ္ရင္ေတာ့ တစ္ဖက္လူကို အာရံုမရဘဲနဲ႔ စပါကတီပန္းကန္ႀကီးကိုပဲ အာရံုစိုက္ေနရေတာ့မွာပါ။ ခရင္းကိုင္ပံုကစလို႔ စပါကတီေခါက္ဆြဲစားပံုအထိ ခ်က္က်လက္က်မစားႏိုင္ဘူးဆိုရင္ေတာ့ စပါကာတီဆိုင္မွာ ခ်ိန္းမေတြ႕တာအေကာင္းဆံုးပါပဲ။

Spaghetti

Spaghetti

အစပ္

ေန႔ညမေရြးပူျပင္းလွတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ေတာ့ First Date မွာ အစပ္စာေတြနဲ႔ ေ၀းေ၀းေရွာင္ၾကစို႔ေနာ္။ ေတာ္ၾကာ ေခၽြးေတြက တဒီးဒီးက်ရင္း ရွဴးရွဴးရွဲရွဲနဲ႔ ရုပ္ပ်က္ဆင္းပ်က္ေတြျဖစ္ကုန္မွာေပါ့။ ကိုးရီးယားအစပ္ အဆင့္ ဘယ္ေလာက္ ဘာညာသရကာဆိုင္ေတြက အခုေနာက္ပိုင္းေခတ္စားေနေပမယ့္ သြားလို႔မျဖစ္ဘူးေနာ္။ ေတာ္ၾကာ သြားမွာ ငရုတ္သီးဖတ္ေတြ ကပ္ေနမွျဖင့္ ဟုတ္ေပ့ျဖစ္ေနဦးမယ္။

Spicy Foods

Spicy Foods

အိႏၵိယစာ

အိႏၵိယစာေတြက အေမႊးနံ႔သာေတြမ်ားပါတယ္။ ေနာက္ၿပီး အစာမေၾကလည္း ျဖစ္လြယ္ပါတယ္။ ပါးစပ္မွာ အနံ႔ေတြစြဲေနတတ္ၿပီး ေရေမႊးနံ႔ေတာင္ ေပ်ာက္သြားႏုိင္ပါတယ္။ ေတာ္ၾကာ အခန္႔မသင့္လို႔ အစာမေၾကရင္လည္း ရင္ျပည့္ရင္ကယ္ျဖစ္ၿပီး ေနထိုင္လို႔ေကာင္းေတာ့မွာ မဟုတ္ပါဘူး။ တခ်ိဳ႕ အိႏၵိယစာေတြဟာ လက္နဲ႔စားရတာေတြပါ ရွိေတာ့ First Date မွာ အိႏၵိယကို မသြားပါနဲ႔လို႔။

Indian Foods

Indian Foods

အရက္

First Date မွာ အရက္မေသာက္တာအေကာင္းဆံုးပါပဲ။ သူမူးသြားရင္လည္း မေကာင္းဘူး။ ကိုယ္မူးသြားျပန္ရင္လည္း မေကာင္းပါဘူး။ ေတာ္ၾကာ ရီေ၀ေ၀နဲ႔ ဗရုတ္သုတ္ခေတြလုပ္မိေနပါဦးမယ္။ ေသာက္ခ်င္တယ္မရဘူးဆိုရင္လည္း ကိုယ့္ Limit ေလးကိုယ္ ဂရုစိုက္ၾကပါေနာ္။ အေကာင္းဆံုးကေတာ့ ၀ိုင္ေလာက္ေလးေသာက္တာပဲ ေကာင္းပါတယ္။ ရိုတာေပါ့။

Alcohol

Alcohol

ဒီအစားအစာေလးေတြက လူႀကိဳက္မ်ားေပမယ့္ First Date နဲ႔ သင့္ေတာ္တဲ့အစားအေသာက္ေတြေတာ့ မဟုတ္ပါဘူး။ မိန္းကေလးဆိုေတာ့လည္း ပထမဆံုးခ်ိန္းေတြ႕တဲ့အခ်ိန္မွာ လွတပတေလးနဲ႔ ရိုးစမိုးေလးထုတ္ခ်င္ေသးတာေပါ့။ သူ႔ကို ေၾကြသြားေအာင္ လုပ္ရမွာေလ မဟုတ္ဘူးလား။ ဒါေၾကာင့္ အေပၚမွာ ေျပာျပခဲ့တဲ့ အစားအေသာက္ေတြအျပင္ ၾကက္ေၾကာ္၊ ဟမ္ဘာဂါ၊ ေဟာ့ေဒါ့စတဲ့ Heavy Food ေတြကိုလည္း မစားၾကနဲ႔ေနာ္။

Moethaesay(Akhayar)

[Unicode]

First Date မှာ မစားရမယ့် အစားအစာတွေ

ကိုယ့်ရဲ့ Crush နဲ့ဖြစ်စေ၊ ချစ်ရတဲ့ ပူပူနွေးနွေးရည်းစားလေးနဲ့ပဲဖြစ်စေ ပထမဆုံးချိန်းတွေ့တဲ့ First Date ဆိုရင် ဘယ်လိုနေရာတွေမှာ တွေ့တာများပါသလဲ။ အဓိကတော့ ကော်ဖီဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေပဲဖြစ်မှာပေါ့။ စားရင်းသောက်ရင်း အလာဘသလာဘစကားစမြည်ပြောရင်း တစ်ယောက်နဲ့ တစ်ယောက်အကဲခတ်လေ့ရှိကြပါတယ်။ ဘယ်လောက်ပဲခင်မင်ရင်းနှီးတယ်ပဲပြောပြော ချစ်သူစဖြစ်ခါစ၊ ချစ်သူဖြစ်ခါနီး First Date ဆိုတာကတော့ နည်းနည်း ရှက်ကိုးရှက်ကန်းဖြစ်နေဦးမှာပါပဲ။ ဒီလိုအချိန်မှာ မစားသင့်တဲ့အစားအသောက်တွေရှိပါတယ်။ ဘာတွေများဖြစ်မလဲနော်။

ဆူရှီ

ဆူရှီက အရသာရှိပေမယ့် တော်တော် စားရသောက်ရခက်ပါတယ်။ ဆူရှီခပ်ကြီးကြီးတစ်ခုကို အခုမှ ချစ်စခင်စကြင်နာစ သူစိမ်းကောင်လေးရှေ့မှာ ပါးစပ်အကျယ်ကြီးဟပြီး ထည့်စားဖို့ဆိုတာ ပြောသလောက်မလွယ်ဘူးထင်ပါတယ်။ ပဲများတဲ့ကောင်မလေးတွေအတွက်ဆို ပိုဆိုးပါတယ်။ ဆူရှီဆိုင်ကတော့ ရင်းနှီးသွားမှ သွားစားတာပိုကောင်းမယ်ထင်ပါတယ်။

Sushi

Sushi

စပါကာတီ

စပါကတီဆိုတာ ကိုယ့်လူမျိုးအစားအစာမဟုတ်တဲ့အတွက် ဌာန်ကရိုဏ်းကျကျစားနိုင်မှ ကြည့်လို့ကောင်းမှာပါ။ မစားတတ်ရင်တော့ တစ်ဖက်လူကို အာရုံမရဘဲနဲ့ စပါကတီပန်းကန်ကြီးကိုပဲ အာရုံစိုက်နေရတော့မှာပါ။ ခရင်းကိုင်ပုံကစလို့ စပါကတီခေါက်ဆွဲစားပုံအထိ ချက်ကျလက်ကျမစားနိုင်ဘူးဆိုရင်တော့ စပါကာတီဆိုင်မှာ ချိန်းမတွေ့တာအကောင်းဆုံးပါပဲ။

Spaghetti

Spaghetti

အစပ်

နေ့ညမရွေးပူပြင်းလှတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့တော့ First Date မှာ အစပ်စာတွေနဲ့ ဝေးဝေးရှောင်ကြစို့နော်။ တော်ကြာ ချွေးတွေက တဒီးဒီးကျရင်း ရှူးရှူးရှဲရှဲနဲ့ ရုပ်ပျက်ဆင်းပျက်တွေဖြစ်ကုန်မှာပေါ့။ ကိုးရီးယားအစပ် အဆင့် ဘယ်လောက် ဘာညာသရကာဆိုင်တွေက အခုနောက်ပိုင်းခေတ်စားနေပေမယ့် သွားလို့မဖြစ်ဘူးနော်။ တော်ကြာ သွားမှာ ငရုတ်သီးဖတ်တွေ ကပ်နေမှဖြင့် ဟုတ်ပေ့ဖြစ်နေဦးမယ်။

Spicy Foods

Spicy Foods

အိန္ဒိယစာ

အိန္ဒိယစာတွေက အမွှေးနံ့သာတွေများပါတယ်။ နောက်ပြီး အစာမကြေလည်း ဖြစ်လွယ်ပါတယ်။ ပါးစပ်မှာ အနံ့တွေစွဲနေတတ်ပြီး ရေမွှေးနံ့တောင် ပျောက်သွားနိုင်ပါတယ်။ တော်ကြာ အခန့်မသင့်လို့ အစာမကြေရင်လည်း ရင်ပြည့်ရင်ကယ်ဖြစ်ပြီး နေထိုင်လို့ကောင်းတော့မှာ မဟုတ်ပါဘူး။ တချို့ အိန္ဒိယစာတွေဟာ လက်နဲ့စားရတာတွေပါ ရှိတော့ First Date မှာ အိန္ဒိယကို မသွားပါနဲ့လို့။

Indian Foods

Indian Foods

အရက်

First Date မှာ အရက်မသောက်တာအကောင်းဆုံးပါပဲ။ သူမူးသွားရင်လည်း မကောင်းဘူး။ ကိုယ်မူးသွားပြန်ရင်လည်း မကောင်းပါဘူး။ တော်ကြာ ရီဝေေ၀နဲ့ ဗရုတ်သုတ်ခတွေလုပ်မိနေပါဦးမယ်။ သောက်ချင်တယ်မရဘူးဆိုရင်လည်း ကိုယ့် Limit လေးကိုယ် ဂရုစိုက်ကြပါနော်။ အကောင်းဆုံးကတော့ ဝိုင်လောက်လေးသောက်တာပဲ ကောင်းပါတယ်။ ရိုတာပေါ့။

Alcohol

Alcohol

ဒီအစားအစာလေးတွေက လူကြိုက်များပေမယ့် First Date နဲ့ သင့်တော်တဲ့အစားအသောက်တွေတော့ မဟုတ်ပါဘူး။ မိန်းကလေးဆိုတော့လည်း ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ လှတပတလေးနဲ့ ရိုးစမိုးလေးထုတ်ချင်သေးတာပေါ့။ သူ့ကို ကြွေသွားအောင် လုပ်ရမှာလေ မဟုတ်ဘူးလား။ ဒါကြောင့် အပေါ်မှာ ပြောပြခဲ့တဲ့ အစားအသောက်တွေအပြင် ကြက်ကြော်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့စတဲ့ Heavy Food တွေကိုလည်း မစားကြနဲ့နော်။

Moethaesay(Akhayar)