[Zawgyi]

ကမာၻေက်ာ္ေတြရဲ႕ အဆုိအမိန္႕ေတြကုိ ဆန္႕က်င္ရေတာ့မွာလား..

Bill Gates ၊ Jack Ma တုိ႕လုိ ကမာၻအရပ္ရပ္မွာ ေအာင္ျမင္ခဲ့ေနတဲ့ ပုဂၢဳိလ္ေတြကေတာ့ သင္စိတ္အားထက္သန္ရာကုိပဲလုပ္ပါ ေအာင္ျမင္မႈရလိမ့္မယ္လုိ႕ ဆုိမိန္႕အၾကံဥာဏ္ေပးခဲ့ဖူးတာေတြ ရွိပါတယ္။ သူတုိ႕ကုိယ္တုိင္လည္း သူတုိ႔၀ါသနာပါရာတစ္ခုခုကို တစ္စုိက္စုိက္မတ္မတ္လုပ္ရင္း ေအာင္ျမင္ေက်ာ္ၾကားခဲ့ၾကတာပါ။ ဒါေပမယ့္ အဲ့ဒီအၾကံဥာဏ္က မွားေနတယ္ဆုိတာကုိ Stanford တကၠသုိလ္က သုေတသီတခ်ိဳ႕က ေထာက္ၿပခဲ့တာ ေတြ႕ရပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ကုိယ္၀ါသနာပါရာကုိ ျဖစ္သင့္တာထက္ပုိၿပီး ေရြးခ်ယ္လုိက္တဲ့အခါ ေအာင္ျမင္မႈပန္းတုိင္ကုိ အေရာက္လွမ္းႏုိင္ဖုိ႔ အခက္ေတြ႕ေစႏုိင္တယ္လုိ႔ ဆုိပါတယ္။

၀ါသနာပါရာကုိ တစ္စုိက္စုိက္မတ္မတ္လုပ္ရင္း ေအာင္ျမင္ေက်ာ္ၾကားလာၾကသလုိ ၀ါသနာပါရာေနာက္လုိက္ရင္းနဲ႔လည္း လမ္းမွားေရာက္သြားၾကတဲ့သူေတြကလည္း ပတ္၀န္းက်င္မွာ ဒုနဲ႔ေဒးရွိၾကပါတယ္။၀ါသနာပါရာေနာက္ကုိလုိက္တာဟာ ေအာင္ျမင္မႈရဖုိ႔ ရာခုိင္ႏႈန္နည္းတဲ့အေၾကာင္းကုိေတာ့ Stanford သုေတသီေတြက အခုလုိ စာတမ္းျပဳစုေလ့လာခဲ့တာျဖစ္ပါတယ္။Psychological Science နဲ႔ပတ္သက္ၿပီး Stanford သုေတသီေတြေရးသားျပဳစုထားတဲ့ စာတမ္းတစ္ခုမွာေတာ့ ေအာင္ျမင္ဖို႔အတြက္ လြယ္ကူတဲ့နည္းလမ္းေတြကို အရိပ္အျမြတ္ေဖာ္ျပထားသလုိ လူတုိင္း ၀ါသနာပါရာေနာက္ကုိလုိက္လုပ္တာဟာ ေအာင္ျမင္မႈရသင့္သေလာက္ မရႏုိင္ဘူးလုိ႔ ဆုိပါတယ္။

Stanford တကၠသုိလ္ရဲ႕သုေတသီေဟာင္း Paul O’Keefe ရဲ႕ အကူအညီနဲ႕ ဦးေဆာင္ေလ့လာမႈေတြလုပ္ခဲ့တဲ့ Carol Dweck နဲ႕ Gregory Walton တုိ႔လုိ စိတ္ပညာရွင္ႏွစ္ဦးကေတာ့ လူေတြမွာျဖစ္တတ္တဲ့ ေအာင္ျမင္မႈနဲ႔ က်ရႈံးမႈႏွစ္မ်ိဳးကို အေျခခံၿပီး အက်ဥ္းခ်ဳံး ေလ့လာစမ္းသပ္မႈမ်ားစြာကုိ လုပ္ခဲ့တာျဖစ္ပါတယ္။ သုေတသီေတြဟာ အဲ့ဒီအေၾကာင္းအရာႏွစ္မ်ိဳးအေပၚမူတည္ၿပီး သိပၸံပညာ ၊ နည္းပညာ ၊ Engineering ၊သခ်ာၤပညာရပ္ေတြကုိ စိတ္ပါ၀င္စားတဲ့သူေတြကုိ စုစည္းေခၚယူၿပီး ေလ့လာမႈေတြျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။အႏွစ္ၿခံဳအေနနဲ႕ Follow your Passion ၀ါသနာပါရာေနာက္ကုိလုိက္ၿပီး ေအာင္ျမင္ေနတဲ့သူေတြရွိေပမယ့္ တကယ္တမ္းမွာေတာ့ ဒါဟာ ေအာင္ျမင္ဖုိ႕ရာခုိင္ႏႈန္းနည္းၿပီး မုိက္ရူးရဲဆန္တယ္လုိ႕ ဆုိပါတယ္။

Woman Painting

Woman Painting

၀ါသနာပါရာအလုပ္ကုိ လုပ္ေနတဲ့သူေတြအေနနဲ႕ စိန္ေခၚမႈေတြကုိ ရင္ဆုိင္လာရတဲ့အခါ အမ်ားစုက အရႈံးေပးလုိက္ၾကတာ ပုိမ်ားတယ္လုိ႔ ေထာက္ျပခဲ့ပါတယ္။ ဒါ့ျပင္ သုေတသီေတြေလ့လာေတြ႕ရွိခဲ့ေသးတာက ၀ါသနာပါရာတစ္ခုကုိတည္းကုိ လုပ္ၾကတဲ့သူေတြဟာ ပတ္၀န္းက်င္အသစ္ေတြမွာ စိတ္ပါ၀င္စားမႈအားနည္းသြားတယ္လုိ႔ ဆုိပါတယ္။

ဒါေၾကာင့္ ကမာၻေက်ာ္ပုဂၢဳိလ္ေတြရဲ႕ အဆုိအမိန္႕ေတြနဲ႔ ဆန္႕က်င္ေနတဲ့ သုေတသီေတြရဲ႕ ေလ့လာေတြ႕ရွိခ်က္ေတြကုိသိၿပီးၿပီဆုိေတာ့ ပရိသတ္ႀကီးအေနနဲ႕ ၀ါသနာပါရာ ဒါမွမဟုတ္ စိတ္အားထက္သန္ရာကုိ အသက္ေမြး၀မ္းေၾကာာင္းအလုပ္အေနနဲ႕ လုပ္ေနၿပီလား..အဲ့ဒီအလုပ္နဲ႕ ဘ၀မွာ ဘယ္ေလာက္အတုိင္းအထိ ေအာင္ျမင္ေနၿပီလဲဆုိတာ ျပန္သုံးသပ္ၾကည့္ဖုိ႔သင့္ပါတယ္။

Stella(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာကျော်တွေရဲ့ အဆိုအမိန့်တွေကို ဆန့်ကျင်ရတော့မှာလား..

Bill Gates ၊ Jack Ma တို့လို ကမ္ဘာအရပ်ရပ်မှာ အောင်မြင်ခဲ့နေတဲ့ ပုဂ္ဂိုလ်တွေကတော့ သင်စိတ်အားထက်သန်ရာကိုပဲလုပ်ပါ အောင်မြင်မှုရလိမ့်မယ်လို့ ဆိုမိန့်အကြံဉာဏ်ပေးခဲ့ဖူးတာတွေ ရှိပါတယ်။ သူတို့ကိုယ်တိုင်လည်း သူတို့ဝါသနာပါရာတစ်ခုခုကို တစ်စိုက်စိုက်မတ်မတ်လုပ်ရင်း အောင်မြင်ကျော်ကြားခဲ့ကြတာပါ။ ဒါပေမယ့် အဲ့ဒီအကြံဉာဏ်က မှားနေတယ်ဆိုတာကို Stanford တက္ကသိုလ်က သုတေသီတချို့က ထောက်ပြခဲ့တာ တွေ့ရပါတယ်။ လူတော်တော်များများကတော့ ကိုယ်ဝါသနာပါရာကို ဖြစ်သင့်တာထက်ပိုပြီး ရွေးချယ်လိုက်တဲ့အခါ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အခက်တွေ့စေနိုင်တယ်လို့ ဆိုပါတယ်။

ဝါသနာပါရာကို တစ်စိုက်စိုက်မတ်မတ်လုပ်ရင်း အောင်မြင်ကျော်ကြားလာကြသလို ဝါသနာပါရာနောက်လိုက်ရင်းနဲ့လည်း လမ်းမှားရောက်သွားကြတဲ့သူတွေကလည်း ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးရှိကြပါတယ်။ဝါသနာပါရာနောက်ကိုလိုက်တာဟာ အောင်မြင်မှုရဖို့ ရာခိုင်နှုန်နည်းတဲ့အကြောင်းကိုတော့ Stanford သုတေသီတွေက အခုလို စာတမ်းပြုစုလေ့လာခဲ့တာဖြစ်ပါတယ်။Psychological Science နဲ့ပတ်သက်ပြီး Stanford သုတေသီတွေရေးသားပြုစုထားတဲ့ စာတမ်းတစ်ခုမှာတော့ အောင်မြင်ဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတွေကို အရိပ်အမြွတ်ဖော်ပြထားသလို လူတိုင်း ဝါသနာပါရာနောက်ကိုလိုက်လုပ်တာဟာ အောင်မြင်မှုရသင့်သလောက် မရနိုင်ဘူးလို့ ဆိုပါတယ်။

Stanford တက္ကသိုလ်ရဲ့သုတေသီဟောင်း Paul O’Keefe ရဲ့ အကူအညီနဲ့ ဦးဆောင်လေ့လာမှုတွေလုပ်ခဲ့တဲ့ Carol Dweck နဲ့ Gregory Walton တို့လို စိတ်ပညာရှင်နှစ်ဦးကတော့ လူတွေမှာဖြစ်တတ်တဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုနှစ်မျိုးကို အခြေခံပြီး အကျဉ်းချုံး လေ့လာစမ်းသပ်မှုများစွာကို လုပ်ခဲ့တာဖြစ်ပါတယ်။ သုတေသီတွေဟာ အဲ့ဒီအကြောင်းအရာနှစ်မျိုးအပေါ်မူတည်ပြီး သိပ္ပံပညာ ၊ နည်းပညာ ၊ Engineering ၊သချာၤပညာရပ်တွေကို စိတ်ပါဝင်စားတဲ့သူတွေကို စုစည်းခေါ်ယူပြီး လေ့လာမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အနှစ်ခြုံအနေနဲ့ Follow your Passion ဝါသနာပါရာနောက်ကိုလိုက်ပြီး အောင်မြင်နေတဲ့သူတွေရှိပေမယ့် တကယ်တမ်းမှာတော့ ဒါဟာ အောင်မြင်ဖို့ရာခိုင်နှုန်းနည်းပြီး မိုက်ရူးရဲဆန်တယ်လို့ ဆိုပါတယ်။

Woman Painting

Woman Painting

ဝါသနာပါရာအလုပ်ကို လုပ်နေတဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရတဲ့အခါ အများစုက အရှုံးပေးလိုက်ကြတာ ပိုများတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါ့ပြင် သုတေသီတွေလေ့လာတွေ့ရှိခဲ့သေးတာက ဝါသနာပါရာတစ်ခုကိုတည်းကို လုပ်ကြတဲ့သူတွေဟာ ပတ်ဝန်းကျင်အသစ်တွေမှာ စိတ်ပါဝင်စားမှုအားနည်းသွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့်တွေနဲ့ ဆန့်ကျင်နေတဲ့ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်တွေကိုသိပြီးပြီဆိုတော့ ပရိသတ်ကြီးအနေနဲ့ ဝါသနာပါရာ ဒါမှမဟုတ် စိတ်အားထက်သန်ရာကို အသက်မွေးဝမ်းကြောာင်းအလုပ်အနေနဲ့ လုပ်နေပြီလား..အဲ့ဒီအလုပ်နဲ့ ဘဝမှာ ဘယ်လောက်အတိုင်းအထိ အောင်မြင်နေပြီလဲဆိုတာ ပြန်သုံးသပ်ကြည့်ဖို့သင့်ပါတယ်။

Stella(Akhayar)

www.akhayar.com