[Zawgyi] 
Galaxy Note Edge (2014)
Infinity Flex Display
Dual Display
Infinity Flex
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
၂၀၁၉  ကစပြီး ဈေးကွက်ထဲဝင်လာနိုင်တော့မယ့် Samsung ရဲ့ Foldable ဖုန်းတွေ
မကြာသေးခင်ကမှ Samsung က သူတို့ရဲ့ ပထမဦးဆုံး Foldable ဖုန်းလို့ နာမည်တပ်လို့ရမယ့် ဖုန်းတစ်လုံးကို Samsung Developer Conference 2018 မှာ ထုတ်ပြသွားခဲ့ပါတယ်။ စာအုပ်လိုပဲ အလည်ကနေ ခေါက်လိုက်လို့ရလို့ ဖုန်းအနေနဲ့ရော Tablet အနေနဲ့ပါ သုံးလို့ရနိုင်မယ့် Device တစ်ခုဖြစ်ပေမယ့် Samsung ကတော့ Foldable ဖုန်းလို့ပဲ သုံးသွားခဲ့ပါတယ်။ 
Galaxy Note Edge (2014)
ဖုန်းတွေရဲ့ Design တွေက ဟိုးအရင်ကတည်းကစပြောင်းခဲ့တာဆိုလို့ Curved Display တွေနဲ့ Full Screen နီးပါးဖြစ်လာတာကလွဲပြီး သိပ်ကြီးကြီးမားမား မပြောင်းသွားခဲ့ပါဘူး။ Full Screen Experience ကို ရနိုင်သလောက် ရအောင်လုပ်ချင်တော့ Display မှာ Notch တွေထည့်လာရပါတယ်။ Notch ကို ဖျောက်ချင်တော့ Camera တွေကို နေရာပြောင်းပြီး ထည့်ပေးလာကြပါသေးတယ်။ ဒါပေမယ့် Samsung ကတော့ အဲ့ဒီအဆင့်တွေကိုကျော်ပြီး Smartphone သုံးရတဲ့ အတွေ့အကြုံသစ်တစ်ခုကို ချပြနိုင်ဖို့အတွက် အခုလို Foldable ဖုန်းကို ပွဲထုတ်လိုက်တာပါ။ 
Infinity Flex Display
Samsung အနေနဲ့ အခုလို Foldable ဖုန်းကို ထုတ်ပြနိုင်ဖို့အတွက် အချိန်တွေအများကြီးယူပြီး Develop လုပ်ခဲ့ရပါတယ်။ အခု ထုတ်ပြသွားတာက ဖုန်းဆိုတာထက် Display နည်းပညာတစ်ခုကိုပဲ အဓိကထားပြီး ထုတ်ပြသွားတာပါ။ လာမယ့်နှစ်တွေမှာ Samsung Display ရဲ့ ထုတ်ကုန်တစ်ခုအဖြစ် Galaxy ဖုန်းအသစ်တွေမှာ တွေ့လာရနိုင်တဲ့ ဒီ Foldable Dispaly ကိုတော့ Infinity Flex Display လို့ နာမည်ပေးထားပါတယ်။ 
Dual Display
မကြာခင်မှာပဲ ဖုန်းအသစ်ဖြစ်လာမယ်လို့ ယူဆရတဲ့ Device ကတော့ Display နှစ်ခုပါမှာဖြစ်ပြီး Display အသေးက ဖုန်းအဖြစ်သုံးလို့ရသလို Dispaly အကြီးကိုတော့ Tablet အနေနဲ့ သုံးနိုင်မှာပဲ ဖြစ်ပါတယ်။ ခေါက်တဲ့အခါမှာလည်း Dispalay တစ်ခုကနေ တစ်ခုကို အကူးအပြောင်းအတွက် ကောင်းတဲ့အတွေ့အကြုံရအောင် Samsung က ကောင်းကောင်းဖန်တီးပေးထားနိုင်ပုံပါပဲ။ Tablet အနေနဲ့သုံးမယ်ဆိုရင် 7.3 Inch 1536 x 2152 Resolution (4.2:3) ရှိတဲ့ Foldable Display ကို သုံးနိုင်မှာဖြစ်ပြီး ဖုန်းအနေနဲ့သုံးဖို့အတွက်တော့ ရှေ့ဖက်က 4.58 Inch 840 x 2960 Resoluiton (21:9) ရှိတဲ့ Cover Display ကို သုံးနိုင်မှာပါ။ 
Infinity Flex
Foldable Display ကို အခုလို အကြိမ်ကြိမ်ခေါက်နိုင်ပြီး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်တော့ Glass အစားထိုး ပစ္စည်းတွေကို ဖန်တီးအသုံးပြုထားတယ်လို့ Samsung က ကြေညာသွားပါတယ်။ အပေါ်ဆုံးက အုပ်ပေးထားတဲ့ အလွှာကလည်း Glass လိုမဟုတ်တာကြောင့် သုံးနေကျဖုန်းတွေနဲ့ယှဉ်ရင်တော့ အထိအတွေ့ပိုင်းမှာ နည်းနည်းကွာခြားနေမှာပါ။ 
Google Demoed Android for Foldable Phones
User Experience မှာလည်း ကောင်းနေစေဖို့အတွက် Samsung က Google နဲ့ ပူးပေါင်းထားတာတွေရှိပါသေးတယ်။ Android အနေနဲ့တော့ Foldable ဖုန်းတွေအတွက် တရားဝင် Support လုပ်ပေးပြီဖြစ်တယ်လို့ Google က ကြေညာထားပြီးဖြစ်လို့ တကယ် Foldable ဖုန်းတွေထွက်လာတဲ့အခါ App တွေနဲ့ Game တွေက ဒီဖုန်းအသစ်တွေပေါ်မှာ အဆင်ပြေပြေသုံးနိုင်မှာပါ။ လက်ရှိအချိန်မှာတော့ Samsung အနေနဲ့ ဘယ်အချိန်မှာ Foldable ဖုန်းကို ထုတ်ပြသွားမယ်ဆိုတာ တရားဝင်မကြေညာထားသေးပါဘူး။ ဒါပေမမယ့် ဒီ Foldable Display ပါတဲ့ Device တွေကို လာမယ့်လတွေမှာ Mass Production စတင်နိုင်တော့မယ်လို့ သိရပါတယ်။
Senior Vice President of Samsung Mobile Jusitn Denison
Samsung Mobile ရဲ့  Senior Vice President ဖြစ်တဲ့ Jusitn Denison ကတော့ ဒီဖုန်းက ရှေးပြေးစမ်းသပ်ထုတ်ကုန်တစ်ခုမဟုတ်ပါဘူးဆိုတာကိုလည်း ပွဲမှာ ပြောသွားခဲ့ပါသေးတယ်။ Foldable ဖုန်းတွေရဲ့ အားသာချက်ကတော့ Display အကြီးကြီးကို ခေါက်ပြီးကိုယ်နဲ့ အကျႌနဲ့ ဘောင်းဘီအိတ်တွေထဲမှာ အလွယ်တကူ ထည့်သယ်သွားနိုင်လောက်အောင် အဆင်ပြေစေတာပါ။ သင်ရော ဒီ Foldable ဖုန်းတွေအပေါ် ဘယ်လိုမြင်သလဲ။ 
Ref: Samsung | The Verge | Google
Min Than Htike (Akhayar)
www.akhayar.com