[Zawgyi]



Fokker


“ကဲ !!!
WANTED သီချင်းတွေကို
**ပါပြဲသွားမယ် ! HaxHax
လောက်တောင်မလောက်ဘူး !!!

Fokker တင်ထားတဲ့စာ

Fokker တင်ထားတဲ့စာ



SIR အဖွဲ့ကို ပြန်မြင်ချင်ကြတဲ့ ပရိသတ်တွေရဲ့ Comment တွေနဲ့  ပွဲဆူနေကြတာကိုလည်း တွေ့ရပါတယ်။

www.akhayar.com
[Unicode]

Wanted သီချင်းတွေကို ရွဲ့စောင်းပြီး သီချင်းဆိုတဲ့ ဘဲကြီးလို့ ဖြဲလိုက်တဲ့ Fokker

Wanted အဖွဲ့ရဲ့ “စိတ်နဲ့လူ”အခွေသစ်ကို သြဂုတ်လ ၁၈ ရက်က ထွက်ရှိထားပြီး Wanted ပရိသတ်တွေရဲ့ ထွက်ရှိဖို့ ၅ နှစ်ကျော် စောင့်ခဲ့ရတဲ့ အခွေလည်း ဖြစ်ပါတယ်။ ဒီလို Wanted ရဲ့ အခွေသစ်ထွက်လို့ စိတ်ဝင်စားမှုမြင့်နေချိန်မှာ Wanted ရဲ့ ရှေ့ထွက်အဆိုတော် Fokker ကတော့ ဝုန်းတဲ့ Status တစ်ခုတင်ချုလိုက်ပါတယ်။

Fokker

Wanted သီချင်းကို Round Chord အဆင့်နဲ့ ရွဲ့စောင်းခဲ့တဲ့ ဘဲကြီး အခု စိတ်နဲ့ လူလေး ကို နားထောင်ကြည့်ဦးလို့ အစချီပြီး

“ကဲ !!!
WANTED သီချင်းတွေကို
Round Chord ဘာညာ… အဆင့် ဘာညာ..နဲ့
ရွဲ့စောင်းပြီး သီချင်းလုပ်ဆိုခဲ့တဲ့ ဘဲကြီး!
အခု “စိတ်နဲ့လူ” လေး နားထောင်ကြည့်စမ်းပါဦး!
ကိုယ့်စကား ကိုယ့်လုပ်ရပ် ကိုယ့်အတိတ် ကိုယ့်သီချင်း ကိုယ့်ဂီတသမိုင်း …….တွေနဲ့ ယှဉ်ကြည့်! မကျေနပ်သေးရင် ခင်ဗျားရဲ့
ညောင်နာနာ အသံနဲ့ ခိုးပြီး လိုက်ဆိုကြည့် !
**ပါပြဲသွားမယ် ! HaxHax
ခင်ဗျားလို ဘိန်းဖြတ်ဆေးခန်း ခဏခဏသွားနေရတဲ့ မိသားစု စုံညီဘိန်းစားကများ ကိုယ့်လို
တရားဝင် အရက်သမားကို ဆေးသမားလိုလို
ဘိန်းစားလိုလို ထင်ယောင်ထင်မှားသီချင်းလုပ်
ရေး ခွေထဲထည့် ရဲသေးတယ်!
မျက်မြင် ကိုယ်တွေ့ တွေကို ခင်ဗျားလို
ပြောလိုက် ရေးလိုက် ရရင်
လောက်တောင်မလောက်ဘူး !!!
ခင်ဗျားလို Personal တွေ မဟုတ်တဲ့
လူအများအတွက် “စိတ်နဲ့လူ” !
စိတ်ချ ! ခင်ဗျားနဲ့ပက်သက်တာတာ့
ခွေထဲ ထည့်ရလောက်တဲ့ထိ ******ကိုမရှိတာ” လို့ တင်ခဲ့တာ ဖြစ်ပါတယ်။

Fokker တင်ထားတဲ့စာ

Fokker တင်ထားတဲ့စာ

Post အောက်မှာတော့ Fokker ပြောချင်တာဟာ Big Bag အဖွဲ့အဆိုတော် ကျားပေါက်လို့ သိသာမြင်သာစေတဲ့ နှစ်ဘက်ပရိသတ်တွေရဲ့ Comment တွေကို တွေ့မြင်ရပြီး ကျားပေါက်ရဲ့ Fuck My Way Out သီချင်းကြောင့် Fokker က အခုလို Status ပြန်တင်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ဘက်ပရိသတ်တွေ ဆဲတဲ့သူက ဆဲ၊ ဆူတဲ့သူက ဆူတွေ ရှိသလို နှစ်ဖွဲ့လုံးရဲ့ ပရိသတ်ဖြစ်ပြီး

SIR အဖွဲ့ကို ပြန်မြင်ချင်ကြတဲ့ ပရိသတ်တွေရဲ့ Comment တွေနဲ့  ပွဲဆူနေကြတာကို တွေ့ရပါတယ်။

www.akhayar.com