[Zawgyi]





ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

သားလေးမွေးလို့ ပျော်နေတဲ့ ဖော်ကာ

Wanted အဖွဲ့ရဲ့ အဆိုတော် တစ်ဦးဖြစ်သူ ဖော်ကာ က ဒီနေ့ သြဂုတ်လ ၃ ရက်နေ့မှာ သားလေး မွေးဖွားလို့ပျော်ရွှင်နေတဲ့ ပုံတွေကို သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတာတွေ့ရပါတယ်။ ဖော်ကာ ဟာ သားဦးလေးမွေးတဲ့ပုံတွေနဲ့” ဖော်ကာသား ဂျက်ချေ ကွ ” ဆိုပြီးတော့ ရေး ထားတာကိုလည်း တွေ့ရပါတယ်။

မိခင်ရော ကလေးရော ကျန်းကျန်းမာမာနဲ့ တွေ့ရပြီးတော့ ဖခင်ဖြစ်သွားတဲ့ ဖော်ကာကလည်း ပျော်ရွှင်နေတာကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit: Htain Min Zaw Facebook

ကြည်သာ (Akhayar)

www.akhayar.com