[Zawgyi]

Floyd Mayweather နဲ႔ Tenshin Nasukawa တုိ႔ သရုပ္ျပပြဲျပန္ထုိးေတာ့မယ္

ဝိတ္တန္းငါးခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ဟာ ဒီဇင္ဘာ (၃၁) ရက္ေန႔မွာ ဂ်ပန္ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ ထုိးသတ္မယ္လုိ႔ ႏုိဝင္ဘာလ (၅) ရက္ေန႔မွာ ျပဳလုပ္တဲ့ Rizin Fighting Federation ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ တရားဝင္ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ ဂႏၳဝင္လက္ေဝွ႕ေက်ာ္ Floyd Mayweather ဟာ ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ ထုိးသတ္မယ့္ပြဲစဥ္ကုိ ဖ်က္သိမ္းလုိက္ေၾကာင္း တရားဝင္ေၾကညာခဲ့တာ အားလုံးသိၾကမယ္ထင္ပါတယ္။ သရုပ္ျပပြဲအတြက္သာ သေဘာတူညီထားတဲ့ Floyd Mayweather ဟာ လက္ေဝွ႔ပြဲထုိးသတ္ဖုိ႔ မျဖစ္ႏုိင္ေၾကာင္း ေျပာဆုိခဲ့တာပါ။

Rizin Fighting Federation ရဲ႕ တာဝန္ရွိသူေတြကလည္း Floyd Mayweather ကုိ ျပန္လည္ညွိႏႈိင္းခဲ့ၿပီး ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ က်င္းပမယ့္ သရုပ္ျပပြဲက အမွန္တကယ္ျဖစ္လာၿပီလုိ႔ ဆုိရမွာပါ။ Floyd Mayweather ဟာ Tenshin Nasukawa နဲ႔ ကုိးမိနစ္သရုပ္ျပပြဲကုိ ေဘာက္ဆင္စည္းမ်ဥ္းအတုိင္း ထုိးသတ္မယ္လုိ႔ ေၾကညာခဲ့ပါတယ္။

ကုိးမိနစ္ သုံးခ်ီသရုပ္ျပပြဲအေနနဲ႔ လူကုံထံအနည္းငယ္ကုိသာ ဝင္ေၾကးမ်ားမ်ား ေတာင္းၿပီး Rizin Fighting Federation နဲ႔ Mayweather Promotion တုိ႔ ပူးေပါင္းက်င္းပမယ္လုိ႔ အတည္ျပဳေျပာဆုိခဲ့ပါတယ္။ သမုိင္းဝင္သရုပ္ျပပြဲျဖစ္လာမယ္လုိ႔ ဆုိထားၿပီး Floyd Mayweather အေနနဲ႔ ေဒၚလာသန္းဂဏန္းအထိ ရရွိမယ္လုိ႔ သိရျပန္ပါတယ္။

မူလသတ္မွတ္ထားတဲ့အတုိင္း Saitama Super Arena အားကစားရုံႀကီးမွာ သရုပ္ျပပြဲက်င္းပမယ္လုိ႔ ဆုိထားၿပီး ရုပ္သံမူပုိင္ခြင့္နဲ႔ ပတ္သက္ၿပီး မေျပာေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာေတာ့ Floyd Mayweather Vs Tenshin Nasukawa သရုပ္ျပပြဲက တကယ္ျဖစ္လာပါၿပီ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Floyd Mayweather နဲ့ Tenshin Nasukawa တို့ သရုပ်ပြပွဲပြန်ထိုးတော့မယ်

ဝိတ်တန်းငါးခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ဟာ ဒီဇင်ဘာ (၃၁) ရက်နေ့မှာ ဂျပန်ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ ထိုးသတ်မယ်လို့ နိုဝင်ဘာလ (၅) ရက်နေ့မှာ ပြုလုပ်တဲ့ Rizin Fighting Federation ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဂန္ထဝင်လက်ဝှေ့ကျော် Floyd Mayweather ဟာ ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ ထိုးသတ်မယ့်ပွဲစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တရားဝင်ကြေညာခဲ့တာ အားလုံးသိကြမယ်ထင်ပါတယ်။ သရုပ်ပြပွဲအတွက်သာ သဘောတူညီထားတဲ့ Floyd Mayweather ဟာ လက်ဝှေ့ပွဲထိုးသတ်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တာပါ။

Rizin Fighting Federation ရဲ့ တာဝန်ရှိသူတွေကလည်း Floyd Mayweather ကို ပြန်လည်ညှိနှိုင်းခဲ့ပြီး ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ကျင်းပမယ့် သရုပ်ပြပွဲက အမှန်တကယ်ဖြစ်လာပြီလို့ ဆိုရမှာပါ။ Floyd Mayweather ဟာ Tenshin Nasukawa နဲ့ ကိုးမိနစ်သရုပ်ပြပွဲကို ဘောက်ဆင်စည်းမျဉ်းအတိုင်း ထိုးသတ်မယ်လို့ ကြေညာခဲ့ပါတယ်။

ကိုးမိနစ် သုံးချီသရုပ်ပြပွဲအနေနဲ့ လူကုံထံအနည်းငယ်ကိုသာ ဝင်ကြေးများများ တောင်းပြီး Rizin Fighting Federation နဲ့ Mayweather Promotion တို့ ပူးပေါင်းကျင်းပမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ သမိုင်းဝင်သရုပ်ပြပွဲဖြစ်လာမယ်လို့ ဆိုထားပြီး Floyd Mayweather အနေနဲ့ ဒေါ်လာသန်းဂဏန်းအထိ ရရှိမယ်လို့ သိရပြန်ပါတယ်။

မူလသတ်မှတ်ထားတဲ့အတိုင်း Saitama Super Arena အားကစားရုံကြီးမှာ သရုပ်ပြပွဲကျင်းပမယ်လို့ ဆိုထားပြီး ရုပ်သံမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး မပြောသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ Floyd Mayweather Vs Tenshin Nasukawa သရုပ်ပြပွဲက တကယ်ဖြစ်လာပါပြီ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com