[Zawgyi]

Floyd Mayweather ဟာ ဒီဇင္ဘာ (၃၁) ရက္ေန႔မွာ Tenshin Nasukawa နဲ႔ ထုိးသတ္မယ္

ဝိတ္တန္းငါးခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ဟာ ဒီဇင္ဘာ (၃၁) ရက္ေန႔မွာ ဂ်ပန္ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ ထုိးသတ္မယ္လုိ႔ ႏုိဝင္ဘာလ (၅) ရက္ေန႔မွာ ျပဳလုပ္တဲ့ Rizin Fighting Federation ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ တရားဝင္ေၾကညာခဲ့ပါတယ္။ RISE Championship ရဲ႕ ဖယ္သာဝိတ္တန္းကမၻာ့ခ်န္ပီယံျဖစ္တဲ့ Tenshin Nasukawa ဟာ အသက္ (၂ဝ) သာရွိေသးၿပီး ေၾကးစားကစ္ေဘာက္ဆင္ (၂၇) ပြဲမွာ ရာႏႈန္းျပည့္ႏုိင္ပြဲရရွိထားသူပါ။ သုိင္းေပါင္းစုံၿပိဳင္ပြဲ (၄) ပြဲ ထုိးသတ္ထားၿပီး ရႈံးပြဲမရွိရလဒ္ကုိ ပုိင္ဆုိင္ထားပါတယ္။

Saitama Super Arena အားကစားရုံႀကီးမွာ ထုိးသတ္မယ္လုိ႔ ေၾကညာထားေပမယ့္ ေဘာက္ဆင္ (သုိ႔) ကစ္ေဘာက္ဆင္ (သုိ႔) သုိင္းေပါင္းစုံစည္းမ်ဥ္းနဲ႔ ယွဥ္ၿပိဳင္မယ္ဆုိတာ မထုတ္ျပန္ေသးပါဘူး။ ဖလုိင္းဝိတ္တန္း (၁၂၅ ေပါင္) နဲ႔ ဘင္တန္ဝိတ္တန္း (၁၃၅ ေပါင္) မွာ ထုိးသတ္ေနတဲ့ Tenshin Nasukawa ဟာ Floyd Mayweather နဲ႔ ထုိးသတ္ဖုိ႔ ကုိယ္အေလးခ်ိန္တင္ရဖြယ္ရွိပါတယ္။ Floyd Mayweather ဟာ ဝယ္တာဝိတ္တန္း (၁၄၇ ေပါင္) မွာ ထုိးသတ္ေလ့ရွိၿပီး Conor McGregor နဲ႔ပြဲမွာ ေနာက္ဆုံးထုိးသတ္ခဲ့တာက လုိက္မစ္ဒယ္ဝိတ္တန္း (၁၅၄ ေပါင္) မွာပါ။

၅ေပ၄လက္မသာရွိတဲ့ Tenshin Nasukawa ဟာ ခက္ခက္ခဲခဲရင္ဆုိင္ဖြယ္ရွိၿပီး ဝယ္တာဝိတ္တန္းမွာ ထုိးသတ္ဖြယ္ရွိပါတယ္။ ပြဲစဥ္နဲ႔ပတ္သက္ၿပီး အေသးစိတ္မသိရေသးေပမယ့္ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ ထုိးသတ္မွာက ေသခ်ာပါတယ္။

Conor McGregor ကုိ အႏုိင္ယူၿပီးတည္းက လက္ေဝွ႔ေလာကမွ အနားယူထားတဲ့ Floyd Mayweather ဟာ Manny Pacquiao ၊ Khabib Nurmagomedov တုိ႔နဲ႔ ထုိးသတ္မယ္လုိ႔ သတင္းထြက္ေနၿပီးမွ Tenshin Nasukawa နဲ႔ ယွဥ္ၿပိဳင္မယ္လုိ႔ ေၾကညာလုိက္တာျဖစ္ပါတယ္။ ကဲ . . . . အာရွသားေလး Tenshin Nasukawa အေနနဲ႔ ေဘာက္ဆင္ကေဝႀကီး Floyd Mayweather ကုိ ေနာက္ေကာက္ခ်ႏုိင္ပါ့မလား။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Floyd Mayweather ဟာ ဒီဇင်ဘာ (၃၁) ရက်နေ့မှာ Tenshin Nasukawa နဲ့ ထိုးသတ်မယ်

ဝိတ်တန်းငါးခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ဟာ ဒီဇင်ဘာ (၃၁) ရက်နေ့မှာ ဂျပန်ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ ထိုးသတ်မယ်လို့ နိုဝင်ဘာလ (၅) ရက်နေ့မှာ ပြုလုပ်တဲ့ Rizin Fighting Federation ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ကြေညာခဲ့ပါတယ်။ RISE Championship ရဲ့ ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်တဲ့ Tenshin Nasukawa ဟာ အသက် (၂ဝ) သာရှိသေးပြီး ကြေးစားကစ်ဘောက်ဆင် (၂၇) ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားသူပါ။ သိုင်းပေါင်းစုံပြိုင်ပွဲ (၄) ပွဲ ထိုးသတ်ထားပြီး ရှုံးပွဲမရှိရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

Saitama Super Arena အားကစားရုံကြီးမှာ ထိုးသတ်မယ်လို့ ကြေညာထားပေမယ့် ဘောက်ဆင် (သို့) ကစ်ဘောက်ဆင် (သို့) သိုင်းပေါင်းစုံစည်းမျဉ်းနဲ့ ယှဉ်ပြိုင်မယ်ဆိုတာ မထုတ်ပြန်သေးပါဘူး။ ဖလိုင်းဝိတ်တန်း (၁၂၅ ပေါင်) နဲ့ ဘင်တန်ဝိတ်တန်း (၁၃၅ ပေါင်) မှာ ထိုးသတ်နေတဲ့ Tenshin Nasukawa ဟာ Floyd Mayweather နဲ့ ထိုးသတ်ဖို့ ကိုယ်အလေးချိန်တင်ရဖွယ်ရှိပါတယ်။ Floyd Mayweather ဟာ ဝယ်တာဝိတ်တန်း (၁၄၇ ပေါင်) မှာ ထိုးသတ်လေ့ရှိပြီး Conor McGregor နဲ့ပွဲမှာ နောက်ဆုံးထိုးသတ်ခဲ့တာက လိုက်မစ်ဒယ်ဝိတ်တန်း (၁၅၄ ပေါင်) မှာပါ။

၅ပေ၄လက်မသာရှိတဲ့ Tenshin Nasukawa ဟာ ခက်ခက်ခဲခဲရင်ဆိုင်ဖွယ်ရှိပြီး ဝယ်တာဝိတ်တန်းမှာ ထိုးသတ်ဖွယ်ရှိပါတယ်။ ပွဲစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ထိုးသတ်မှာက သေချာပါတယ်။

Conor McGregor ကို အနိုင်ယူပြီးတည်းက လက်ဝှေ့လောကမှ အနားယူထားတဲ့ Floyd Mayweather ဟာ Manny Pacquiao ၊ Khabib Nurmagomedov တို့နဲ့ ထိုးသတ်မယ်လို့ သတင်းထွက်နေပြီးမှ Tenshin Nasukawa နဲ့ ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။ ကဲ . . . . အာရှသားလေး Tenshin Nasukawa အနေနဲ့ ဘောက်ဆင်ကဝေကြီး Floyd Mayweather ကို နောက်ကောက်ချနိုင်ပါ့မလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com