[Zawgyi]

Khabib Nurmagomedov စိန္ေခၚမႈကုိ Floyd Mayweather က လက္ခံလုိက္ပါၿပီ

UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov ဟာ ဝိတ္တန္း (၅) ခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ကုိ စိန္ေခၚလုိက္တဲ့သတင္းကုိ အားလုံးသိၾကမယ္ထင္ပါတယ္။ “ခင္ဗ်ားကလည္း ပြဲ (၅ဝ) လုံး ရႈံးပြဲမရွိတဲ့လူပဲ။ ကြ်န္ေတာ္လည္း (၂၇) ပြဲလုံး ႏုိင္ပြဲဆက္ခဲ့တဲ့ေကာင္ပဲေလ။ က်ားနဲ႔ဆင္ လယ္ျပင္မွာ ေတြ႕ ၾကတာေပါ့။ ေတာထဲမွာ ေကသရာဇာျခေသၤ့မင္းက တစ္ေကာင္ပဲ ေအာင္းရမွာ။ ကြ်န္ေတာ္သာ ဘုရင္ပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကြ်န္ေတာ္က Conor McGregor ကုိ လွဲသိပ္ႏုိင္ခဲ့တဲ့ ေကာင္ေလ” လုိ႔ UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov က ေၾကြးေၾကာ္ခဲ့ပါတယ္။

Floyd Mayweather ဟာ Khabib Nurmagomedov ရဲ႕ စိန္ေခၚမႈကုိ ခ်က္ခ်င္းဆုိသလုိ တုံ႔ျပန္လုိက္ပါတယ္။ “Mayweather Promotions ရဲ႕ CEO ျဖစ္တဲ့ Leonard Ellerbe ကုိ ဆက္သြယ္လုိက္ပါကြာ။ CBS ရုပ္သံလုိင္းနဲ႔ အက်ိဳးအျမတ္ကိစၥေျပာၾကတာေပါ့။ Grand Garden Arena မွာပဲ ထုိးရေအာင္ကြာ။ Las Vegas ၿမိဳ႕ ႀကီး စည္ကားသြားတာေပါ့” လုိ႔ တုံ႔ျပန္ခဲ့ပါတယ္။

Khabib Nurmagomedov ဟာ Conor McGregor ကုိ အႏုိင္ရခဲ့တဲ့ပြဲမွာ ထုိးသတ္ေၾကး ေဒၚလာ (၂) သန္းရတယ္ဆုိေပမယ့္ ပြဲအၿပီးမွာ ျဖစ္ေပၚခဲ့တဲ့ ရုန္းရင္းဆန္ခတ္မႈေၾကာင့္ ထုိးေၾကးေတြကုိ နီဗားဒါးအားကစားေကာ္မရွင္က ယာယီသိမ္းထားပါေသးတယ္။ UFC မွာ နာမည္ႀကီး ထမင္းငတ္ျဖစ္ေနတဲ့ Khabib Nurmagomedov ဟာ Floyd Mayweather နဲ႔ ထုိးသတ္တုန္းက ေဒၚလာ (၈၅) သန္းရခဲ့တဲ့ Conor McGregor ကုိ အားက်ၿပီး အခုလုိ စိန္ေခၚဟန္ရွိပါတယ္။

(၄၁) ႏွစ္ရွိေနၿပီျဖစ္တဲ့ Floyd Mayweather အေနနဲ႔ Canelo Alvarez ၊ Gennady Golovkin နဲ႔ Jarrett Hurd တုိ႔လုိ လူငယ္ေဘာက္ဆင္သမားေတြနဲ႔ ထုိးမယ္ဆုိရင္ လြယ္လြယ္နဲ႔ အႏုိင္မရႏုိင္ဘူး၊ ႏုိင္မယ္ဆုိရင္ေတာင္ အထိနာႏုိင္တယ္။ အခုဟာက ပြဲဆူေနတဲ့ Khabib Nurmagomedov က စိန္ေခၚတယ္ဆုိေတာ့ လူစိတ္ဝင္စားတဲ့ ပြဲႀကီးပြဲေကာင္းျဖစ္သြားႏုိင္ေတာ့ ထုိးေၾကးေတြ အမ်ားႀကီးရႏုိင္တယ္၊ သူ႕အတြက္လည္း အလြယ္တကူအႏုိင္ရသြားမယ္ဆုိေတာ့ ‘သား ေရႊအုိးထမ္း’ သလုိျဖစ္ေနၿပီး စိန္ေခၚမႈကုိ လက္ခံလုိက္တဲ့သေဘာရွိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Khabib Nurmagomedov စိန်ခေါ်မှုကို Floyd Mayweather က လက်ခံလိုက်ပါပြီ

UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov ဟာ ဝိတ်တန်း (၅) ခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ကို စိန်ခေါ်လိုက်တဲ့သတင်းကို အားလုံးသိကြမယ်ထင်ပါတယ်။ “ခင်ဗျားကလည်း ပွဲ (၅ဝ) လုံး ရှုံးပွဲမရှိတဲ့လူပဲ။ ကျွန်တော်လည်း (၂၇) ပွဲလုံး နိုင်ပွဲဆက်ခဲ့တဲ့ကောင်ပဲလေ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ ကြတာပေါ့။ တောထဲမှာ ကေသရာဇာခြင်္သေ့မင်းက တစ်ကောင်ပဲ အောင်းရမှာ။ ကျွန်တော်သာ ဘုရင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က Conor McGregor ကို လှဲသိပ်နိုင်ခဲ့တဲ့ ကောင်လေ” လို့ UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov က ကြွေးကြော်ခဲ့ပါတယ်။

Floyd Mayweather ဟာ Khabib Nurmagomedov ရဲ့ စိန်ခေါ်မှုကို ချက်ချင်းဆိုသလို တုံ့ပြန်လိုက်ပါတယ်။ “Mayweather Promotions ရဲ့ CEO ဖြစ်တဲ့ Leonard Ellerbe ကို ဆက်သွယ်လိုက်ပါကွာ။ CBS ရုပ်သံလိုင်းနဲ့ အကျိုးအမြတ်ကိစ္စပြောကြတာပေါ့။ Grand Garden Arena မှာပဲ ထိုးရအောင်ကွာ။ Las Vegas မြို့ ကြီး စည်ကားသွားတာပေါ့” လို့ တုံ့ပြန်ခဲ့ပါတယ်။

Khabib Nurmagomedov ဟာ Conor McGregor ကို အနိုင်ရခဲ့တဲ့ပွဲမှာ ထိုးသတ်ကြေး ဒေါ်လာ (၂) သန်းရတယ်ဆိုပေမယ့် ပွဲအပြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် ထိုးကြေးတွေကို နီဗားဒါးအားကစားကော်မရှင်က ယာယီသိမ်းထားပါသေးတယ်။ UFC မှာ နာမည်ကြီး ထမင်းငတ်ဖြစ်နေတဲ့ Khabib Nurmagomedov ဟာ Floyd Mayweather နဲ့ ထိုးသတ်တုန်းက ဒေါ်လာ (၈၅) သန်းရခဲ့တဲ့ Conor McGregor ကို အားကျပြီး အခုလို စိန်ခေါ်ဟန်ရှိပါတယ်။

(၄၁) နှစ်ရှိနေပြီဖြစ်တဲ့ Floyd Mayweather အနေနဲ့ Canelo Alvarez ၊ Gennady Golovkin နဲ့ Jarrett Hurd တို့လို လူငယ်ဘောက်ဆင်သမားတွေနဲ့ ထိုးမယ်ဆိုရင် လွယ်လွယ်နဲ့ အနိုင်မရနိုင်ဘူး၊ နိုင်မယ်ဆိုရင်တောင် အထိနာနိုင်တယ်။ အခုဟာက ပွဲဆူနေတဲ့ Khabib Nurmagomedov က စိန်ခေါ်တယ်ဆိုတော့ လူစိတ်ဝင်စားတဲ့ ပွဲကြီးပွဲကောင်းဖြစ်သွားနိုင်တော့ ထိုးကြေးတွေ အများကြီးရနိုင်တယ်၊ သူ့အတွက်လည်း အလွယ်တကူအနိုင်ရသွားမယ်ဆိုတော့ ‘သား ရွှေအိုးထမ်း’ သလိုဖြစ်နေပြီး စိန်ခေါ်မှုကို လက်ခံလိုက်တဲ့သဘောရှိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com