[Zawgyi]

“သန္းရာခ်ီရမယ့္ ေဘာက္ဆင္ႀကိဳးဝုိင္းမွာပဲ ရင္ဆုိင္ပါ Khabib” လုိ႔ဆုိတဲ့ Mayweather

UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov ဟာ ဝိတ္တန္း (၅) ခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ကုိ စိန္ေခၚလုိက္တဲ့သတင္းကုိ အားလုံးသိၾကမယ္ထင္ပါတယ္။ “ခင္ဗ်ားကလည္း ပြဲ (၅ဝ) လုံး ရႈံးပြဲမရွိတဲ့လူပဲ။ ကြ်န္ေတာ္လည္း (၂၇) ပြဲလုံး ႏုိင္ပြဲဆက္ခဲ့တဲ့ေကာင္ပဲေလ။ က်ားနဲ႔ဆင္ လယ္ျပင္မွာ ေတြ႕ ၾကတာေပါ့။ ေတာထဲမွာ ေကသရာဇာျခေသၤ့မင္းက တစ္ေကာင္ပဲ ေအာင္းရမွာ။ ကြ်န္ေတာ္သာ ဘုရင္ပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကြ်န္ေတာ္က Conor McGregor ကုိ လွဲသိပ္ႏုိင္ခဲ့တဲ့ ေကာင္ေလ” လုိ႔ UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov က ေၾကြးေၾကာ္ခဲ့တာပါ။

“ဟာ . . . ကြ်န္ေတာ္ကေတာ့ ထုိးမွာပဲ။ Khabib ကေတာ့ ဘယ္လုိေနတုန္းမသိဘူး။ ကြ်န္ေတာ့္ဘက္ကေတာ့ ေသခ်ာေနပါၿပီ။ ကြ်န္ေတာ္က သူေဌးေလ သိတယ္မလား။ ကြ်န္ေတာ့္ကုိ စိန္ေခၚခ်င္ရင္ ကြ်န္ေတာ့္စည္းမ်ဥ္းနဲ႔ လာထုိးေပါ့။ ေဘာက္ဆင္ႀကိဳးဝုိင္းမွာပဲ ေတြ႕ ၾကမယ္။ ကြ်န္ေတာ္က စင္ေပၚကလူပဲ။ ကြ်န္ေတာ့္နယ္ကုိ လာခဲ့ေလ။ ဟာ . . ထုိးေၾကးလား။ ဂဏန္းကုိးလုံးရရင္ ထုိးရမွာေပါ့။ ေဒၚလာသန္းရာေက်ာ္ရရင္ ျပန္ထုိးမွာေလ။ Khabib ကေတာ့ ကြ်န္ေတာ့္ အၾကြင္းအက်န္ေတြကုိ ခံစားရမွာေပါ့”လုိ႔ Floyd Mayweather က ဂုဏ္ယူဝံ့ၾကြားစြာနဲ႔ ေျပာလုိက္တာပါ။

UFC (Ultimate Fighting Championship) ရဲ႕ ဥကၠဌႀကီး Dana White ဟာ Floyd Mayweather အေနနဲ႔ Khabib Nurmagomedov နဲ႔ ထုိးမယ္ဆုိရင္ သုိင္းေပါင္းစုံစည္းကမ္း (MMA Rules) တုိင္းထုိးရမယ္၊ သံဇကာဝိုင္းထဲမွာပဲ လာထုိးရမယ္လုိ႔ ေတာင္းဆုိလုိက္တာပါ။ “Floyd Mayweather က Khabib Nurmagomedov နဲ႔ ထုိးခ်င္တာမလား။ UFC မွာ လာထုိးေလ။ ေဘာက္ဆင္ႀကိဳးဝုိင္းမွာေတာ့ မထုိးခုိင္းေတာ့ဘူး။ သူဟာ Conor McGregor နဲ႔တုန္းက ေဘာက္ဆင္မွာ တစ္ခါထုိးၿပီးၿပီ။ ဒီတစ္ခါ ထုိးခ်င္ရင္ေတာ့ သံဇကာဝုိင္းထဲမွာပဲ လာခဲ့ေပေတာ့။ တကယ့္တုိက္ပြဲဆုိတာ ေသေသခ်ာခ်ာသိသြားလိမ့္မယ္” လုိ႔ UFC ရဲ႕ ဥကၠဌႀကီး Dana White က ဆုိသြားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ UFC ရဲ႕ တာဝန္ရွိသူေတြဟာ Mayweather Vs Khabib လက္ေဝွ႔ပြဲနဲ႔ ပတ္သက္ၿပီး Floyd Mayweather နဲ႔ အေသးစိတ္ေဆြးေႏြးေနၾကပါၿပီ။ အဲဒီအခ်ိန္မွာ ေဘာက္ဆင္ကေဝႀကီး Floyd Mayweather ဟာ Khabib Nurmagomedov အေနနဲ႔ သူ႕ကုိ ထုိးခ်င္ရင္ ေဘာက္ဆင္ႀကိဳးဝုိင္းထဲမွာပဲ ရင္ဆုိင္ရမယ္လုိ႔ ခပ္ျပတ္ျပတ္ေျပာလုိက္တာပါ။

“UFC ရဲ႕ တာဝန္ရွိသူေတြ ကြ်န္ေတာ္နဲ႔ လာညွိၾကတယ္။ သံဇကာဝုိင္းထဲမွာပဲ ထုိးဖုိ႔ေပါ့။ ကြ်န္ေတာ္ျပန္ေျပာလုိက္တယ္ေလ။ စိန္ေခၚသူက Khabib Nurmagomedov ေလ။ ကြ်န္ေတာ္မွမဟုတ္တာ။ သံဇကာဝုိင္းထဲမွာ သန္းရာခ်ီအထိ ထုိးေၾကးရဖူးလားလုိ႔ ကြ်န္ေတာ္ေမးလုိက္တယ္။ မရဖူးပါဘူး။ ကြ်န္ေတာ့္ကုိ ထုိးခ်င္ရင္ ေဘာက္ဆင္ႀကိဳးဝုိင္းမွာပဲ ရင္ဆုိင္ေပါ့” လုိ႔ Floyd Mayweather က ျပန္ေျပာခဲ့တာပါ။ သန္းရာခ်ီၾကြယ္ဝတဲ့ Floyd Mayweather ဟာ လက္ေဝွ႔ေလာကမွ အနားယူထားတယ္ဆုိေပမယ့္ ေက်နပ္ေလာက္တဲ့ ေငြေၾကးပမာဏမ်ိဳးရမယ္ဆုိရင္ ေဘာက္ဆင္ႀကိဳးဝုိင္းထဲကုိ ျပန္ဝင္ဖြယ္ရွိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

“သန်းရာချီရမယ့် ဘောက်ဆင်ကြိုးဝိုင်းမှာပဲ ရင်ဆိုင်ပါ Khabib” လို့ဆိုတဲ့ Mayweather

UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov ဟာ ဝိတ်တန်း (၅) ခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ကို စိန်ခေါ်လိုက်တဲ့သတင်းကို အားလုံးသိကြမယ်ထင်ပါတယ်။ “ခင်ဗျားကလည်း ပွဲ (၅ဝ) လုံး ရှုံးပွဲမရှိတဲ့လူပဲ။ ကျွန်တော်လည်း (၂၇) ပွဲလုံး နိုင်ပွဲဆက်ခဲ့တဲ့ကောင်ပဲလေ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ ကြတာပေါ့။ တောထဲမှာ ကေသရာဇာခြင်္သေ့မင်းက တစ်ကောင်ပဲ အောင်းရမှာ။ ကျွန်တော်သာ ဘုရင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က Conor McGregor ကို လှဲသိပ်နိုင်ခဲ့တဲ့ ကောင်လေ” လို့ UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov က ကြွေးကြော်ခဲ့တာပါ။

“ဟာ . . . ကျွန်တော်ကတော့ ထိုးမှာပဲ။ Khabib ကတော့ ဘယ်လိုနေတုန်းမသိဘူး။ ကျွန်တော့်ဘက်ကတော့ သေချာနေပါပြီ။ ကျွန်တော်က သူဌေးလေ သိတယ်မလား။ ကျွန်တော့်ကို စိန်ခေါ်ချင်ရင် ကျွန်တော့်စည်းမျဉ်းနဲ့ လာထိုးပေါ့။ ဘောက်ဆင်ကြိုးဝိုင်းမှာပဲ တွေ့ ကြမယ်။ ကျွန်တော်က စင်ပေါ်ကလူပဲ။ ကျွန်တော့်နယ်ကို လာခဲ့လေ။ ဟာ . . ထိုးကြေးလား။ ဂဏန်းကိုးလုံးရရင် ထိုးရမှာပေါ့။ ဒေါ်လာသန်းရာကျော်ရရင် ပြန်ထိုးမှာလေ။ Khabib ကတော့ ကျွန်တော့် အကြွင်းအကျန်တွေကို ခံစားရမှာပေါ့”လို့ Floyd Mayweather က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောလိုက်တာပါ။

UFC (Ultimate Fighting Championship) ရဲ့ ဥက္ကဌကြီး Dana White ဟာ Floyd Mayweather အနေနဲ့ Khabib Nurmagomedov နဲ့ ထိုးမယ်ဆိုရင် သိုင်းပေါင်းစုံစည်းကမ်း (MMA Rules) တိုင်းထိုးရမယ်၊ သံဇကာဝိုင်းထဲမှာပဲ လာထိုးရမယ်လို့ တောင်းဆိုလိုက်တာပါ။ “Floyd Mayweather က Khabib Nurmagomedov နဲ့ ထိုးချင်တာမလား။ UFC မှာ လာထိုးလေ။ ဘောက်ဆင်ကြိုးဝိုင်းမှာတော့ မထိုးခိုင်းတော့ဘူး။ သူဟာ Conor McGregor နဲ့တုန်းက ဘောက်ဆင်မှာ တစ်ခါထိုးပြီးပြီ။ ဒီတစ်ခါ ထိုးချင်ရင်တော့ သံဇကာဝိုင်းထဲမှာပဲ လာခဲ့ပေတော့။ တကယ့်တိုက်ပွဲဆိုတာ သေသေချာချာသိသွားလိမ့်မယ်” လို့ UFC ရဲ့ ဥက္ကဌကြီး Dana White က ဆိုသွားပါတယ်။

လက်ရှိအချိန်မှာတော့ UFC ရဲ့ တာဝန်ရှိသူတွေဟာ Mayweather Vs Khabib လက်ဝှေ့ပွဲနဲ့ ပတ်သက်ပြီး Floyd Mayweather နဲ့ အသေးစိတ်ဆွေးနွေးနေကြပါပြီ။ အဲဒီအချိန်မှာ ဘောက်ဆင်ကဝေကြီး Floyd Mayweather ဟာ Khabib Nurmagomedov အနေနဲ့ သူ့ကို ထိုးချင်ရင် ဘောက်ဆင်ကြိုးဝိုင်းထဲမှာပဲ ရင်ဆိုင်ရမယ်လို့ ခပ်ပြတ်ပြတ်ပြောလိုက်တာပါ။

“UFC ရဲ့ တာဝန်ရှိသူတွေ ကျွန်တော်နဲ့ လာညှိကြတယ်။ သံဇကာဝိုင်းထဲမှာပဲ ထိုးဖို့ပေါ့။ ကျွန်တော်ပြန်ပြောလိုက်တယ်လေ။ စိန်ခေါ်သူက Khabib Nurmagomedov လေ။ ကျွန်တော်မှမဟုတ်တာ။ သံဇကာဝိုင်းထဲမှာ သန်းရာချီအထိ ထိုးကြေးရဖူးလားလို့ ကျွန်တော်မေးလိုက်တယ်။ မရဖူးပါဘူး။ ကျွန်တော့်ကို ထိုးချင်ရင် ဘောက်ဆင်ကြိုးဝိုင်းမှာပဲ ရင်ဆိုင်ပေါ့” လို့ Floyd Mayweather က ပြန်ပြောခဲ့တာပါ။ သန်းရာချီကြွယ်ဝတဲ့ Floyd Mayweather ဟာ လက်ဝှေ့လောကမှ အနားယူထားတယ်ဆိုပေမယ့် ကျေနပ်လောက်တဲ့ ငွေကြေးပမာဏမျိုးရမယ်ဆိုရင် ဘောက်ဆင်ကြိုးဝိုင်းထဲကို ပြန်ဝင်ဖွယ်ရှိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com