[Zawgyi]

ႏုိက္ကလပ္မွာ ေဒၚလာေတြ ၾကဲခ်လုိက္တဲ့ Floyd Mayweather

Floyd Mayweather ကေတာ့ ပုိက္ဆံေတြကုိ သုံးလုိက္ျဖဳန္းလုိက္ပါပဲ။ ထုိးသတ္ေၾကးသန္းဂဏန္းရလုိက္တာနဲ႔ တုိက္ေတြ ဝယ္မယ္၊ ကားေတြဝယ္မယ္ ၿပီးေတာ့ ကုိယ္ပုိင္ဂ်က္ေလယာဥ္ႀကီးေတာင္ ဝယ္ထားလုိက္ေသး။ သူ႕ရဲ႕ ၾကြယ္ဝမႈေတြကုိ လူထုကုိ ၾကြားလုံးထုတ္ရင္းနဲ႔ကုိ အခ်ိန္ကုန္ေနတာ။ ဇြန္လ (၂၇) ရက္ေန႔တုန္းကလည္း ေဒၚလာ (၁၈) သန္းတန္ Jacob and Co နာရီႀကီးနဲ႔ Instagram မွာ ၾကြားလုိက္ေသးတယ္။ “ဒီနာရီကုိ The Billionaire Watch လုိ႔ေခၚတာ ေဒၚလာ ၁၈သန္းေပးရတယ္၊ မသိေသးရင္ Google မွာ ရွာၾကည့္” ဆုိၿပီး ေပၚတင္ၾကြားတာငနဲပါ။

အခုလည္း ေနာက္တစ္မ်ိဳးနဲ႔ ၾကြားလုိက္ျပန္ၿပီ။ ဗုဒၶဟူးေန႔တုန္းက မုိင္ယာၿမိဳ႕က E11EVEN ႏုိက္ကလပ္မွာ ပုိက္ဆံေတြကုိ က်ဲခ်လုိက္တာတဲ့။ ျဖစ္ပုံက ဒီလုိဗ်။ သူက ႏုိက္ကလပ္ကုိ မနက္ (၃) နာရီေလာက္မွာ ေရာက္လာတယ္။ Nike Hoodie ေလးကုိ ဝတ္ၿပီး Mercedes-Benz Sprinter ကားႀကီးနဲ႔။ ေဘာ္ဒါ (၂ဝ) ေလာက္ ေခၚလာတယ္။ ကလပ္ရဲ႕ VIP အခန္းထဲကုိ ေရာက္သြားေတာ့ Grey Goose ၊ Don Julio 1942 ၊ Moët Nectar Rose နဲ႔ Hennessy တုိ႔လုိ တန္ဖုိးႀကီးအရက္ေတြကုိ မွာေသာက္ၾကတယ္။ အရက္မူးလာေတာ့ ေဒၚလာေတြကုိ ကခုန္ေနတဲ့သူေတြေပၚ ျဖန္႔ၾကဲခ်လုိက္ပါတယ္။ ပထမေတာ့ အားလုံးက ေၾကာင္ေနေပမယ့္ ပုိက္ဆံၾကဲမွန္းလည္း သိေရာ လုေကာက္ၾကတာ ဝရုန္းသုန္းကားကုိ ျဖစ္ကုန္တဲ့အထိပါပဲ။ ေဒၚလာ (၁၁,ဝဝဝ) ေလာက္ ၾကဲသြားတယ္လုိ႔ သိရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

နိုက်ကလပ်မှာ ဒေါ်လာတွေ ကြဲချလိုက်တဲ့ Floyd Mayweather

Floyd Mayweather ကတော့ ပိုက်ဆံတွေကို သုံးလိုက်ဖြုန်းလိုက်ပါပဲ။ ထိုးသတ်ကြေးသန်းဂဏန်းရလိုက်တာနဲ့ တိုက်တွေ ဝယ်မယ်၊ ကားတွေဝယ်မယ် ပြီးတော့ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးတောင် ဝယ်ထားလိုက်သေး။ သူ့ရဲ့ ကြွယ်ဝမှုတွေကို လူထုကို ကြွားလုံးထုတ်ရင်းနဲ့ကို အချိန်ကုန်နေတာ။ ဇွန်လ (၂၇) ရက်နေ့တုန်းကလည်း ဒေါ်လာ (၁၈) သန်းတန် Jacob and Co နာရီကြီးနဲ့ Instagram မှာ ကြွားလိုက်သေးတယ်။ “ဒီနာရီကို The Billionaire Watch လို့ခေါ်တာ ဒေါ်လာ ၁၈သန်းပေးရတယ်၊ မသိသေးရင် Google မှာ ရှာကြည့်” ဆိုပြီး ပေါ်တင်ကြွားတာငနဲပါ။

အခုလည်း နောက်တစ်မျိုးနဲ့ ကြွားလိုက်ပြန်ပြီ။ ဗုဒ္ဓဟူးနေ့တုန်းက မိုင်ယာမြို့က E11EVEN နိုက်ကလပ်မှာ ပိုက်ဆံတွေကို ကျဲချလိုက်တာတဲ့။ ဖြစ်ပုံက ဒီလိုဗျ။ သူက နိုက်ကလပ်ကို မနက် (၃) နာရီလောက်မှာ ရောက်လာတယ်။ Nike Hoodie လေးကို ဝတ်ပြီး Mercedes-Benz Sprinter ကားကြီးနဲ့။ ဘော်ဒါ (၂ဝ) လောက် ခေါ်လာတယ်။ ကလပ်ရဲ့ VIP အခန်းထဲကို ရောက်သွားတော့ Grey Goose ၊ Don Julio 1942 ၊ Moët Nectar Rose နဲ့ Hennessy တို့လို တန်ဖိုးကြီးအရက်တွေကို မှာသောက်ကြတယ်။ အရက်မူးလာတော့ ဒေါ်လာတွေကို ကခုန်နေတဲ့သူတွေပေါ် ဖြန့်ကြဲချလိုက်ပါတယ်။ ပထမတော့ အားလုံးက ကြောင်နေပေမယ့် ပိုက်ဆံကြဲမှန်းလည်း သိရော လုကောက်ကြတာ ဝရုန်းသုန်းကားကို ဖြစ်ကုန်တဲ့အထိပါပဲ။ ဒေါ်လာ (၁၁,ဝဝဝ) လောက် ကြဲသွားတယ်လို့ သိရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com