[Zawgyi]

ေဒၚလာ (၅.၃) သန္းဖုိး ရတနာေတြ ဝယ္သြားတဲ့ Floyd Mayweather

ေဘာက္ဆင္ကေဝႀကီး Floyd Mayweather ရဲ႕ ေငြသုံးၾကမ္းခ်က္က အံ့ၾသစရာပါပဲ။ ႏုိဝင္ဘာလ (၁၄) ရက္ေန႔တုန္းက Beverly Hills ၿမိဳ႕ မွာရွိတဲ့ ရတနာဆုိင္မွာ လက္ကီးခ်ိန္းေတြ၊ လက္စြပ္ေတြနဲ႔ လက္ေကာက္ေတြကုိ ေဒၚလာ (၅.၃) သန္းဖုိး ဝယ္ယူသြားတာပါ။ (၃ဝ) ကာရက္ရွိတဲ့ သစ္ေတာ္သီးပုံ အဝါေရာင္စိန္လက္စြပ္က ေဒၚလာ (၂.၃) သန္း၊ (၃ – ၄.၅) ကာရက္ရွိတဲ့ စိန္လက္ေကာက္က ေဒၚလာ (၂.၅) သန္းနဲ႔ အဝါေရာင္ေရႊလည္ဆြဲနဲ႔ နာရီသုံးလုံးတန္ဖုိးက ေဒၚလာ (၅) သိန္းပါ။

ဆုိင္ရွင္ကေတာင္ မ်က္လုံးျပဴးသြားၿပီး ကုန္က်စရိတ္ကုိ ခ်က္လက္မွတ္နဲ႔ ရွင္းသြားခဲ့ပါတယ္။ ဒါ့အျပင္ Floyd Mayweather ဟာ ေဒၚလာ (၁၈) သန္းတန္နာရီ၊ ေဒၚလာ (၂) သန္းဖုိး ကားမ်ိဳးစုံနဲ႔ ေဒၚလာ (၁ဝ) သန္းဖုိး ဆြဲႀကိဳးနဲ႔ ခ်ိန္းႀကိဳးေတြကုိ ဝယ္ယူထားပါေသးတယ္။ သူဟာ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ ဂ်ပန္ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ သရုပ္ျပပြဲထုိးသတ္ဖုိ႔ ေဒၚလာသန္းဆယ္ခ်ီရရွိမယ္လုိ႔ ဆုိထားပါတယ္။ ဒါ့အျပင္ UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov နဲ႔ ထိုးသတ္မယ္ဆုိရင္ သန္းရာဂဏန္းေတာင္းဆုိထားပါေသးတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ဒေါ်လာ (၅.၃) သန်းဖိုး ရတနာတွေ ဝယ်သွားတဲ့ Floyd Mayweather

ဘောက်ဆင်ကဝေကြီး Floyd Mayweather ရဲ့ ငွေသုံးကြမ်းချက်က အံ့သြစရာပါပဲ။ နိုဝင်ဘာလ (၁၄) ရက်နေ့တုန်းက Beverly Hills မြို့ မှာရှိတဲ့ ရတနာဆိုင်မှာ လက်ကီးချိန်းတွေ၊ လက်စွပ်တွေနဲ့ လက်ကောက်တွေကို ဒေါ်လာ (၅.၃) သန်းဖိုး ဝယ်ယူသွားတာပါ။ (၃ဝ) ကာရက်ရှိတဲ့ သစ်တော်သီးပုံ အဝါရောင်စိန်လက်စွပ်က ဒေါ်လာ (၂.၃) သန်း၊ (၃ – ၄.၅) ကာရက်ရှိတဲ့ စိန်လက်ကောက်က ဒေါ်လာ (၂.၅) သန်းနဲ့ အဝါရောင်ရွှေလည်ဆွဲနဲ့ နာရီသုံးလုံးတန်ဖိုးက ဒေါ်လာ (၅) သိန်းပါ။

ဆိုင်ရှင်ကတောင် မျက်လုံးပြူးသွားပြီး ကုန်ကျစရိတ်ကို ချက်လက်မှတ်နဲ့ ရှင်းသွားခဲ့ပါတယ်။ ဒါ့အပြင် Floyd Mayweather ဟာ ဒေါ်လာ (၁၈) သန်းတန်နာရီ၊ ဒေါ်လာ (၂) သန်းဖိုး ကားမျိုးစုံနဲ့ ဒေါ်လာ (၁ဝ) သန်းဖိုး ဆွဲကြိုးနဲ့ ချိန်းကြိုးတွေကို ဝယ်ယူထားပါသေးတယ်။ သူဟာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ဂျပန်ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ သရုပ်ပြပွဲထိုးသတ်ဖို့ ဒေါ်လာသန်းဆယ်ချီရရှိမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov နဲ့ ထိုးသတ်မယ်ဆိုရင် သန်းရာဂဏန်းတောင်းဆိုထားပါသေးတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com